Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, September 9, 2018
နေ့ခင်းကြောင်တောင် ဒီနေ့ပဲ ကောင်မလေးတစ်ယောက်တို့ဆေး ထပ်မိပြန်တယ်
အစ်မဖြစ်သူက ဆိုင်ကိုသွားတာ သတိထားပြီး ဘုရားစာလေးလဲရွတ်ရင်းနဲ့ပေါ့ ဆိုင်နားရောက်ခါနီးမှာ မနေ့ကလိုပဲ ဦးထုပ်ဆောင်းထားတယ် အကျီ င်္အကွက်ဝတ်ထားတဲ့ကောင်မလေးက သူ့လက်မောင်းကို တဖြတ်ဖြတ်နဲ့ရိုက်လိုက်ပြီး ငါ့နောက်လိုက်ခဲ့လို့  ပြောတယ်…
ကို သန်းလွင်
#Unicode Version#
အထူးသတိထားနေကြပါ ဒီနေ့ပဲ နောက်ထပ်တယောက်ထပ်ဖြစ်ပါတယ်။
မနေ့က comment ဝင်ရေး နေတဲ့ ညီမတယောက်။ သူရဲ့အစ်မဖြစ်တာပါ။ လမ်းမတော်မှာပါ။ သူတို့က အဲဒီမှာ ပိုးထည်ဆိုင်ရှိတယ်။ သူ့အစ်မကိုမနေ့ကအကြောင်းပြောပြထားပြီးသတိထားသွားလာဖို့မှာထားလို့တော်သေးတယ်…
အစ်မဖြစ်သူက ဆိုင်ကိုသွားတာ သတိထားပြီး ဘုရားစာလေးလဲရွတ်ရင်းနဲ့ပေါ့ ဆိုင်နားရောက်ခါနီးမှာ မနေ့ကလိုပဲ ဦးထုပ်ဆောင်းထားတယ် အကျီ ၤအကွက်ဝတ်ထားတဲ့ကောင်မလေးက သူ့လက်မောင်းကို တဖြတ်ဖြတ်နဲ့ရိုက်လိုက်ပြီး ငါ့နောက်လိုက်ခဲ့လို့ ပြောတယ်…
သူက အစထဲကသတိထားနေတာဆိုတော့ အဲလိုလဲ ဖြစ်ရော အဲဒီကောင်မလေးကိုလှည့်ကြည့် လိုက်တယ်လိုက်တော့လိုက်မသွားဘူး။ ဒါပေမယ့် တမျိုးကြီးတော့ဖြစ်လာတယ်ပေါ့။
အဲဒါကိုလုပ်တဲ့ကောင်မလေးကလဲမရမှန်းသိတော့ထွက်ပြေးသွားတယ်။ သူလဲဆိုင်ကိုပြေးလာပြီးဆိုင်လဲရောက်ရော သတိမေ့လဲရောပဲ။ ဒါမျိုးတွေ ရက်ဆက်ကြားနေရတယ်။ ဘယ်သွားသွား ဘာလုပ်လုပ် သတိနဲ့နေကြပါလို့။ တကယ်ဖြစ်လို့သတိပေးနေတာပါ
ကို သန်းလွင်
No comments:
Post a Comment