Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 13, 2018

သာသနာ႔ေဘာင္က သီလရွင္တစ္ပါးကိုေတာင္ ဒီလိုမ်ိဳးယုတ္မာရိုင္းစိုင္းတဲ့ တက္စီသမား တခါမွမျမင္ဖူး မၾကားဖူးဘူး


သာသနာ႔ေဘာင္က သီလရွင္တစ္ပါးကိုေတာင္ ဒီလိုမ်ိဳးယုတ္မာရိုင္းစိုင္းတဲ့ တက္စီသမား တခါမွမျမင္ဖူးဘူး

Taxi ကားသမားယုတ္မာမႈအား မိန္းကေလးမ်ားအား သတိေပးလိုပါသည္။ Myanmar Plaza မွ ရန္ကင္း ကံဘ့ဲသို႔ ကားခ၂၀၀ဝျဖင့္ ကားငွားျပန္လာရာ ရန္ကင္းစိုက္ပ်ိဳးေရးရံုးလမ္းမွ ကားသမားေမာင္းပါသည္။ လူျပတ္ရာလမ္းမွာ ကားသမားမွ ဆရာေလးက ဝတ္တာၾကာပီလားေမး၍ ဟုတ္က့ဲ ဒကာႀကီးဟု ျပန္ေျဖပါသည္။ ဆက္ေမးပါသည္။

ငယ္ငယ္ထဲကဝတ္တာလားဟူ၍ ဟုတ္က့ဲလို႔ ျပန္ေျဖပါသည္။ လူတစ္ေယာက္မွမရွိတ့ဲ ေနရာေရာက္ေတာ့ သြားမ့ဲေနရာကို ဆက္ေမးေန၍ ထပ္ေျဖရန္ ကားသမားကို လွမ္းၾကည့္ေျပာလိုက္ေတာ့ ယုတ္မာေသာ Taxi ကားသမားမွ ပုဆိုးကိုခၽြတ္ထားၿပီး မဖြယ္မရာ သူ၏ပစၥည္းအား လက္တဖက္မွ ကိုင္ထားပါသည္။ ေအာ္ဖို႔လည္း ေဘးပတ္ဝန္းက်င္မွာ လူသူကင္းမ့ဲေနပါသည္။ ေၾကာက္စိတ္မ်ားဝင္ၿပီး သူငယ္ခ်င္းကို ဖုန္းဆက္ဖို႔ ဖုန္းကိုလက္ကႏွိပ္ၿပီး မေျပာႏိုင္ေတာ့ပါ။

မ်က္ႏွာကို ျပတင္းေပါက္ဖက္ထုတ္လိုက္ၿပီး ကားသမား ဘာေမးတယ္ဆိုတာ သိလည္းမသိ ဘာမွလည္းမေျပာရဲေတာ့ပါ။ေၾကာက္စိတ္မ်ားန႔ဲ မနည္းအားတင္းၿပီး လိုရာခရီးထိငွားလာခ့ဲရပါသည္။ ကားေပၚမွာ Seasons မုန္႔တိုက္မွ ပူတင္းဗူး ၃၀၀ အလႉတြက္ သံဃာေတာ္မ်ားကပ္ရန္ ပါလာပါသည္။ အမ်ိဳးသမီးမ်ား သတိေပးလိုပါသည္။ Taxi ငွားစီးရင္ ေဘးမွာ အေပါင္းေဖာ္မပါလွ်င္ တစ္ေယာက္ထဲ မစီးေစလိုပါ စီးလွ်င္ ကားနံပါတ္မွတ္ပါ။တန္ရာတန္ေၾကးေပးစီးသည္ျဖစ္၍ လူသူကင္းေသာ ျဖတ္လမ္းမွ မေမာင္းခိုင္းၾကပါန႔ဲ။ယခုယုတ္မာေသာ Taxi သမားသည္ ျမန္မာလူမ်ိဳးပါ။

သာသနာ့ေဘာင္မွ သာသနာ့ႏြယ္ဝင္သီလရွင္တစ္ပါးကို ယခုက့ဲသို႔ ျပဳမူ ယုတ္မာေသာ ျမန္မာလူမ်ိဳး Taxi သမား၏ အျပဳမူသည္ အမ်ိဳးသမီးတိုင္းအတြက္ အႏၲရာယ္ရွိလြန္းပါသည္။နံနက္ ၁၀:၂၀အခ်ိန္ခ်ိန္ပါ။ ညေနေစာင္း ညဘက္အခ်ိန္လည္းမဟုတ္ပါ။ အသက္၃၀ခန္႔ပါ။ ယုတ္မာေသာ Taxi သမားေမာင္းေသာ ကားနံပါတ္ကို ဓာတ္ပံု႐ိုက္တင္ေပးလိုက္ပါသည္။

မွတ္ခ်က္-ပညာဝတီ ေဖ့ဘုတ္အေကာင့္မွ ကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။
ပညာ့ဝတီ
# Unicode Version ျဖင့္ ဖတ္ပါ #
သာသနာ့ဘောင်က သီလရှင်တစ်ပါးကိုတောင် ဒီလိုမျိုးယုတ်မာရိုင်းစိုင်းတဲ့ တက်စီသမား တခါမှမမြင်ဖူးဘူး

Taxi ကားသမားယုတ်မာမှုအား မိန်းကလေးများအား သတိပေးလိုပါသည်။ Myanmar Plaza မှ ရန်ကင်း ကံဘဲ့သို့ ကားခ၂၀၀ဝဖြင့် ကားငှားပြန်လာရာ ရန်ကင်းစိုက်ပျိုးရေးရုံးလမ်းမှ ကားသမားမောင်းပါသည်။ လူပြတ်ရာလမ်းမှာ ကားသမားမှ ဆရာလေးက ဝတ်တာကြာပီလားမေး၍ ဟုတ်ကဲ့ ဒကာကြီးဟု ပြန်ဖြေပါသည်။ ဆက်မေးပါသည်။

ငယ်ငယ်ထဲကဝတ်တာလားဟူ၍ ဟုတ်ကဲ့လို့ ပြန်ဖြေပါသည်။ လူတစ်ယောက်မှမရှိတဲ့ နေရာရောက်တော့ သွားမဲ့နေရာကို ဆက်မေးနေ၍ ထပ်ဖြေရန် ကားသမားကို လှမ်းကြည့်ပြောလိုက်တော့ ယုတ်မာသော Taxi ကားသမားမှ ပုဆိုးကိုချွတ်ထားပြီး မဖွယ်မရာ သူ၏ပစ္စည်းအား လက်တဖက်မှ ကိုင်ထားပါသည်။ အော်ဖို့လည်း ဘေးပတ်ဝန်းကျင်မှာ လူသူကင်းမဲ့နေပါသည်။ ကြောက်စိတ်များဝင်ပြီး သူငယ်ချင်းကို ဖုန်းဆက်ဖို့ ဖုန်းကိုလက်ကနှိပ်ပြီး မပြောနိုင်တော့ပါ။

မျက်နှာကို ပြတင်းပေါက်ဖက်ထုတ်လိုက်ပြီး ကားသမား ဘာမေးတယ်ဆိုတာ သိလည်းမသိ ဘာမှလည်းမပြောရဲတော့ပါ။ကြောက်စိတ်များနဲ့ မနည်းအားတင်းပြီး လိုရာခရီးထိငှားလာခဲ့ရပါသည်။ ကားပေါ်မှာ Seasons မုန့်တိုက်မှ ပူတင်းဗူး ၃၀၀ အလှူတွက် သံဃာတော်များကပ်ရန် ပါလာပါသည်။ အမျိုးသမီးများ သတိပေးလိုပါသည်။ Taxi ငှားစီးရင် ဘေးမှာ အပေါင်းဖော်မပါလျှင် တစ်ယောက်ထဲ မစီးစေလိုပါ စီးလျှင် ကားနံပါတ်မှတ်ပါ။တန်ရာတန်ကြေးပေးစီးသည်ဖြစ်၍ လူသူကင်းသော ဖြတ်လမ်းမှ မမောင်းခိုင်းကြပါနဲ့။ယခုယုတ်မာသော Taxi သမားသည် မြန်မာလူမျိုးပါ။

သာသနာ့ဘောင်မှ သာသနာ့နွယ်ဝင်သီလရှင်တစ်ပါးကို ယခုကဲ့သို့ ပြုမူ ယုတ်မာသော မြန်မာလူမျိုး Taxi သမား၏ အပြုမူသည် အမျိုးသမီးတိုင်းအတွက် အန္တရာယ်ရှိလွန်းပါသည်။နံနက် ၁၀:၂၀အချိန်ချိန်ပါ။ ညနေစောင်း ညဘက်အချိန်လည်းမဟုတ်ပါ။ အသက်၃၀ခန့်ပါ။ ယုတ်မာသော Taxi သမားမောင်းသော ကားနံပါတ်ကို ဓာတ်ပုံရိုက်တင်ပေးလိုက်ပါသည်။

မှတ်ချက်-ပညာဝတီ ဖေ့ဘုတ်အကောင့်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

 ပညာ့ဝတီ

No comments:

Post a Comment