Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 20, 2018

သီလရွင္ကို)ေယာက္်ားမ်ားက" ႐ွိခိုးေကာင္း၊မေကာင္း၊ သီလရွင္ကို)တပည့္ေတာ္ဟု၊သံုးသင့္".မသံုးသင့္)

 Q...အ႐ွင္ဘုရား သီလရွင္ကို တပည့္ေတာ္တို႔၊ေယာက္်ားမ်ားက႐ွိခိုးေကာင္းပါသလားဘုရား။ သီလရွင္ႏွင့္စကားေျပာတဲ့အခါ တပည့္ေတာ္လို႔သံုးသင့္ပါသလားဘုရား။
ကြၽန္ေတာ္စသည္ျဖင့္သံုးသင့္ပါသလားသိခ်င္ပါသည္ဘုရား။
ေက်းဇူးျပဳ၍ေျဖၾကားေပးေတာ္မူပါဘုရား(ေမာင္စိုး)

A...သီလရွင္ကို...ေယာက္်ားမ်ားက ႐ွိခိုးေကာင္းပါတယ္ ႐ွိခိုးျခင္းျဖင့္အျပစ္မျဖစ္သလို
ကုသိုလ္ျဖစ္ေစပါတယ္၊႐ွိခိုးတယ္ဆိုတာႏွိမ့္ခ်တဲ့သေဘာ၊အ႐ိုအေသျပဳတဲ့သေဘာရဲ႕သေကၤတတစ္ခုပါ။
သီလ႐ွင္မွမဟုတ္ပဲ ကိုယ္ထက္ အသက္၊သိကၡာ၊ဂုဏ္ႀကီးသူမ်ားကို၊အ႐ိုအေသေပးတာ၊
ႏွိမ့္ခ်တာလည္း၊ကုသိုလ္ျဖစ္ပါတယ္။

ဒီေနရာမွာ ဗုဒၶဘာသာရဲ႕ ႐ွိခိုးကိုးကြယ္မႈကို အနည္းငယ္ေျပာလိုပါတယ္၊ဗုဒၶဘာသာဟာ(ပုဂိၢဳလ္)ကို ကိုးကြယ္တာမဟုတ္ပါဘူး(ဂုဏ္).ကို ကိုးကြယ္တာပါ ပုဂိၢဳလ္မွာ႐ွိတဲ့၊
သီလ၊သမာဓိ၊ပညာစတဲ့ ဂုဏ္ေတြကို အာရံုျပဳ ႐ွိခိုးကိုးကြယ္တာပါ၊ ဒါေၾကာင့္လည္း သာသနာ့ေဘာင္ေရာက္လာတဲ့ သားသမီးေတြကို မိဘေတြက ႐ွိခိုးရတာပါ။

လူေတြေန႔စဥ္ေစာင့္ထိန္းရတဲ့(သီလေတြထက္)"ကိုရင္၊ရဟန္း၊သီလ႐ွင္မ်ား၊ေစာင့္ထိန္းရတဲ့(သီလေတြက)ပိုမ်ားပါတယ္ အဲ့ဒီသီလစတဲ့ ဂုဏ္ေတြေၾကာင့္ လူပုဂိၢဳလ္ေတြက မိမိထက္ဂုဏ္အားျမင့္သာလြန္တဲ့၊ရဟန္း သမေဏ၊သီလ႐ွင္ေတြကို ႐ွိခိုးၾကျခင္းျဖစ္ပါတယ္။

သီလ႐ွင္ အမ်ိဳးသမီဆိုတဲ့ ပုဂိၢဳလ္ကို မၾကည့္ဖို႔ေတာ့လိုပါတယ္
မ်က္ေမွာက္ေခတ္ ျမန္မာျပည္မွာ႐ွိတဲ့သီလ႐ွင္ေတြဟာ၊အနည္းဆံုး "႐ွစ္ပါးသီလ"ကိုေစာင့္ထိန္းၾကတဲ့အျပင္"ျမတ္စြားဘုရားတရားေတာ္ေတြကို သင္အံေလ့က်က္၊ပို႔ခ်ေဟာေျပာေပးေနတဲ့သူမ်ားျဖစ္တဲ့အတြက္ သူတို႔ကိုလည္း တစ္နည္းအားျဖင့္၊ ဓမၼေစတီထိုက္တဲ့သူမ်ားဟုဆိုႏိုင္ပါတယ္။ ဒါေၾကာင့္သာမာန္ေနစဥ္.ငါးပါးသီလေတာင္လံုျခံဳေအာင္ေစာင့္ထိန္းဖို႔ခက္တဲ့ လူပုဂိၢဳလ္ေတြထက္စာရင္၊သီလ၊သမာဓိ၊ပညာဂုဏ္ေတြျမင့္တဲ့ သီလရွင္ကို ႐ွိခိုးထိုက္ပါတယ္"ပုဂိၢဳလ္ကိုမၾကည့္ပါနဲ႔ ဂုဏ္ကိုအာရံုျပဳပါ။ အမ်ိဳးသမီးဆိုတဲ့အစြဲလည္းမထားပါနဲ႔ အဲ့လိုအစြဲထားရင္ ကိုယ့္အေဒၚေတြ၊အစ္မေတြလည္း အမ်ိဳးသမီးပါပဲ၊ သူတို႔ကိုေတာင္ သီတင္းကြၽတ္ႏွစ္ကူးစသည္ေတြမွာကန္ေတာ့ၾကေသးတာပဲ။
သီလ႐ွင္ဆို ပိုေတာင္ကန္ေတာ့ေကာင္းပါေသးတယ္၊ ကန္ေတာ့ျခင္းျဖင့္ အျပစ္မျဖစ္ပါ ။
ကုသိုလ္ေတာင္ျဖစ္ပါေသးတယ္။

သီလရွင္ကိုလည္း စကားေျပာတဲ့အခါမွာ"တပည့္ေတာ္လို႔"သံုးသင့္ပါတယ္၊ တကယ္ေတာ့ စကားအေျပာအဆို ဆိုတာေတြက ပညတ္ခ်က္ေတြပါ သူ႔ႏိုင္ငံ သူ႔ယဥ္ေက်းမႈ သတ္မွတ္ထားတဲ့ ဓေလ့ထံုးစံမ်ားျဖစ္ေနတဲ့အတြက္ ယဥ္ေက်းမႈအရ သီးျခားသတ္မွတ္ခ်က္ေလးေတြ႐ွိေနတဲ့အေျပာအဆိုေလးေတြလိုက္ၿပီး"သံုးသင့္ပါတယ္၊ဒါလည္း အျပစ္မျဖစ္ပါဘူး။

ျမတ္စြားဘုရား႐ွင္ေတာင္ ဘုရားျဖစ္ၿပီး တရားေဟာတဲ့အခါ၊
အ႐ိုးစြဲေနၿပီျဖစ္တဲ့"အိနိၵယရဲ႕ ျဗဟၼဏ ဓေလ့ထံုးစံမ်ားကို လိုက္ၿပီးသံုးႏႈန္းတရားေဟာတာေတြ႐ွိပါတယ္။ ဒါေၾကာင့္ ျမန္မာျပည္ရဲ႕ ဓေလ့ထံုးစံ သတ္မွတ္ခ်က္မ်ားျဖစ္တဲ့။ လူပုဂိၢဳလ္မ်ားနဲ႔ သာသနာ့ဝန္ထမ္းမ်ားရဲ႕ အသံုးအႏႈန္းေလးေတြကို။ လိုက္ၿပီးသံုးသင့္ပါတယ္ တစ္ဘက္ကလည္းဒီလိုသံုးႏႈန္းျခင္းအားျဖင့္ ကိုယ့္ကိုကိုယ္ႏွိမ့္ခ်ရာေရာက္သလို၊ ကိုယ့္ထက္ဂုဏ္ျမင့္တဲ့သူကို
အ႐ိုအေသျပဳရာလည္းေရာက္ပါတယ္။

ဒါေၾကာင့္ သီလ႐ွင္ကိုလည္း တပည့္ေတာ္ဆိုတဲ့ အသံုးအႏႈန္းမ်ိဳးျဖင့္ သံုးႏႈန္းေျပာဆိုသင့္ေၾကာင္း အၾကံျပဳလိုက္ပါတယ္။

(ေမတၱာျဖင့္)"ဆရာေတာ္ မနာပဒါယီ အ႐ွင္ဝိစိတၱ
# Unicode Version ျဖင့္ ဖတ္ပါ #
 Q...အရှင်ဘုရား သီလရှင်ကို တပည့်တော်တို့၊ယောက်ျားများကရှိခိုးကောင်းပါသလားဘုရား။ သီလရှင်နှင့်စကားပြောတဲ့အခါ တပည့်တော်လို့သုံးသင့်ပါသလားဘုရား။
ကျွန်တော်စသည်ဖြင့်သုံးသင့်ပါသလားသိချင်ပါသည်ဘုရား။
ကျေးဇူးပြု၍ဖြေကြားပေးတော်မူပါဘုရား(မောင်စိုး)

A...သီလရှင်ကို...ယောက်ျားများက ရှိခိုးကောင်းပါတယ် ရှိခိုးခြင်းဖြင့်အပြစ်မဖြစ်သလို
ကုသိုလ်ဖြစ်စေပါတယ်၊ရှိခိုးတယ်ဆိုတာနှိမ့်ချတဲ့သဘော၊အရိုအသေပြုတဲ့သဘောရဲ့သင်္ကေတတစ်ခုပါ။
သီလရှင်မှမဟုတ်ပဲ ကိုယ်ထက် အသက်၊သိက္ခာ၊ဂုဏ်ကြီးသူများကို၊အရိုအသေပေးတာ၊
နှိမ့်ချတာလည်း၊ကုသိုလ်ဖြစ်ပါတယ်။

ဒီနေရာမှာ ဗုဒ္ဓဘာသာရဲ့ ရှိခိုးကိုးကွယ်မှုကို အနည်းငယ်ပြောလိုပါတယ်၊ဗုဒ္ဓဘာသာဟာ(ပုဂ္ဂိုလ်)ကို ကိုးကွယ်တာမဟုတ်ပါဘူး(ဂုဏ်).ကို ကိုးကွယ်တာပါ ပုဂ္ဂိုလ်မှာရှိတဲ့၊
သီလ၊သမာဓိ၊ပညာစတဲ့ ဂုဏ်တွေကို အာရုံပြု ရှိခိုးကိုးကွယ်တာပါ၊ ဒါကြောင့်လည်း သာသနာ့ဘောင်ရောက်လာတဲ့ သားသမီးတွေကို မိဘတွေက ရှိခိုးရတာပါ။

လူတွေနေ့စဉ်စောင့်ထိန်းရတဲ့(သီလတွေထက်)"ကိုရင်၊ရဟန်း၊သီလရှင်များ၊စောင့်ထိန်းရတဲ့(သီလတွေက)ပိုများပါတယ် အဲ့ဒီသီလစတဲ့ ဂုဏ်တွေကြောင့် လူပုဂ္ဂိုလ်တွေက မိမိထက်ဂုဏ်အားမြင့်သာလွန်တဲ့၊ရဟန်း သမဏေ၊သီလရှင်တွေကို ရှိခိုးကြခြင်းဖြစ်ပါတယ်။

သီလရှင် အမျိုးသမီဆိုတဲ့ ပုဂ္ဂိုလ်ကို မကြည့်ဖို့တော့လိုပါတယ်
မျက်မှောက်ခေတ် မြန်မာပြည်မှာရှိတဲ့သီလရှင်တွေဟာ၊အနည်းဆုံး "ရှစ်ပါးသီလ"ကိုစောင့်ထိန်းကြတဲ့အပြင်"မြတ်စွားဘုရားတရားတော်တွေကို သင်အံလေ့ကျက်၊ပို့ချဟောပြောပေးနေတဲ့သူများဖြစ်တဲ့အတွက် သူတို့ကိုလည်း တစ်နည်းအားဖြင့်၊ ဓမ္မစေတီထိုက်တဲ့သူများဟုဆိုနိုင်ပါတယ်။ ဒါကြောင့်သာမာန်နေစဉ်.ငါးပါးသီလတောင်လုံခြုံအောင်စောင့်ထိန်းဖို့ခက်တဲ့ လူပုဂ္ဂိုလ်တွေထက်စာရင်၊သီလ၊သမာဓိ၊ပညာဂုဏ်တွေမြင့်တဲ့ သီလရှင်ကို ရှိခိုးထိုက်ပါတယ်"ပုဂ္ဂိုလ်ကိုမကြည့်ပါနဲ့ ဂုဏ်ကိုအာရုံပြုပါ။ အမျိုးသမီးဆိုတဲ့အစွဲလည်းမထားပါနဲ့ အဲ့လိုအစွဲထားရင် ကိုယ့်အဒေါ်တွေ၊အစ်မတွေလည်း အမျိုးသမီးပါပဲ၊ သူတို့ကိုတောင် သီတင်းကျွတ်နှစ်ကူးစသည်တွေမှာကန်တော့ကြသေးတာပဲ။
သီလရှင်ဆို ပိုတောင်ကန်တော့ကောင်းပါသေးတယ်၊ ကန်တော့ခြင်းဖြင့် အပြစ်မဖြစ်ပါ ။
ကုသိုလ်တောင်ဖြစ်ပါသေးတယ်။

သီလရှင်ကိုလည်း စကားပြောတဲ့အခါမှာ"တပည့်တော်လို့"သုံးသင့်ပါတယ်၊ တကယ်တော့ စကားအပြောအဆို ဆိုတာတွေက ပညတ်ချက်တွေပါ သူ့နိုင်ငံ သူ့ယဉ်ကျေးမှု သတ်မှတ်ထားတဲ့ ဓလေ့ထုံးစံများဖြစ်နေတဲ့အတွက် ယဉ်ကျေးမှုအရ သီးခြားသတ်မှတ်ချက်လေးတွေရှိနေတဲ့အပြောအဆိုလေးတွေလိုက်ပြီး"သုံးသင့်ပါတယ်၊ဒါလည်း အပြစ်မဖြစ်ပါဘူး။

မြတ်စွားဘုရားရှင်တောင် ဘုရားဖြစ်ပြီး တရားဟောတဲ့အခါ၊
အရိုးစွဲနေပြီဖြစ်တဲ့"အိန္ဒိယရဲ့ ဗြဟ္မဏ ဓလေ့ထုံးစံများကို လိုက်ပြီးသုံးနှုန်းတရားဟောတာတွေရှိပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ ဓလေ့ထုံးစံ သတ်မှတ်ချက်များဖြစ်တဲ့။ လူပုဂ္ဂိုလ်များနဲ့ သာသနာ့ဝန်ထမ်းများရဲ့ အသုံးအနှုန်းလေးတွေကို။ လိုက်ပြီးသုံးသင့်ပါတယ် တစ်ဘက်ကလည်းဒီလိုသုံးနှုန်းခြင်းအားဖြင့် ကိုယ့်ကိုကိုယ်နှိမ့်ချရာရောက်သလို၊ ကိုယ့်ထက်ဂုဏ်မြင့်တဲ့သူကို
အရိုအသေပြုရာလည်းရောက်ပါတယ်။

ဒါကြောင့် သီလရှင်ကိုလည်း တပည့်တော်ဆိုတဲ့ အသုံးအနှုန်းမျိုးဖြင့် သုံးနှုန်းပြောဆိုသင့်ကြောင်း အကြံပြုလိုက်ပါတယ်။

(မေတ္တာဖြင့်)"ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ

No comments:

Post a Comment