Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 20, 2018

ခါးမနာမီ ႀကိဳတင္ကာကြယ္ၾကပါစို႔


 1. စမတ္က်က်ထိုင္ပါ။

ထိုင္တဲ့အခါမွာ ေနာက္ေက်ာက C လိုမ်ိဳး ကုန္းကုန္းႀကီး ျဖစ္မေနသင့္ဘဲ S ပံုစံ စမတ္က်က်ေလး ျဖစ္သင့္ပါတယ္။ နာရီဝက္တစ္ခါ ထၿပီး စကၠန္႔အနည္းခန္႔ လမ္းေလွ်ာက္ေပးၿပီး ေက်ာကုန္းအေၾကာေတြကို ေျပေလ်ာ့ပါေစ။

2. မတ္မတ္ရပ္ပါ။

မ်က္ႏွာၾကက္ကေန ခႏၶာကုိယ္တစ္ေလွ်ာက္ မ်ဥ္းေျဖာင့္တစ္ေၾကာင္း ဆြဲထားသလိုမ်ိဳး ယူဆၿပီး နား၊ ပုခံုး၊ တင္ပါးနဲ႔ ဒူးေခါင္းအားလံုး မ်ဥ္းတစ္ေျဖာင့္တည္းရွိေနၿပီး ေခါင္းကလည္း မတ္မတ္ရွိေနပါေစ။

3. ဖိနပ္ေအာက္ခံ ေပ်ာ့ေပ်ာ့စီးပါ။

ဖိနပ္ေအာက္ခံ ကူရွင္မေကာင္းဘူးဆိုရင္ မတ္တပ္ရပ္တဲ့ လမ္းေလွ်ာက္တဲ့အခါတိုင္း ခါးရွိၾကြက္သားနဲ႔ အ႐ိုးေတြကို က်ိန္းေစႏိုိင္ပါတယ္။ ဒါေၾကာင့္ ေအာက္ခံကူရွင္ေကာင္းတဲ့ဖိနပ္ကိုပဲ ေရြးခ်ယ္ၿပီး စီးပါ။ အိမ္မွာေနစဥ္မွာလည္း ေအာက္ခံသားေပ်ာ့တဲ့ဖိနပ္ေတြပဲ စီးပါ။

4. ေဆးလိပ္မေသာက္ပါႏွင့္။

ေလ့လာမႈေပါင္း ၄၀ ေလာက္အရ ေဆးလိပ္ေသာက္ျခင္းက ေက်ာ႐ိုးဆီ ေသြးစီးဆင္းမႈ နည္းေစတဲ့အတြက္ ေဆးလိပ္ေသာက္သူေတြက မေသာက္သူေတြထက္ ခါးနာႏိုင္ေျခ ပိုမ်ားပါတယ္။

5. အေလးအပင္ မ,တဲ့အခါမွာ ပံုစံမွန္မွန္ မ,ပါ။

ေလးပင္တဲ့အရာေတြကို မ,တဲ့အခါမွာ ခါးအားကိုမသံုးဘဲနဲ႔ ေျခေထာက္အားကိုပဲ သံုးၿပီး မ,ပါ။ ပစၥည္းေပၚကို ခႏၶာကိုယ္ကို ယိမ္းလိုက္ပါ။ ဒူးေခါင္းတစ္ဖက္ကို ေကြးလိုက္ၿပီး ေနာက္ေျခေထာက္တစ္ဖက္ကို ေနာက္မွာဆန္႔ဆန္႔ထားပါ။

6. ေခါင္းအံုးျမင့္ျမင့္နဲ႔ မအိပ္ပါနဲ႔။

ေခါင္းအံုး ၂ လံုး ၃ လံုးေလာက္ခံၿပီး အိပ္ျခင္းက ၾကြက္သားေတြကို တင္းေစပါတယ္။ ဒါ့ေၾကာင့္ ေခါင္းအံုးျမင့္ျမင့္ မအံုးသင့္ပါဘူး။
Dr. Mya Myo Myo Swe
# Unicode Version ျဖင့္ ဖတ္ပါ #
 1. စမတ်ကျကျထိုင်ပါ။

ထိုင်တဲ့အခါမှာ နောက်ကျောက C လိုမျိုး ကုန်းကုန်းကြီး ဖြစ်မနေသင့်ဘဲ S ပုံစံ စမတ်ကျကျလေး ဖြစ်သင့်ပါတယ်။ နာရီဝက်တစ်ခါ ထပြီး စက္ကန့်အနည်းခန့် လမ်းလျှောက်ပေးပြီး ကျောကုန်းအကြောတွေကို ပြေလျော့ပါစေ။

2. မတ်မတ်ရပ်ပါ။

မျက်နှာကြက်ကနေ ခန္ဓာကိုယ်တစ်လျှောက် မျဉ်းဖြောင့်တစ်ကြောင်း ဆွဲထားသလိုမျိုး ယူဆပြီး နား၊ ပုခုံး၊ တင်ပါးနဲ့ ဒူးခေါင်းအားလုံး မျဉ်းတစ်ဖြောင့်တည်းရှိနေပြီး ခေါင်းကလည်း မတ်မတ်ရှိနေပါစေ။

3. ဖိနပ်အောက်ခံ ပျော့ပျော့စီးပါ။

ဖိနပ်အောက်ခံ ကူရှင်မကောင်းဘူးဆိုရင် မတ်တပ်ရပ်တဲ့ လမ်းလျှောက်တဲ့အခါတိုင်း ခါးရှိကြွက်သားနဲ့ အရိုးတွေကို ကျိန်းစေနိုင်ပါတယ်။ ဒါကြောင့် အောက်ခံကူရှင်ကောင်းတဲ့ဖိနပ်ကိုပဲ ရွေးချယ်ပြီး စီးပါ။ အိမ်မှာနေစဉ်မှာလည်း အောက်ခံသားပျော့တဲ့ဖိနပ်တွေပဲ စီးပါ။

4. ဆေးလိပ်မသောက်ပါနှင့်။

လေ့လာမှုပေါင်း ၄၀ လောက်အရ ဆေးလိပ်သောက်ခြင်းက ကျောရိုးဆီ သွေးစီးဆင်းမှု နည်းစေတဲ့အတွက် ဆေးလိပ်သောက်သူတွေက မသောက်သူတွေထက် ခါးနာနိုင်ခြေ ပိုများပါတယ်။

5. အလေးအပင် မ,တဲ့အခါမှာ ပုံစံမှန်မှန် မ,ပါ။

လေးပင်တဲ့အရာတွေကို မ,တဲ့အခါမှာ ခါးအားကိုမသုံးဘဲနဲ့ ခြေထောက်အားကိုပဲ သုံးပြီး မ,ပါ။ ပစ္စည်းပေါ်ကို ခန္ဓာကိုယ်ကို ယိမ်းလိုက်ပါ။ ဒူးခေါင်းတစ်ဖက်ကို ကွေးလိုက်ပြီး နောက်ခြေထောက်တစ်ဖက်ကို နောက်မှာဆန့်ဆန့်ထားပါ။

6. ခေါင်းအုံးမြင့်မြင့်နဲ့ မအိပ်ပါနဲ့။

ခေါင်းအုံး ၂ လုံး ၃ လုံးလောက်ခံပြီး အိပ်ခြင်းက ကြွက်သားတွေကို တင်းစေပါတယ်။ ဒါ့ကြောင့် ခေါင်းအုံးမြင့်မြင့် မအုံးသင့်ပါဘူး။
Dr. Mya Myo Myo Swe

No comments:

Post a Comment