Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 13, 2018

မိမိကံၾကမၼာ ဘာေတြဘယ္လိုျဖစ္မလဲဆိုတာ ဖတ္ၾကည့္ရေအာင္၂၀၁၈ အတြက္ (၁) နွစ္စာေဟာစာတမ္း

အားလံုးေစာင့္ေမွ်ာ္ေနၾကတဲ့ 2018 အတြက္ (၁)ႏွစ္စာေဟာစာတမ္း

လာမည့္2018 မွာ မိမိကံၾကမၼာ ဘာေတြဘယ္လိုျဖစ္မလဲဆိုတာဖတ္ၾကည့္ပီးအမ်ားဖတ္႐ႈႏိုင္ေအာင္လည္း #Shareေပးၾကပါ။

ရာဟုသားသမီးမ်ားဗုဒၶဟူးတြင္ၾကည့္ပါ

တနဂၤေႏြသားသမီးမ်ား….

ဤႏွစ္အတြင္း ကိုယ္ထူးကိုယ္ခြၽန္အလုပ္လုပ္တာပိုအဆင္ေျပမည္။ 2018ခုႏွစ္အတြင္း ရပ္တန္႔ထားေသာလုပ္ငန္းမ်ား ျပန္လည္ေဆာင္ရြက္ရမည့္ကာလျဖစ္သည္။ တစ္ပါးသူအေပၚအားကိုး၍မရေသာကာလျဖစ္သည္။

မိမိလြယ္ကူမည္ဟုယူဆေသာကိစၥမ်ားအေႏွာင့္အယွက္ေပးျခင္း ခံရတတ္သည္။ဖုန္းႏွင့္စက္ပစၥည္းမ်ားေရာင္းဝယ္ျခင္း၊အိမ္ျခံေျမလုပ္ငန္းမ်ားလုပ္ျခင္း၊ေဖ်ာက္ရည္၊ယမကာထုတ္လုပ္ျခင္းလုပ္ငန္းမ်ားမွ အက်ိဳးအျမတ္မ်ားရမည္။

ျပည္တြင္းျပည္ပဆက္သြယ္ေရးလုပ္ငန္းမ်ားလုပ္ျခင္း၊ ကြန္ပ်ဴတာႏွင့္တီထြင္ပညာမ်ားလုပ္ျခင္းေကာင္းမည္။ ေငြေၾကးကိစၥကေတာ့မထင္မွတ္ဘဲဒီႏွစ္အတြင္း ထင္မွတ္ထားတာထက္ပိုဝင္ကိန္းၾကံဳမည္။ အိမ္ယာ၊တိုက္ခန္း၊ေျမယာျခံကြက္မ်ားရ႐ွိတတ္သည္။ ဖုန္းႏွင့္အဖိုးတန္ပစၥည္းမ်ားက်ေပ်ာက္ကိန္း႐ွိသည္။

လူစုလူေဝးမ်ားျပားေသာေနရာမ်ားတြင္သြားလာလႈပ္႐ွားျခင္း ေ႐ွာင္ရမည္။ယခုႏွစ္တြင္တနလၤာ၊ဗုဒၶဟူး၊ၾကာသပေတးေန႔ သားသမီးမ်ားႏွင့္မည္သည့္ကိစၥမဆိုေဆာင္ရြက္ရာတြင္ ေအာင္ျမင္မႈမ်ားရ႐ွိမည္။အိမ္တြင္းေရးျပသနာမ်ားမၾကာမၾကာ ေျဖ႐ွင္းရတတ္သည္။တခါတခါမွန္ရဲ႕သားနဲ႔အက်ဥ္းအၾကပ္ထ ဲၾကံဳရတတ္သည္။ပ်ိဳရြယ္သူမ်ားအခ်စ္ေရးႏွင့္ပတ္သက္၍စန္းပြင့္လိမ့္မည္။အႏွစ္ႏွစ္အလလမစြံသူမ်ားဒီႏွစ္မွာစြံဖို႔မ်ားပါတယ္။အခ်စ္ကံေကာင္းမည္။

ပညာေရးတြင္မိမိ၏ႀကိဳးပမ္းမႈေၾကာင့္ထူးထူးျခားျခား တိုးတက္ေအာင္ျမင္လာလိမ့္မည္။သို႔ေသာ္ပညာေရးႏွင့္ အခ်စ္ေရးမ်ားေရာေထြးေနျခင္းမ်ားၾကံဳေနရတတ္သည္။က်န္းမာေရးတြင္အေရျပားေရာဂါ၊အာရံုေၾကာအားနည္းျခင္း၊ အပူနာေပါက္ျခင္း၊ေခါင္းကိုက္ျခင္းေဝဒနာမ်ား မၾကာခန ခံစားရတတ္သည္။တန္ခူး၊ကဆုန္လမ်ားတြင္အလုပ္လုပ္တာ၊ အေရးႀကီးစကားေျပာဆိုတာေတြသတိထားပါ။ အဲဒီ(2)လကအထူးညံ့သည္။ သီတင္းကြၽတ္၊တန္ေဆာင္မုန္း၊နေတၱာ္လမ်ားတြင္ ေအာင္ျမင္မႈမ်ားၾကံဳရမည္။အဲဒီလေတြမွာအလုပ္လုပ္လ်င္ ဖိႀကိဳးစားပီးလုပ္ပါ။

ယၾတာ➖ေမၿမိဳ႕ပန္း၊ပိေတာက္ၫြန္႔၊ေပါက္ၫြန္႔(၉)ၫြန္႔စီ ဘုရားမွာတင္ပါ။

မိမိေမြးေန႔ေတြမွာေခါက္ဆြဲထုပ္၊ၾကံရည္၊ၾကာဇံထုပ္မ်ားလႉေပးပါ။

အက်ိဳးေပးေသာအကၡရာႏွင့္ဂဏာန္းမ်ား➖(တ၊န၊ပ၊ဖ)(၃၊၈၊၂၊၇)

တနလၤာသားသမီးမ်ား…..

တနလၤာသားသမီး တို႔သည္ လာမည့္ 2018 ခုႏွစ္အတြင္း အစစအရာရာ အဆင္ေျပလာမည့္ ကာလျဖစ္သည္။ မိမိရပ္တန္႔ထားေသာလုပ္ငန္းကိစၥမ်ားျပန္လည္အသက္ဝင္လာေအာင္ ေဆာင္ရြက္ရမည္။သို႔ေသာ္ လုပ္ငန္းခြင္တြင္အၿပိဳင္အဆိုင္မ်ားႏွင့္ ထိပ္တိုက္ရင္ဆိုင္ရမည့္ကာလျဖစ္သည္။

အထူးသျဖင့္အစု႐ွယ္ယာ ဝင္ျခင္း၊ကုန္မာဆိုင္ႏွင့္စိုက္ပ်ိဳးေရးပစၥည္းမ်ားေရာင္းဝယ္ျခင္း၊ ေျမၾသဇာႏွင့္ဆန္ေရာင္းဝယ္ျခင္းမ်ားမွအက်ိဳးအျမတ္ျဖစ္ထြန္းမည္။ 2018ခုႏွစ္တြင္အလုပ္သစ္မ်ားဝင္ေရာက္လုပ္ကိုင္ရတတ္ျခင္း၊ ရာထူးတိုးျခင္း၊ဂုဏ္သတင္းေက်ာ္ေဇာျခင္း၊ေနရာအေျပာင္းေရႊ႕မ်ားၾကံဳမည္။

လူမႈေရးျပသနာမ်ားဝင္ေရာက္ေျဖ႐ွင္းေပးရတန္သည္။ 2018ခုႏွစ္တြင္ တနဂၤေႏြ၊ဗုဒၶဟူး၊ေသာၾကာသားသမီးမ်ားႏွင့္ မည္သည့္ကိစၥမဆိုေဆာင္ရြက္ရာတြင္အထူးဂ႐ုစိုက္ရမည္။

အိမ္ေထာင္ေရးတြင္မိတ္ေဆြ၊အသိုင္းအဝိုင္း၊ေဆြမ်ိဳး စကားမ်ားေၾကာင့္အိမ္ေထာင္ေရးအထင္အျမင္လြဲမွားမႈမ်ား ္ေပၚေပါက္လာတတ္သည္။

အိမ္ေထာင္ေရးတြင္ အသစ္ အဆန္းမ်ားေတြ႔ရတတ္သည္။မိသားစုတြင္က်န္းမာေရးျပဳစု ေစာင့္ေ႐ွာက္မႈမ်ားျပဳလုပ္ေပးရတတ္သည္။ပ်ိဳရြယ္သူမ်ား အိမ္ေထာင္ေရးတြင္ အသစ္ အဆန္းမ်ားေတြ႔ရတတ္သည္။မိမိရည္းစားျခံခုန္တတ္သည္။ စႏိုက္ေၾကာ္သူမ်ားႏွင့္ေတြ႔ရတတ္သည္။ ဘုရားဖူးသြားလာရာမွခ်စ္သူရည္းစားေတြ႔ရတတ္သည္။

ပညာေရးတြင္ ေ႐ွ႕ပိုင္း၌ႀကိဳးစားအားထုတ္မႈေကာင္းၿပီး ေနာက္ပိုင္းတြင္အေပါင္းအသင္းမ်ားေၾကာင့္စိတ္ေလၿပီး မိမိရည္မွန္းခ်က္မ်ားႏွင့္ေဝးကြာသြားတတ္သည္။ က်န္းမာေရးတြင္အဖ်ားအနာျဖစ္ျခင္း၊ခါးနာျခင္း၊မ်က္စိအားနည္းျခင္း၊ ေသြးအားနည္းျခင္းမ်ားခံစားရျခင္းျဖစ္မည္။ယခုႏွစ္အတြင္းက်န္းမာေရးအထူးဂ႐ုစိုက္ေပးပါ။

ကဆုန္၊နယုန္လမ်ားတြင္အေရးႀကီးကိစၥမ်ားလုပ္လ်င္အထူးဂ႐ုစိုက္ပါ။အ႐ွံုးေပၚမည္။ဝါေခါင္၊ေတာ္သလင္း၊နေတၱာ္လမ်ားတြင္ဘာမွမစင္းစားဘဲလုပ္လ်င္ေတာင္ေအာင္ျမင္မႈမ်ားၾကံဳရမည္။

ယၾတာ➖မိမိေမြးေန႔တြင္ေဇာ္စိမ္းၫြန္႔၊ဇီးၫြန္႔၊ဇြန္ၫြန္႔(၉)ၫြန္႔စီဘုရားမွာတင္လႉပူေဇာ္ပါ။ေထာပတ္ဆီႏွင့္ဆီမီးခြက္သက္ေစ့ပူေဇာ္ပါ။လိေမၼာ္ေဖာ္ရည္ႏွင့္ယိုစံုမ်ားတင္လႉပူေဇာ္ပါ။

အက်ိဳးေပးအကၡရာႏွင့္ဂဏာန္းမ်ား (က၊ပ၊တ၊ဖ)(၂၊၅၊၇၊၀)

အဂၤါသားသမီးမ်ား….

အဂၤါသားသမီးမ်ားသည္2018ခုႏွစ္ေ႐ွ႕ပိုင္း(၆)လတြင္ လုပ္ငန္းခြင္တြင္အၾကံအစည္သစ္မ်ားေဆာင္ရြက္ရမည့္ႏွစ္ျဖစ္သည္။ မိတ္ေကာင္းေဆြေကာင္းမ်ားႏွင့္ေတြ႔ဆံုၿပီးလုပ္ငန္းခြင္္မ်ား ေအာင္ျမင္လာလိမ့္မည္။ႏိုင္ငံရပ္ျခားခရီးသြားလာျခင္းမ်ား ၾကံဳလာတတ္သည္။

ရပ္ေဝးမိတ္ေဆြမ်ားႏွင့္အခု႐ွယ္ယာလုပ္ငန္းမ်ား လုပ္ျခင္း၊အလုပ္သစ္စတင္ထူေထာင္ျခင္းမ်ားေကာင္း၏။ လုပ္ငန္းခြင္တြင္မိန္ေဆြအသစ္မ်ားႏွင့္ဆက္ဆံရမည္။ ေရေၾကာင္းခရီးသြားလာျခင္းမ်ားမေကာင္းပါ။
2018ထဲမွာ မိတ္ေဆြမ်ားေပးထားေသာကတိမ်ား ပ်က္ျပားျခင္းေၾကာင့္မိမိေဆာင္ရြက္ထားသမ်ွသဲထဲေရသြန္သလို ျဖစ္သြားတတ္သည္။ေငြေၾကးကိစၥမ်ားအလြယ္တကူကတိေပး ေဆာင္ရြက္ျခင္းမ်ားမျပဳသင့္ပါ။လူမႈေရးျပသနာမ်ားႏွင့္႐ုတ္တရက္ ရင္ဆိုင္ရတတ္သည္။ဒီႏွစ္ထဲမွာေသာၾကာ၊ၾကာသပေတး၊ ဗုဒၶဟူးေန႔သားသမီးမ်ားနဲ႔မည္သည့္ကိစၥမဆိုေဆာင္ရြက္ရာတြင္ ေအာင္ျမင္မႈမ်ားရ႐ွိမည္။

အိမ္ေထာင္႐ွင္မ်ားသားသမီးရတနာထြန္းကားၿပီး သတင္းေကာင္းၾကားရတတ္သည္။ ပ်ိဳရြယ္သူမ်ားခ်စ္သူႏွင့္နီးစပ္ရန္မလြယ္ကူသေလာက္ခက္ခဲမည္။ ေဝးကြာေနေသာခ်စ္သူမ်ားျပန္လည္ဆံုစည္းရတတ္သည္။ပညာေရးတြင္ ဥာဏ္ရည္ထက္မ်က္ၿပီး ဂုဏ္သတင္းႀကီးမားလာလိမ့္မည္။

သို႔ေသာ္ပညာေရးတြင္ဝီရိယ႐ွိမွမိမိေမ်ွာ္မွန္းေသာပညာရပ္က ိုဆည္းပူးျခင္းရမည္။အျခားအလုပ္မစင္းစားဘဲလက္႐ွိ အတတ္ပညာကိုအေျချပဳ၍ အဆင့္ျမင့္ပညာရပ္မ်ား ဆည္းပူးေလ့လာႏိုင္လ်င္အထူးေအာင္ျမင္မည္။

က်န္းမာေရးတြင္ထံုက်ဥ္ျခင္း၊ခါးေအာက္ပိုင္းေရာဂါမ်ားခံစားရျခင္း၊ ေသြးအားနည္းျခင္း၊မ်ားျဖစ္တတ္သည္။ တပို႔တြဲ၊တေပါင္း၊တန္ခူးလာမ်ားတြင္အထူးကံေကာင္းမည္။က်န္တဲ့လေတြမွာေတာ့သတိနဲ႔ယွဥ္ၿပီးလုပ္ေဆာင္ပါ။

ယၾတာ ➖ႏွင္းဆီပန္း၊ႏွင္းပန္း၊ရြက္လွ၊ဝါးၫြန္႔၊သစၥာပန္း(၅)ပြင့္စီ ဘုရားမွာတင္လႉေပးပါ။မိမိေမြးေန႔မွာ ထန္းလ်က္၊ထိုးမုန္႔၊ နာနတ္ယိုဆြမ္းဘုရားမွာကပ္လႉပူေဇာ္ေပးပါ။

အက်ိဳးေပးအကၡရာႏွင့္ဂဏာန္းမ်ား➖(ရ၊လ၊ဝ၊သ၊ဟ)(၉၊၀၊၂၊၆)

ဗုဒၶဟူးသားသမီးမ်ား….

ဗုဒၶဟူးေန႔သားသမီးမ်ား2018ထဲမွာေတာ့ စီးပြားေရးကိစၥမ်ားႏွင့္ပတ္သက္၍အယူအဆအမွားမ်ားႏွင့္ ရင္ဆိုင္ရမည္။ျပည္တြင္းျပည္ပဆက္သြယ္ေရးလုပ္ငန္းမ်ားလုပ္ျခင္း၊ ကြန္ပ်ဴတာႏွင့္တီထြင္ပညာမ်ားေဆာင္ရြက္ျခင္း၊ စက္သံုးဆီေရာင္းဝယ္ျခင္း၊အစု႐ွယ္ယာလုပ္ငန္းမ်ား၊ ေမြးျမဴေရးလုပ္ငန္းမ်ားလုပ္ျခင္းေကာင္း၏။ စိတ္ျမန္ျခင္း၊စိတ္ႀကီးျခင္းမ်ား၊အေလာတႀကီးအလုပ္လုပ္ျခင္းမ်ား တတ္ႏိုင္သမ်ွေ႐ွာင္က်ဥ္ရမည္။ နာမည္အလြဲသံုးစားျပဳျခင္းမ်ားခံရတတ္သည္။

2018ထဲတြင္တနလၤာ၊ဗုဒၶဟူး၊ၾကာသပေတးသားသမီးမ်ားႏွင့္ မည္သည့္ကိစၥမဆိုေဆာင္ရြက္ရာတြင္အထူးဂ႐ုစိုက္ရမည္။ ယခုႏွစ္တြင္သတိတရားေ႐ွး႐ႈ၍သြားလာေဆာင္ရြက္ရမည္။ ရင္းႏွီးေသာသူမ်ားႏွင့္မိမိအၾကားအယူအဆသေဘာထား မကိုက္ညီမႈမ်ားၾကံဳရမည္။ညီအစ္ကို၊ေမာင္ႏွမခ်င္းစကားမ်ားရမည္။

ပ်ိဳရြယ္သူမ်ားအခ်စ္ေရးႏွင့္ပတ္သက္ၿပီး မိမိရည္ရြယ္ထားေသာသူမ်ားႏွင့္ခင္သေလာက္ခရီးမေပါက္ျခင္း၊ မိမိထက္အသက္၊ဝါႀကီးေသာသူမ်ားႏွင္းအိမ္ေထာင္က်ရျခင္း၊ အျခားရပ္ေဝးေဒသမွသူႏွင့္အိမ္ေထာင္က်ရျခင္းမ်ားၾကံဳရတတ္သည္။ ဇနီး၊ခင္ပြန္း၊သားမယားအတြက္ေငြေၾကးကုန္က်မႈလည္းမ်ားမည္။ အိမ္တြင္းေရးျပသနာမ်ားေျဖ႐ွင္းရမည္။

ဥာဏဆိုင္ရာပညာရပ္မ်ား၊တီထြင္ဆန္းသစ္ေသာပညာရပ္မ်ား သင္ယူသင့္သည္။ပညာေရးတြင္မိမိရည္မွန္းခ်က္ေအာင္ျမင္မႈမ်ား ဆြတ္ခူးႏိုင္မည္။

က်န္းမာေရးတြင္ေခ်ာင္းဆိုးျခင္း၊အဆုတ္ႏွင့္ပါတ္သက္ေသာေရာဂါ၊ မီယပ္ေရာဂါ၊အ႐ိုးအဆစ္ေရာဂါမ်ားျဖစ္တတ္သည္။ ဝါဆို၊သီတင္းကြၽတ္၊ျပာသိုလမ်ားတြင္အလုပ္လုပ္ပါက သတိႏွင့္ယွဥ္လုပ္ပါ။လြဲေခ်ာ္တတ္သည္။ အေရးႀကီးေသာဆံုးျဖတ္ခ်က္မ်ားဤလပိုင္းေတြမွာမလုပ္ပါႏွင့္။

ယၾတာ-ဘုရားမွာေရႊပန္း၊ေအာင္သေျပၫြန္႔၊ ဝါးၫြန႔္(၉)ၫြန႔္စီတင္ပါ။ယပ္ေတာင္(၁၇)ေခ်ာင္းဘုရားမွာပူေဇာ္ေပးပါ။

အက်ိဳးေပးအကၡရာႏွင့္ဂဏာန္းမ်ား-(ပ၊ဖ၊မ၊က)(၄၊၁၊၈၊၅)

ၾကာသပေတးသားသမီးမ်ား….

ၾကာသပေတးသားသမီးမ်ားသည္ 2018ခုႏွင္ေ႐ွ႕ပိုင္း(၃)လတြင္ လုပ္ငန္းခြက္တြင္အၾကံစည္သစ္မ်ားေဆာင္ရြက္ရမည့္ႏွစ္ျဖစ္သည္။ အခက္အခဲမည္မ်ွ႐ွိေစေဆာင္ရြက္စရာမ်ားေ႐ွ႕တိုး၍ ေဆာင္ရြက္ရမည့္ႏွစ္ျဖစ္သည္။

စီးပြားေရးတိုးခ်ဲ့လုပ္ကိုင္လိုစိတ္မ်ားေပၚေပါက္ေနတတ္သည္။ ဘဏ္လုပ္ငန္း၊ေငြေၾကးေခ်းငွါးျခင္း၊အစု႐ွယ္ယာဝင္ျခင္းမ်ား ေကာင္းက်ိဳးေပးမည္။မေမ်ွာ္လင့္ဘဲေငြေၾကးအေျမာက္အမ်ားဝင္မည္။

ညီအစ္ကို၊ေမာင္ႏွမ၊ေဆြမ်ိဳးသားခ်င္းမ်ားေႏွာင့္ယွက္မႈေၾကာင့္ မိမိလုပ္ငန္းခြင္အက်ိဳးအျမတ္မ်ားပ်က္စီးတတ္သည္။ အိမ္ျခံေျမျပဳျပင္မႈမ်ားၾကံဳမည္။ ျပည္တြင္းျပည္ပခရီးတို၊ခရီး႐ွည္မ်ားခနခနသြားကကိန္း႐ွိသည္။

ပ်ိဳရြယ္သူမ်ားေမတၱာေရးကံေကာင္းၿပီး၊ မိမိရည္မွန္းထားေသာခ်စ္သူမ်ားႏွင့္ေမတၱာေရးမ်ားမည္။ အိမ္ေထာင္႐ွင္မ်ားအိမ္တြင္းေရးျပသနာမ်ားအေႏွာင့္အယွက္မ်ား ဝင္တတ္သည္။အေပ်ာ္အပါးလိုက္စားမႈေၾကာင့္ လူမႈေရးျပသနာမ်ားေျဖ႐ွင္းရတတ္သည္။

မိမိႀကိဳးစားေသာပညာရပ္မ်ားတြင္ဝီရိယစိုက္ရမည့္ႏွစ္ျဖစ္သည္။ ေဆြမ်ိဳးသားခ်င္းအကူညီေကာင္းမ်ားပညာေရးတြင္ကူၫီမည္။ လုပ္ငန္းခြင္စာေမးပြဲမ်ား၊အင္တာဗ်ဴးမ်ားေျဖဆိုခြင့္ အခြင့္လမ္းေကာင္းမ်ားရ႐ွိမည္။

က်န္းမာေရးတြင္အဖ်ား႐ွည္ေရာဂါ၊ဆီးခ်ိဳေရာဂါ၊ေသြးတိုးေရာဂါ၊ အပူနာေရာဂါမ်ားျဖစ္တတ္သည္။ ျပာသို၊တပို႔တြဲ၊တေပါင္းလမ်ားတြင္လုပ္ငန္းကိစၥမ်ား အထူးလာဘ္လာဘမ်ားအက်ိဳးျဖစ္ထြန္းမည္။

ယၾတာ-ဘုရားမွာ သေျပၫြန္႔၊သီးၫြန္႔၊သနပ္ခါၫြန္႔(၁၉)ၫြန္႔စီတင္လႉပူေဇာ္ပါ။ဘုရားတစ္ဆူဆူမွာ ထီး၊ တံခြန္၊ကုကၠား၊မ်ားလႉေပးပါ။

အက်ိဳးေပးအကၡရာႏွင့္ဂဏာန္းမ်ား (သ၊ဟ၊စ၊ဆ)(၁၊၇၊၄၊၉)

ေသာၾကာသားသမီးမ်ား…

2018ထဲမွာေသာၾကာသားသမီးေတြဟာ ေပၚေပါက္လာေသာ စိတ္ကူးမ်ားကိုလက္ေတြ႔ေအာင္ျမင္မႈ ရေသာႏွစ္ျဖစ္သည္။ လုပ္ငန္း၊အလုပ္သစ္၊ေနရာသစ္တိုးခ်ဲ႕လုပ္ကိုင္ပါကေအာင္ျမင္မႈရမည္။နာမည္ဘုန္းကံတိုးတက္ၿပီးေနရာအႏွံပ်ံ႕ႏွံ႔သြားကိန္း႐ွိသည္။ လုပ္ငန္းခြင္တြင္မိတ္ေဆြအသစ္၊နယ္ပယ္အသစ္ႏွင့္ဆက္ဆံရမည္။ စိတ္ေလာႀကီးၿပီးတစ္ပါးသူ၏ ေငြေၾကးဥစၥာမ်ားက ိုလုပ္ငန္းခြင္သံုးစျြဲခင္းမ်ားေ႐ွာင္သင့္သည္။

ဇိမ္ခံပစၥည္းမ်ားဝင္မည္။ေငြေၾကးကိစၥမ်ား၊အစု႐ွယ္ယာလုပ္ငန္းမ်ား၊ ေငြေခ်းေငြငွါးလုပ္ငန္းမ်ားအထူးသတိျပဳေဆာင္ရြက္ပါ။ စက္ပစၥည္းမ်ားဝင္လာမည္။အမ်ားသေဘာတူညီမႈေၾကာင့္ လူမႈေရး၊ဘာသာေရးကိစၥမ်ားေဆာင္ရြက္ရမည္။

ပ်ိဳရြယ္သူမ်ားခ်စ္သူရည္းစားအခ်င္းခ်င္းတစ္ဦးေပၚတစ္ဦး ယံုၾကည္မႈအားနည္းလာမည္။ အေကာင္းလုပ္လည္းမေကာင္းျမင္တတ္မည္။ အိမ္ေထာင္႐ွင္မ်ားပတ္ဝန္းက်င္၊ေဘးအေႏွာင့္အယွက္ေၾကာင့္ ရံဖန္ရံခါစကားျငင္းဆိုရမႈမ်ားျဖစ္မည္။ ဒီႏွစ္အတြက္ေတာ့အိမ္ေထာင္ေရး၊အခ်စ္ေရးကံမေကာင္းဘူးလို႔ ဆိုရမွာဘဲ။သတိထားေနၾကေပေတာ့။

ပညာေရးတြင္လူမႈေရး႐ႈပ္ေထြးမႈေၾကာင့္ေႏွာင့္ေႏွးမႈမ်ားၾကံဳရမည္။ ပညာသင္စရိတ္အတြက္ခက္ခဲလာတတ္သည္။က်န္းမာေရးတြင္ႏွလံုးေသလးေၾကာက်ဥ္းျခင္း၊ထံုနာက်ဥ္နာေရာဂါ၊ ေလႏွင္အူလမ္းေၾကာင္းေရာဂါမ်ားျဖစ္ပြားတတ္သည္။ နဲနဲျဖစ္ျဖစ္၊မ်ားမ်ားျဖစ္ျဖစ္ ျဖစ္လာပါက ကြၽမ္းက်င္ေသာဆရာဝမ္ႏွင္ကုသပါ။မေပါ့ပါႏွင့္။

ဒီႏွစ္ထဲမွာဝါေခါင္၊တန္ေဆာင္မုန္း၊တပို႔တြဲလမ်ား၌ မည္သည့္ကိစၥမဆိုေဆာင္ရြက္ရာတြင္အထူးဂ႐ုစိုက္လုပ္ပါ။ သီတင္းကြၽတ္၊တန္ခူး၊ကဆုန္လေတြမွာေတာ့စိတ္ခ်မ္းသာမႈပိုရမည္။

ယၾတာ-ဘုရားမွာသရက္ၫြန္၊ဇြန္ၫြန္႔၊စံပယ္ၫြန္႔(၂၁) ၫြန္႔စီ ကပ္လႉပူေဇာ္ပါ။မိမိေမြးေန႔မွာဇီးေဖ်ာ္ရည္ႏွင့္ဆီေၾကာ္မုန္႔ဆြမ္း ကပ္လႉပူေဇာ္ပါ။

အက်ိဳးေပးအကၡရာႏွင့္ဂဏာန္းမ်ား(ခ၊န၊ပ၊ဝ)(၆၊၅၊၁၊၃)

စေနသားသမီးမ်ား….

စေနသားသမီးမ်ားသည္2018အတြင္း လုပ္ငန္းခြင္ကိုတိုးခ်ဲ့ရန္ဆႏၵ႐ွိေသာ္လည္း သတိတရားျဖင့္လုပ္ကိုင္သင့္သည္။ အေကာင္းအဆိုးဒြန္တလဲလ်က္႐ွိသည္။ ေလေၾကာင္းလုပ္ငန္း၊ေရေၾကာင္းလုပ္ငန္း၊ဖန္စီႏွင့္ဖက္႐ွင္လုပ္ငန္း လုပ္ျခင္း၊ဆက္သြယ္ေရးပစၥည္းမ်ားေရာင္းဝယ္ျခင္းေကာင္းမည္။

အတိုက္အခိုက္အမ်ိဳးမ်ိဳးၾကားမွေအာင္ျမင္မႈမ်ိဳးကိုရ႐ွိမည္။ တပည့္၊လက္ေအာက္ငယ္သားႏွင့္အစု႐ွယ္ယာလုပ္ငန္းမ်ား လုပ္ကိုင္မႈတြင္အထူးသတိထားၿပီးျပဳလုပ္သင့္သည္။ျပည္တြင္းျပည္ပခရီးသြားရကိန္းခနခနၾကံဳလာမည္။ ေငြေၾကးကိစၥအဆင္ေျပမည္။

အသက္ ၁၅ ႏွစ္မ ွ၁၇ ႏွစ္ၾကား၊အသက္ ၂၀ မွ ၂၂ ႏွစ္ၾကား၊အသက ္၂၉ ႏွစ္မွ ၃၁ ႏွစ္ၾကား ေရာက္႐ွိေနသူမ်ားအခ်စ္ေရးႏွင့္ပါတ္သက္၍ အဖုအထစ္မ်ားေတြ႔ရတတ္သည္။နားလည္မႈမ်ားလြဲတတ္သည္။ စကားတစ္ခြန္းဆိုတစ္ခြန္းျပသနာတက္မည္။ အိမ္ေထာင္႐ွင္မ်ားတစ္ပါးသူအတြက္မိမိဂုဏ္သိကၡာ က်ဆင္းတတ္သည္။

2018ထဲမွာတေပါင္း၊နယုန္၊နေတၱာ္လမ်ားတြင္အလုပ္လုပ္တာ အထူးသတိႏွင့္ယွဥ္လုပ္ပါ။အေရးႀကီးေသာဆံုးျဖတ္ခ်က္မ်ား ထိုလမ်ားတြင္အေလာတလ်င္မလုပ္သင့္ပါ။

ယၾတာ-ဘုရားမွာ အုန္းၫြန္႔၊အင္ၾကင္းၫြန္႔၊လက္ဖက္ၫြန္႔(၁၂)ၫြန္႔စီ တင္လႉပူေဇာ္ပါ။သစ္သီးငါးမ်ိဳးဆြမ္းေတာ္ကပ္လႉပူေဇာ္ပါ။

အက်ိဳးေပးအကၡရာႏွင့္ဂဏာန္းမ်ား(စ၊လ၊ပ၊ယ)(၉၊၁၊၃၊၇)

မိမိကံၾကမၼာေကာင္းက်ိဳးဆိုးက်ိဳးမ်ားအား #အေသးစိတ္သိ႐ွိလိုပါကဆရာ့ထံဖုန္းျဖင့္ message (or) viber တိုက္႐ိုက္ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။

နကၡတ္ ေဗဒင္ လကၡဏာ ယၾတာ ဆရာေနာင္ေနာင္မိုး(မန္းေလး)

ဆက္သြယ္ရန္—09-973200996 – 09-767800003 (viber)

လိပ္စာ-၇၃လမ္း ၃၄-၃၅လမ္းၾကား ေမာရဂီဝါရပ္ကြက္ မႏၲေလးၿမိဳ႕တြင္ ေဟာခန္းဖြင့္လွစ္ထားပါသည္။
Thadinatin Media D Khit
# Unicode Version ျဖင့္ ဖတ္ပါ #
အားလုံးစောင့်မျှော်နေကြတဲ့ 2018 အတွက် (၁)နှစ်စာဟောစာတမ်း

လာမည့်2018 မှာ မိမိကံကြမ္မာ ဘာတွေဘယ်လိုဖြစ်မလဲဆိုတာဖတ်ကြည့်ပီးအများဖတ်ရှုနိုင်အောင်လည်း #Shareပေးကြပါ။

ရာဟုသားသမီးများဗုဒ္ဓဟူးတွင်ကြည့်ပါ

တနင်္ဂနွေသားသမီးများ….

ဤနှစ်အတွင်း ကိုယ်ထူးကိုယ်ချွန်အလုပ်လုပ်တာပိုအဆင်ပြေမည်။ 2018ခုနှစ်အတွင်း ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရမည့်ကာလဖြစ်သည်။ တစ်ပါးသူအပေါ်အားကိုး၍မရသောကာလဖြစ်သည်။

မိမိလွယ်ကူမည်ဟုယူဆသောကိစ္စများအနှောင့်အယှက်ပေးခြင်း ခံရတတ်သည်။ဖုန်းနှင့်စက်ပစ္စည်းများရောင်းဝယ်ခြင်း၊အိမ်ခြံမြေလုပ်ငန်းများလုပ်ခြင်း၊ဖျောက်ရည်၊ယမကာထုတ်လုပ်ခြင်းလုပ်ငန်းများမှ အကျိုးအမြတ်များရမည်။

ပြည်တွင်းပြည်ပဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ ကွန်ပျူတာနှင့်တီထွင်ပညာများလုပ်ခြင်းကောင်းမည်။ ငွေကြေးကိစ္စကတော့မထင်မှတ်ဘဲဒီနှစ်အတွင်း ထင်မှတ်ထားတာထက်ပိုဝင်ကိန်းကြုံမည်။ အိမ်ယာ၊တိုက်ခန်း၊မြေယာခြံကွက်များရရှိတတ်သည်။ ဖုန်းနှင့်အဖိုးတန်ပစ္စည်းများကျပျောက်ကိန်းရှိသည်။

လူစုလူဝေးများပြားသောနေရာများတွင်သွားလာလှုပ်ရှားခြင်း ရှောင်ရမည်။ယခုနှစ်တွင်တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေးနေ့ သားသမီးများနှင့်မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။အိမ်တွင်းရေးပြသနာများမကြာမကြာ ဖြေရှင်းရတတ်သည်။တခါတခါမှန်ရဲ့သားနဲ့အကျဉ်းအကြပ်ထ ဲကြုံရတတ်သည်။ပျိုရွယ်သူများအချစ်ရေးနှင့်ပတ်သက်၍စန်းပွင့်လိမ့်မည်။အနှစ်နှစ်အလလမစွံသူများဒီနှစ်မှာစွံဖို့များပါတယ်။အချစ်ကံကောင်းမည်။

ပညာရေးတွင်မိမိ၏ကြိုးပမ်းမှုကြောင့်ထူးထူးခြားခြား တိုးတက်အောင်မြင်လာလိမ့်မည်။သို့သော်ပညာရေးနှင့် အချစ်ရေးများရောထွေးနေခြင်းများကြုံနေရတတ်သည်။ကျန်းမာရေးတွင်အရေပြားရောဂါ၊အာရုံကြောအားနည်းခြင်း၊ အပူနာပေါက်ခြင်း၊ခေါင်းကိုက်ခြင်းဝေဒနာများ မကြာခန ခံစားရတတ်သည်။တန်ခူး၊ကဆုန်လများတွင်အလုပ်လုပ်တာ၊ အရေးကြီးစကားပြောဆိုတာတွေသတိထားပါ။ အဲဒီ(2)လကအထူးညံ့သည်။ သီတင်းကျွတ်၊တန်ဆောင်မုန်း၊နတ္တော်လများတွင် အောင်မြင်မှုများကြုံရမည်။အဲဒီလတွေမှာအလုပ်လုပ်လျင် ဖိကြိုးစားပီးလုပ်ပါ။

ယတြာ➖မေမြို့ပန်း၊ပိတောက်ညွန့်၊ပေါက်ညွန့်(၉)ညွန့်စီ ဘုရားမှာတင်ပါ။

မိမိမွေးနေ့တွေမှာခေါက်ဆွဲထုပ်၊ကြံရည်၊ကြာဇံထုပ်များလှူပေးပါ။

အကျိုးပေးသောအက္ခရာနှင့်ဂဏာန်းများ➖(တ၊န၊ပ၊ဖ)(၃၊၈၊၂၊၇)

တနင်္လာသားသမီးများ…..

တနင်္လာသားသမီး တို့သည် လာမည့် 2018 ခုနှစ်အတွင်း အစစအရာရာ အဆင်ပြေလာမည့် ကာလဖြစ်သည်။ မိမိရပ်တန့်ထားသောလုပ်ငန်းကိစ္စများပြန်လည်အသက်ဝင်လာအောင် ဆောင်ရွက်ရမည်။သို့သော် လုပ်ငန်းခွင်တွင်အပြိုင်အဆိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့်ကာလဖြစ်သည်။

အထူးသဖြင့်အစုရှယ်ယာ ဝင်ခြင်း၊ကုန်မာဆိုင်နှင့်စိုက်ပျိုးရေးပစ္စည်းများရောင်းဝယ်ခြင်း၊ မြေသြဇာနှင့်ဆန်ရောင်းဝယ်ခြင်းများမှအကျိုးအမြတ်ဖြစ်ထွန်းမည်။ 2018ခုနှစ်တွင်အလုပ်သစ်များဝင်ရောက်လုပ်ကိုင်ရတတ်ခြင်း၊ ရာထူးတိုးခြင်း၊ဂုဏ်သတင်းကျော်ဇောခြင်း၊နေရာအပြောင်းရွှေ့များကြုံမည်။

လူမှုရေးပြသနာများဝင်ရောက်ဖြေရှင်းပေးရတန်သည်။ 2018ခုနှစ်တွင် တနင်္ဂနွေ၊ဗုဒ္ဓဟူး၊သောကြာသားသမီးများနှင့် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်အထူးဂရုစိုက်ရမည်။

အိမ်ထောင်ရေးတွင်မိတ်ဆွေ၊အသိုင်းအဝိုင်း၊ဆွေမျိုး စကားများကြောင့်အိမ်ထောင်ရေးအထင်အမြင်လွဲမှားမှုများ ်ပေါ်ပေါက်လာတတ်သည်။

အိမ်ထောင်ရေးတွင် အသစ် အဆန်းများတွေ့ရတတ်သည်။မိသားစုတွင်ကျန်းမာရေးပြုစု စောင့်ရှောက်မှုများပြုလုပ်ပေးရတတ်သည်။ပျိုရွယ်သူများ အိမ်ထောင်ရေးတွင် အသစ် အဆန်းများတွေ့ရတတ်သည်။မိမိရည်းစားခြံခုန်တတ်သည်။ စနိုက်ကြော်သူများနှင့်တွေ့ရတတ်သည်။ ဘုရားဖူးသွားလာရာမှချစ်သူရည်းစားတွေ့ရတတ်သည်။

ပညာရေးတွင် ရှေ့ပိုင်း၌ကြိုးစားအားထုတ်မှုကောင်းပြီး နောက်ပိုင်းတွင်အပေါင်းအသင်းများကြောင့်စိတ်လေပြီး မိမိရည်မှန်းချက်များနှင့်ဝေးကွာသွားတတ်သည်။ ကျန်းမာရေးတွင်အဖျားအနာဖြစ်ခြင်း၊ခါးနာခြင်း၊မျက်စိအားနည်းခြင်း၊ သွေးအားနည်းခြင်းများခံစားရခြင်းဖြစ်မည်။ယခုနှစ်အတွင်းကျန်းမာရေးအထူးဂရုစိုက်ပေးပါ။

ကဆုန်၊နယုန်လများတွင်အရေးကြီးကိစ္စများလုပ်လျင်အထူးဂရုစိုက်ပါ။အရှုံးပေါ်မည်။ဝါခေါင်၊တော်သလင်း၊နတ္တော်လများတွင်ဘာမှမစင်းစားဘဲလုပ်လျင်တောင်အောင်မြင်မှုများကြုံရမည်။

ယတြာ➖မိမိမွေးနေ့တွင်ဇော်စိမ်းညွန့်၊ဇီးညွန့်၊ဇွန်ညွန့်(၉)ညွန့်စီဘုရားမှာတင်လှူပူဇော်ပါ။ထောပတ်ဆီနှင့်ဆီမီးခွက်သက်စေ့ပူဇော်ပါ။လိမ္မော်ဖော်ရည်နှင့်ယိုစုံများတင်လှူပူဇော်ပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ (က၊ပ၊တ၊ဖ)(၂၊၅၊၇၊ဝ)

အင်္ဂါသားသမီးများ….

အင်္ဂါသားသမီးများသည်2018ခုနှစ်ရှေ့ပိုင်း(၆)လတွင် လုပ်ငန်းခွင်တွင်အကြံအစည်သစ်များဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ မိတ်ကောင်းဆွေကောင်းများနှင့်တွေ့ဆုံပြီးလုပ်ငန်းခွင်များ အောင်မြင်လာလိမ့်မည်။နိုင်ငံရပ်ခြားခရီးသွားလာခြင်းများ ကြုံလာတတ်သည်။

ရပ်ဝေးမိတ်ဆွေများနှင့်အခုရှယ်ယာလုပ်ငန်းများ လုပ်ခြင်း၊အလုပ်သစ်စတင်ထူထောင်ခြင်းများကောင်း၏။ လုပ်ငန်းခွင်တွင်မိန်ဆွေအသစ်များနှင့်ဆက်ဆံရမည်။ ရေကြောင်းခရီးသွားလာခြင်းများမကောင်းပါ။
2018ထဲမှာ မိတ်ဆွေများပေးထားသောကတိများ ပျက်ပြားခြင်းကြောင့်မိမိဆောင်ရွက်ထားသမျှသဲထဲရေသွန်သလို ဖြစ်သွားတတ်သည်။ငွေကြေးကိစ္စများအလွယ်တကူကတိပေး ဆောင်ရွက်ခြင်းများမပြုသင့်ပါ။လူမှုရေးပြသနာများနှင့်ရုတ်တရက် ရင်ဆိုင်ရတတ်သည်။ဒီနှစ်ထဲမှာသောကြာ၊ကြာသပတေး၊ ဗုဒ္ဓဟူးနေ့သားသမီးများနဲ့မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။

အိမ်ထောင်ရှင်များသားသမီးရတနာထွန်းကားပြီး သတင်းကောင်းကြားရတတ်သည်။ ပျိုရွယ်သူများချစ်သူနှင့်နီးစပ်ရန်မလွယ်ကူသလောက်ခက်ခဲမည်။ ဝေးကွာနေသောချစ်သူများပြန်လည်ဆုံစည်းရတတ်သည်။ပညာရေးတွင် ဉာဏ်ရည်ထက်မျက်ပြီး ဂုဏ်သတင်းကြီးမားလာလိမ့်မည်။

သို့သော်ပညာရေးတွင်ဝီရိယရှိမှမိမိမျှော်မှန်းသောပညာရပ်က ိုဆည်းပူးခြင်းရမည်။အခြားအလုပ်မစင်းစားဘဲလက်ရှိ အတတ်ပညာကိုအခြေပြု၍ အဆင့်မြင့်ပညာရပ်များ ဆည်းပူးလေ့လာနိုင်လျင်အထူးအောင်မြင်မည်။

ကျန်းမာရေးတွင်ထုံကျဉ်ခြင်း၊ခါးအောက်ပိုင်းရောဂါများခံစားရခြင်း၊ သွေးအားနည်းခြင်း၊များဖြစ်တတ်သည်။ တပို့တွဲ၊တပေါင်း၊တန်ခူးလာများတွင်အထူးကံကောင်းမည်။ကျန်တဲ့လတွေမှာတော့သတိနဲ့ယှဉ်ပြီးလုပ်ဆောင်ပါ။

ယတြာ ➖နှင်းဆီပန်း၊နှင်းပန်း၊ရွက်လှ၊ဝါးညွန့်၊သစ္စာပန်း(၅)ပွင့်စီ ဘုရားမှာတင်လှူပေးပါ။မိမိမွေးနေ့မှာ ထန်းလျက်၊ထိုးမုန့်၊ နာနတ်ယိုဆွမ်းဘုရားမှာကပ်လှူပူဇော်ပေးပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ➖(ရ၊လ၊ဝ၊သ၊ဟ)(၉၊ဝ၊၂၊၆)

ဗုဒ္ဓဟူးသားသမီးများ….

ဗုဒ္ဓဟူးနေ့သားသမီးများ2018ထဲမှာတော့ စီးပွားရေးကိစ္စများနှင့်ပတ်သက်၍အယူအဆအမှားများနှင့် ရင်ဆိုင်ရမည်။ပြည်တွင်းပြည်ပဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ ကွန်ပျူတာနှင့်တီထွင်ပညာများဆောင်ရွက်ခြင်း၊ စက်သုံးဆီရောင်းဝယ်ခြင်း၊အစုရှယ်ယာလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများလုပ်ခြင်းကောင်း၏။ စိတ်မြန်ခြင်း၊စိတ်ကြီးခြင်းများ၊အလောတကြီးအလုပ်လုပ်ခြင်းများ တတ်နိုင်သမျှရှောင်ကျဉ်ရမည်။ နာမည်အလွဲသုံးစားပြုခြင်းများခံရတတ်သည်။

2018ထဲတွင်တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေးသားသမီးများနှင့် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်အထူးဂရုစိုက်ရမည်။ ယခုနှစ်တွင်သတိတရားရှေးရှု၍သွားလာဆောင်ရွက်ရမည်။ ရင်းနှီးသောသူများနှင့်မိမိအကြားအယူအဆသဘောထား မကိုက်ညီမှုများကြုံရမည်။ညီအစ်ကို၊မောင်နှမချင်းစကားများရမည်။

ပျိုရွယ်သူများအချစ်ရေးနှင့်ပတ်သက်ပြီး မိမိရည်ရွယ်ထားသောသူများနှင့်ခင်သလောက်ခရီးမပေါက်ခြင်း၊ မိမိထက်အသက်၊ဝါကြီးသောသူများနှင်းအိမ်ထောင်ကျရခြင်း၊ အခြားရပ်ဝေးဒေသမှသူနှင့်အိမ်ထောင်ကျရခြင်းများကြုံရတတ်သည်။ ဇနီး၊ခင်ပွန်း၊သားမယားအတွက်ငွေကြေးကုန်ကျမှုလည်းများမည်။ အိမ်တွင်းရေးပြသနာများဖြေရှင်းရမည်။

ဉာဏဆိုင်ရာပညာရပ်များ၊တီထွင်ဆန်းသစ်သောပညာရပ်များ သင်ယူသင့်သည်။ပညာရေးတွင်မိမိရည်မှန်းချက်အောင်မြင်မှုများ ဆွတ်ခူးနိုင်မည်။

ကျန်းမာရေးတွင်ချောင်းဆိုးခြင်း၊အဆုတ်နှင့်ပါတ်သက်သောရောဂါ၊ မီယပ်ရောဂါ၊အရိုးအဆစ်ရောဂါများဖြစ်တတ်သည်။ ဝါဆို၊သီတင်းကျွတ်၊ပြာသိုလများတွင်အလုပ်လုပ်ပါက သတိနှင့်ယှဉ်လုပ်ပါ။လွဲချော်တတ်သည်။ အရေးကြီးသောဆုံးဖြတ်ချက်များဤလပိုင်းတွေမှာမလုပ်ပါနှင့်။

ယတြာ-ဘုရားမှာရွှေပန်း၊အောင်သပြေညွန့်၊ ဝါးညွန့်(၉)ညွန့်စီတင်ပါ။ယပ်တောင်(၁၇)ချောင်းဘုရားမှာပူဇော်ပေးပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ-(ပ၊ဖ၊မ၊က)(၄၊၁၊၈၊၅)

ကြာသပတေးသားသမီးများ….

ကြာသပတေးသားသမီးများသည် 2018ခုနှင်ရှေ့ပိုင်း(၃)လတွင် လုပ်ငန်းခွက်တွင်အကြံစည်သစ်များဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ အခက်အခဲမည်မျှရှိစေဆောင်ရွက်စရာများရှေ့တိုး၍ ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။

စီးပွားရေးတိုးချဲ့လုပ်ကိုင်လိုစိတ်များပေါ်ပေါက်နေတတ်သည်။ ဘဏ်လုပ်ငန်း၊ငွေကြေးချေးငှါးခြင်း၊အစုရှယ်ယာဝင်ခြင်းများ ကောင်းကျိုးပေးမည်။မမျှော်လင့်ဘဲငွေကြေးအမြောက်အများဝင်မည်။

ညီအစ်ကို၊မောင်နှမ၊ဆွေမျိုးသားချင်းများနှောင့်ယှက်မှုကြောင့် မိမိလုပ်ငန်းခွင်အကျိုးအမြတ်များပျက်စီးတတ်သည်။ အိမ်ခြံမြေပြုပြင်မှုများကြုံမည်။ ပြည်တွင်းပြည်ပခရီးတို၊ခရီးရှည်များခနခနသွားကကိန်းရှိသည်။

ပျိုရွယ်သူများမေတ္တာရေးကံကောင်းပြီး၊ မိမိရည်မှန်းထားသောချစ်သူများနှင့်မေတ္တာရေးများမည်။ အိမ်ထောင်ရှင်များအိမ်တွင်းရေးပြသနာများအနှောင့်အယှက်များ ဝင်တတ်သည်။အပျော်အပါးလိုက်စားမှုကြောင့် လူမှုရေးပြသနာများဖြေရှင်းရတတ်သည်။

မိမိကြိုးစားသောပညာရပ်များတွင်ဝီရိယစိုက်ရမည့်နှစ်ဖြစ်သည်။ ဆွေမျိုးသားချင်းအကူညီကောင်းများပညာရေးတွင်ကူညီမည်။ လုပ်ငန်းခွင်စာမေးပွဲများ၊အင်တာဗျူးများဖြေဆိုခွင့် အခွင့်လမ်းကောင်းများရရှိမည်။

ကျန်းမာရေးတွင်အဖျားရှည်ရောဂါ၊ဆီးချိုရောဂါ၊သွေးတိုးရောဂါ၊ အပူနာရောဂါများဖြစ်တတ်သည်။ ပြာသို၊တပို့တွဲ၊တပေါင်းလများတွင်လုပ်ငန်းကိစ္စများ အထူးလာဘ်လာဘများအကျိုးဖြစ်ထွန်းမည်။

ယတြာ-ဘုရားမှာ သပြေညွန့်၊သီးညွန့်၊သနပ်ခါညွန့်(၁၉)ညွန့်စီတင်လှူပူဇော်ပါ။ဘုရားတစ်ဆူဆူမှာ ထီး၊ တံခွန်၊ကုက္ကား၊များလှူပေးပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ (သ၊ဟ၊စ၊ဆ)(၁၊၇၊၄၊၉)

သောကြာသားသမီးများ…

2018ထဲမှာသောကြာသားသမီးတွေဟာ ပေါ်ပေါက်လာသော စိတ်ကူးများကိုလက်တွေ့အောင်မြင်မှု ရသောနှစ်ဖြစ်သည်။ လုပ်ငန်း၊အလုပ်သစ်၊နေရာသစ်တိုးချဲ့လုပ်ကိုင်ပါကအောင်မြင်မှုရမည်။နာမည်ဘုန်းကံတိုးတက်ပြီးနေရာအနှံပျံ့နှံ့သွားကိန်းရှိသည်။ လုပ်ငန်းခွင်တွင်မိတ်ဆွေအသစ်၊နယ်ပယ်အသစ်နှင့်ဆက်ဆံရမည်။ စိတ်လောကြီးပြီးတစ်ပါးသူ၏ ငွေကြေးဥစ္စာများက ိုလုပ်ငန်းခွင်သုံးစြွဲခင်းများရှောင်သင့်သည်။

ဇိမ်ခံပစ္စည်းများဝင်မည်။ငွေကြေးကိစ္စများ၊အစုရှယ်ယာလုပ်ငန်းများ၊ ငွေချေးငွေငှါးလုပ်ငန်းများအထူးသတိပြုဆောင်ရွက်ပါ။ စက်ပစ္စည်းများဝင်လာမည်။အများသဘောတူညီမှုကြောင့် လူမှုရေး၊ဘာသာရေးကိစ္စများဆောင်ရွက်ရမည်။

ပျိုရွယ်သူများချစ်သူရည်းစားအချင်းချင်းတစ်ဦးပေါ်တစ်ဦး ယုံကြည်မှုအားနည်းလာမည်။ အကောင်းလုပ်လည်းမကောင်းမြင်တတ်မည်။ အိမ်ထောင်ရှင်များပတ်ဝန်းကျင်၊ဘေးအနှောင့်အယှက်ကြောင့် ရံဖန်ရံခါစကားငြင်းဆိုရမှုများဖြစ်မည်။ ဒီနှစ်အတွက်တော့အိမ်ထောင်ရေး၊အချစ်ရေးကံမကောင်းဘူးလို့ ဆိုရမှာဘဲ။သတိထားနေကြပေတော့။

ပညာရေးတွင်လူမှုရေးရှုပ်ထွေးမှုကြောင့်နှောင့်နှေးမှုများကြုံရမည်။ ပညာသင်စရိတ်အတွက်ခက်ခဲလာတတ်သည်။ကျန်းမာရေးတွင်နှလုံးသေလးကြောကျဉ်းခြင်း၊ထုံနာကျဉ်နာရောဂါ၊ လေနှင်အူလမ်းကြောင်းရောဂါများဖြစ်ပွားတတ်သည်။ နဲနဲဖြစ်ဖြစ်၊များများဖြစ်ဖြစ် ဖြစ်လာပါက ကျွမ်းကျင်သောဆရာဝမ်နှင်ကုသပါ။မပေါ့ပါနှင့်။

ဒီနှစ်ထဲမှာဝါခေါင်၊တန်ဆောင်မုန်း၊တပို့တွဲလများ၌ မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်အထူးဂရုစိုက်လုပ်ပါ။ သီတင်းကျွတ်၊တန်ခူး၊ကဆုန်လတွေမှာတော့စိတ်ချမ်းသာမှုပိုရမည်။

ယတြာ-ဘုရားမှာသရက်ညွန်၊ဇွန်ညွန့်၊စံပယ်ညွန့်(၂၁) ညွန့်စီ ကပ်လှူပူဇော်ပါ။မိမိမွေးနေ့မှာဇီးဖျော်ရည်နှင့်ဆီကြော်မုန့်ဆွမ်း ကပ်လှူပူဇော်ပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ(ခ၊န၊ပ၊ဝ)(၆၊၅၊၁၊၃)

စနေသားသမီးများ….

စနေသားသမီးများသည်2018အတွင်း လုပ်ငန်းခွင်ကိုတိုးချဲ့ရန်ဆန္ဒရှိသော်လည်း သတိတရားဖြင့်လုပ်ကိုင်သင့်သည်။ အကောင်းအဆိုးဒွန်တလဲလျက်ရှိသည်။ လေကြောင်းလုပ်ငန်း၊ရေကြောင်းလုပ်ငန်း၊ဖန်စီနှင့်ဖက်ရှင်လုပ်ငန်း လုပ်ခြင်း၊ဆက်သွယ်ရေးပစ္စည်းများရောင်းဝယ်ခြင်းကောင်းမည်။

အတိုက်အခိုက်အမျိုးမျိုးကြားမှအောင်မြင်မှုမျိုးကိုရရှိမည်။ တပည့်၊လက်အောက်ငယ်သားနှင့်အစုရှယ်ယာလုပ်ငန်းများ လုပ်ကိုင်မှုတွင်အထူးသတိထားပြီးပြုလုပ်သင့်သည်။ပြည်တွင်းပြည်ပခရီးသွားရကိန်းခနခနကြုံလာမည်။ ငွေကြေးကိစ္စအဆင်ပြေမည်။

အသက် ၁၅ နှစ်မ ှ၁၇ နှစ်ကြား၊အသက် ၂၀ မှ ၂၂ နှစ်ကြား၊အသက ်၂၉ နှစ်မှ ၃၁ နှစ်ကြား ရောက်ရှိနေသူများအချစ်ရေးနှင့်ပါတ်သက်၍ အဖုအထစ်များတွေ့ရတတ်သည်။နားလည်မှုများလွဲတတ်သည်။ စကားတစ်ခွန်းဆိုတစ်ခွန်းပြသနာတက်မည်။ အိမ်ထောင်ရှင်များတစ်ပါးသူအတွက်မိမိဂုဏ်သိက္ခာ ကျဆင်းတတ်သည်။

2018ထဲမှာတပေါင်း၊နယုန်၊နတ္တော်လများတွင်အလုပ်လုပ်တာ အထူးသတိနှင့်ယှဉ်လုပ်ပါ။အရေးကြီးသောဆုံးဖြတ်ချက်များ ထိုလများတွင်အလောတလျင်မလုပ်သင့်ပါ။

ယတြာ-ဘုရားမှာ အုန်းညွန့်၊အင်ကြင်းညွန့်၊လက်ဖက်ညွန့်(၁၂)ညွန့်စီ တင်လှူပူဇော်ပါ။သစ်သီးငါးမျိုးဆွမ်းတော်ကပ်လှူပူဇော်ပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ(စ၊လ၊ပ၊ယ)(၉၊၁၊၃၊၇)

မိမိကံကြမ္မာကောင်းကျိုးဆိုးကျိုးများအား #အသေးစိတ်သိရှိလိုပါကဆရာ့ထံဖုန်းဖြင့် message (or) viber တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

နက္ခတ် ဗေဒင် လက္ခဏာ ယတြာ ဆရာနောင်နောင်မိုး(မန်းလေး)

ဆက်သွယ်ရန်—09-973200996 – 09-767800003 (viber)

လိပ်စာ-၇၃လမ်း ၃၄-၃၅လမ်းကြား မောရဂီဝါရပ်ကွက် မန္တလေးမြို့တွင် ဟောခန်းဖွင့်လှစ်ထားပါသည်။
Thadinatin Media D Khit

No comments:

Post a Comment