Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 13, 2018

ျမဝတီ ဘားအံလမ္းေပၚက ဟိုက္ေဝး ကား အမ်ိဳးသမီး ဒ႐ိုင္ဘာ ေဒၚေဌး..


ဟိုက္ေဝး ကားဒ႐ိုင္ဘာ ေဒၚေဌး

👱 ျမဝတီ ဘားအံလမ္းေပၚက အမ်ိဳးသမီး ကားဒ႐ိုင္ဘာ အေဒၚတစ္ေယာက္။ နာမည္က ေဒၚေဌးတ့ဲ။ ေမာင္းတာကလည္း ကုန္ေတြတင္တ့ဲ ပ႐ိုေဘာက္စ္။ 

🚐 တင္တာကလည္း အတြင္းထဲမွာလည္း ထိုင္ခုံေတြျဖတ္ထားၿပီး အျပည့္အသိပ္။ အသား၊အသားတု၊ခ႐ုဆီ၊ စက္ဘီး စတ့ဲ ပစၥည္းေတြ ထိုင္းဘက္ေန ျမန္မာကို သယ္တာပါ။

👦 အိႏၵဳလမ္းဆံုမွာ ျမဝတီဘက္ ကားေစာင့္ေနတုန္း ပ႐ိုေဘာက္စ္တစ္စီး ခပ္ၾကမ္းၾကမ္း ထိုးဆိုက္လာပါတယ္။ ၾကည့္လိုက္ေတာ့ ဆံပင္႐ွည္နဲ႔။ ျမဝတီသြားမွာဆို တက္ လို႔ ေျပာတာေၾကာင့္ ၾကည့္လိုက္ေတာ့ အမ်ိဳးသမီး ေတာင့္ေတာင့္ႀကီး တစ္ဦး။ ကားထဲမွာလည္း ဘာမွမပါ။ ႀကိဳးေခြႀကီးတစ္ေခြ၊ သံတုတ္ေခ်ာင္း၊ ဓားတစ္လက္ ပါတာေၾကာင့္ လန္႔သြားမိပါတယ္။ အမ်ိဳးသမီးဟိုက္ေဝး ကားဒ႐ိုင္ဘာဆိုတာ တခါမွ မေတြ႔ဖူးမၾကားဖူးပါဘူး။

😇 ကားကလည္း မ႐ွိေတာ့တာေၾကာင့္ အေတြ႔အၾကံဳရတာေပါ့ေလ ဆိုၿပီး တက္လိုက္ခါခ့ဲမိတယ္။ ကားကို အၾကမ္း ေမာင္းထြက္ပါတယ္။ ေ႐ွ႕မွာ တခုခုဆို ဟြန္းကို အတိအက် တီးပါတယ္။

😓 ခဏေနေတာ့မွ သူ႔ဘဝအေၾကာင္းေတြ ေျပာျပပါတယ္။

☹ သူ႔မွာ သမီးတစ္ေယာက္႐ွိၿပီး သားမိႏွစ္ေယာက္နဲ႔ ဘဝကိုရင္ဆိုင္ေနတယ္လို႔သိရပါတယ္။ အမ်ိဳးသားျဖစ္သူက ရဲဝနမထမ္းတစ္ဦးျဖစ္ၿပီး သစၥာေဖာက္ကာ ရဲက်င့္ရဲၾကံ ၾကံသြားတယ္လို႔ ဆိုပါတယ္။

☺ ကားေမာင္းတာ ၁၅ ႏွစ္ေလာက္ ႐ွိေနၿပီ။ ဒီလမ္းမွာ မသိသူမ႐ွိဘူး လို႔ေျပာပါတယ္။ ဟုတ္လည္းဟုတ္ပါတယ္။ လမ္းတစ္ေလွ်ာက္ ဟြန္းေတြတီးၿပီး သူ႔ကိုႏႈတ္ဆက္ၾကတယ္။ လမ္းေၾကးဂိတ္ေတြကိုလည္း လက္တစ္ခ်က္ျပလိုက္တာနဲ႔ အားလံုးကို ေက်ာ္လာခ့ဲတာ ထူးထူးဆန္းဆန္း ေတြ႔လိုက္ရပါတယ္။ ဒါ့အျပင္ ရဲစစ္ေဆးေရးဂိတ္ အားလံုးကိုလည္း မ်က္ႏွာျပလိုက္တာနဲ႔ ရပ္ေပးစရာေတာင္ မလိုပါဘူး။

😞 ဘဝအေၾကာင္း၊ မိသားစုအေၾကာင္း မေတြးခ်င္ဘူး၊ ကားေပၚမွာပဲ ေသတ့ဲအထိ ေနသြားခ်င္တယ္လို႔ ရင္ဖြင့္ျပပါတယ္။

ဒီအေၾကာင္းေတြ စာေရးခ်င္တယ္ေျပာေတာ့ ေရးပါလို႔ေျပာပါတယ္။ ဓာတ္ပံုကိုလည္း သူက အလွႀကိဳက္လို႔ လွေအာင္႐ိုက္ေပးလို႔ ေျပာပါတယ္။ ကားေပၚကအဆင္းမွာ တည့္တည့္မ႐ိုက္ျဖစ္ခ့ဲလိုက္ပါဘူး။ အမွတ္တမ့ဲ႐ိုက္ထားတာေလးေတြပဲ ရလိုက္ပါတယ္။

Credit – Kyaw Zin Oo





    Unicode

ဟိုက်ဝေး ကားဒရိုင်ဘာ ဒေါ်ဌေး

👱 မြဝတီ ဘားအံလမ်းပေါ်က အမျိုးသမီး ကားဒရိုင်ဘာ အဒေါ်တစ်ယောက်။ နာမည်က ဒေါ်ဌေးတဲ့။ မောင်းတာကလည်း ကုန်တွေတင်တဲ့ ပရိုဘောက်စ်။ 

🚐 တင်တာကလည်း အတွင်းထဲမှာလည်း ထိုင်ခုံတွေဖြတ်ထားပြီး အပြည့်အသိပ်။ အသား၊အသားတု၊ခရုဆီ၊ စက်ဘီး စတဲ့ ပစ္စည်းတွေ ထိုင်းဘက်နေ မြန်မာကို သယ်တာပါ။

👦 အိန္ဒုလမ်းဆုံမှာ မြဝတီဘက် ကားစောင့်နေတုန်း ပရိုဘောက်စ်တစ်စီး ခပ်ကြမ်းကြမ်း ထိုးဆိုက်လာပါတယ်။ ကြည့်လိုက်တော့ ဆံပင်ရှည်နဲ့။ မြဝတီသွားမှာဆို တက် လို့ ပြောတာကြောင့် ကြည့်လိုက်တော့ အမျိုးသမီး တောင့်တောင့်ကြီး တစ်ဦး။ ကားထဲမှာလည်း ဘာမှမပါ။ ကြိုးခွေကြီးတစ်ခွေ၊ သံတုတ်ချောင်း၊ ဓားတစ်လက် ပါတာကြောင့် လန့်သွားမိပါတယ်။ အမျိုးသမီးဟိုက်ဝေး ကားဒရိုင်ဘာဆိုတာ တခါမှ မတွေ့ဖူးမကြားဖူးပါဘူး။

😇 ကားကလည်း မရှိတော့တာကြောင့် အတွေ့အကြုံရတာပေါ့လေ ဆိုပြီး တက်လိုက်ခါခဲ့မိတယ်။ ကားကို အကြမ်း မောင်းထွက်ပါတယ်။ ရှေ့မှာ တခုခုဆို ဟွန်းကို အတိအကျ တီးပါတယ်။

😓 ခဏနေတော့မှ သူ့ဘဝအကြောင်းတွေ ပြောပြပါတယ်။

☹ သူ့မှာ သမီးတစ်ယောက်ရှိပြီး သားမိနှစ်ယောက်နဲ့ ဘဝကိုရင်ဆိုင်နေတယ်လို့သိရပါတယ်။ အမျိုးသားဖြစ်သူက ရဲဝနမထမ်းတစ်ဦးဖြစ်ပြီး သစ္စာဖောက်ကာ ရဲကျင့်ရဲကြံ ကြံသွားတယ်လို့ ဆိုပါတယ်။

☺ ကားမောင်းတာ ၁၅ နှစ်လောက် ရှိနေပြီ။ ဒီလမ်းမှာ မသိသူမရှိဘူး လို့ပြောပါတယ်။ ဟုတ်လည်းဟုတ်ပါတယ်။ လမ်းတစ်လျှောက် ဟွန်းတွေတီးပြီး သူ့ကိုနှုတ်ဆက်ကြတယ်။ လမ်းကြေးဂိတ်တွေကိုလည်း လက်တစ်ချက်ပြလိုက်တာနဲ့ အားလုံးကို ကျော်လာခဲ့တာ ထူးထူးဆန်းဆန်း တွေ့လိုက်ရပါတယ်။ ဒါ့အပြင် ရဲစစ်ဆေးရေးဂိတ် အားလုံးကိုလည်း မျက်နှာပြလိုက်တာနဲ့ ရပ်ပေးစရာတောင် မလိုပါဘူး။

😞 ဘဝအကြောင်း၊ မိသားစုအကြောင်း မတွေးချင်ဘူး၊ ကားပေါ်မှာပဲ သေတဲ့အထိ နေသွားချင်တယ်လို့ ရင်ဖွင့်ပြပါတယ်။

ဒီအကြောင်းတွေ စာရေးချင်တယ်ပြောတော့ ရေးပါလို့ပြောပါတယ်။ ဓာတ်ပုံကိုလည်း သူက အလှကြိုက်လို့ လှအောင်ရိုက်ပေးလို့ ပြောပါတယ်။ ကားပေါ်ကအဆင်းမှာ တည့်တည့်မရိုက်ဖြစ်ခဲ့လိုက်ပါဘူး။ အမှတ်တမဲ့ရိုက်ထားတာလေးတွေပဲ ရလိုက်ပါတယ်။

Credit – Kyaw Zin Oo

No comments:

Post a Comment