Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 19, 2018

ရင္က်ပ္ပန္းနာအတြက္ ကရင္ေဆးဆရာၾကီး၏ လက္ေတြ႔ေပ်ာက္ေဆး

ေဆးနည္းေတြ စိတ္ဝင္စားသူေတြ စာဖက္ရလြယ္ကူေစရန္ ကူးယူမ်ွေဝေပးျခင္းျဖစ္ပါသည္

ရင္က်ပ္ပန္းနာအတြက္ ကရင္ေဆးဆရာၾကီး၏ လက္ေတြ႔ေပ်ာက္ေဆး

ဤေဆးနည္းမွာ ကရင္ေဆးဆရာတစ္ဦးထံမွ ႐ွိေသာေဆးနည္းျဖစ္၏။အေၾကာင္းမသိလ်ွင္ ရယ္စရာျဖစ္ေသာ္လည္းသုံးစြဲရာ၌မူကား တကယ္စြမ္းေသာေဆးနည္းျဖစ္ေပသည္။

ခ်ိန္ခြင္အလြယ္တကူမရွိေသာအရပ္ေဒသမ်ားတြင္ေဖာ္စပ္ေသာေဆးျဖစ္သျဖင့္အခ်ိန္အတြယ္ကားအတိအက်မပါေပသို႔ေသာ္ ခန္႔မွန္း၍အညီအမ်ွခ်ိန္ယူနိုင္ပါသည္။

(မွတ္ခ်က္= ခ်ိန္ခြင္ရွိရာအရပ္၌ျဖစ္မူကား အညီအမ်ွခ်ိန္တြယ္ယူ၍ေဖာ္စပ္နိုင္ပါသည္ )အနည္းငယ္မ်ွ အပိုအလိုရွိေသာ္လည္း ရပါသည္ အေရးၾကီးလွသည္မဟုတ္ပါေပ

ေဆးေဖာ္ရန္မွာ

ၾကက္သြန္နီ ဥ ၾကီးၾကီး ၅ ဥ

ပုဇြန္ထုပ္အၾကီး ၅ ထုပ္

ထန္းလ်ွက္ခဲအၾကီး ၅ ခဲတို႔လိုအပ္ပါသည္

ခ်က္နည္းမွာ

ၾကက္သြန္နီဥႏွင့္ ပုဇြန္ထုပ္ တို႔ကို သန္႔ရွင္းေအာင္ျပဳျပင္ေဆးေၾကာျပီး နုပ္နုပ္စဥ္းရပါမည္အိုးတစ္လုံးတြင္ထန္းလ်ွက္ကိုထည့္၍က်ိဳျပီးအရည္ျဖစ္လ်ွင္ၾကက္သြန္ႏွင့္ပုဇြန္စဥ္းျပီးသားကိုထည့္၍ေမႊရပါမည္။ ဆားအနည္းငယ္ သင္ရုံထည့္ပါ။မတူးမျခစ္ရေအာင္ မီးေႏြးေႏြးျဖင့္ေမႊပါ ။ပုဇြန္က်က္ေလာက္ေသာအခ်ိန္တြင္ခ်၍ အေအးခံထားပါ



ေဆးစားနည္းမွာ

ေဆးစားမည့္ေဝဒနာရွင္အား ေဆးေက်ြးမည့္ေန႔တြင္အစာမေက်ြးပဲထားျပီး အထက္ပါေဆးတစ္အိုးခ်က္ကို တစ္ထိုင္တည္းႏွင့္ ကုန္ေအာင္စားေစရပါမည္။ အကယ္၍ တစ္ထိုင္ထဲႏွင့္ ကုန္ေအာင္မစားနိုင္ခဲ့ေသာ္ အျခားအစားအစာ မေက်ြးပဲ ထိုေဆးကိုသာ နား၍ နား၍ ကုန္ေအာင္စားေစရပါမည္ ေရေႏြးၾကမ္းႏွင္လည္းေသာက္နိုင္ပါသည္။ႏွစ္ေပါင္းမ်ားစြာစြဲကပ္လာခဲ့ေသာ ပန္းနာရင္က်ပ္ေရာဂါၾကီးမ်ားဒိ႒ေပ်ာက္ပါသည္ ေအာ့အန္ျခင္း ဝမ္းသြားျခင္းအလ်င္းမရွိပါ ။

အန္ခ်င္သလိုလို ဝမ္းသြားခ်င္သလိုလိုေတာ့ျဖစ္တတ္ပါသည္။

အသက္ ၆၀ ေက်ာ္ အဘိုးၾကီးတစ္ဥိးႏွင့္ အဘြားၾကီးတစ္ဦးတို႔အား စာေရးသူ ကိုယ္တိုင္ေက်ြးဖူးရာ အဘိုးၾကီးကေကာက္ညွင္ေပါက္းႏွင့္ က်ြဲနို႔ကို မစားခဲ့ရတာ ႏွစ္ေပါင္းၾကာျပီ ယခုမွပဲ အားရပါးရစားနိုင္ေတာ့သည္ ဟုေျပာပါသည္အဘြားၾကီးက မူကား ရင္က်ပ္ခ်ိန္မွာ က်ပ္မလာေတာ့လည္း င္ထဲကေလေတြ တက္လိုက္ဆင္းလိုက္ ျဖစ္ေနတယ္ ဟု ေျပာပါသည္ ။

ကရင္ေဆးဟူ၍အထင္ေသး၍မရ။

နည္းေပးေသာ ကရင္ေဆးဆရာၾကီးအား မ်ားစြာပင္ေက်းဇူးတင္မိပါသည္။

ထန္လ်ွက္ခဲ ႏွင့္ ပုဇြန္ ၾကက္သြန္တို႔မွာ မဆီမဆိုင္ျဖစ္ေသာေၾကာင့္ စာေရးသူကိုယ္တိုင္ပင္ေဆးနည္းကိုရခါစက မယုံၾကည္ခဲ့ေပ။

ကိုယ္တိုင္ကုသေပး၍ ေပ်ာက္ကင္းသည္ကို ေတြ႕ေသာအခါမွသာ ယုံၾကည္မိပါေတာ့သည္။

ယုံၾကည္သည့္အေလ်ာက္ မိဘျပည္သူမ်ား ပန္းနာရင္ရင္က်ပ္အတြက္ စိတ္မညစ္ရေလေအာင္ လ်င္ျမန္စြာ သုံးစြဲၾကည့္ပါဟု တိုက္တြန္းရင္း

ေလးစားစြာျဖင့္

ဆရာဦးသိန္းလြင္(အစိုးရေဆးခန္းမႈးေဟာင္း)

ဆရာဦးသိန္းလြင္ ေရးသားျပဳစုေသာ အိမ္တြင္းသမားေတာ္က်မ္း ႏွင့္လက္ေတြ႕ျမန္မာေဆးစြမ္းေကာင္းမ်ား(1991.Jun .29.ရက္ေန႔ထုတ္)စာအုပ္မွ ကူးယူမ်ွေဝပါသည္
ဆရာဦးသိန္းလြင္(အစိုးရေဆးခန္းမႈးေဟာင္း)


#Unicode Version#

ဆေးနည်းတွေ စိတ်ဝင်စားသူတွေ စာဖက်ရလွယ်ကူစေရန် ကူးယူမျှဝေပေးခြင်းဖြစ်ပါသည်

ရင်ကျပ်ပန်းနာအတွက် ကရင်ဆေးဆရာကြီး၏ လက်တွေ့ပျောက်ဆေး

ဤဆေးနည်းမှာ ကရင်ဆေးဆရာတစ်ဦးထံမှ ရှိသောဆေးနည်းဖြစ်၏။အကြောင်းမသိလျှင် ရယ်စရာဖြစ်သော်လည်းသုံးစွဲရာ၌မူကား တကယ်စွမ်းသောဆေးနည်းဖြစ်ပေသည်။

ချိန်ခွင်အလွယ်တကူမရှိသောအရပ်ဒေသများတွင်ဖော်စပ်သောဆေးဖြစ်သဖြင့်အချိန်အတွယ်ကားအတိအကျမပါပေသို့သော် ခန့်မှန်း၍အညီအမျှချိန်ယူနိုင်ပါသည်။

(မှတ်ချက်= ချိန်ခွင်ရှိရာအရပ်၌ဖြစ်မူကား အညီအမျှချိန်တွယ်ယူ၍ဖော်စပ်နိုင်ပါသည် )အနည်းငယ်မျှ အပိုအလိုရှိသော်လည်း ရပါသည် အရေးကြီးလှသည်မဟုတ်ပါပေ

ဆေးဖော်ရန်မှာ

ကြက်သွန်နီ ဥ ကြီးကြီး ၅ ဥ

ပုဇွန်ထုပ်အကြီး ၅ ထုပ်

ထန်းလျှက်ခဲအကြီး ၅ ခဲတို့လိုအပ်ပါသည်

ချက်နည်းမှာ

ကြက်သွန်နီဥနှင့် ပုဇွန်ထုပ် တို့ကို သန့်ရှင်းအောင်ပြုပြင်ဆေးကြောပြီး နုပ်နုပ်စဉ်းရပါမည်အိုးတစ်လုံးတွင်ထန်းလျှက်ကိုထည့်၍ကျိုပြီးအရည်ဖြစ်လျှင်ကြက်သွန်နှင့်ပုဇွန်စဉ်းပြီးသားကိုထည့်၍မွှေရပါမည်။ ဆားအနည်းငယ် သင်ရုံထည့်ပါ။မတူးမခြစ်ရအောင် မီးနွေးနွေးဖြင့်မွှေပါ ။ပုဇွန်ကျက်လောက်သောအချိန်တွင်ချ၍ အအေးခံထားပါ



ဆေးစားနည်းမှာ

ဆေးစားမည့်ဝေဒနာရှင်အား ဆေးကျွေးမည့်နေ့တွင်အစာမကျွေးပဲထားပြီး အထက်ပါဆေးတစ်အိုးချက်ကို တစ်ထိုင်တည်းနှင့် ကုန်အောင်စားစေရပါမည်။ အကယ်၍ တစ်ထိုင်ထဲနှင့် ကုန်အောင်မစားနိုင်ခဲ့သော် အခြားအစားအစာ မကျွေးပဲ ထိုဆေးကိုသာ နား၍ နား၍ ကုန်အောင်စားစေရပါမည် ရေနွေးကြမ်းနှင်လည်းသောက်နိုင်ပါသည်။နှစ်ပေါင်းများစွာစွဲကပ်လာခဲ့သော ပန်းနာရင်ကျပ်ရောဂါကြီးများဒိဋ္ဌပျောက်ပါသည် အော့အန်ခြင်း ဝမ်းသွားခြင်းအလျင်းမရှိပါ ။

အန်ချင်သလိုလို ဝမ်းသွားချင်သလိုလိုတော့ဖြစ်တတ်ပါသည်။

အသက် ၆၀ ကျော် အဘိုးကြီးတစ်ဥိးနှင့် အဘွားကြီးတစ်ဦးတို့အား စာရေးသူ ကိုယ်တိုင်ကျွေးဖူးရာ အဘိုးကြီးကကောက်ညှင်ပေါက်းနှင့် ကျွဲနို့ကို မစားခဲ့ရတာ နှစ်ပေါင်းကြာပြီ ယခုမှပဲ အားရပါးရစားနိုင်တော့သည် ဟုပြောပါသည်အဘွားကြီးက မူကား ရင်ကျပ်ချိန်မှာ ကျပ်မလာတော့လည်း င်ထဲကလေတွေ တက်လိုက်ဆင်းလိုက် ဖြစ်နေတယ် ဟု ပြောပါသည် ။

ကရင်ဆေးဟူ၍အထင်သေး၍မရ။

နည်းပေးသော ကရင်ဆေးဆရာကြီးအား များစွာပင်ကျေးဇူးတင်မိပါသည်။

ထန်လျှက်ခဲ နှင့် ပုဇွန် ကြက်သွန်တို့မှာ မဆီမဆိုင်ဖြစ်သောကြောင့် စာရေးသူကိုယ်တိုင်ပင်ဆေးနည်းကိုရခါစက မယုံကြည်ခဲ့ပေ။

ကိုယ်တိုင်ကုသပေး၍ ပျောက်ကင်းသည်ကို တွေ့သောအခါမှသာ ယုံကြည်မိပါတော့သည်။

ယုံကြည်သည့်အလျောက် မိဘပြည်သူများ ပန်းနာရင်ရင်ကျပ်အတွက် စိတ်မညစ်ရလေအောင် လျင်မြန်စွာ သုံးစွဲကြည့်ပါဟု တိုက်တွန်းရင်း

လေးစားစွာဖြင့်

ဆရာဦးသိန်းလွင်(အစိုးရဆေးခန်းမှုးဟောင်း)

ဆရာဦးသိန်းလွင် ရေးသားပြုစုသော အိမ်တွင်းသမားတော်ကျမ်း နှင့်လက်တွေ့မြန်မာဆေးစွမ်းကောင်းများ(1991.Jun .29.ရက်နေ့ထုတ်)စာအုပ်မှ ကူးယူမျှဝေပါသည်

No comments:

Post a Comment