Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 13, 2018

တာေမြလူသတ္မႈ ေနာက္ကြယ္မွ တကယ့္ဇာတ္လမ္း

၁၁.၉.၂၀၁၈ ရက္ေန႔ ညေန ၁၇၀၀ နာရီအခ်ိန္ တာေမြ ၿမိဳ႕နယ္၊ (က)ရပ္ကြက္တြင္ျဖစ္ပြားခဲ့တဲ့ မင္းမဲ့စရိုက္ဆန္ဆန္ လူသတ္မႈဟာ ရဲတပ္ဖြဲ႔က ေဖာ္ျပထားသလို ကေလးအခ်င္းခ်င္း ဂိမ္းဆုိင္မွာ ရန္ျဖစ္ၾကတာမဟုတ္ဘူးလို႔ ေဒသခံေတြနဲ႔ အတြင္းသတင္းေတြ ဆီကေန ၾကားသိရပါတယ္။

ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္အရ ကေလးႏွစ္ဦးရန္ျဖစ္က်ရာမွ လူၾကီးျခင္းပါ ျပႆနာတက္ျပီး ညပိုင္းမွာ ကား ၃ စီးနဲ႔ လက္နက္အျပည့္အစံုကိုင္ေဆာင္ျပီး လာေရာက္ ခုတ္ထစ္သတ္ျဖတ္တာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ အဆိုပါအသိုင္းအဝိုင္းနဲ႔ နီးစပ္တဲ့လူတခ်ိဳ႕နဲ႔ ေဒသခံေတြရဲ႕ ေျပာဆိုခ်က္အရေတာ့ တာေမြေစ်းက မင္းမဲ့စ႐ိုက္ လူသတ္ပြဲမွာ ေသဆံုးသူဟာ တရားမဝင္ လုပ္ငန္းလုပ္ကိုင္သူျဖစ္ျပီးေတာ့ သတ္ျဖတ္သူမွာလည္း ျပန္ေပးဆြဲ ဓားျပမႈမ်ားျဖင့္ ၂၀၁၆ ခုႏွစ္က ေထာင္က်ခဲ့သူျဖစ္ေၾကာင္း၊ သာေကတလူမိုက္ဟုနာမည္ၾကီးေၾကာင္း၊ မည္သည့္အတြက္ေၾကာင့္ ျပန္လည္ လြတ္ေျမာက္လာသည္ကို မသိရဘူးလို႔ ဆိုပါတယ္။ ရန္ျဖစ္ရာေနရာကလည္း သာမန္ဂိမ္းဆိုင္မဟုတ္ပဲ အေၾကြေစ့ေလာင္းကစားဂိမ္းဆိုင္ျဖစ္ျပီး ယင္းဆုိင္မွာ ျပႆနာတက္ၾကတယ္လို႔ ေျပာဆိုမႈေတြရွိေနၾကပါတယ္။

ဒါ့အျပင္ ျပစ္မႈက်ဴးလြန္သူ အားလံုးကို ဖမ္းမိထားျပီးျဖစ္တာမို႔ ခ်ဳပ္ရက္ ရမာန္ယူ ရံုးထုတ္ရာမွာ အျခားသူေတြကို အခ်ဳပ္ကားနဲ႔သာ ေခၚေဆာင္လာေပမယ့္ ေခါင္းေဆာင္ျဖစ္သူကို ေမာ္ဒယ္ျမင့္ Alphard ကား (အရပ္အေခၚ အာရာဖတ္ကား) နဲ ့တဦးတည္းသီးသန္ ့ေခၚေဆာင္လာတာကို ထူးျခားစြာေတြ႕ရွိခဲ့ရသလို ရဲတပ္ဖြဲ႕ဝင္ေတြကိုယ္တုိင္က လိုတာထက္ပိုျပီး ပ်ဴငွာလြန္းေနတာေတြအျပင္ အျပန္မွာလည္း တကၠစီအငွားကားနဲ႔ ျပန္လည္ေခၚေဆာင္သြားတယ္လို႔ တရားရံုးက မ်က္ျမင္တခ်ိဳ႕ကေျပာဆိုခဲ့ၾကပါတယ္။

လူမႈကြန္ယက္စာမ်က္ႏွာေတြနဲ႔ အြန္လိုင္းေပၚမွာေတာ့ ဒီအမႈမွာ တရားခံေတြရဲ႕ ေနာက္ေၾကာင္းနဲ႔ တကယ္ျပႆနာျဖစ္ေစတဲ့ အမွန္တကယ္ျဖစ္ပ်က္ခဲ့တာေတြကို ဖံုးကြယ္ထားမႈေတြရွိတယ္လို႔ ေဝဖန္မႈေတြ ရွိေနပါတယ္။
Mizzima

#Unicode Version#
 ၁၁.၉.၂၀၁၈ ရက်နေ့ ညနေ ၁၇၀၀ နာရီအချိန် တာမွေ မြို့နယ်၊ (က)ရပ်ကွက်တွင်ဖြစ်ပွားခဲ့တဲ့ မင်းမဲ့စရိုက်ဆန်ဆန် လူသတ်မှုဟာ ရဲတပ်ဖွဲ့က ဖော်ပြထားသလို ကလေးအချင်းချင်း ဂိမ်းဆိုင်မှာ ရန်ဖြစ်ကြတာမဟုတ်ဘူးလို့ ဒေသခံတွေနဲ့ အတွင်းသတင်းတွေ ဆီကနေ ကြားသိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကလေးနှစ်ဦးရန်ဖြစ်ကျရာမှ လူကြီးခြင်းပါ ပြဿနာတက်ပြီး ညပိုင်းမှာ ကား ၃ စီးနဲ့ လက်နက်အပြည့်အစုံကိုင်ဆောင်ပြီး လာရောက် ခုတ်ထစ်သတ်ဖြတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဆိုပါအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့လူတချို့နဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရတော့ တာမွေဈေးက မင်းမဲ့စရိုက် လူသတ်ပွဲမှာ သေဆုံးသူဟာ တရားမဝင် လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီးတော့ သတ်ဖြတ်သူမှာလည်း ပြန်ပေးဆွဲ ဓားပြမှုများဖြင့် ၂၀၁၆ ခုနှစ်က ထောင်ကျခဲ့သူဖြစ်ကြောင်း၊ သာကေတလူမိုက်ဟုနာမည်ကြီးကြောင်း၊ မည်သည့်အတွက်ကြောင့် ပြန်လည် လွတ်မြောက်လာသည်ကို မသိရဘူးလို့ ဆိုပါတယ်။ ရန်ဖြစ်ရာနေရာကလည်း သာမန်ဂိမ်းဆိုင်မဟုတ်ပဲ အကြွေစေ့လောင်းကစားဂိမ်းဆိုင်ဖြစ်ပြီး ယင်းဆိုင်မှာ ပြဿနာတက်ကြတယ်လို့ ပြောဆိုမှုတွေရှိနေကြပါတယ်။

ဒါ့အပြင် ပြစ်မှုကျူးလွန်သူ အားလုံးကို ဖမ်းမိထားပြီးဖြစ်တာမို့ ချုပ်ရက် ရမာန်ယူ ရုံးထုတ်ရာမှာ အခြားသူတွေကို အချုပ်ကားနဲ့သာ ခေါ်ဆောင်လာပေမယ့် ခေါင်းဆောင်ဖြစ်သူကို မော်ဒယ်မြင့် Alphard ကား (အရပ်အခေါ် အာရာဖတ်ကား) နဲ့တဦးတည်းသီးသန့်ခေါ်ဆောင်လာတာကို ထူးခြားစွာတွေ့ရှိခဲ့ရသလို ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင်က လိုတာထက်ပိုပြီး ပျူငှာလွန်းနေတာတွေအပြင် အပြန်မှာလည်း တက္ကစီအငှားကားနဲ့ ပြန်လည်ခေါ်ဆောင်သွားတယ်လို့ တရားရုံးက မျက်မြင်တချို့ကပြောဆိုခဲ့ကြပါတယ်။

လူမှုကွန်ယက်စာမျက်နှာတွေနဲ့ အွန်လိုင်းပေါ်မှာတော့ ဒီအမှုမှာ တရားခံတွေရဲ့ နောက်ကြောင်းနဲ့ တကယ်ပြဿနာဖြစ်စေတဲ့ အမှန်တကယ်ဖြစ်ပျက်ခဲ့တာတွေကို ဖုံးကွယ်ထားမှုတွေရှိတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
Mizzima

No comments:

Post a Comment