Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 13, 2018

Starbucks ကော်ဖီကုမ္ပဏီ မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ ယာယီရပ်ဆိုင်းထား


တရုတ်ပြည်က Starbucks ကော်ဖီဆိုင်တစ်ခုကို တွေ့ရစဉ်/ Photo: WANG ZHAO/AFP
ကမ္ဘာကျော် စတားဘက် Starbucks  ကော်ဖီ ကုမ္ပဏီက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ယာယီရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဒီနေ့ RFA ကို အတည်ပြုပြောဆိုပါတယ်။

ကမ္ဘာ့စီးပွားရေးအခြေနေကြောင့် ယာယီရပ်နားထားမယ်လို့ စတားဘက် Starbucks ကုမ္ပဏီက ဆက်သွယ်ပြော ကြားလာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က ပြောပါတယ်။

Starbucks ကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ခြောက်သန်း ရင်းနှီးမြှုပ်နှံပြီး Sule Square အပါဝင် ဆိုင်ခွဲပေါင်း ၂၀ ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က Starbucks ကော်ဖီကို မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

Starbucks ကုမ္ပဏီ က ရန်ကုန်မြို့ Sule Square မှာ ဖွင့်လှစ်မယ်လို့ ကြေညာခဲ့ပေမဲ့ Sule Square တာဝန်ရှိသူတွေကို အကြောင်းတစ်စုံတရာ မကြားခဲ့သလို အခုလို ယာယီရပ်ဆိုင်းတာကိုလည်း အကြောင်းမကြားခဲ့ဘူးလို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese

No comments:

Post a Comment