Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 12, 2018

ပ​ထွေးဖြစ်သူမှ မယားပါသမီးကို အဓမ္မကျင့်​မှု ရပ်ကွက်လူကြီးများနဲ့ ပက်ပင်းမိ !!!









# Unicode Version ဖြင့် ဖတ်ပါ#
မယားပါသမီးကို အကြိမ်ကြိမ် အဓမ္မကျင့်တဲ့ ပထွေး နဲ့ အမှု့မဖွင့်လိုတဲ့ မိခင်ရင်း။

မယားက ပါလာတဲ့ ၁၂ နှစ်သမီး လေးကိုပထွေး က အဓမ္မ ကျင့်တဲ့ကိစ္စ မိခင်က အမှု့မဖွင့်သော်လည်း လက်တွေ့ မြင်ခဲ့ရတဲ့ အရပ်လူကြီးများက ပထွေးကို အမှု့ဖွင့် တိုင်ကြား။

စက်တင်ဘာလ ၄ ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ် ၁၉ ရပ်ကွက် တွင်ပထွေးဖြစ်သူ က မယားပါသမီးကို သားမယားအဖြစ်ပြုကျင့်မှု့ကို ရပ်ကွက် လူကြီးများက တွေ့မြင်၍ ဝိုင်းဝန်း ဖမ်းဆီး လိုက်ကြ၏။

ဖြစ်စဉ်မှာ ထိုနေ့နံနက် ၉ နာရီ က ဦးဆန်းဝင်း၅၂ နှစ် ရာအိမ်မှုး ၁၉ ရပ်ကွက် ရွှေပြည်သာမြို့နယ် နေသူသည် ရပ်ကွက် အုပ်ချုပ်ရေး မှုး ရုံး၌ ရှိနေစဉ် တာဝန် သိ ပြည်သူတယောက်ကရပ်ကွက် အတွင်းရှိ မြင့်ဦး ၅၀ နှစ် ဆိုင်ကယ်ကယ်ရီ မောင်းသည် အသက် ၁၂ နှစ် ခန့်ရှိ မယားပါသမီးကို အဓမ္မ ပြုကျင့် နေကြောင်းဖုံးဖြင့် ဆက်သွယ် သတင်းပေးပို့လာ၏။

ထို သတင်းအရ ရပ်ကွက် အုပ်ချုပ်ရေးမှုး၏ ခိုင်းစေချက်အရ ဦးဆန်းဝင်း က တစ်ရပ်ကွက်ထည်းနေသူ ဦးကံမြင့် နှင့်အတူသွားရောက်စဉ် မြင့်ဦး၏ နေအိမ် ထဲတွင်
မြင့်ဦး က မ……အား သားမယားအဖြစ်ပြုကျင့် နေသည်ကို တွေ့မြင်ရသဖြင့် ဦးဆန်းဝင်း နှင့် ဦးကံမြင့် တို့က “ဟေ့ကောင်”ဟု လှမ်းအော်လိုက်ကြောင်း သိရ၏။

ထို့နောက် ဦးဆန်းဝင်း နှင့် ဦးကံမြင့် တို့မှမ……နှင့် မြင့်ဦး တို့အား ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးသို့ ခေါ်ဆောင် ပြီး မေးမြန်းရာ မြင့်ဦးကမ…….အား အကြိမ်ကြိမ် သားမယားအဖြစ်ပြုကျင့် ကြောင်း ဝန်ခံသလို

အမျိုးသမီး ရေးရာအဖွဲ့က လည်း မ……အား မေးမြန်းရာ မြင့်ဦး ကမ…….အား ယခင်က သားမယားအဖြစ်အကြိမ်ကြိမ် ပြုကျင့် ကြောင်း ၊မိခင်ဖြစ်သူအားကြောက်သဖြင့် မပြောပြခဲ့ကြောင်း ပြောပြသိရသည်။

ဖြစ်စဉ်ကို မ…….၏ မိခင်အား ပြောပြရာ၎င်း အနေဖြင့် အမှု့ဖွင့် တိုင်တန်း လိုခြင်းမရှိ ကြောင်း ပြောပြသဖြင့် ရာအိမ်မှုး ဦးဆန်းဝင်းက တရားလို အဖြစ် ရွှေပြည်သာ မြို့မရဲစခန်းသို့ တိုင်တန်းရာ ရဲစခန်း မှ ပုဒ်မ ၃၇၆ ဖြင့်အမှု့ဖွင့် ကာ ဖမ်းဆီး စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း ဂျာနယ် မှာ ရေးသားဖော်ပြထားပါတယ် ။
 tinlayzaw မှု့ခင်းသတင်းဂျာနယ်

No comments:

Post a Comment