Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 12, 2018

အသက္မျပည့္ေသးသူအား လူျမင္ကြင္းတြင္ အဓၶမက်ဴးလြန္သူ ဖမ္းဆီခံရ

ၾကည္ျမင္တိုင္ၿမိဳ႕နယ္တြင္ အိမ္ ေထာင္ေရး အဆင္မေျပျခင္းကို အေၾကာင္းျပကာ တစ္လမ္းတည္းေန အသက္မျပည့္ေသးသည့္ မိန္းကေလးအား လူျမင္ကြင္း လမ္းေဘးတြင္ သားမယားအျဖစ္အဓၶမျပဳက်င့္ခဲ့သူအား ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့သည္။ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၈ ရက္ေန႔ ည ၉ နာရီခြဲအခ်ိန္ခန႔္တြင္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ဘလုတ္ညြန႔္ရပ္ကြက္၊ စကၠန႔္(၁) လမ္းေန ေဒၚ——- ၏ အသက္ ၁၆ ႏွစ္အရြယ္ သမီးျဖစ္သူမွာ တစ္ရပ္ထဲတြင္ရွိေသာ မုန႔္ဟင္းခါးေရာင္းသည့္ ေနအိမ္သို႔ အလုပ္သြားလုပ္ရန္ ည ၈ နာရီခြဲခန႔္ထဲက ထြက္သြားခဲ့ေသာ္လည္း အလုပ္သို႔ေရာက္မလာခဲ့ေၾကာင္း သိရွိရသျဖင့္ လိုက္လံရွာေဖြခဲ့ရာ ည ၁၁ နာရီ အခ်ိန္ခန႔္တြင္ သမီးျဖစ္သူကို ရြံ႕ဗြက္အလူးလူးျဖင့္ ေတြ႕ရွိခဲ့ရသျဖင့္ ေမးျမန္ခဲ့ရာ –

မ——–(၁၆)ႏွစ္ မွာ အလုပ္သြားရန္ တာႀကီးလမ္းအတိုင္းလမ္းေလၽွာက္၍ အိမ္မွထြက္လာစဥ္ တစ္လမ္းတည္းေန ခ်စ္ဦး (၃၃)ႏွစ္က ေနာက္မွလိုက္လာၿပီး အနီးအေရာက္တြင္ စကားေျပာခ်င္းလို႔ ခဏလိုက္ခဲ့ဦး ဟုေျပာခဲ့သည္။ တစ္လမ္းထဲေနသူျဖစ္ေသာေၾကာင့္ ယုံၾကည္ၿပီးလိုက္သြားခဲ့ရာ ခ်စ္ဦး မွ တာႀကီးလမ္း၊ ကံသာေအး ေသာက္ေရကန္အနီးသို႔ ေခၚေဆာင္သြားခဲ့သည္။ ထို႔ေနာက္ ၎၏ မိန္းမႏွင့္အဆင္မေျပေၾကာင္း၊ ၎ထံတြင္စုထားသည့္ ပိုက္ဆံ ၁ သိန္းခြဲခန႔္ရွိၿပီး မ—–အား သားမယား အျဖစ္ ေပါင္းသင္းမည္ဟုေျပာၾကားရာတြင္ မ——မွ ခ်စ္ဦးတြင္မိန္းမႏွင့္ သားသမီး ရွိသျဖင့္ မျဖစ္နိုင္ေၾကာင္း ျပန္လည္ေျပာခဲ့ၿပီး အလုပ္ရွင္ႏွင့္ မိခင္ျဖစ္သူတို႔ သူအားလိုက္ရွာေနမည္ဟု ေျပာကာ ျပန္ရန္ျပဳစဥ္ ခ်စ္ဦးမွ မ——၏ လက္အားဆြဲ၍ ေျမျပင္ေပၚတြင္ တြန္းလွဲၿပီး ပါးစပ္အားပိတ္ကာ သားမယားအျဖစ္(၁) ႀကိမ္ျပဳက်င့္ခဲ့ၿပီးေနာက္ ထြက္ေျပးသြားခဲ့ေၾကာင္း ထြက္ဆိုခဲ့သည္။

ျဖစ္စဥ္အား မိခင္ျဖစ္ ေဒၚ——- က အရြယ္မေရာက္ေသးေသာ သမီးျဖစ္သူအား အဓၶမျပက်င့္ခဲ့သူကို အေရးယူေပးပါရန္ တိုင္ၾကားခဲ့သျဖင့္ စက္ဆန္းနယ္ေျမ ရဲစခန္း(ပ)၂၃၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၆၃ ျဖင့္ အမွုေရးဖြင့္ကာ စုံစမ္းမွုမ်ား ျပဳလုပ္ခဲ့သည္။စုံစမ္းေဆာင္ရြက္ခဲ့ရာ ျပစ္မွုက်ဴးလြန္သူ ခ်စ္ဦးမွာ ပဲခူးတိုင္းေဒသႀကီး၊ ကဝၿမိဳ႕နယ္၊ ေအးရြာေက်းရြာ သို႔ ေရာက္ရွိေနေၾကာင္း သတင္းအရ အေနာက္ပိုင္းခရိုင္ ရဲတပ္ဖြဲ႕မွူး႐ုံး၊ မွုခင္းႏွိမ္နင္းေရးဌာနစုမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ စက္ဆန္းနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းကာ ေအာက္တိုဘာလ ၉ ရက္ေန႔ မြန္ူလြဲ ၁ နာရီ ၃၅ မိနစ္အခ်ိန္တြင္ ျပစ္မွုက်ဴးလြန္သူ ခ်စ္ဦးအား ေအးရြာ ေက်းရြာအတြင္းရွိ လမ္းဆုံတြင္ ဖမ္းဆီးရမိခဲ့ၿပီး ၎အားဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕ လူမွဒကြန္ယက္စာမ်က္ႏွာတြင္ ေဖာ္ျပပါရွိသည္။
saladmm

#Unicode Version#
ကြည်မြင်တိုင်မြို့နယ်တွင် အိမ်ထောင်ရေး အဆင်မပြေခြင်းကို အကြောင်းပြကာ တစ်လမ်းတည်းနေ အသက်မပြည့်သေးသည့် မိန်းကလေးအား လူမြင်ကွင်း လမ်းဘေးတွင် သားမယားအဖြစ်အဓ္ဓမပြုကျင့်ခဲ့သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ဖြစ်စဉ်မှာ အောက်တိုဘာလ ၈ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ်ညွန့်ရပ်ကွက်၊ စက္ကန့်(၁) လမ်းနေ ဒေါ်——- ၏ အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူမှာ တစ်ရပ်ထဲတွင်ရှိသော မုန့်ဟင်းခါးရောင်းသည့် နေအိမ်သို့ အလုပ်သွားလုပ်ရန် ည ၈ နာရီခွဲခန့်ထဲက ထွက်သွားခဲ့သော်လည်း အလုပ်သို့ရောက်မလာခဲ့ကြောင်း သိရှိရသဖြင့် လိုက်လံရှာဖွေခဲ့ရာ ည ၁၁ နာရီ အချိန်ခန့်တွင် သမီးဖြစ်သူကို ရွံ့ဗွက်အလူးလူးဖြင့် တွေ့ရှိခဲ့ရသဖြင့် မေးမြန်ခဲ့ရာ –

မ——–(၁၆)နှစ် မှာ အလုပ်သွားရန် တာကြီးလမ်းအတိုင်းလမ်းလျှောက်၍ အိမ်မှထွက်လာစဉ် တစ်လမ်းတည်းနေ ချစ်ဦး (၃၃)နှစ်က နောက်မှလိုက်လာပြီး အနီးအရောက်တွင် စကားပြောချင်းလို့ ခဏလိုက်ခဲ့ဦး ဟုပြောခဲ့သည်။ တစ်လမ်းထဲနေသူဖြစ်သောကြောင့် ယုံကြည်ပြီးလိုက်သွားခဲ့ရာ ချစ်ဦး မှ တာကြီးလမ်း၊ ကံသာအေး သောက်ရေကန်အနီးသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ၎င်း၏ မိန်းမနှင့်အဆင်မပြေကြောင်း၊ ၎င်းထံတွင်စုထားသည့် ပိုက်ဆံ ၁ သိန်းခွဲခန့်ရှိပြီး မ—–အား သားမယား အဖြစ် ပေါင်းသင်းမည်ဟုပြောကြားရာတွင် မ——မှ ချစ်ဦးတွင်မိန်းမနှင့် သားသမီး ရှိသဖြင့် မဖြစ်နိုင်ကြောင်း ပြန်လည်ပြောခဲ့ပြီး အလုပ်ရှင်နှင့် မိခင်ဖြစ်သူတို့ သူအားလိုက်ရှာနေမည်ဟု ပြောကာ ပြန်ရန်ပြုစဉ် ချစ်ဦးမှ မ——၏ လက်အားဆွဲ၍ မြေပြင်ပေါ်တွင် တွန်းလှဲပြီး ပါးစပ်အားပိတ်ကာ သားမယားအဖြစ်(၁) ကြိမ်ပြုကျင့်ခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ဖြစ်စဉ်အား မိခင်ဖြစ် ဒေါ်——- က အရွယ်မရောက်သေးသော သမီးဖြစ်သူအား အဓ္ဓမပြကျင့်ခဲ့သူကို အရေးယူပေးပါရန် တိုင်ကြားခဲ့သဖြင့် စက်ဆန်းနယ်မြေ ရဲစခန်း(ပ)၂၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုရေးဖွင့်ကာ စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ ချစ်ဦးမှာ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အေးရွာကျေးရွာ သို့ ရောက်ရှိနေကြောင်း သတင်းအရ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် စက်ဆန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အောက်တိုဘာလ ၉ ရက်နေ့ မွန်ူလွဲ ၁ နာရီ ၃၅ မိနစ်အချိန်တွင် ပြစ်မှုကျူးလွန်သူ ချစ်ဦးအား အေးရွာ ကျေးရွာအတွင်းရှိ လမ်းဆုံတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းအားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ လူမှဒကွန်ယက်စာမျက်နှာတွင် ဖော်ပြပါရှိသည်။
saladmm

No comments:

Post a Comment