Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 19, 2018

“ သစၥာဆို၍ ေမတၱာပြားနည္း ”

 ေလာကမွာ ... သစၥာဟာ အစြမ္းတန္ခိုး အင္မတန္မွ ထက္တယ္။ လူေတြက သစၥာဆိုမႈ အင္မတန္မွ နည္းၾကတယ္။ တကယ္
ကိုယ့္ဟာကိုယ္ သစၥာဆိုၿပီးေတာ့ ကိုယ္လိုခ်င္တဲ့ အရာတစ္ခုကို
ေတာင္းလို႔ရွိရင္ သစၥာရဲ႕စြမ္းအားဟာ ရွိတယ္။

မယံုရင္ေတာ့ လုပ္ၾကည့္ေပါ့။ တစ္ခါတည္းနဲ႔ေတာ့ ရခ်င္မွ ရမွာေပါ့။ ဘာျဖစ္လို႔တုန္းဆိုေတာ့ သစၥာစကားဟာ မွန္ကန္ဖို႔လဲ လိုအပ္
တယ္။ မွန္မွန္ကန္ကန္လည္း ဆိုရမယ္။ စိတ္စြမ္းအားေတြအားလံုး အသံုးခ်ၿပီးေတာ့ လုပ္ဖို႔ လိုအပ္တယ္။ သစၥာဆိုတာ မွန္တာကိုေျပာတာ။ ကိုယ့္ဟာကိုယ္လည္း သစၥာဆိုလို႔ရတယ္။ ကိုယ့္ဟာကိုယ္ဆိုရင္ အမွားရွိခ်င္ရွိေနမယ္။

ဒါေၾကာင့္မို႔ ... ရတနာသံုးပါးနဲ႔ ပတ္သက္တဲ့ သစၥာဆိုပံုကို ရတန
သုတ္ကေနယူၿပီး နံနက္ခင္းမွာ သစၥာဆိုႏိုင္ေအာင္လို႔ ဒီမွာထည့္
သြင္းထားတာ။

ဒါ မနက္မိုးေသာက္ အိပ္ရာက ထလာလို႔ရွိရင္ လုပ္ရမယ့္ အလုပ္
ကေလးေတြပဲ။ အလုပ္သြားၿပီ၊ တစ္ခုခု လုပ္ငန္းကိုင္တာေတြလုပ္ၿပီ ဆိုလို႔ရွိရင္ အခုလုိ သစၥာေလးဆိုေပါ့။ သစၥာဆိုတာ ကိုယ့္အတြက္ တင္မဟုတ္ဘူး၊ ကိုယ့္ရဲ႕ ပတ္ဝန္းက်င္အတြက္ပါ အကုန္ပါတယ္။
ၾကည့္ေလ...။
____________________

“ယံ ကိဥၥိ ဝိတၱံ ဣဓ ဝါ ဟုရံ ဝါ၊
သေဂၢသု ဝါ ယံ ရတနံ ပဏီတံ၊
န ေနာ သမံ အတၳိ တထာဂေတန၊
ဣဒမၸိ ဗုေဒၶ ရတနံ ပဏီတံ၊
ဧေတန သေစၥန သုဝတၳိ ေဟာတု။

ဣဒမၸိ ဓေမၼ ရတနံ ပဏီတံ၊
ဧေတန သေစၥန သုဝတၳိ ေဟာတု။

ဣဒမၸိ သံေဃ ရတနံ ပဏီတံ၊
ဧေတန သေစၥန သုဝတၳိ ေဟာတု။”

ဘုရား၊ တရား၊ သံဃာနဲ႔ ပါတ္သက္ၿပီး သစၥာဆိုပံုကိုၾကည့္။ ဗမာလို အဓိပၸာယ္ကလည္း ရွင္းရွင္းပဲ။

“ယံ ကိဥၥိ ဝိတၱံ ဣဓ ဝါ ဟုရံ ဝါ၊ သေဂၢသု ဝါ ယံ
ရတနံ ပဏီတံ” ဒီလိုဆိုလိုတယ္။ အဲဒီေတာ့

“ယံ ကိဥၥိ ဝိတၱံ”-
ေလာကမွာ ႏွစ္သက္စရာေကာင္းလွတဲ့ ပစၥည္းဥစၥာ၊ ဒီလူ႔ျပည္မွာ
ရွိတဲ့ဟာေရာ၊ တျခားေလာကမွာ ရွိတာေတြေရာ၊ နတ္ျပည္မွာရွိတာေတြေရာ၊ ေလာကမွာ ရတနာေတြဟာ ကမ႓ာမွာ ရွိတယ္။

“ယံ ကိဥၥိ”-
ရွိသမွ် ရတနာေတြအားလံုး၊

“န ေနာ သမံ အတၳိ တထာဂေတန”-
ျမတ္စြာဘုရားဆိုတဲ့ရတနာနဲ႔ တူတဲ့ ရတနာ မရွိပါဘူး။

လူေတြပိုင္ဆိုင္ၾကတဲ့ စိန္ပဲျဖစ္ျဖစ္၊ ေရႊပဲျဖစ္ျဖစ္၊ ေငြပဲျဖစ္ျဖစ္၊
ေက်ာက္သံပတၲျမားေတြပဲျဖစ္ျဖစ္ အဲဒီ ရတနာေတြ ေျမာက္မ်ားစြာ ရွိတယ္။ ကမ႓ာမွာရွိတဲ့ ဒီရတနာေတြရဲ႕ တန္ဖိုးဟာ ျမတ္စြာဘုရား
တည္းဟူေသာ ရတနာကို မမီပါဘူး။ ဒီလို ဆိုလိုတယ္။ အဲဒါဟာ
မွန္ကန္ေသာစကားတစ္ခုျဖစ္တယ္။

“ဣဒမၸိ ဗုေဒၶ ရတနံ”-
ေလာကမွာရွိတဲ့ ရတနာေတြထက္ .. ပိုၿပီးေတာ့ ထူးျမတ္တဲ့ရတနာ၊ ႏွစ္သက္စရာေကာင္းတဲ့ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ ဒီ ထူးျခားတဲ့ တန္ဖိုးရွိလွတဲ့ တရားေတြ ျမတ္စြာဘုရားရဲ႕ သႏၲာန္မွာ ရွိတယ္။
တရားမွာ ရွိတယ္၊ သံဃာမွာ ရွိတယ္။

အဲဒီမွန္ေသာစကားကို ဆိုရေသာေၾကာင့္ ...
သတၱဝါေတြ ခ်မ္းသာၾကပါေစ။
ဒါ “သစၥာဆိုၿပီးေတာ့ ေမတၱာပြားတဲ့နည္း” ပဲ။
___________________

အဲဒီေတာ့ နံနက္မိုးေသာက္ အလင္းေရာက္တဲ့အခါ ကိုယ့္အတြက္တင္မကဘူး၊ အမ်ားသတၱဝါေတြအတြက္ပါ သစၥာဆိုၿပီးေတာ့
ေမတၱာပြားတာဟာ အလြန္ေကာင္းတဲ့ အလုပ္တစ္ခုေပါ့။ အဲဒီေတာ့ အလြန္ေကာင္းတဲ့ အလုပ္တစ္ခုကို မွန္မွန္ကန္ကန္ လုပ္သြား
မယ္ဆိုလို႔ရွိရင္ ေကာင္းက်ိဳးခ်မ္းသာေတြ ရမွာပဲ။

နံနက္ပိုင္းမွာ ဒီလိုလုပ္ဖို႔အတြက္ ေရွးဆရာေတာ္ႀကီးေတြက ထိုထိုပါဠိေတာ္ေတြကေန ထုတ္ႏႈတ္ၿပီးေတာ့ ဒီလိုေရးသားခဲ့ၾကတာ
ျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ ေန႔စဥ္နဲ႔အမွ် ေကာင္းက်ိဳးခ်မ္းသာေတြကို လိုခ်င္တယ္၊ တစ္ေန႔တာ ျဖတ္သန္းတဲ့အခါမွာ နံနက္ပိုင္းမွာ

ေကာင္းက်ိဳးခ်မ္းသာေတြ ရခ်င္တယ္၊ ေန႔လယ္ပိုင္းမွာ ေကာင္းက်ိဳးခ်မ္းသာေတြ ရခ်င္တယ္၊ ညေနပိုင္းမွာ ေကာင္းက်ိဳးခ်မ္းသာေတြ ရခ်င္တယ္ ဆိုလို႔ရွိရင္ ဒီအတိုင္း လိုက္နာၾကရမယ္။

ပါေမာကၡခ်ဳပ္ဆရာေတာ္
ေဒါက္တာအရွင္နႏၵမာလာဘိဝံသ

Young Buddhist Association
​ေမတၱာျဖင္​့ မွ်​ေဝပါသည္​ ၊
ကိုယ္​စိတ္​ရႊင္​လန္​း​ေအးခ်မ္​းၾကပါ​ေစ ။ ။
# Unicode Version ျဖင့္ ဖတ္ပါ #
 လောကမှာ ... သစ္စာဟာ အစွမ်းတန်ခိုး အင်မတန်မှ ထက်တယ်။ လူတွေက သစ္စာဆိုမှု အင်မတန်မှ နည်းကြတယ်။ တကယ်
ကိုယ့်ဟာကိုယ် သစ္စာဆိုပြီးတော့ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို
တောင်းလို့ရှိရင် သစ္စာရဲ့စွမ်းအားဟာ ရှိတယ်။

မယုံရင်တော့ လုပ်ကြည့်ပေါ့။ တစ်ခါတည်းနဲ့တော့ ရချင်မှ ရမှာပေါ့။ ဘာဖြစ်လို့တုန်းဆိုတော့ သစ္စာစကားဟာ မှန်ကန်ဖို့လဲ လိုအပ်
တယ်။ မှန်မှန်ကန်ကန်လည်း ဆိုရမယ်။ စိတ်စွမ်းအားတွေအားလုံး အသုံးချပြီးတော့ လုပ်ဖို့ လိုအပ်တယ်။ သစ္စာဆိုတာ မှန်တာကိုပြောတာ။ ကိုယ့်ဟာကိုယ်လည်း သစ္စာဆိုလို့ရတယ်။ ကိုယ့်ဟာကိုယ်ဆိုရင် အမှားရှိချင်ရှိနေမယ်။

ဒါကြောင့်မို့ ... ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ သစ္စာဆိုပုံကို ရတန
သုတ်ကနေယူပြီး နံနက်ခင်းမှာ သစ္စာဆိုနိုင်အောင်လို့ ဒီမှာထည့်
သွင်းထားတာ။

ဒါ မနက်မိုးသောက် အိပ်ရာက ထလာလို့ရှိရင် လုပ်ရမယ့် အလုပ်
ကလေးတွေပဲ။ အလုပ်သွားပြီ၊ တစ်ခုခု လုပ်ငန်းကိုင်တာတွေလုပ်ပြီ ဆိုလို့ရှိရင် အခုလို သစ္စာလေးဆိုပေါ့။ သစ္စာဆိုတာ ကိုယ့်အတွက် တင်မဟုတ်ဘူး၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်အတွက်ပါ အကုန်ပါတယ်။
ကြည့်လေ...။
____________________

“ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ၊
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။”

ဘုရား၊ တရား၊ သံဃာနဲ့ ပါတ်သက်ပြီး သစ္စာဆိုပုံကိုကြည့်။ ဗမာလို အဓိပ္ပာယ်ကလည်း ရှင်းရှင်းပဲ။

“ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ
ရတနံ ပဏီတံ” ဒီလိုဆိုလိုတယ်။ အဲဒီတော့

“ယံ ကိဉ္စိ ဝိတ္တံ”-
လောကမှာ နှစ်သက်စရာကောင်းလှတဲ့ ပစ္စည်းဥစ္စာ၊ ဒီလူ့ပြည်မှာ
ရှိတဲ့ဟာရော၊ တခြားလောကမှာ ရှိတာတွေရော၊ နတ်ပြည်မှာရှိတာတွေရော၊ လောကမှာ ရတနာတွေဟာ ကမ္ဘာမှာ ရှိတယ်။

“ယံ ကိဉ္စိ”-
ရှိသမျှ ရတနာတွေအားလုံး၊

“န နော သမံ အတ္ထိ တထာဂတေန”-
မြတ်စွာဘုရားဆိုတဲ့ရတနာနဲ့ တူတဲ့ ရတနာ မရှိပါဘူး။

လူတွေပိုင်ဆိုင်ကြတဲ့ စိန်ပဲဖြစ်ဖြစ်၊ ရွှေပဲဖြစ်ဖြစ်၊ ငွေပဲဖြစ်ဖြစ်၊
ကျောက်သံပတ္တမြားတွေပဲဖြစ်ဖြစ် အဲဒီ ရတနာတွေ မြောက်များစွာ ရှိတယ်။ ကမ္ဘာမှာရှိတဲ့ ဒီရတနာတွေရဲ့ တန်ဖိုးဟာ မြတ်စွာဘုရား
တည်းဟူသော ရတနာကို မမီပါဘူး။ ဒီလို ဆိုလိုတယ်။ အဲဒါဟာ
မှန်ကန်သောစကားတစ်ခုဖြစ်တယ်။

“ဣဒမ္ပိ ဗုဒ္ဓေ ရတနံ”-
လောကမှာရှိတဲ့ ရတနာတွေထက် .. ပိုပြီးတော့ ထူးမြတ်တဲ့ရတနာ၊ နှစ်သက်စရာကောင်းတဲ့ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ ဒီ ထူးခြားတဲ့ တန်ဖိုးရှိလှတဲ့ တရားတွေ မြတ်စွာဘုရားရဲ့ သန္တာန်မှာ ရှိတယ်။
တရားမှာ ရှိတယ်၊ သံဃာမှာ ရှိတယ်။

အဲဒီမှန်သောစကားကို ဆိုရသောကြောင့် ...
သတ္တဝါတွေ ချမ်းသာကြပါစေ။
ဒါ “သစ္စာဆိုပြီးတော့ မေတ္တာပွားတဲ့နည်း” ပဲ။
___________________

အဲဒီတော့ နံနက်မိုးသောက် အလင်းရောက်တဲ့အခါ ကိုယ့်အတွက်တင်မကဘူး၊ အများသတ္တဝါတွေအတွက်ပါ သစ္စာဆိုပြီးတော့
မေတ္တာပွားတာဟာ အလွန်ကောင်းတဲ့ အလုပ်တစ်ခုပေါ့။ အဲဒီတော့ အလွန်ကောင်းတဲ့ အလုပ်တစ်ခုကို မှန်မှန်ကန်ကန် လုပ်သွား
မယ်ဆိုလို့ရှိရင် ကောင်းကျိုးချမ်းသာတွေ ရမှာပဲ။

နံနက်ပိုင်းမှာ ဒီလိုလုပ်ဖို့အတွက် ရှေးဆရာတော်ကြီးတွေက ထိုထိုပါဠိတော်တွေကနေ ထုတ်နှုတ်ပြီးတော့ ဒီလိုရေးသားခဲ့ကြတာ
ဖြစ်တယ်။ ဒါကြောင့်မို့လို့ နေ့စဉ်နဲ့အမျှ ကောင်းကျိုးချမ်းသာတွေကို လိုချင်တယ်၊ တစ်နေ့တာ ဖြတ်သန်းတဲ့အခါမှာ နံနက်ပိုင်းမှာ

ကောင်းကျိုးချမ်းသာတွေ ရချင်တယ်၊ နေ့လယ်ပိုင်းမှာ ကောင်းကျိုးချမ်းသာတွေ ရချင်တယ်၊ ညနေပိုင်းမှာ ကောင်းကျိုးချမ်းသာတွေ ရချင်တယ် ဆိုလို့ရှိရင် ဒီအတိုင်း လိုက်နာကြရမယ်။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Young Buddhist Association
မေတ္တာဖြင့် မျှဝေပါသည် ၊
ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ ။ ။

No comments:

Post a Comment