Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 18, 2018

ႏိုင္ငံရပ္ျခားမွာအလုပ္လုပ္ေနသူေတြကို ကြ်န္ခံတယ္လို ့ေၿပာလို့ေ၀ဖန္ခံေနရတဲ့မင္းသား


စကားထဲက အမွားပါဆိုသလိုပါပဲ။ မင္းသား ေဇရဲထက္ ကေတာ့ MC ရဲ့အင္တာဗ်ဴး ေၿဖရင္း ႏုိင္ငံရပ္ၿခားမွာ အလုပ္လုပ္ေနသူေတြကို က်ြန္ခံတယ္လုိ ့သံုးႏွဳန္းလုိက္တာေၾကာင့္ ေ၀ဖန္ခံေနၿပန္ပါတယ္။ ဒီလိုေ၀ဖန္တံု့ၿပန္ေနသူေတြထဲကမွာ အြန္လုိင္းဆယ္လီ ပန္ဆယ္လုိ လဲပါ၀င္လာပါတယ္။ သူမကေတာ့ အာေဘာ္အတိုင္း ခပ္ၾကမ္းၾကမ္းတုန့္ၿပန္လုိက္ၿပီး ေဇရဲထက္ ကေတာ့ လတ္တေလာ ဘာမွၿပန္လည္ေၿဖရွင္းထားၿခင္းမရွိပါဘူး။ ေဇရဲထက္က “ႏုိင္ငံျခားမွာ အလုပ္ သြားလုပ္ဖို႔ အစီအစဥ္မရွိဘူး။ လမ္းေဘးမွာ ေစ်းပဲေရာင္းရ ေရာင္းရ၊ ဘာပဲလုပ္ရ လုပ္ရ ကိုယ္ လုပ္တတ္တာကိုပဲ လုပ္မွာပါ။ ႏုိင္ငံျခား အလည္သြားတဲ့အခါ ကိုယ့္ျမန္မာက လူေတြကို ေတြ႔ရင္ ဝမ္းနည္းမိတယ္ လုိ ့ေၿပာဆိုခဲ့တာပါ။

ဒါကို ပန္ဆယ္လုိ ၿပန္လည္တံု့ၿပန္ေရးထားတာကဒီလုိပါ ” ႏိုင္ငံရပ္ျခားမွာ အလုပ္လုပ္ေနသူေတြကို ကြ်န္ခံတယ္၊ ကြ်န္ခံတယ္လို႔ ျမင္ေနၾကတာ ဘယ္ေခတ္က ဂ်င္းလဲေတာ့ မသိဘူး။ ေပါက္စီမင္းသားရဲ႕ အင္တာဗ်ဴးမွာ အဲ့လိုႀကီး သံုးသြားတာကို အံ့ၾသဘနန္း ျဖစ္မိတယ္။ၿပည္ပမွာ အလုပ္သြားလုပ္ဖို႔ဆိုတာ Professional Skillတစ္ခုခု ရွိေနမွ။ ဘာသာစကားတစ္ခုခု၊ ဒါမွမဟုတ္ကမာၻသံုး ဘာသာစကားကို တတ္ကြ်မ္းမွ။ ႏိုင္ငံအသီးသီးက အလုပ္ရွာေဖြေနၾကသူေတြကို ေက်ာ္ျဖတ္ၿပီး အလုပ္ရဖို႔ဆိုတာ အရည္အခ်င္း ျပည့္ဝေနမွ။ ဒါက ပညာနဲ႔ အသက္ေမြးၾကသူေတြရဲ႕ တစ္ပိုင္း။
General Workerေတြ Maids ေတြေတာင္မွ ဘြဲ႕ဒဂရီ၊ ပညာအရည္အခ်င္းေတြ မရွိရင္ေတာင္ သူတို႔ရဲ႕ အလုပ္မွာ Proျဖစ္ေနမွ တန္းဝင္တာ။ သြားလို႔ရတာ။ကြ်န္ဆိုတဲ့ အသံုးအႏႈန္းကို သေဘာေပါက္ၾကဟန္ မတူဘူး။ ကြ်န္ဆိုတာ လုပ္အားေပးၿပီး လုပ္အားနဲ႔ ထိုက္တန္စြာ အက်ိဳးခံစားခြင့္မရဘဲ ေခါင္းပံုျဖတ္ခံရ၊ အခြင့္အေရးမရ၊ ထြက္လို႔မရ တစ္သက္လံုး ပိတ္ေလွာင္ႏွိပ္စက္ခံရတဲ့ စနစ္မ်ိဳး။ ႏိုင္ငံျခားမွာ အလုပ္လုပ္ေနၾကသူ အမ်ားစုဟာ လုပ္အားေရာင္းတယ္။ တန္ရာတန္ေၾကးရတယ္။ မေကာင္းဘူးယူဆရင္ ထြက္ၿပီး အျခားအလုပ္ရွာလို႔ရတယ္။ သူတို႔ရဲ႕ အခြင့္အေရးအားလံုး တန္းတူညီမွ် ရၾကတယ္။ ဘယ္မွာလဲ…. ကြ်န္ ၊သူမ်ားအလုပ္လုပ္ရတိုင္း ကြ်န္လို႔ သတ္မွတ္ေနလို႔မွ မရတာ။ လုပ္အားရွိသူက လုပ္အားေရာင္းတယ္။ လုပ္အားလိုအပ္သူက လုပ္အားဝယ္တယ္။ ဒါဟာ အေရာင္းအဝယ္ပါ။ သမၼာအာဇီဝပါ။ ျမင့္ျမတ္တယ္။ သိကၡာရွိတယ္။ အဲ့ဒီ့ေငြနဲ႔ သူတို႔ရဲ႕ မိသားစုဘဝ၊ သူတို႔ရဲ႕ဘဝကို ျမႇင့္တင္ၾကတယ္။ သူတို႔ရဲ႕ ဘဝအတြက္၊ သူတို႔ရဲ႕ မိသားစုေတြအတြက္ သူတို႔ဟာ သူရဲေကာင္းပဲ။ သခင္ပဲ။ ကြ်န္ခံေနရတယ္လို႔ ယူဆစရာ အေၾကာင္းကို မရွိတာ။

ပြဲေစ်းတန္းက ေရမုန္႔ေလာက္ေတာင္ ေဇာက္မနက္လိုက္တဲ့ အေတြး။ ျပည္ပမွာ အလုပ္လုပ္ေနသူေတြကို သနားတယ္ပဲ ရွိရေသးတယ္။ ဟိုက သူ႔လို ႏြားေျခရာခြက္ထဲက ဖားသူငယ္ကို ျပန္သနားေနၾကဦးမွာ။ သူတပါးအခိုင္းခံေနရသူေတြေလာက္ျမင္ဖူးၿပီး သနားသေလး ဘာေလးနဲ႔ ခက္ခက္ရခ်ည္ရဲ႕။ျပည္ပမွာ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာေတြထဲ အျဖဴေတြကို လက္ညႇိဳးထိုး ျပန္ခိုင္းလို႔ရေနသူေတြ တစ္ပံုတစ္ပင္။ ျမန္မာျပည္မွာ သူတို႔အရည္အခ်င္းနဲ႔ ထိုက္တန္တဲ့လစာကို တိုင္းျပည္အေနအထားအရ မရႏိုင္လို႔ ေရၾကည္ရာ ျမက္ႏုရာ ရွာၾကတာ။ ျပည္ပမွာ အလုပ္လုပ္ရင္ ကြ်န္ခံတယ္ဆိုတဲ့ မဆလေခတ္ဂ်င္းေတြကို အခုထိ ဆြဲကိုင္ေနတုန္း။Brain Drainကို အားမေပးဘူး။ Passport ရံုးေရွ႕ တန္းစီေနတဲ့ လူအုပ္ႀကီးျမင္တိုင္း ရင္ေလးတယ္။ ပညာတတ္ေတြ၊ လုပ္အားSkillful ျဖစ္သူေတြ၊ ရည္ရြယ္ခ်က္ႀကီးမားသူေတြ တိုင္းျပည္ျပင္ပကို စီးဆင္းေနတာ ေကာင္းတဲ့လကၡဏာ မဟုတ္ေပဘူး။ ဒါေပမယ့္……ႏိုင္ငံျခားမွာ အလုပ္လုပ္ေနသူေတြကို ေမးၾကည့္လိုက္။ ေပါကားေတြထဲကလို ျပည္ပကို အထင္ႀကီးၿပီး ေနရပ္စြန္႔ၾကတာလားလို႔။ ဘဝေပးအေျခအေနေတြ၊ ဘဝရည္မွန္းခ်က္ေတြေ ၾကာင့္သာ ကိုယ့္ႏိုင္ငံကေန ခဏခြာရတာ။ ျမန္မာဆိုတဲ့ အသံၾကားတိုင္း အမိေျမကို လြမ္းဆြတ္ေနၾကတုန္း။ ခြင့္အားရက္ေလးမ်ားရွိရင္ အမိေျမကို အေျပးျပန္ၾကတုန္း။ ရည္မွန္းခ်က္ေတြ ျပည့္ဝၿပီး အမိေျမမွာ အေျခခ်ခြင့္ရမယ့္ေန႔ကို လက္ခ်ိဳးေရေနၾကတုန္း။ ႏိုင္ငံရဲ႕ အေနအထား၊ အလုပ္အကိုင္အခြင့္အလမ္းေတြအရ မတတ္သာလို႔ ေရႊ႕ေျပာင္းေနထိုင္ေနရတာ ျ ပည္ပကို အထင္ႀကီးၿပီး ျပည္ပမွာ ေပ်ာ္ေပ်ာ္ႀကီး ကြ်န္ခံေနၾကသလို သူတို႔ကို မစြတ္စြဲလိုက္ပါနဲ႔။ သူတို႔ရင္ဘတ္ထဲက လြမ္းဆြတ္မႈေတြ၊ နာက်င္မႈေတြ၊ ခြဲခြာရမႈေတြကို ကြ်န္စိတ္လို႕ တံဆိပ္ကပ္ပစ္ေလာက္တဲ့အထိ မရက္စက္ၾကစမ္းပါနဲ႔။
မင္းသားမျဖစ္ရင္ေတာင္ ျပည္ပေတာ့ မထြက္ဘူး၊ ျမန္မာျပည္မွာပဲ ဆိုက္ကားနင္း၊ ကယ္ရီဆြဲမယ္ ဘလာဘလာနဲ႔ တိုင္းျပည္ခ်စ္သလို ဘာလိုလိုလုပ္ျပေနလိုက္တာ..႐ုပ္ခံနဲ႔လုပ္ၾကံၿပီး ပရိသတ္ကို အဆိပ္ခတ္ေနတဲ့ အႏုပညာရွင္အမည္ခံေတြက သူ႔လုပ္အားနဲ႔သူ သမၼာအာဇီဝ လုပ္ကိုင္စားေသာက္ေနတဲ့ လူေတြကို ကြ်န္ခံေနရသတဲ့ သနားသတဲ့။ ႐ုပ္ခံနဲ႔ ကံေလးသာရွိလို႔ မင္းသားျဖစ္လာတာ ဆိုင္ကယ္ကယ္ရီဆြဲရင္ေတာင္ ေပါက္စီလိုက္ဆြဲေနတာနဲ႔ အခ်ဳပ္ထဲက ထြက္ရမယ့္ အစားမဟုတ္ဘူး…ရယ္လိုက္ရတာဆိုတာ ” ဟူ၍ ခပ္ၾကမ္းၾကမ္းေ၀ဖန္ထားပါတယ္။ ပရိသတ္ၾကီးကေကာ ေဇရဲထက္ အဲ့ဒီလို ေ၀ဖန္သြားတာကို ဘယ္လိုၿမင္ပါသလဲ။
 papawadymedia

#Unicode Version#
စကားထဲက အမှားပါဆိုသလိုပါပဲ။ မင်းသား ဇေရဲထက် ကတော့ MC ရဲ့အင်တာဗျူး ဖြေရင်း နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေသူတွေကို ကျွန်ခံတယ်လို့သုံးနှုန်းလိုက်တာကြောင့် ဝေဖန်ခံနေပြန်ပါတယ်။ ဒီလိုဝေဖန်တုံ့ပြန်နေသူတွေထဲကမှာ အွန်လိုင်းဆယ်လီ ပန်ဆယ်လို လဲပါဝင်လာပါတယ်။ သူမကတော့ အာဘော်အတိုင်း ခပ်ကြမ်းကြမ်းတုန့်ပြန်လိုက်ပြီး ဇေရဲထက် ကတော့ လတ်တလော ဘာမှပြန်လည်ဖြေရှင်းထားခြင်းမရှိပါဘူး။ ဇေရဲထက်က “နိုင်ငံခြားမှာ အလုပ် သွားလုပ်ဖို့ အစီအစဉ်မရှိဘူး။ လမ်းဘေးမှာ ဈေးပဲရောင်းရ ရောင်းရ၊ ဘာပဲလုပ်ရ လုပ်ရ ကိုယ် လုပ်တတ်တာကိုပဲ လုပ်မှာပါ။ နိုင်ငံခြား အလည်သွားတဲ့အခါ ကိုယ့်မြန်မာက လူတွေကို တွေ့ရင် ဝမ်းနည်းမိတယ် လို့ပြောဆိုခဲ့တာပါ။ဒါကို ပန်ဆယ်လို ပြန်လည်တုံ့ပြန်ရေးထားတာကဒီလိုပါ ” နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေသူတွေကို ကျွန်ခံတယ်၊ ကျွန်ခံတယ်လို့ မြင်နေကြတာ ဘယ်ခေတ်က ဂျင်းလဲတော့ မသိဘူး။ ပေါက်စီမင်းသားရဲ့ အင်တာဗျူးမှာ အဲ့လိုကြီး သုံးသွားတာကို အံ့သြဘနန်း ဖြစ်မိတယ်။ပြည်ပမှာ အလုပ်သွားလုပ်ဖို့ဆိုတာ Professional Skillတစ်ခုခု ရှိနေမှ။ ဘာသာစကားတစ်ခုခု၊ ဒါမှမဟုတ်ကမ္ဘာသုံး ဘာသာစကားကို တတ်ကျွမ်းမှ။ နိုင်ငံအသီးသီးက အလုပ်ရှာဖွေနေကြသူတွေကို ကျော်ဖြတ်ပြီး အလုပ်ရဖို့ဆိုတာ အရည်အချင်း ပြည့်ဝနေမှ။ ဒါက ပညာနဲ့ အသက်မွေးကြသူတွေရဲ့ တစ်ပိုင်း။
General Workerတွေ Maids တွေတောင်မှ ဘွဲ့ဒဂရီ၊ ပညာအရည်အချင်းတွေ မရှိရင်တောင် သူတို့ရဲ့ အလုပ်မှာ Proဖြစ်နေမှ တန်းဝင်တာ။ သွားလို့ရတာ။ကျွန်ဆိုတဲ့ အသုံးအနှုန်းကို သဘောပေါက်ကြဟန် မတူဘူး။ ကျွန်ဆိုတာ လုပ်အားပေးပြီး လုပ်အားနဲ့ ထိုက်တန်စွာ အကျိုးခံစားခွင့်မရဘဲ ခေါင်းပုံဖြတ်ခံရ၊ အခွင့်အရေးမရ၊ ထွက်လို့မရ တစ်သက်လုံး ပိတ်လှောင်နှိပ်စက်ခံရတဲ့ စနစ်မျိုး။ နိုင်ငံခြားမှာ အလုပ်လုပ်နေကြသူ အများစုဟာ လုပ်အားရောင်းတယ်။ တန်ရာတန်ကြေးရတယ်။ မကောင်းဘူးယူဆရင် ထွက်ပြီး အခြားအလုပ်ရှာလို့ရတယ်။ သူတို့ရဲ့ အခွင့်အရေးအားလုံး တန်းတူညီမျှ ရကြတယ်။ ဘယ်မှာလဲ…. ကျွန် ၊သူများအလုပ်လုပ်ရတိုင်း ကျွန်လို့ သတ်မှတ်နေလို့မှ မရတာ။ လုပ်အားရှိသူက လုပ်အားရောင်းတယ်။ လုပ်အားလိုအပ်သူက လုပ်အားဝယ်တယ်။ ဒါဟာ အရောင်းအဝယ်ပါ။ သမ္မာအာဇီဝပါ။ မြင့်မြတ်တယ်။ သိက္ခာရှိတယ်။ အဲ့ဒီ့ငွေနဲ့ သူတို့ရဲ့ မိသားစုဘဝ၊ သူတို့ရဲ့ဘဝကို မြှင့်တင်ကြတယ်။ သူတို့ရဲ့ ဘဝအတွက်၊ သူတို့ရဲ့ မိသားစုတွေအတွက် သူတို့ဟာ သူရဲကောင်းပဲ။ သခင်ပဲ။ ကျွန်ခံနေရတယ်လို့ ယူဆစရာ အကြောင်းကို မရှိတာ။
ပွဲဈေးတန်းက ရေမုန့်လောက်တောင် ဇောက်မနက်လိုက်တဲ့ အတွေး။ ပြည်ပမှာ အလုပ်လုပ်နေသူတွေကို သနားတယ်ပဲ ရှိရသေးတယ်။ ဟိုက သူ့လို နွားခြေရာခွက်ထဲက ဖားသူငယ်ကို ပြန်သနားနေကြဦးမှာ။ သူတပါးအခိုင်းခံနေရသူတွေလောက်မြင်ဖူးပြီး သနားသလေး ဘာလေးနဲ့ ခက်ခက်ရချည်ရဲ့။ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေထဲ အဖြူတွေကို လက်ညှိုးထိုး ပြန်ခိုင်းလို့ရနေသူတွေ တစ်ပုံတစ်ပင်။ မြန်မာပြည်မှာ သူတို့အရည်အချင်းနဲ့ ထိုက်တန်တဲ့လစာကို တိုင်းပြည်အနေအထားအရ မရနိုင်လို့ ရေကြည်ရာ မြက်နုရာ ရှာကြတာ။ ပြည်ပမှာ အလုပ်လုပ်ရင် ကျွန်ခံတယ်ဆိုတဲ့ မဆလခေတ်ဂျင်းတွေကို အခုထိ ဆွဲကိုင်နေတုန်း။Brain Drainကို အားမပေးဘူး။ Passport ရုံးရှေ့ တန်းစီနေတဲ့ လူအုပ်ကြီးမြင်တိုင်း ရင်လေးတယ်။ ပညာတတ်တွေ၊ လုပ်အားSkillful ဖြစ်သူတွေ၊ ရည်ရွယ်ချက်ကြီးမားသူတွေ တိုင်းပြည်ပြင်ပကို စီးဆင်းနေတာ ကောင်းတဲ့လက္ခဏာ မဟုတ်ပေဘူး။ ဒါပေမယ့်……နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေကို မေးကြည့်လိုက်။ ပေါကားတွေထဲကလို ပြည်ပကို အထင်ကြီးပြီး နေရပ်စွန့်ကြတာလားလို့။ ဘဝပေးအခြေအနေတွေ၊ ဘဝရည်မှန်းချက်တွေေ ကြာင့်သာ ကိုယ့်နိုင်ငံကနေ ခဏခွာရတာ။ မြန်မာဆိုတဲ့ အသံကြားတိုင်း အမိမြေကို လွမ်းဆွတ်နေကြတုန်း။ ခွင့်အားရက်လေးများရှိရင် အမိမြေကို အပြေးပြန်ကြတုန်း။ ရည်မှန်းချက်တွေ ပြည့်ဝပြီး အမိမြေမှာ အခြေချခွင့်ရမယ့်နေ့ကို လက်ချိုးရေနေကြတုန်း။ နိုင်ငံရဲ့ အနေအထား၊ အလုပ်အကိုင်အခွင့်အလမ်းတွေအရ မတတ်သာလို့ ရွှေ့ပြောင်းနေထိုင်နေရတာ ြ ပည်ပကို အထင်ကြီးပြီး ပြည်ပမှာ ပျော်ပျော်ကြီး ကျွန်ခံနေကြသလို သူတို့ကို မစွတ်စွဲလိုက်ပါနဲ့။ သူတို့ရင်ဘတ်ထဲက လွမ်းဆွတ်မှုတွေ၊ နာကျင်မှုတွေ၊ ခွဲခွာရမှုတွေကို ကျွန်စိတ်လို့ တံဆိပ်ကပ်ပစ်လောက်တဲ့အထိ မရက်စက်ကြစမ်းပါနဲ့။
မင်းသားမဖြစ်ရင်တောင် ပြည်ပတော့ မထွက်ဘူး၊ မြန်မာပြည်မှာပဲ ဆိုက်ကားနင်း၊ ကယ်ရီဆွဲမယ် ဘလာဘလာနဲ့ တိုင်းပြည်ချစ်သလို ဘာလိုလိုလုပ်ပြနေလိုက်တာ..ရုပ်ခံနဲ့လုပ်ကြံပြီး ပရိသတ်ကို အဆိပ်ခတ်နေတဲ့ အနုပညာရှင်အမည်ခံတွေက သူ့လုပ်အားနဲ့သူ သမ္မာအာဇီဝ လုပ်ကိုင်စားသောက်နေတဲ့ လူတွေကို ကျွန်ခံနေရသတဲ့ သနားသတဲ့။ ရုပ်ခံနဲ့ ကံလေးသာရှိလို့ မင်းသားဖြစ်လာတာ ဆိုင်ကယ်ကယ်ရီဆွဲရင်တောင် ပေါက်စီလိုက်ဆွဲနေတာနဲ့ အချုပ်ထဲက ထွက်ရမယ့် အစားမဟုတ်ဘူး…ရယ်လိုက်ရတာဆိုတာ ” ဟူ၍ ခပ်ကြမ်းကြမ်းဝေဖန်ထားပါတယ်။ ပရိသတ်ကြီးကကော ဇေရဲထက် အဲ့ဒီလို ဝေဖန်သွားတာကို ဘယ်လိုမြင်ပါသလဲ။
papawadymedia

No comments:

Post a Comment