Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 23, 2018

ညောင်ဦးမြို့နယ် အိုအေစစ်ဘော်ဒါမှ ကျောင်းသား/ကျောင်းသူများ တင်ဆောင်လာသည့် လိုက်ထရပ်ယာဉ် တိမ်းမှောက်



ပုဂံ သြဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့၊ ကြအိုကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ အိုအေစစ်ဘော်ဒါမှ ကျောင်းသား/ကျောင်းသူ (၃၅)ဦး တင်ဆောင်လာသည့် လိုက်ထရပ်ယာဉ် (1J/---)သည် ကြအိုကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ မောင်းပို့စဉ် ကြအိုကျွန်း လမ်းခွဲအနီး ချောက်-စဉ့်ကူ-ပုဂံလမ်း မိုင်တိုင် အမှတ် ၁၂/၂ အနီးတွင် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရှောင်တိမ်းစဉ် ယနေ့နံနက် (၈)နာရီ (၄၀) မိနစ် အချိန်က တိမ်းမှောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ လိုက်ထရပ်ယာဉ်သည် လားရာတူ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ချိတ်မိကာ ဆိုင်ကယ်ပေါ်ပါ (၉) တန်း ကျောင်းသား နှစ်ဦး ပွန်းပဲ့ဒဏ်ရာများရရှိပြီး လိုက်ထရပ်ယာဉ်မှာ ကုန်းကမူအား ဆက်လက် တိုက်မိရာ မော်တော်ယာဉ်ပေါ်မှ ကျောင်းသား (၆)ဦး၊ ကျောင်းသူ (၂၇)ဦး ကားပေါ်မှ လွင့်စင်ကျကာ (၁၀) တန်းကျောင်းသူ မရွှေစင်မြတ် (ဘ) ဦးမောင်ငွေ သမီး သေဆုံးပြီး (၃၄)ဦး ဒဏ်ရာရရှိကာ မောင်မြင့်သူ ၊ မောင်ခန့်စည်သူ တို့အား မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသမှု ခံယူစေလျက်ရှိပြီး ကျန်ကျောင်းသား/ကျောင်းသူ (၃၄)ဦးမှာ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ဦးသန်းလှိုင် အား ညောင်ဦးမြို့နယ် ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

(ကိုထိန်၊ပြန်/ဆက်)

No comments:

Post a Comment