Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 18, 2018

ထိုင္းေလဆိပ္မွ ျမန္မာျပည္သို႕အျပန္…ရန္ကုန္ေလဆိပ္လဲေရာက္ေရာ စိတ္မေကာင္းစြာၾကံဳခဲ႔ရေသာ ဥဴးဇင္းေလးတစ္ပါး


မေန႔က ဂ်ာမနီႏိုင္ငံ ဖရန္႔ဖြတ္ေလဆိပ္ကေန ထိုင္းေလေၾကာင္းလိုင္း TG ႏွစ္ထပ္ေလယဥ္ႀကီးနဲ႔ ျမန္မာျပည္ျပန္အလာ၊ ေလဆိပ္ထဲခနေစာင့္ေနတုန္း၊ ေလယဥ္ဝန္ထမ္းတေယာက္က မိမိထံလာပီး…

“မင့္ခုနံပါတ္ေျပာင္းေပးလို႔ရမလားတဲ့” Is it possible to change your seat number? လာေျပာလာတယ္၊ မိမိအထင္ေတာ့ ေဘးခုံက အမ်ိဳးသမီးျဖစ္လို႔ေနမွာေပါ့၊ ok ရတယ္ မင့္သေဘာလို႔၊ ခနေနေတာ့ လက္မွတ္အသစ္လာျပန္ေပးတယ္ …

ေဘးက ႏိုင္ငံျခားသားတစ္ေယာက္က ဟ….မင့္ခုံနံပါတ္က VIP တဲ့။ အခ်ိန္က်ေတာ့ ဂိတ္ကေန ေလယဥ္ေပၚေခၚေတာ့ ေရွ႕ဆုံးကေန လက္အုပ္ခ်ီပီး လာပင့္လာတယ္။

ထိုင္ခုံနံပါတ္ရွိတဲ့ေနရာထိ ဝန္ထန္းတစ္ေယာက္က လိုက္ပို႔လို႔ သတ္မွတ္ထားတဲ့ေနရာမွာဘဲ ထိုင္ေနလိုက္တယ္။ ေလယဥ္တာ ထြက္လာခ့ဲတယ္ ထိုင္ခုံ၃ခုံစလုံး တစ္ပါးထဲ။

ေဘးကလူေတြလဲ မိမိကိုသတိထားပီး ၾကည့္ေနၾကတယ္ ဘယ္လိုဘုန္းႀကီးလဲေပါ့။ ကိုယ္ကေတာ့ ဘာေကာင္မွမဟုတ္၊ ဒီလိုနဲ႔ ထိုင္ခုံကေခ်ာင္ေနေတာ့ လူတစ္ေယာက္ထိုင္ဖို႔ႀကိဳးစားတာ ေလယဥ္မယ္ေတြက အဲ့ေနရာထိုင္လို႔မရဘူးလို႔ ေျပာလိုက္တာ၊ ဒီေတာ့ မိမိကို ပိုအထင္ႀကီးေပါ့…

ေလယဥ္ေပၚလဲ အရင္ဦးဆံုး အေအးမ်ိဳးစုံလာကပ္လာတယ္၊ မနက္ေစာေစာလဲ အဦးဆံုး နံနက္စာ လာကပ္လာတယ္၊ ဒီလိုနဲ႔ ထိုင္းေလဆိပ္ထဲ ေရာက္ေတာ့ ျမန္မာျပည္ျပန္ဖို႔ မိမိရဲ႕ဂိတ္နံပါတ္မွာ Check in counterဝင္ေတာ့ သူမ်ားေတြထက္အရင္လာေခၚလာပီး…

တန္းစီစရာမလို သိပ္အစစ္အေဆးမရွိ သာမန္လုပ္႐ိုးလုပ္စဥ္ပါပဲ။ ရန္ကုန္ျပန္ဖို႔ ေလယဥ္ေပၚတက္ေတာ့လဲအရင္ဆုံးလာပင့္ပီး ေရွးဆုံုးကေနပါပဲ။ရန္ကုန္ေလဆိပ္လဲေရာက္ေရာ ဇာတ္လမ္းကစေတာ့တာပါပဲ။

လက္အုပ္ခ်ီမဲ့သူမရွိ သူမ်ားေတြနဲ႔အတူ တန္းစီ၊ အစစ္အေဆးကလဲ ဟိုေမးဒီေမး Arrival visa အတြက္ ေဖာင္ေတြျဖည့္ခိုင္းလို႔ အခ်ိန္အေတာ္ၾကာသြားတယ္။

ေျပာခ်င္တာက ေလဆိပ္ကဝန္ထမ္းေတြ ထိုင္းနဲ႔ျမန္မာဆိုတာ ဗုဒၶဘာသာႏိုင္ငံ ကိုးကြယ္မႈေတြတူညီပီး ယဥ္ေက်းမွဳမတူညီၾကပါလားလို႔ စိတ္မေကာင္းစြာနဲ႔ ေတြးေနမိေတာ့တယ္။

က်န္းမာခ်မ္းသာၾကပါေစ….။

အပၸမာေဒန သမၸာေဒထ။
Lyhealthy
#Unicode Version#
မနေ့က ဂျာမနီနိုင်ငံ ဖရန့်ဖွတ်လေဆိပ်ကနေ ထိုင်းလေကြောင်းလိုင်း TG နှစ်ထပ်လေယဉ်ကြီးနဲ့ မြန်မာပြည်ပြန်အလာ၊ လေဆိပ်ထဲခနစောင့်နေတုန်း၊ လေယဉ်ဝန်ထမ်းတယောက်က မိမိထံလာပီး…

“မင့်ခုနံပါတ်ပြောင်းပေးလို့ရမလားတဲ့” Is it possible to change your seat number? လာပြောလာတယ်၊ မိမိအထင်တော့ ဘေးခုံက အမျိုးသမီးဖြစ်လို့နေမှာပေါ့၊ ok ရတယ် မင့်သဘောလို့၊ ခနနေတော့ လက်မှတ်အသစ်လာပြန်ပေးတယ် …

ဘေးက နိုင်ငံခြားသားတစ်ယောက်က ဟ….မင့်ခုံနံပါတ်က VIP တဲ့။ အချိန်ကျတော့ ဂိတ်ကနေ လေယဉ်ပေါ်ခေါ်တော့ ရှေ့ဆုံးကနေ လက်အုပ်ချီပီး လာပင့်လာတယ်။

ထိုင်ခုံနံပါတ်ရှိတဲ့နေရာထိ ဝန်ထန်းတစ်ယောက်က လိုက်ပို့လို့ သတ်မှတ်ထားတဲ့နေရာမှာဘဲ ထိုင်နေလိုက်တယ်။ လေယဉ်တာ ထွက်လာခဲ့တယ် ထိုင်ခုံ၃ခုံစလုံး တစ်ပါးထဲ။

ဘေးကလူတွေလဲ မိမိကိုသတိထားပီး ကြည့်နေကြတယ် ဘယ်လိုဘုန်းကြီးလဲပေါ့။ ကိုယ်ကတော့ ဘာကောင်မှမဟုတ်၊ ဒီလိုနဲ့ ထိုင်ခုံကချောင်နေတော့ လူတစ်ယောက်ထိုင်ဖို့ကြိုးစားတာ လေယဉ်မယ်တွေက အဲ့နေရာထိုင်လို့မရဘူးလို့ ပြောလိုက်တာ၊ ဒီတော့ မိမိကို ပိုအထင်ကြီးပေါ့…

လေယဉ်ပေါ်လဲ အရင်ဦးဆုံး အအေးမျိုးစုံလာကပ်လာတယ်၊ မနက်စောစောလဲ အဦးဆုံး နံနက်စာ လာကပ်လာတယ်၊ ဒီလိုနဲ့ ထိုင်းလေဆိပ်ထဲ ရောက်တော့ မြန်မာပြည်ပြန်ဖို့ မိမိရဲ့ဂိတ်နံပါတ်မှာ Check in counterဝင်တော့ သူများတွေထက်အရင်လာခေါ်လာပီး…

တန်းစီစရာမလို သိပ်အစစ်အဆေးမရှိ သာမန်လုပ်ရိုးလုပ်စဉ်ပါပဲ။ ရန်ကုန်ပြန်ဖို့ လေယဉ်ပေါ်တက်တော့လဲအရင်ဆုံးလာပင့်ပီး ရှေးဆုံးကနေပါပဲ။ရန်ကုန်လေဆိပ်လဲရောက်ရော ဇာတ်လမ်းကစတော့တာပါပဲ။

လက်အုပ်ချီမဲ့သူမရှိ သူများတွေနဲ့အတူ တန်းစီ၊ အစစ်အဆေးကလဲ ဟိုမေးဒီမေး Arrival visa အတွက် ဖောင်တွေဖြည့်ခိုင်းလို့ အချိန်အတော်ကြာသွားတယ်။

ပြောချင်တာက လေဆိပ်ကဝန်ထမ်းတွေ ထိုင်းနဲ့မြန်မာဆိုတာ ဗုဒ္ဓဘာသာနိုင်ငံ ကိုးကွယ်မှုတွေတူညီပီး ယဉ်ကျေးမှုမတူညီကြပါလားလို့ စိတ်မကောင်းစွာနဲ့ တွေးနေမိတော့တယ်။

ကျန်းမာချမ်းသာကြပါစေ….။

အပ္ပမာဒေန သမ္ပာဒေထ။

Lyhealthy

No comments:

Post a Comment