Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, September 9, 2018
ညအိပ်မပျော်သူများ ငှက်ပျောသီးရေနွေး သောက်ပါ
Dr. Myint Thein
#Unicode Version#
ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်ပါတယ် ။ မဂ္ဂနီဆီယမ်က အိပ်မပျော်ခြင်း ဖြစ်စေသည့် အနှာက်အယှက်များကို ကာကွယ်ပေးပါတယ် ။ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်က ကြွက်သားများကို ပျော့ပြောင်းစေပါတယ် ။
ငှက်ပျောသီးက အော်ဂဲနစ် ဖြစ်ဖို့ လိုအပ်ပါတယ် ။ မဟုတ်ပါက ပိုးသတ်ဆေးများ ပါဝင်နိုင်တာမို့ အန္တရာယ် မကင်းပါဘူး ။ ငှက်ပျောသီးမှည့် ၁ လုံး ၊ သစ်ကြံပိုးခေါက် အနည်းငယ် လိုအပ်ပါတယ်။
ခွက်တစ်ခုမှာ ရေ မတ်ခွက် တခွက်စာ ထည့်ပြီ ဆူအောင်ကျိုပါ ။ ငှက်ပျောသီးမှည့်ကို အခွံမခွါပဲ အရင်းစွန်း အဖျားစွန်းများ တိပစ်ပြီး ဆူနေသော ရေနွေးအိုးထဲ ထည့်ပါ ။ ၁၀ မိနစ် ပြုတ်ပါ ။ မတ်ခွက်ထဲသို့ စစ်ထည့်ပါ ။ သစ်ကြံပိုးခေါက်ကို နှစ်သက်ပါက အနည်းငယ် ဖြူးနိုင်ပါတယ် ။
မတ်ခွက်ထဲ ထည့်ပြီး နှပ်ထားပါ ။ မအိပ်မီ ၁ နာရီလောက် စောပြီး သောက်ပါ ။ ငှက်ပျောသီးကိုလည်း အခွံပါ စားနိုင်ပါတယ် ။ ကောင်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါလိမ့်မယ် ။
ကျန်းမာချမ်းသာကြပါစေ
Dr. Myint Thein
No comments:
Post a Comment