Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 20, 2018

မ်က္ႏွာျပင္က ပင့္ကူမွ်င္ေသြးေၾကာမ်ား ဘာေၾကာင့္ျဖစ္ရတာလဲ? ဘာကုသမႈေတြ လုပ္လို႔ရသလဲ?

မ်က္ႏွာေပၚက နီနီရဲရဲ ပင့္ကူမွ်င္ေသြးေၾကာေတြဟာ အေရျပားေအာက္မွာ ေသြးေၾကာေတြ က်ယ္လာတာေၾကာင့္ ျဖစ္တတ္ပါတယ္။ မ်က္ႏွာနဲ႔ ေျခေထာက္မွာ အဓိကျဖစ္တတ္ေပမယ့္ တစ္ကိုယ္လံုးမွာလည္း ျဖစ္ႏိုင္ပါတယ္။ ၾကည့္ရဆိုးတာကလြဲလို႔ အျခားႀကီးႀကီးမားမား ျပႆနာမ်ိဳးေတာ့ မျဖစ္တတ္ပါဘူး။

ဒီလိုၾကည့္ရဆိုးတဲ့ ပင့္ကူမွ်င္ေသြးေၾကာေတြဟာ ဘာေၾကာင့္ျဖစ္ရတာလဲ? ဘာကုသမႈေတြ လုပ္လို႔ရသလဲ? ဘယ္အခ်ိန္မွာ ဆရာဝန္နဲ႔ ျပသသင့္သလဲ?

>> ျဖစ္ရတဲ့အေၾကာင္းရင္းမ်ား

တခ်ိဳ႕မွာ မ်ိဳး႐ိုးဗီဇေၾကာင့္ ျဖစ္ေလ့ရွိပါတယ္။ မ်က္ႏွာက ပင္ကူမွ်င္ေသြးေၾကာေတြဟာ အသက္အရြယ္မေရြး၊ က်ား/မ မေရြး ျဖစ္တတ္ၿပီး အမ်ားဆံုးျဖစ္ရတဲ့ အေၾကာင္းရင္းေတြကေတာ့ –

• မ်ိဳး႐ိုးဗီဇ : မိသားစုထဲမွာ ပင္ကူမွ်င္ေသြးေၾကာ ျဖစ္ေလ့ရွိတဲ့လူေတြမွာ ပိုျဖစ္ႏိုင္ပါတယ္။

• ေနေရာင္ထိေတြ႕မႈ : ေနေရာင္ ထိေတြ႕မႈ မ်ားတဲ့အခါ ေသြးေၾကာေတြ က်ယ္လာၿပီး အေရျပားအေပၚဘက္ကို ေရာက္လာတတ္ပါတယ္။

• ရာသီဥတု အေျပာင္းအလဲ : ရာသီဥတု အျပင္းအထန္ ေျပာင္းလဲျခင္းဟာ ေသြးလွည့္ပတ္မႈကို ထိခိုက္ေစၿပီး ေသြးေၾကာေတြေပါက္ကာ ပင့္ကူမွ်င္ေသြးေၾကာေတြ ျဖစ္လာေစႏိုင္ပါတယ္။

• ဖိအားေျပာင္းလဲျခင္း : ျပင္းျပင္းထန္ထန္ ႏွာေခ်လိုက္တာ၊ အန္တာေတြေၾကာင့္လည္း ဖိအား ႐ုတ္တရက္ ေျပာင္းလဲၿပီး ေသြးေၾကာမွ်င္ေတြ ေပါက္ထြက္ႏိုင္ပါတယ္။

• ကိုယ္ဝန္ေဆာင္ျခင္း : ကိုယ္ဝန္ေဆာင္ခ်ိန္ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ပင့္ကူမွ်င္ေသြးေၾကာေတြ ေပၚလာတတ္ၿပီး ကေလး ေမြးၿပီးခ်ိန္မွာ ျပန္ေပ်ာက္သြားတတ္ပါတယ္။

• ပတ္ဝန္းက်င္မွ အမႈိက္မ်ား : ပတ္ဝန္းက်င္မွာရွိတဲ့ အညစ္အေၾကးေတြ၊ ဓာတုပစၥည္းေတြနဲ႔ ထိေတြ႕မႈမ်ားတဲ့အခါ အေရျပားနဲ႔ ေသြးေၾကာေတြကို ထိခိုက္ေစႏိုင္ပါတယ္။

• Rosacea : မ်က္ႏွာမွာရွိတဲ့ ေသြးျပန္ေၾကာေတြ က်ယ္လာတာေၾကာင့္ မ်က္ႏွာ နီရဲလာတတ္တ့ဲ ေရာဂါတစ္မ်ိဳးျဖစ္ၿပီး ပင့္ကူမွ်င္ေသြးေၾကာေတြလည္း ရတတ္ပါတယ္။

• အရက္ေသာက္ျခင္း : အရက္ဟာ ေသြးေၾကာေတြကို ေခတၱခဏ က်ယ္ေစႏိုင္စြမ္း ရွိတာေၾကာင့္ ခဏခဏ အရက္ေသာက္တတ္သူေတြမွာ ၾကာလာတဲ့အခါ ေသြးေၾကာေတြေပါက္ၿပီး ပင့္ကူမွ်င္ေသြးေၾကာေတြ ျဖစ္တတ္ပါတယ္။

• ထိခိုက္ဒဏ္ရာ : ေခါင္းကို ထိခိုက္မိတာေၾကာင့္လည္း မ်က္ႏွာမွာ ေသြးေၾကာေတြ ေပါက္တတ္ေပမယ့္ တျဖည္းျဖည္း အညိဳအမည္း ေပ်ာက္လာတာနဲ႔အမွ် ပင့္ကူမွ်င္ေသြးေၾကာေတြလည္း ေပ်ာက္သြားတတ္ပါတယ္။

>> ကုသမႈ

မ်က္ႏွာကို ၾကည့္႐ႈ႐ံုမွ်နဲ႔ ပင့္ကူမွ်င္ေသြးေၾကာေတြျဖစ္ေၾကာင္း သိႏိုင္ပါတယ္။

ကုသနည္း အေထြေထြ ရွိေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ မတူတဲ့အတြက္ တစ္မ်ိဳးၿပီးတစ္မ်ိဳး ေျပာင္းလဲလုပ္ၾကည့္ၿပီး ကိုယ္နဲ႔ ကိုက္ညီမယ့္နည္းကို ရွာေဖြရပါမယ္။

• Retinoids

Retinoid ခရင္မ္ လိမ္းေဆးေတြကို အေရျပားျပႆနာ အမ်ိဳးမ်ိဳးမွာ အသံုးျပဳႏိုင္ၿပီး ပင့္ကူမွ်င္ေသြးေၾကာရွိသူေတြ တခ်ိဳ႕မွာလည္း သံုးတတ္ပါတယ္။

Retinoid လိမ္းေဆးဟာ ေသြးေၾကာမွ်င္ေတြကို မွိန္သြားေစၿပီး အေရျပားကို က်န္းမာသန္စြမ္းေစႏိုင္ပါတယ္။ ဒါေပမဲ့ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ အသားေျခာက္ၿပီး နီရဲယားယံတာေတြ ျဖစ္ေစႏိုင္ပါတယ္။

• Sclerotherapy ထိုးေဆး

ဒီထိုးေဆးေတြဟာ ပင့္ကူမွ်င္ေသြးေၾကာေတြကို က်ဥ္းသြားေစတာေၾကာင့္ ရက္သတၱပတ္ အနည္းငယ္အတြင္းမွာ ေပ်ာက္ကင္းေစႏိုင္ပါတယ္။

ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ ေဆးထိုးစဥ္မွာ နာက်င္တာမ်ိဳး ျဖစ္ေစႏိုင္ေပမယ့္ ရက္အနည္းငယ္အတြင္းမွာပဲ ျပန္သက္သာသြားပါလိမ့္မယ္။

• ေလဆာကုသနည္း

ေလဆာကုသနည္းဟာ အလြန္စူးရွတဲ့ ေလဆာအလင္းကို သံုးၿပီး ဒုကၡေပးေနတဲ့ ေသြးေၾကာေတြကို ဖ်က္ဆီးပစ္ပါတယ္။ ဒါေပမဲ့ မေကာင္းတဲ့တစ္ခ်က္ကေတာ့ ေဘးက အေရျပားေတြကိုပါ ထိခိုက္ေစနိုင္ပါတယ္။

ေလဆာကုသနည္းဟာ ေဈးႀကီးတဲ့အျပင္ ေသြးေၾကာေတြ ျပန္ျပန္ေပၚလာတတ္တာေၾကာင့္ မၾကာခဏ ျပန္ျပန္လုပ္ေပးဖို႔ လိုတတ္ပါတယ္။

• Intense pulled light (IPL)

ဒီနည္းလမ္းဟာ ေလဆာကုသမႈလိုပဲ အထူးျပဳ အလင္းေရာင္ေတြကို အသံုးျပဳၿပီး အေရျပား အေပၚယံလႊာကို မထိခိုက္ေစဘဲ အတြင္းပိုင္းအထိကို ထိုးေဖာက္ ျပဳျပင္ေပးႏိုင္ပါတယ္။

ဒီလိုေသြးေၾကာေတြကို အၿပီးတိုင္ ေပ်ာက္ကင္းေစႏိုင္ဖို႔ မၾကာခဏ ျပန္ျပန္လုပ္ေပးဖို႔ လိုပါတယ္။

>> အိမ္တြင္းကုသနည္းမ်ား

ေနၾကာပင္မ်ိဳးဝင္ အပင္တစ္မ်ိဳးျဖစ္တဲ့ Arnica အပင္ဆီဟာ ပင့္ကူမွ်င္ေသြးေၾကာေတြကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

တခ်ိဳ႕လူေတြမွာ အိမ္တြင္းကုသနည္းေတြနဲ႔တင္ သက္သာသြားတတ္ပါတယ္။

အိမ္တြင္းကုသနည္းေတြဟာ ေဘးထြက္ဆိုးက်ိဳး မျဖစ္ေစတတ္ေပမယ့္ ပစၥည္းအသစ္တစ္မ်ိဳး စသံုးခါစမွာ 24 နာရီခန္႔ အေရျပားတစ္ေနရာမွာ စမ္းလိမ္းသင့္ပါတယ္။

ဒါေၾကာင့္ ဆရာဝန္နဲ႔ ျပသၿပီး ေဆးကုသမႈ ခံယူေနသူေတြမွာ အိမ္တြင္းကုသမႈေတြ လုပ္သင့္၊ မလုပ္သင့္ တိုင္ပင္ရပါမယ္။

• ေရပူကို ေရွာင္ပါ။

မ်က္ႏွာ အေရျပားဟာ ႏုနယ္တာေၾကာင့္ ေရေႏြးပူပူနဲ႔ မ်က္ႏွာသစ္တဲ့အခါ ေသြးေၾကာေတြ ေပါက္ႏိုင္ပါတယ္။

ဒါေၾကာင့္ ေသြးေၾကာေပါက္တာေတြ မျဖစ္ရေလေအာင္ ေရခ်ိဳးတဲ့အခါ ေရပူပူႀကီးေတြ၊ ေရေအးေအးႀကီးေတြနဲ႔ မခ်ိဳးသင့္ပါဘူး။

• ေရေအးကပ္ပါ။

ေနပူပူ၊ ေလပူပူနဲ႔ ထိေတြ႕မိတဲ့အခါ မ်က္ႏွာကို ေရခဲကပ္ေပးျခင္းျဖင့္ ေသြးေၾကာေပါက္ျခင္းကို သက္သာေစႏိုင္ပါတယ္။

• Arnica Oil

ေနၾကာမ်ိဳးဝင္ အဆီတစ္မ်ိဳးျဖစ္တဲ့ Arnica ဆီဟာ ပင့္ကူမွ်င္ေသြးေၾကာေတြ ျဖစ္ေပၚျခင္းကို သက္သာေစႏိုင္ေပမယ့္ တခ်ိဳ႕လူေတြမွာ ဓာတ္မတည့္ျခင္းကို ျဖစ္ေစႏိုင္တာေၾကာင့္ အေရျပားမွာ တည့္၊ မတည့္ အရင္စမ္းသပ္ လိမ္းၾကည့္သင့္ပါတယ္။

ဒီ Arnica ဆီကို ေဆးဆိုင္၊ ကုန္စံုဆိုင္ေတြမွာ ဝယ္ယူႏိုင္ပါတယ္။

• ပန္းသီးရွာလကာရည္

ပန္းသီးရွာလကာရည္ဟာ အသားအေရကို တင္းေစၿပီး နီရဲျခင္းကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ရွာလကာရည္ကို ဂြမ္းစေလးနဲ႔ မ်က္ႏွာကို တို႔တို႔ေပးျခင္းျဖင့္ ပင့္ကူမွ်င္ေသြးေၾကာေတြကို သက္သာေစႏိုင္ပါတယ္။

• ရွားေစာင္းလက္ပပ္

ရွားေစာင္းလက္ပပ္ဟာ စတီး႐ိြဳက္ေဆးေလာက္ကို အေရျပား ေရာင္ရမ္းနီရဲျခင္းကို သက္သာေစႏိုင္တဲ့အစြမ္း ရွိပါတယ္။ ဒါေပမဲ့ အသား ေျခာက္ေစႏိုင္တာေၾကာင့္ ရွားေစာင္းလက္ပပ္ လိမ္းၿပီးတိုင္း အစိုထိန္းခရင္မ္တစ္မ်ိဳးမ်ိဳး လိမ္းေပးဖို႔ မေမ့ပါနဲ႔။

• ဗီတာမင္စီ

ေလ့လာမႈတစ္ခုအရ ဗီတာမင္စီဟာ ေသြးေၾကာေတြရဲ႕ က်ံဳ႕ႏိုင္ဆန္႔ႏိုင္အားကို အေထာက္အပံ့ျပဳၿပီး ဆဲလ္ေတြရဲ႕ ေကာ္လဂ်င္ဓာတ္ကို ထိန္းသိမ္းေပးပါတယ္။ ဒါေၾကာင့္ ပင့္ကူမွ်င္ေသြးေၾကာေတြကို သက္သာေစဖို႔ ဗီတာမင္စီဓာတ္ စားသံုးေပးႏိုင္ပါတယ္။

>> ကာကြယ္မႈ

ပင့္ကူမွ်င္ေသြးေၾကာေတြ မျဖစ္ေပၚရေလေအာင္ –

• ပူလြန္း ေအးလြန္းျခင္းကို ေရွာင္ပါ။

Spa ေတြ၊ ေခြၽးထုတ္ခန္းေတြနဲ႔ ပူအိုက္လြန္းတဲ့ ရာသီဥတုေတြေၾကာင့္ ေသြးေၾကာေတြ က်ယ္လာၿပီး ပင့္ကူမွ်င္ေသြးေၾကာေတြ ျဖစ္လာတတ္ပါတယ္။

• ေနေရာင္ ထိေတြ႕မႈကို ေရွာင္ၾကဥ္ပါ။

ေနေရာင္ကာ ခရင္မ္ လိမ္းတာ၊ ဦးထုပ္ေဆာင္းတာ၊ အက်ႌ အကာအကြယ္ဝတ္တာ စသည္ျဖင့္ ေနေရာင္ကို တတ္ႏိုင္သမွ် ေရွာင္ၾကဥ္ျခင္းျဖင့္ ပင့္ကူမွ်င္ေသြးေၾကာေတြကို ကာကြယ္ႏိုင္ပါတယ္။ ေနပူတဲ့အခ်ိန္မ်ိဳးေတြမွာ အျပင္ကို တတ္ႏိုင္သေလာက္ မထြက္ပါနဲ႔။

• အကာအကြယ္ယူပါ။

ထိခိုက္ဒဏ္ရာ မရေအာင္ ေရွာင္ၾကဥ္ပါ။ ေဘ့စ္ေဘာေဆာ့တဲ့အခါ၊ စက္ဘီးစီးတဲ့အခါ၊ ဆိုင္ကယ္စီးတဲ့အခါ မ်က္ႏွာဖံုးနဲ႔ ေခါင္းအကာ ဝတ္ပါ။

• ေသြးေၾကာ က်ယ္ေစတဲ့အရာေတြကို ေရွာင္ပါ။

ကဖိန္းဓာတ္၊ အပူအစပ္နဲ႔ အရက္ေတြဟာ ေသြးေၾကာ က်ယ္ေစတာေၾကာင့္ ပင့္ကူမွ်င္ေသြးေၾကာေတြကို ပိုထင္ရွားေစႏိုင္ပါတယ္။ အရက္ အနည္းငယ္မွ် ေသာက္႐ံုနဲ႔ နီရဲၿပီး ပင့္ကူမွ်င္ေသြးေၾကာေတြ ျဖစ္လာေစႏိုင္ပါတယ္။

>> ဆရာဝန္နဲ႔ ဘယ္အခ်ိန္မွာ ျပသင့္သလဲ?

ပင့္ကူမွ်င္ေသြးေၾကာေတြဟာ အျခား ဘာေထြေထြထူးထူးမွ် မျဖစ္ေစတတ္ပါဘူး။ ဘာေၾကာင့္ ျဖစ္ရတယ္ဆိုတာ သိေအာင္လုပ္ၿပီး ေရွာင္လိုက္႐ံုပါပဲ။

တစ္ခါတစ္ရံ ပင့္ကူမွ်င္ေသြးေၾကာေတြဟာ ေရာဂါအေျခအေနတခ်ိဳ႕ေၾကာင့္ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ဘာေၾကာင့္ ျဖစ္ရတယ္ဆိုတာကို မသိခဲ့ရင္ ဆရာဝန္နဲ႔ ျပသတိုင္ပင္ဖို႔ လိုအပ္ပါတယ္။

အမ်ားစုမွာေတာ့ အၾကည့္ရဆိုးတာက အဓိကျပႆနာ ျဖစ္ေနတတ္ပါတယ္။ ေဆးေတြ၊ အိမ္တြင္း ကုသနည္းေတြနဲ႔ ဒီအၾကည့္ရဆိုးတဲ့ ပင့္ကူမွ်င္ေသြးေၾကာေတြကို ေလ်ာ့နည္းေစႏိုင္၊ ဖယ္ရွားေပးႏိုင္တဲ့အျပင္ အေရျပားကိုလည္း က်န္းမာေစႏိုင္ပါတယ္။
 Tartay
#Unicode Version#
မျက်နှာပေါ်က နီနီရဲရဲ ပင့်ကူမျှင်သွေးကြောတွေဟာ အရေပြားအောက်မှာ သွေးကြောတွေ ကျယ်လာတာကြောင့် ဖြစ်တတ်ပါတယ်။ မျက်နှာနဲ့ ခြေထောက်မှာ အဓိကဖြစ်တတ်ပေမယ့် တစ်ကိုယ်လုံးမှာလည်း ဖြစ်နိုင်ပါတယ်။ ကြည့်ရဆိုးတာကလွဲလို့ အခြားကြီးကြီးမားမား ပြဿနာမျိုးတော့ မဖြစ်တတ်ပါဘူး။

ဒီလိုကြည့်ရဆိုးတဲ့ ပင့်ကူမျှင်သွေးကြောတွေဟာ ဘာကြောင့်ဖြစ်ရတာလဲ? ဘာကုသမှုတွေ လုပ်လို့ရသလဲ? ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?

>> ဖြစ်ရတဲ့အကြောင်းရင်းများ

တချို့မှာ မျိုးရိုးဗီဇကြောင့် ဖြစ်လေ့ရှိပါတယ်။ မျက်နှာက ပင်ကူမျှင်သွေးကြောတွေဟာ အသက်အရွယ်မရွေး၊ ကျား/မ မရွေး ဖြစ်တတ်ပြီး အများဆုံးဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ –

• မျိုးရိုးဗီဇ : မိသားစုထဲမှာ ပင်ကူမျှင်သွေးကြော ဖြစ်လေ့ရှိတဲ့လူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

• နေရောင်ထိတွေ့မှု : နေရောင် ထိတွေ့မှု များတဲ့အခါ သွေးကြောတွေ ကျယ်လာပြီး အရေပြားအပေါ်ဘက်ကို ရောက်လာတတ်ပါတယ်။

• ရာသီဥတု အပြောင်းအလဲ : ရာသီဥတု အပြင်းအထန် ပြောင်းလဲခြင်းဟာ သွေးလှည့်ပတ်မှုကို ထိခိုက်စေပြီး သွေးကြောတွေပေါက်ကာ ပင့်ကူမျှင်သွေးကြောတွေ ဖြစ်လာစေနိုင်ပါတယ်။

• ဖိအားပြောင်းလဲခြင်း : ပြင်းပြင်းထန်ထန် နှာချေလိုက်တာ၊ အန်တာတွေကြောင့်လည်း ဖိအား ရုတ်တရက် ပြောင်းလဲပြီး သွေးကြောမျှင်တွေ ပေါက်ထွက်နိုင်ပါတယ်။

• ကိုယ်ဝန်ဆောင်ခြင်း : ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲကြောင့် ပင့်ကူမျှင်သွေးကြောတွေ ပေါ်လာတတ်ပြီး ကလေး မွေးပြီးချိန်မှာ ပြန်ပျောက်သွားတတ်ပါတယ်။

• ပတ်ဝန်းကျင်မှ အမှိုက်များ : ပတ်ဝန်းကျင်မှာရှိတဲ့ အညစ်အကြေးတွေ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုများတဲ့အခါ အရေပြားနဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။

• Rosacea : မျက်နှာမှာရှိတဲ့ သွေးပြန်ကြောတွေ ကျယ်လာတာကြောင့် မျက်နှာ နီရဲလာတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ပင့်ကူမျှင်သွေးကြောတွေလည်း ရတတ်ပါတယ်။

• အရက်သောက်ခြင်း : အရက်ဟာ သွေးကြောတွေကို ခေတ္တခဏ ကျယ်စေနိုင်စွမ်း ရှိတာကြောင့် ခဏခဏ အရက်သောက်တတ်သူတွေမှာ ကြာလာတဲ့အခါ သွေးကြောတွေပေါက်ပြီး ပင့်ကူမျှင်သွေးကြောတွေ ဖြစ်တတ်ပါတယ်။

• ထိခိုက်ဒဏ်ရာ : ခေါင်းကို ထိခိုက်မိတာကြောင့်လည်း မျက်နှာမှာ သွေးကြောတွေ ပေါက်တတ်ပေမယ့် တဖြည်းဖြည်း အညိုအမည်း ပျောက်လာတာနဲ့အမျှ ပင့်ကူမျှင်သွေးကြောတွေလည်း ပျောက်သွားတတ်ပါတယ်။

>> ကုသမှု

မျက်နှာကို ကြည့်ရှုရုံမျှနဲ့ ပင့်ကူမျှင်သွေးကြောတွေဖြစ်ကြောင်း သိနိုင်ပါတယ်။

ကုသနည်း အထွေထွေ ရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် မတူတဲ့အတွက် တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲလုပ်ကြည့်ပြီး ကိုယ်နဲ့ ကိုက်ညီမယ့်နည်းကို ရှာဖွေရပါမယ်။

• Retinoids

Retinoid ခရင်မ် လိမ်းဆေးတွေကို အရေပြားပြဿနာ အမျိုးမျိုးမှာ အသုံးပြုနိုင်ပြီး ပင့်ကူမျှင်သွေးကြောရှိသူတွေ တချို့မှာလည်း သုံးတတ်ပါတယ်။

Retinoid လိမ်းဆေးဟာ သွေးကြောမျှင်တွေကို မှိန်သွားစေပြီး အရေပြားကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အသားခြောက်ပြီး နီရဲယားယံတာတွေ ဖြစ်စေနိုင်ပါတယ်။

• Sclerotherapy ထိုးဆေး

ဒီထိုးဆေးတွေဟာ ပင့်ကူမျှင်သွေးကြောတွေကို ကျဉ်းသွားစေတာကြောင့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပျောက်ကင်းစေနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆေးထိုးစဉ်မှာ နာကျင်တာမျိုး ဖြစ်စေနိုင်ပေမယ့် ရက်အနည်းငယ်အတွင်းမှာပဲ ပြန်သက်သာသွားပါလိမ့်မယ်။

• လေဆာကုသနည်း

လေဆာကုသနည်းဟာ အလွန်စူးရှတဲ့ လေဆာအလင်းကို သုံးပြီး ဒုက္ခပေးနေတဲ့ သွေးကြောတွေကို ဖျက်ဆီးပစ်ပါတယ်။ ဒါပေမဲ့ မကောင်းတဲ့တစ်ချက်ကတော့ ဘေးက အရေပြားတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

လေဆာကုသနည်းဟာ ဈေးကြီးတဲ့အပြင် သွေးကြောတွေ ပြန်ပြန်ပေါ်လာတတ်တာကြောင့် မကြာခဏ ပြန်ပြန်လုပ်ပေးဖို့ လိုတတ်ပါတယ်။

• Intense pulled light (IPL)

ဒီနည်းလမ်းဟာ လေဆာကုသမှုလိုပဲ အထူးပြု အလင်းရောင်တွေကို အသုံးပြုပြီး အရေပြား အပေါ်ယံလွှာကို မထိခိုက်စေဘဲ အတွင်းပိုင်းအထိကို ထိုးဖောက် ပြုပြင်ပေးနိုင်ပါတယ်။

ဒီလိုသွေးကြောတွေကို အပြီးတိုင် ပျောက်ကင်းစေနိုင်ဖို့ မကြာခဏ ပြန်ပြန်လုပ်ပေးဖို့ လိုပါတယ်။

>> အိမ်တွင်းကုသနည်းများ

နေကြာပင်မျိုးဝင် အပင်တစ်မျိုးဖြစ်တဲ့ Arnica အပင်ဆီဟာ ပင့်ကူမျှင်သွေးကြောတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

တချို့လူတွေမှာ အိမ်တွင်းကုသနည်းတွေနဲ့တင် သက်သာသွားတတ်ပါတယ်။

အိမ်တွင်းကုသနည်းတွေဟာ ဘေးထွက်ဆိုးကျိုး မဖြစ်စေတတ်ပေမယ့် ပစ္စည်းအသစ်တစ်မျိုး စသုံးခါစမှာ 24 နာရီခန့် အရေပြားတစ်နေရာမှာ စမ်းလိမ်းသင့်ပါတယ်။

ဒါကြောင့် ဆရာဝန်နဲ့ ပြသပြီး ဆေးကုသမှု ခံယူနေသူတွေမှာ အိမ်တွင်းကုသမှုတွေ လုပ်သင့်၊ မလုပ်သင့် တိုင်ပင်ရပါမယ်။

• ရေပူကို ရှောင်ပါ။

မျက်နှာ အရေပြားဟာ နုနယ်တာကြောင့် ရေနွေးပူပူနဲ့ မျက်နှာသစ်တဲ့အခါ သွေးကြောတွေ ပေါက်နိုင်ပါတယ်။

ဒါကြောင့် သွေးကြောပေါက်တာတွေ မဖြစ်ရလေအောင် ရေချိုးတဲ့အခါ ရေပူပူကြီးတွေ၊ ရေအေးအေးကြီးတွေနဲ့ မချိုးသင့်ပါဘူး။

• ရေအေးကပ်ပါ။

နေပူပူ၊ လေပူပူနဲ့ ထိတွေ့မိတဲ့အခါ မျက်နှာကို ရေခဲကပ်ပေးခြင်းဖြင့် သွေးကြောပေါက်ခြင်းကို သက်သာစေနိုင်ပါတယ်။

• Arnica Oil

နေကြာမျိုးဝင် အဆီတစ်မျိုးဖြစ်တဲ့ Arnica ဆီဟာ ပင့်ကူမျှင်သွေးကြောတွေ ဖြစ်ပေါ်ခြင်းကို သက်သာစေနိုင်ပေမယ့် တချို့လူတွေမှာ ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်တာကြောင့် အရေပြားမှာ တည့်၊ မတည့် အရင်စမ်းသပ် လိမ်းကြည့်သင့်ပါတယ်။

ဒီ Arnica ဆီကို ဆေးဆိုင်၊ ကုန်စုံဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

• ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ဟာ အသားအရေကို တင်းစေပြီး နီရဲခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ရှာလကာရည်ကို ဂွမ်းစလေးနဲ့ မျက်နှာကို တို့တို့ပေးခြင်းဖြင့် ပင့်ကူမျှင်သွေးကြောတွေကို သက်သာစေနိုင်ပါတယ်။

• ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ဟာ စတီးရွိုက်ဆေးလောက်ကို အရေပြား ရောင်ရမ်းနီရဲခြင်းကို သက်သာစေနိုင်တဲ့အစွမ်း ရှိပါတယ်။ ဒါပေမဲ့ အသား ခြောက်စေနိုင်တာကြောင့် ရှားစောင်းလက်ပပ် လိမ်းပြီးတိုင်း အစိုထိန်းခရင်မ်တစ်မျိုးမျိုး လိမ်းပေးဖို့ မမေ့ပါနဲ့။

• ဗီတာမင်စီ

လေ့လာမှုတစ်ခုအရ ဗီတာမင်စီဟာ သွေးကြောတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အားကို အထောက်အပံ့ပြုပြီး ဆဲလ်တွေရဲ့ ကော်လဂျင်ဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် ပင့်ကူမျှင်သွေးကြောတွေကို သက်သာစေဖို့ ဗီတာမင်စီဓာတ် စားသုံးပေးနိုင်ပါတယ်။

>> ကာကွယ်မှု

ပင့်ကူမျှင်သွေးကြောတွေ မဖြစ်ပေါ်ရလေအောင် –

• ပူလွန်း အေးလွန်းခြင်းကို ရှောင်ပါ။

Spa တွေ၊ ချွေးထုတ်ခန်းတွေနဲ့ ပူအိုက်လွန်းတဲ့ ရာသီဥတုတွေကြောင့် သွေးကြောတွေ ကျယ်လာပြီး ပင့်ကူမျှင်သွေးကြောတွေ ဖြစ်လာတတ်ပါတယ်။

• နေရောင် ထိတွေ့မှုကို ရှောင်ကြဉ်ပါ။

နေရောင်ကာ ခရင်မ် လိမ်းတာ၊ ဦးထုပ်ဆောင်းတာ၊ အင်္ကျီ အကာအကွယ်ဝတ်တာ စသည်ဖြင့် နေရောင်ကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်းဖြင့် ပင့်ကူမျှင်သွေးကြောတွေကို ကာကွယ်နိုင်ပါတယ်။ နေပူတဲ့အချိန်မျိုးတွေမှာ အပြင်ကို တတ်နိုင်သလောက် မထွက်ပါနဲ့။

• အကာအကွယ်ယူပါ။

ထိခိုက်ဒဏ်ရာ မရအောင် ရှောင်ကြဉ်ပါ။ ဘေ့စ်ဘောဆော့တဲ့အခါ၊ စက်ဘီးစီးတဲ့အခါ၊ ဆိုင်ကယ်စီးတဲ့အခါ မျက်နှာဖုံးနဲ့ ခေါင်းအကာ ဝတ်ပါ။

• သွေးကြော ကျယ်စေတဲ့အရာတွေကို ရှောင်ပါ။

ကဖိန်းဓာတ်၊ အပူအစပ်နဲ့ အရက်တွေဟာ သွေးကြော ကျယ်စေတာကြောင့် ပင့်ကူမျှင်သွေးကြောတွေကို ပိုထင်ရှားစေနိုင်ပါတယ်။ အရက် အနည်းငယ်မျှ သောက်ရုံနဲ့ နီရဲပြီး ပင့်ကူမျှင်သွေးကြောတွေ ဖြစ်လာစေနိုင်ပါတယ်။

>> ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသင့်သလဲ?

ပင့်ကူမျှင်သွေးကြောတွေဟာ အခြား ဘာထွေထွေထူးထူးမျှ မဖြစ်စေတတ်ပါဘူး။ ဘာကြောင့် ဖြစ်ရတယ်ဆိုတာ သိအောင်လုပ်ပြီး ရှောင်လိုက်ရုံပါပဲ။

တစ်ခါတစ်ရံ ပင့်ကူမျှင်သွေးကြောတွေဟာ ရောဂါအခြေအနေတချို့ကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို မသိခဲ့ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။

အများစုမှာတော့ အကြည့်ရဆိုးတာက အဓိကပြဿနာ ဖြစ်နေတတ်ပါတယ်။ ဆေးတွေ၊ အိမ်တွင်း ကုသနည်းတွေနဲ့ ဒီအကြည့်ရဆိုးတဲ့ ပင့်ကူမျှင်သွေးကြောတွေကို လျော့နည်းစေနိုင်၊ ဖယ်ရှားပေးနိုင်တဲ့အပြင် အရေပြားကိုလည်း ကျန်းမာစေနိုင်ပါတယ်။
Tartay

No comments:

Post a Comment