Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 23, 2018

မင်းဒင် Vs မင်းလွင်


မင်းဒင် ( ခ )ဖိုးတွမ်တီး ကြည်ညွှန့်အား ကြည်ညိုသူများသိစေရန်
••••••••••••••••••••••••••••••••••••••••••••••••••••

စာရေးဆရာ မင်းဒင် အမည်ခံ မင်းဒင် ခေါ် ဦးကြည်ညွန့်အကြောင်း

ကျွန်တော် ဘယ်သူ့ပုဂ္ဂိုလ်ရေးအကြောင်းမှ စိတ်မဝင်စားသလို ဘယ်သူ့ကိုမှလည်း ဘယ်တုန်းကမှ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု မလုပ်ပါဘူး။ အခု မင်းဒင်ဟာ စာရေးဆရာ အမည်ခံပြီး လူထုကို လမ်းလွဲပို့ဖို့ အရှိန်မြှင့် လုပ်ဆောင်လာတာတွေ သိပ်များလာတဲ့အတွက် သူ့စာဖတ်ပရိသတ်တွေ သိရအောင် သူ ဘယ်သူလဲ ပြောဖို့ ကျွန်တော့်မှာ တာဝန်ရှိလာပါတယ်။

မင်းဒင်က Eleven မှာ ရေးချင်လှချေရဲ့ဆိုပြီး သူ့ဘာသာဆက်သွယ်ပြီး ပြောလို့သူ့ဆောင်းပါးကလည်း သိပ်မဆိုးလှတာမို့ Eleven က တစ်ပုဒ်လား နှစ်ပုဒ်လား မသိ။ သူ့ဆောင်းပါး ထည့်ပေးဖူးတယ်။ နောက် မကြိုက်လို့ မထည့်တော့တာကို Eleven က သူ့ကို guidelines ချပေးတာ မကြိုက်လို့ မရေးတော့တာဆိုပြီး Eleven ကို တိုက်ခိုက်နေသူ တစ်ယောက်ရဲ့ ပို့စ်အောက်မှာ သွားမန့်တယ်။ အဲ့ဒီအချိန် သူက NLD လော်ဘီအုပ်စုကို ဝင်လုံးပြီး သပ်သျှိုဖို့ ကြိုးစားနေတာကိုး။ Eleven အယ်ဒီတာချုပ် ကိုဝေဖြိုးက သူ့ကို cb ထဲကနေ ခင်ဗျားကို ဘယ်သူက ရေးခိုင်းလို့လဲလို့ ဝင်ကောတော့ ပြန်တောင်းပန်တယ်။

မင်းဒင် ဘယ်သူလဲဆိုတာ ပြောရရင် အမည်ရင်းက ဦးကြည်ညွန့်။လက်ရှိနေရပ်က ထိုင်းနိုင်ငံ ဖူးခက်မြို့ပါ။ အလုပ်အကိုင်ကတော့ ဈေးဆိုင်ဖွင့်တာပါ။ ယခင်အလုပ်အကိုင်ကို ပြောရရင် စစ်အစိုးရလက်ထက် ထောက်လှမ်းရေးပါပဲ။ နောက်တော့ ပုဒ်မ ၄၂၀ လိမ်လည်မှုနဲ့ ထောင်ကျတယ်။ ပြီးတော့ ရဲဘက်စခန်းကနေ ထွက်ပြေးတယ်။

ဖိုးကံကောင်း(ခ) တပ်ကြပ်ကြီးလှဌေး (ခ) ဝေမှိုင်းညို (မြက်ခင်းသစ်) (ခ)
ဖိုးကံကောင်းက ဦးကြည်ညွန့်အိမ်မှာ အခြေစိုက်ပြီး နိုင်ငံတကာက ထောက်လှမ်းရေးဟောင်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဦးကြည်ညွန့် အကူအညီယူပြီး ဆက်သွယ်ခဲ့တာပါ။ ဦးခင်ညွန့် ရေးဆွဲပေးတဲ့ ရွှေပြည်တော် စီမံကိန်းနဲ့ အာဏာသိမ်းမယ်လို့ ဆိုပါတယ်။
၂၀၀၈ အခြေခံဥပဒေအပေါ်သဘောထားကိုလိုက်တီးခေါက်နေပြီး အဲ့ဒီကာလက ဧရာဝတီ မဂ္ဂဇင်းကိုပါ ဆက်သွယ်ပြီး အလုပ်တောင်းခဲ့ပါသေးတယ်။

သူက ထောက်လှမ်းရေးတွေရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ငယ်ပေါင်းကြီးဖော်ပုခုံးဖက်ပေါင်းလာသူလိုလို လူတိုင်းကို ၀င်ရောတတ်ပါတယ်။ ကိုမိုးသီးဇွန်နဲ့ ဦးကြည်ညွန့်က တစ်ခါပဲ
မဲဆောက်ဈေးမှာ တွေ့ ဖူးတာပါ။ သူ့ဘာသာ အတင်းဝင်ရောပြီး လာမိတ်ဆက်တာပါ။ အဲ့ဒီတစ်ခါပဲ တွေ့ဖူးပါတယ်တဲ့။ အဲဒီထက်မပိုပါဘူး။ ကိုမိုးသီးဇွန်က သူ ဘယ်သူဆိုတာတောင် မသိပါဘူးတဲ့။

သူ့ရဲ့ စာဖတ်ပရိသတ်တွေကို တစ်ခုတော့ ထောက်ပြပါမယ်။သူ့ရဲ့ ဖြစ်ပျက်ရှာပုံတော် စာအုပ်ထဲမှာမြိတ်ဝင်းထိန်ရဲ့ ရုပ်ပြထဲက တိုက်ရိုက်ကူးချထားတဲ့ အချက်အလက်တွေ ပါဝင်တယ်ဆိုတဲ့အကြောင်းပါ။ ထိုင်းက ရွှေ့ပြောင်းလုပ်သားတွေအတွက် လှူဒါန်းတဲ့ စာအုပ်အားလုံးကို သူ့အိမ်မှာ မောင်ပိုင်စီးထားပြီး ဘယ်အဖွဲ့အစည်းကိုမှ ပြန်မပေးပါဘူး။ ထိုင်းက မြန်မာတွေကို ဘာမှ အကူအညီ ပေးခဲ့ဖူးတာလည်း မရှိပါဘူး။ သူ့အကြောင်း ထိုင်းက မြန်မာတော်တော်များများ သိတာမို့ မေးကြည့်နိုင်ပါတယ်။

သူတို့ အဖွဲ့ရဲ့ ရည်ရွယ်ချက်က တော်လှန်ရေးအင်အားစုနဲ့ ခေါင်းဆောင်တွေကို နာမည်ဖျက် သိက္ခာချဖို့နဲ့ အောင်ဆန်းစုကြည်ရဲ့ အရိပ်နဲ့ အကာအကွယ်ကို ယူပြီး ပြည်သူလူထုကို သူတို့လိုချင်တဲ့ လမ်းကြောင်းပေါ် ဆွဲခေါ်ဖို့ပါပဲ။

Copy from ဆရာနရီမင်း


နွားရီမင်းဆုံးမစာ။ ။

ဒီရက်ပိုင်းမှာဘာအခြေအမြစ်မှမရှိဘဲ၊ကျုပ်ကိုဝေဖန်တိုက်ခိုက်ထားတဲ့၊
စာတစ်ပုဒ်ပြန်တက်လာတာတွေ့ရတယ်။အဲဒီအပုပ်ချတဲ့စာကိုရေးသူ
ကတော့ အလဲဗင်းအယ်ဒီတာနရီမင်းခေါ်မင်းလွင်ပါပဲ။

အဲဒီစာကို၊ Thet Htut Win ခေါ် ဆရာဆယ်ဆိုတဲ့နွားကလည်းဝမ်းသာ
အားရထပ်ဖြန့်တယ်။

သူတပါးနစ်နာ၊ပျက်စီးရာပျက်စီးကြောင်းလုပ်ကြံပြီးရေးတင်တဲ့သူမို့၊
အဲဒီသူတွေဟာဆရာဝန်ဆိုရင်လည်းနွားဆရာဝန်၊ကဗျာဆရာဆိုရင်
လည်းနွားကဗျာဆရာ၊ဖြန့်တဲ့သူကိုလည်း၊နွားကျူရှင်ဆရာစာရင်းသွင်း
ရပါလိမ့်မယ်။

အခုတုံ့ပြန်ချက်က အဲဒီနွားဆီပြန်ကြားစာမဟုတ်ပါဘူး။နဝေတိမ်တောင်
ဖြစ်နေတဲ့စာဖတ်သူတချို့ကိုရည်ရွယ်တာပါ။တကယ်ဆိုအသက်အရွယ်
နဲ့ဆင်ခြင်တုံတရားအရ၊ဒီလိုစာမျိုးကိုမရေးချင်တာလည်းအမှန်ပါပဲ။

လောကကြီးမှာပြစ်တင်ကဲ့ရဲ့ခံရခြင်းကင်းတဲ့သူဆိုတာ ဟိုးတုန်းကလည်း မရှိခဲ့ဘူး။အခုလည်းမရှိဘူး။နောင်လည်းရှိမှာမဟုတ်ဘူးလို့ ဗုဒ္ဓတရား
တော်မှာပြဆိုပါတယ်။

အနာဂါမ်လို့သမုဒ်ခံရတဲ့ ဆရာသက်ကြီး၊တရားပြဆရာလုပ်ကာမှ၊စပါး
သူခိုးလို့စွပ်စွဲခံရတယ်။ဘုရားရှင်သီတင်းသုံးရာ၊ဇေတဝန်ကျောင်းတော်
နားမှာ၊ပြည့်တန်ဆာကိုသတ်ပြီးတော့၊ဘုရားရှင်နဲ့သူ့နောက်လိုက်တွေ
လက်ချက်ပါလို့စွပ်စွဲခံခဲ့ရဖူးတယ်။အထင်ရှားဆုံးကတော့၊ဗုဒ္ဓကိုယ်တော်
တိုင်ကို၊ဇိဉ္ဇမာနက၊တရားပွဲအလယ်မှာ သူ့ကိုယ်ဝန်ဟာ ဂေါတမနဲ့ရတာ
ပါလို့စွပ်စွဲခဲ့ဖူးခြင်းပါပဲ။

ဘုရားရှင်တို့၊အနာဂါမ်ဆရာသက်ကြီးတို့က အရင့်အမာပုဂ္ဂိုလ်ကြီးတွေ
မို့၊မေတ္တာတရားနဲ့၊ငြိမ်းအေးစေခဲ့ပေမဲ့၊လူသာမန်ပမွှားကျုပ်အဖို့
တော့၊နွားရူးနွားမိုက်ကိုမေတ္တာသုတ်ရွတ်ရုံနဲ့၊မငြိမ်းအေးနိုင်ဘူးလို့ ယုံ
ကြည်တာကြောင့်၊အဲဒီနွားရဲ့ချို(ဂျို)ကို ရိုက်ချိုးဆုံးမဖို့၊ဒီစာကိုရေးလိုက်
တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ(ငြိမ်း)ဦးထင်ကျော်ကို၊ညစ်ညမ်းတဲ့
အသုံးအနှုံးတွေနဲ့၊အပုပ်ချခဲ့တဲ့၊အပုပ်ချနေဆဲဖြစ်တဲ့၊ နွားရီမင်းရဲ့၊
အခြေအမြစ်မရှိတဲ့၊လီဆယ်လုပ်ကြံရေးသားချက်တွေကို တစ်ခုချင်း၊
ကျုပ်ဖြေရှင်းရရင်...၊

၁။ ကျုပ်ဟာ၊စာရေးဆရာအမည်ခံပြီးလူထုကိုလမ်းလွဲရောက်အောင်တွန်းပို့
နေသတဲ့။
(နွားပါးစပ်ကနတ်စကားထွက်လို့ကွာ။မင်းရေးတဲ့စာတွေကိုမင်းပြန်ဖတ်ပါဦး။တတိုင်းပြည်လုံးပျက်စီးရာပျက်စီးကြောင်း၊ယုတ်ယုတ်မာမာစကားလုံးတွေနဲ့၊အမြဲလိုလို၊ရေးတင်နေတာ၊မင်းကိုယ်တိုင်ဟ။ငါရေးတဲ့စာ
တစ်ကြောင်းမှာလူထုကိုလမ်းလွဲရောက်စေတာပါရင်၊ချက်ချင်းဆွဲ
ထုတ်ပြလိုက်ပါ။)

၂။အလဲဗင်းမှာစာမူပါချင်လို့၊အယ်ဒီတာဝေဖြိုးကို၊အတင်းခယတောင်းပန်
လို့၊ဝေဖြိုးက အားနာပါးနာနဲ့ထည့်ပေးလိုက်သတဲ့။

(ရူးပါ့ကွာ။ငါ့ရဲ့ပွဲဦးထွက်လက်ရာ မင်းဒင်ရဲ့သက်ခိုင်ဟာအုပ်ရေသိန်းချီပြီး၊
ရိုက်နှိပ်ခဲ့ရလို့၊ဇာတိရွာမှာမူလတန်းကျောင်း၊စာကြည့်တိုက်နဲ့၊စက်ရေ
တွင်းတွေလှူနိုင်အထိဆိုတာ၊မင်းလိုနွားက ဘယ်သိပါ့မလဲ။ငါရေးခဲ့သမျှ
စာအုပ်(၁၂)အုပ်မှာ (၇)အုပ်က အရောင်းရဆုံးစာရင်းဝင်တယ်။သက်ခိုင်
ဆိုရင်ခြောက်လဆက်တိုက်၊အရောင်းရဆုံးစာရင်းမှာထိပ်ဆုံးကရှိခဲ့တယ်။လက်ရှိအခြေအနေမှာငါ့စာမူကိုတောင်းနေတဲ့ဂျာနယ်နဲ့သတင်းစာတိုက်
တွေတပြုံကြီးကွ။ငါ့ကိုအလဲဗင်းမှာရေးပါလို့တောင်းဆိုတာက၊မင်းပထွေး
သန်းထွဋ်အောင်ဆိုတာလည်းမင်းသိပုံမရဘူး။သန်းထွဋ်အောင်နဲ့ငါ၊
အပြန်အလှန်ပြောထားတဲ့ ချပ်တင်တွေသက်သေအခိုင်အမာရှိတယ်။)

၃။ မင်းဒင်ဟာ စစ်အစိုးရလက်ထက်က ထောက်လှမ်းရေးပါပဲ တဲ့။

(တကယ့်ငပေါပါလား။ငါဟာ ဆရာအတတ်သင်တက်ခဲ့တယ်။အင်းစိန်
ဂျီတီအိုင်တက်ခဲ့တယ်။ဥပဒေဘွဲ့ကိုစာပေးစာယူနဲ့ရခဲ့တယ်။(၈၈)မှာ
ဗိုလ်မှူးကြီးစိန်မြကိုတောထဲပို့တဲ့အမှုနဲ့၊ထောက်လှမ်းရေးအကူတပ်
အမှတ်(၆)မှာအဖမ်းခံရတယ်။နင့်အမေကလွှား ငါက ဘယ်လိုလုပ်ပြီး
စစ်ထောက်လှမ်းရေးဖြစ်ရသတုန်း။သက်သေအထောက်အထားအခိုင်
အမာနဲ့၊ပြောစမ်းပါနွားလေးရာ။)

၎။ ငါက ဧရာဝတီသတင်းဌာနကိုဆက်သွယ်ပြီး၊အလုပ်တောင်းခဲ့တယ်
ဟုတ်လား။
(လဲသာသေလိုက်ပါကွာ။ဧရာဝတီအောင်ဇော်မသေသေးပါဘူး။လှမ်းမေး
ကြည့်ပါဦးဟ။)

၅။ ငါက မိုးသီးဇွန်ကို ဈေးထဲမှာတွေ့ပြီး၊အတင်းလိုက်ကပ်ခဲ့တာ တဲ့။

(ခွေးကိုက်တာ၊နွားခွေ့တာထက်နာတယ်ကွာ။၂၀၀၅ သတင်းသမဂ္ဂ
ညီလာခံချင်းမိုင်မှာ မင်းအဖေနဲ့စတွေ့တာဟ။ငါက မိုးသီးဇွန်ကို
ခင်ဗျား အေဘီတောင်ပိုင်းလူသတ်မှုနဲ့ပတ်သက်ပြီးသတင်းတွေထွက်
နေတယ်။ကျုပ်အဲဒီအကြောင်းစာရေးချင်တယ်။တခုခုပြောပါဦးဆိုတော့
မင်းအဖေက မဟုတ်ပါဘူးဗျာ။ခင်ဗျားရေးရင်ထိန်းထိန်းသိမ်းသိမ်းရေးပါ
လို့၊တုံ့ပြန်သကွ။အခုတော့ အဲဒီကိုဌေးနိုင်သတ်မှုက လူတကာသိနေပြီ
လေ။မင်းကွာ အခု ဖူးခက်မြို့တော်ဝန်နဲ့၊ထိုင်းအာဏာသိမ်းစစ်တပ်က
ဗိုလ်ချုပ်ကြီးအဆင့်တောင် ငါက တရင်းတနှီးပေါင်းနေတဲ့အဆင့်ဟ။မင်း
အဖေမိုးသီးဇွန်လိုလူကို ဘာအကြောင်းနဲ့ ခယစရာအကြောင်းရှိသတုန်း။)

၆။ဖြစ်ပျက်ရှာပုံတော်ခရီးသည်ဟာ ကာတွန်းမြိတ်ဝင်းထိန်ရဲ့ဇာတ်
လမ်းကို ကူးချတာတဲ့။

(အရူးပြောအရူးယုံပေတော့။တကယ်တော့ ဖြစ်ပျက်ဆိုတာနဲ့၊မင်းလို
နွားနဲ့အဝေးကြီးပါ။ကာတွန်းမြိတ်ဝင်းထိန်ဘယ်လိုဇာတ်လမ်းတွေရေး
တယ်ဆိုတာလောက်တောင်၊မင်းသိပုံမရဘူး။)

၇။ ဖူးခက်ရွေ့ပြောင်းလုပ်သားစာကြည့်တိုက်ကစာအုပ်တွေကို ငါက ဘုန်းသတဲ့လား။

(လေဖမ်းဝါးတန်းမချည်လေနဲ့နွားရေ။အဲဒီစာအုပ်တွေကို ဖူးခက်ပါတောင်
မှာဖွင့်တဲ့ပညာအလင်းစာကြည့်တိုက်ကိုလွှဲပေးပြီးရုံမက၊ငါ့ကိုယ်ပိုင်စာ
အုပ်တွေအပြင်၊အလှူငွေဘတ်သုံးသောင်းပါထည့်ပေးလိုက်တာ၊မင်းလို
နွားသိမှာမဟုတ်ဘူး။)

၈။ ရဲဘက်ပြေးတဲ့။

(ငါယောက်ျားကွ။အဲဒီဖြစ်စဉ်အသေးစိတ်ကို၊မင်းဒင်ရဲ့သက်ခိုင်စာ
အုပ်မှာ အပြည့်အစုံဝန်ခံရေးပြထားပြီးသားဟ။စာဖတ်နာသူတိုင်း
မင်းဒင်ရဲ့သက်ခိုင်ဟာ ငါ့ဘဝအတွေ့အကြုံကို အခြေခံပြီးရေးထား
တာဆိုတာ သိပြီးသား။ငါဖြစ်ခဲ့တဲ့အမှုက ဆိုင်းဘုတ်ပြောင်းတင်တဲ့
အမှု။ငွေကြေးကိစ္စတစ်ပြားတစ်ချပ်မှ မပါဘူး။)

၉။ အဆိုးဆုံးကတော့ ဖိုးတွမ်တီးဆိုပဲ။

(လေကုန်ခံပြီး၊ရှည်ရှည်ဝေးဝေးမရှင်းတော့ဘူးကွာ။ငါ့ကြောင့်တစုံတရာ
နစ်နာမှုရှိခဲ့ရင်၊မည်သူမဆို၊ဖုန်းနံပတ် +၆၆(၀)၀၈၁၇၁၉၁၀၉၂ ကို
အချိန်မရွေးဆက်ခိုင်းလိုက်ပါကွာ။ကျေလည်ပြီးပြတ်သည်အထိရှင်းပေးပါ့မယ်။ဒိထက်ရှင်းရရင်၊ဂျပန်ရေချိုးသလိုဖြစ်တော့မယ်။သူတပါးသိက္ခာကျရင် ပြီးရောဆိုပြီး၊နွားစိတ်မမွေးလေနဲ့။)

တကယ်တော့ နွားရီမင်းဆိုတဲ့ကောင်ဟာ၊ကျုပ်အကြောင်းကိုနကန်း
တစ်လုံးမှ၊သိပုံမရဘူး။သိရင်လည်းဒီလိုစာမျိုးမရေးရဲလောက်ဘူး။
ကံဆိုးရင် ဘယ်သူ့လက်ချက်မှန်းမသိပဲ၊သူ့ဆရာလို ကုန်းသီးစာမိမှာ။

ဒီကိစ္စအားလုံးရဲ့လက်သည်တရားခံကတော့ ကျော်ဝင်းဆိုတဲ့နွားလေး
ပါပဲ။အဲဒီနွားလေးက ကျုပ်အကြောင်းမဟုတ်တမ်းတရားတွေကို၊သူ့
ယောက်ဖနွားရီမင်းကိုဖောက်သည်ချခဲ့တာ။သူ့အဖေက ပန်းချီဆရာ
ဦးမောင်မောင်သိန်းပါ။အဲဒီနွားလေး(၂၀၀၅)ခုနှစ်မှာ ဖူးခက်ကိုရောက်
လာတယ်။ဗကသကဆိုလား၊အကသကဆိုလားပဲ၊ပြည်တွင်းမှာ
အဖမ်းခံရမှာကြောက်လို့ရှောင်လာတာ။

သူယူလာတဲ့ပတ်စပို့အတုကို အသက်ဝင်အောင်၊ဗီဇာအဝင်အထွက်တုံး
တွေလိုက်ထုပေးတာကျုပ်ပဲ။စင်္ကာပူကိုအထွက်ပြလို့ရအောင်၊စင်္ကာပူ
မှာရှိတဲ့ကျုပ်ကုမ္ပဏီကနေ၊ဖိတ်ခေါ်စာလုပ်ပေးခဲ့တယ်။ပတ်စပို့အတု
ဆိုတာ ပေါ်သွားရင်၊ကျုပ်နားကားပြီ။

ထိုင်းမှာ နှစ်ရှည်ဗီဇာရဖို့အတွက်၊ကျုပ်အိပ်ကပ်ထဲက ငွေတွေထုတ်ချေး
ခဲ့တယ်။သူတို့တမိသားစုလုံးဆုံတွေ့နိုင်ဖို့၊ရနောင်းဖူးခက်အသွားအပြန်
ကိုယ်တိုင်အခမဲ့ကားလိုက်မောင်းပို့ခဲ့တယ်။ယုတ်စွအဆုံးသူစင်္ကာပူ
သွားခါနီးမှာ ကျုပ်မစီးရသေးတဲ့ ရှူးဖိနပ်အသစ်စက်စက်တရံကိုထုတ်
ပေးခဲ့ဖူးတယ်။

အဲဒီနွားလေးက ကျုပ်ကျေးဇူးတွေကိုမှမထောက်၊ကျုပ်ကို ဘာကြောင့်
အညိုးအတေးထားခဲ့တာလည်းဆိုတော့၊ကျုပ်ရေးတဲ့သရော်စာတစ်
ပုဒ်မှာသူ့အကြောင်းထည့်ရေးလို့တဲ့ဗျာ။

ကဲ။ဒီလောက်ဆိုနွားရီမင်းရေးတဲ့အပုပ်ချစာအကြောင်းရှင်းလောက်
ပါပြီ။နွားရီမင်းသိစေချင်တာကမင်းလို ကိုယ်ကျင့်တရားမရှိအပုပ်ချ
ကြကြေးဆိုရင်၊မင်းပြည်တွင်းကိုဘယ်လိုခိုးကြောင်ခိုးဝှက်ပြန်လာ
တယ်။မင်းဆရာဝန်ဘွဲ့ရအောင်၊မင်းအမ ဘာနဲ့ရင်းခဲ့တယ်ဆိုတာ
တွေ၊ရေးပြလို့ရတယ်။

အဲဒီအခါကျမှ ချို(ဂျို)ကိုချိုးပစ်ခံရရုံမက၊အသားကိုပါအမဲခြောက်လုပ်
ခံရမယ်။ကြပ်ကြပ်သတိထားပါ။ငါ အစွယ်မကျိုးသေးဘူး။မင်းကံဆိုး
လွန်းပြီးငါနဲ့မျက်နှာချင်းဆိုင်ဆုံမိရင်၊နားထဲကို လေးလက်မသံရိုက်
သွင်းခံရမယ်ဆိုတာ ကြိုကြိုတင်တင်စဉ်းစားထား။ဟုတ်ပြီနော်။ကြိုက်
တဲ့လမ်းကနေ တက်ခဲ့ပေတော့ နွားလေးရေ။ ။
မင်း ဒင်

No comments:

Post a Comment