Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 13, 2018

ရန်ကုန်သာကေတမှ ပျောက်ဆုံး ရခိုင်ကလေးငယ် ကျောက်တော်မြို့မဟာမြတ်မုနိဘုရားတွင် ပြန်လည်တွေ့



နိရဉ္စရာ၊ စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အထက ၂ သာကေတ တွင် စာသင်ကြားနေသော ရခိုင်လူမျိုး ကလေးငယ်တစ်ဦး ကျောင်းတက်ရန်သွားရာမှ ပျောက်သွားသည်မှာ ၃ ရက်ခန့် ရှိနေပြီး ယခုအခါ ၎င်းကလေးငယ်ကို ကျောက်တော်မြို့ မဟာမြတ်မုနိ ဘုရားအနီးတွင် ပြန်လည် တွေ့ရှိ ထားသည်ဟု သတင်းရရှိသည်။

ပျောက်ဆုံးနေသူကလေးငယ်မှာ မောင်မင်းနိုင်စိုး (၁၀) နှစ်ဖြစ်ပြီး အထက ၂ သာကေတတွင် ပဉ္စမတန်း အတန်းပညာကို သင်ယူနေသူဖြစ်ကြောင်းသိရသည်။

စက်တင်ဘာ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီတွင် အမှတ် (၅၇၄)၊ ဝေဇယန္တာအနောက် ၁၂ လမ်း၊ ၆ အနောက် ရပ်ကွက် သာကေတမြို့နယ် ဦးဇေယျာထွန်းနေအိမ်မှ ကျောင်းသို့အသွားတွင် ပျောက်ဆုံး နေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မောင်မင်းနိုင်စိုး၏ လက်ရှိအုပ်ထိန်းသူ ဦးဇေယျာထွန်း က "သူပျောက်ဆုံးနေတာက ဒီနေ့နဲ့ဆို ၃ ရက်ရှိပါပြီ။အခုအချိန်ထိ ရှာမတွေ့သေးပါဘူး။ကျွန်တော်တို့လည်း သာကေတရဲစခန်းမှာ လူပျောက် အမှုဖွင့်တိုင်ကြားထားပါတယ်။ဒီမနက်ပဲ ကျောက်တော်က မဟာမြတ်မုနိဘုရားနားမှာ ပြန်လည် တွေ့ရှိထားတယ်လို့သိရပါတယ်။ဘယ်လိုဘယ်လို ရောက်သွားတယ်ဆိုတဲ့ အကြောင်းရဲ့ ကွင်းဆက်တွေကိုတော့ မသိရသေးပါဘူး"ဟု နိရဉ္စရာ ရခိုင်သတင်းဌာနသို့ ပြောကြားသည်။

မောင်မင်းနိုင်စိုး၏ မိဘများမှာ ကျောက်တော်မြို့ဇာတိဖြစ်ပြီး ၄င်းအား သာကေတမြို့နယ်နေ ဦးလေးတော်စပ်သူ ဦးဇေယျာထွန်း၏အိမ်တွင် နေထိုင်ကာ ပညာသင်ကြားရန် စေလွတ်ထားခြင်း ဖြစ်သည်ဟု သိရသည်။

စိုးဇံအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara

No comments:

Post a Comment