CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, September 19, 2018
ေဆးဖက္၀င္ သစ္ေရၾကည္ပင္
ပံုမွာျမင္ရတဲ့ ဒီအပင္ကို ရုကၡေဗဒအမည္အားျဖင့္ Peperomia pellucida လို့ ေခၚပါတယ္။ ျမန္မာလိုကေတာ့ သစ္ေရၾကည္ပင္၊ ေက်ာက္ သင္ ပုန္းဖ်က္ရြက္၊ နတ္သမီးကြမ္းရြက္ စသျဖင့္ ေနရာေဒသအေပၚမူတည္ျပီး အေခၚအေ၀ၚမ်ား ကြဲျပားၾကပါတယ္။အေလ့က်ေပါက္တဲ့ အပင္မ်ိဳးျဖစ္ပါတယ္။
ေဆးဖက္၀င္တဲ့အတြက္ အခုခါမွာေတာ့ အလွစိုက္ပန္းအိုး၊ အိမ္ထဲ၊ ျခံထဲမွာ စိုက္ပ်ိဳးၾကတဲ့အျပင္ စိုက္ပ်ိဳးေရးေအာင္ ျမင္ တဲ့ ထိုင္းႏိုင္ငံမွာဆိုရင္ စီးပြါးျဖစ္ စိုက္ပ်ိဳးေရာင္းခ်ေနၾကပါျပီ။ဒီအပင္ဟာ တပင္လံုး အသံုး၀င္ပါတယ္။ အျမစ္၊ ပင္စည္တို့ကို ေဆးက်ိဳ ေသာက္ႏိုင္သလို အရြက္၊ အညြန့္တို့ကို ဟင္းခ်က္စားႏိုင္ပါတယ္။ အစိမ္းလိုက္ သုပ္စားႏိုင္သလို ျပဳတ္ျပီး တို့စရာမျဖစ္၊ ဟင္းရည္အျဖစ္ လည္း စားေသာက္ႏုိင္ပါတယ္။ အေျခာက္ခံျပီး ေရေႏြးခတ္ကာ လက္ဖက္ရည္ၾကမ္းအျဖစ္လည္း ေသာက္ႏုိင္ပါတယ္။ပါ၀င္တဲ့ အက်ိဳး အာနိ သင္မ်ားကေတာ့ Antioxidants ဓါတ္၊ ဗီတာမင္ C, ဗီတာမင္ A တို့ပါ၀င္ျပီး ကာကြယ္ေပးႏိုင္တဲ့ ေရာဂါမ်ားလည္း အေတာ္ကို မ်ား ပါ တယ္။ အဆစ္ျမစ္ေယာင္၊ ဒူလာ၊ မ်က္စိေရာဂါ၊ ၀မ္းေဖာ၊ ၀မ္းကိုက္ေရာဂါတို့အျပင္ ရင္သားကင္ဆာေရာဂါကိုလည္း ကာကြယ္ေပးႏိုင္ တဲ့ အစြမ္းသတၱိမ်ား ပါ၀င္တယ္လို့ ဆိုပါတယ္။အနာစိမ္း၊ ၾကြက္ႏို့၊ ထိခိုက္ရွနာ၊ ေရယံုေရာဂါ၊ ၀က္ျခံေရာဂါ စတဲ့အေရျပားေပၚက ေရာဂါ မ်ား အတြက္ ေဆးတစ္ပင္လံုးကိုျပဳတ္၍ ၄င္းျပဳရည္ျဖင့္ ေဆးေၾကာေပးျခင္း၊ အပင္ကို ထုတ္ေထာင္း၍ အနာေပၚ အံုေပးျခင္းတို့ျဖင့္ ေပ်ာက္ကင္းေစပါတယ္။
ကဲ မိတ္ေဆြတို့ေရ။ အဖိုးတန္လွတဲ့ ေဆးပင္အေၾကာင္းကိုေလ့လာထားသမွ် ျပန္လည္မွ်ေ၀ေပးလိုက္ျပီေနာ္။ အျခားႏိုင္ငံမ်ားက ဒီေဆးပင္ကို ဘယ္လိုအသံုးျပဳၾကသလဲဆိုတာကို ဒီထက္စံုစံုလင္လင္ သိလိုရင္ Wiki, Google တို့မွာ ရိုက္ျပီးရွာ ၾကည့္ႏိုင္ပါတယ္။လူသားအားလံုး ကိုယ္စိတ္နွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစ။
ေစာႏြဲ ့ေန ဆိုင္(ပူတာအို)
# Unicode Version ျဖင့္ ဖတ္ပါ #
ပုံမှာမြင်ရတဲ့ ဒီအပင်ကို ရုက္ခဗေဒအမည်အားဖြင့် Peperomia pellucida လို့ ခေါ်ပါတယ်။ မြန်မာလိုကတော့ သစ်ရေကြည်ပင်၊ ကျောက် သင် ပုန်းဖျက်ရွက်၊ နတ်သမီးကွမ်းရွက် စသဖြင့် နေရာဒေသအပေါ်မူတည်ပြီး အခေါ်အဝေါ်များ ကွဲပြားကြပါတယ်။အလေ့ကျပေါက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ဆေးဖက်ဝင်တဲ့အတွက် အခုခါမှာတော့ အလှစိုက်ပန်းအိုး၊ အိမ်ထဲ၊ ခြံထဲမှာ စိုက်ပျိုးကြတဲ့အပြင် စိုက်ပျိုးရေးအောင် မြင် တဲ့ ထိုင်းနိုင်ငံမှာဆိုရင် စီးပွါးဖြစ် စိုက်ပျိုးရောင်းချနေကြပါပြီ။ဒီအပင်ဟာ တပင်လုံး အသုံးဝင်ပါတယ်။ အမြစ်၊ ပင်စည်တို့ကို ဆေးကျို သောက်နိုင်သလို အရွက်၊ အညွန့်တို့ကို ဟင်းချက်စားနိုင်ပါတယ်။ အစိမ်းလိုက် သုပ်စားနိုင်သလို ပြုတ်ပြီး တို့စရာမဖြစ်၊ ဟင်းရည်အဖြစ် လည်း စားသောက်နိုင်ပါတယ်။ အခြောက်ခံပြီး ရေနွေးခတ်ကာ လက်ဖက်ရည်ကြမ်းအဖြစ်လည်း သောက်နိုင်ပါတယ်။ပါဝင်တဲ့ အကျိုး အာနိ သင်များကတော့ Antioxidants ဓါတ်၊ ဗီတာမင် C, ဗီတာမင် A တို့ပါဝင်ပြီး ကာကွယ်ပေးနိုင်တဲ့ ရောဂါများလည်း အတော်ကို များ ပါ တယ်။ အဆစ်မြစ်ယောင်၊ ဒူလာ၊ မျက်စိရောဂါ၊ ဝမ်းဖော၊ ဝမ်းကိုက်ရောဂါတို့အပြင် ရင်သားကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင် တဲ့ အစွမ်းသတ္တိများ ပါဝင်တယ်လို့ ဆိုပါတယ်။အနာစိမ်း၊ ကြွက်နို့၊ ထိခိုက်ရှနာ၊ ရေယုံရောဂါ၊ ဝက်ခြံရောဂါ စတဲ့အရေပြားပေါ်က ရောဂါ များ အတွက် ဆေးတစ်ပင်လုံးကိုပြုတ်၍ ၎င်းပြုရည်ဖြင့် ဆေးကြောပေးခြင်း၊ အပင်ကို ထုတ်ထောင်း၍ အနာပေါ် အုံပေးခြင်းတို့ဖြင့် ပျောက်ကင်းစေပါတယ်။ကဲ မိတ်ဆွေတို့ရေ။ အဖိုးတန်လှတဲ့ ဆေးပင်အကြောင်းကိုလေ့လာထားသမျှ ပြန်လည်မျှဝေပေးလိုက်ပြီနော်။ အခြားနိုင်ငံများက ဒီဆေးပင်ကို ဘယ်လိုအသုံးပြုကြသလဲဆိုတာကို ဒီထက်စုံစုံလင်လင် သိလိုရင် Wiki, Google တို့မှာ ရိုက်ပြီးရှာ ကြည့်နိုင်ပါတယ်။လူသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
စောနွဲ့နေ ဆိုင်(ပူတာအို)
ေဆးဖက္၀င္ သစ္ေရၾကည္ပင္
Reviewed by MP4 YoU
on
September 19, 2018
Rating: 5
Reviewed by MP4 YoU
on
September 19, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment