Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 23, 2018

Hard Truths မှ Honey River...


Hard Truths မှ Honey River...
---------------------°°°°°---------------------

"​ဒေါ်​အောင်​ဆန်းစုကြည်​အ​နေဖြင့်​ မြန်​မာနိုင်​ငံအား နိုင်​နင်းစွာ အုပ်​ချုပ်​နိုင်​မည်
မဟုတ်​၊ အုပ်​ချုပ်​ပါက မြန်​မာပြည်​သည်​ ​ဘော့စနီးယား၊ ဟာဇီဂိုဗီးနားကဲ့သို့
တစစီပြိုကွဲသွားလိမ့်​မည်​..။ ထို့​ကြောင့်​သူမအ​နေဖြင့်​ နိုင်​ငံ​ရေးသ​င်္ကေတ တစ်
ခု အ​နေဖြင့်​သာ ​နေသင့်​သည်​..။ မြန်​မာပြည်​အား နိုင်​နင်းစွာ အုပ်​ချုပ်​နိုင်​မည့်
သူမှာ စစ်​တပ်​တစ်​ခုတည်းသာဖြစ်​သည်​.."

လီကွမ်​ယု ( စကာင်္ပူဝန်​ကြီးချုပ်​​ဟောင်း )
(၁၃.၆.၁၉၉၆)

နားဝင်​မချို​သော အမှန်​တရားများ(Hard Truths)​ပြောခဲ့သူ လီကွန်​ယု(ကွယ်
လွန်​) အ​နေနဲ့ ဒီအချိန်​မှာရှိ​နေ​သေးရင်​ နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်
ဒေါ်​အောင်​ဆန်းစုကြည်​ကို ဘာ​ပြော​လေမလဲ ? .. အ​ဖေ​ပြောထားတာကို သား
ဖြစ်​သူ လီရှန်​လွန်းက ဖျက်​လိုက်​နဲ့ဆို​တော့ ကြည့်​လို့​ကောင်းမယ်​ပွဲပဲဆိုတာ..။
အမှန်​တကယ်​ တရုတ်​တို့ လက်​ရုံးဆန့်​လာချိန်​၊ ​တောင်​တရုတ်​ပင်​လယ်​ကျွန်း
များပိုင်​ဆိုင်​မှုပြဿနာ၊ စွမ်းအင်​နဲ့ OBOR Initiative ​ခြေလှမ်းစဖို့ အိန္ဒိယသမုဒ္ဒ
ရာ လွှမ်းမိုးဖို့ လုပ်​လာတာကို စကာင်္ပူဝန်​ကြီးချုပ်​ လီရှန်​လွန်းအ​နေနဲ့ အ​ဖေ့စကား
ကို ​ခြေနဲ့ဖျက်​ခဲ့တာကို တမလွန်​က​နေ မျက်​​ထောင့်​နီကြီးနဲ့ ကြည့်​​နေမလားပဲ..။

၂၀၁၈ခုနှစ်​ ဩဂုတ်​၂၁ရက်မှာ နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်း
စုကြည်​ Singapore` Lecture မိန့်​ခွန်း​ပြောမယ်​..။ မြန်​မာစံ​တော်​ချိန်​ ​နေ့လည်
၁နာရီ ၄၅မိနစ် က​နေ ၂နာရီ၄၅မိနစ်(စကာင်္ပူစံ​တော်​ချိန်​ ၃နာရီ၁၅မိနစ် က​နေ
၎နာရီ၁၅မိနစ်) တစ်​နာရီကြာ ​ဟော​ပြောမှာ ဖြစ်​တယ်​..။

မြန်​မာ့ဒီမိုက​ရေစီအသွင်​ကူး​ပြောင်း​ရေး၊ စိန်​​ခေါ်မှုများနှင့်​ ​ရှေ့လမ်းခရီး (Myan-
mar Democratic Transition: Challenges and Way Forwards) ဆိုတဲ့
ခေါင်းစဉ်​နဲ့ ​ဟော​ပြောမှာ ဖြစ်​ပြီး၊ ကမကထပြုစီစဉ်​တဲ့ Yusof Ishak Institute
ခေါ်တဲ့ အ​ရှေ့​တောင်​အာရှ​လေ့လာ​ရေးအင်​စတီကျူ(ISEAS) ရဲ့ ဖိတ်​ကြားလွှာ
မှာ ​ဖော်​ပြထားတယ်​..။ ISEAS အင်​စတီကျူဟာ စကာင်္ပူလွှတ်​​တော်​က​နေ ဥပ​ဒေ
ပြဌာန်းပြီး ဖွဲ့စည်းတည်​​ထောင်​ထားတဲ့ အဖွဲ့အစည်းတစ်​ခုဖြစ်​သည်​..။ ISEAS
အင်​စတီကျူ ၄၂ကြိမ်​​မြောက်​မှာ ​တောင်​ကိုရီးယားသမ္မတ မွန်​​ဂျေအင်း( Moon
Jae-in)​ဟော​ပြောပြီး၊ ယခု ၄၃ကြိမ်​​မြောက်​မှာ ​ဒေါ်​အောင်​ဆန်းစုကြည်​ ​ဟော
ပြောမှာ ဖြစ်​တယ်​..။

အ​မေရိကန်-တရုတ်​ ကုန်​သွယ်​​ရေးစစ်​ပွဲ(Trade War) ​ကြောင့်​ စကာင်္ပူလို
ထိပ်​တန်းစီးပွား​ရေးနိုင်​ငံအ​နေနဲ့ ခုသာခံသာရှိ​ပေမယ့်​၊ စကာင်္ပူလို ဆိပ်​ကမ်း
နိုင်​ငံအတွက်​ တရုတ်​ရဲ့ အိန္ဒိယသမုဒ္ဒရာဗဟိုဆုံချက်​ သီရိလကာင်္ ဟန်​တန်​ဘို
တန်​ဆိပ်​ကမ်း၊ ဘင်္ဂလား​ဒေ့ရှ်​ စစ်​တ​ကောင်းဆိပ်​ကမ်းနဲ့ မြန်​မာ​ကျောက်​ဖြူ
ရေနက်​ဆိပ်​ကမ်း ဖိုခ​နောက်​ဆိုင်​ကို ထိန်းချုပ်​ပြီးသား လက်​ဦးမှုရယူပြီးသား
ဖြစ်​​နေတာကို စကာင်္ပူအ​နေနဲ့ တစ်​ခုတည်း​သော အသက်​ရှု​ပေါက်​က မြန်​မာ
ဖြစ်​​နေတယ်​ဆိုတာ လီရှန်​လွန်း ​ကောင်း​ကောင်းသ​ဘော​ပေါက်​တယ်​..။
အာဖရိကနဲ့ အ​ရှေ့အလယ်​ပိုင်းက ​ရေနံတင်​သ​ဘောင်္​တွေ၊ ကုန်​တင်​သ​ဘောင်္​တွေ ​တောင်​တရုတ်​ပင်​လယ်​ကို မဖြတ်​​တော့ပဲ၊ ​ကျောက်​ဖြူ​ရေနက်​ဆိပ်​ကမ်းမှာ
ကပ်​ပြီး စွမ်းအင်​နဲ့ ကုန်​စည်​​ရောင်းဝယ်​​ဖောက်​ကားရင်​၊ ​သွေး​ကြောကွန်​ယက်​ ​တွေလို ဖြန့်​ကျက်​ယှက်​နွယ်​ထားတဲ့ OBOR Initiativeသာ ချိတ်​ဆက်​မိရင်​ တရုတ်​ရဲ့ Control​အောက်​ အာရှနိုင်​ငံ​တွေ အကုန်​​ရောက်​သွားမှာ ဖြစ်​တယ်​...။ တရုတ်​တို့ရဲ့ စီးပွား​ရေးမှာ Empireဆန်​တဲ့ Middle kingdom အယူအဆအရဆိုရင်​ ​တောင်​တရုတ်​ပင်​လယ်​ အာဆီယံ၅နိုင်​ငံလုံး တရုတ်​ရဲ့ ထိန်းချုပ်​ခံရမှာ မလွဲမ​သွေပါ...။

ဒီအ​ခြေအ​နေမှာ တရုတ်​ရဲ့​ခြေလှမ်းကို ဟန့်​တားနိုင်​တာ အ​မေစုလို့ ​ခေါ်တဲ့
မြန်​မာရဲ့ ဒီမိုက​ရေစီမီးရှူးတန်​ဆောင်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ပါ.. အိန္ဒိယ
သမုဒ္ဒရာထွက်​​ပေါက်​ကို စီးနင်းလာဖို့ ကြိုးစား​နေတဲ့ တရုတ်​ရဲ့ ​ခြေလှမ်းဟာ
ခပ်​စိပ်​စိပ်​ဖြစ်​လာတယ်​..။ ဒီထက်​ပိုဆိုးတာက တရုတ်​ တိုးတတ်​ဖို့အတွက်​ဆိုရင်
မြစ်​ကျဉ်းသုံးသွယ်​​ရေကာတာကို တည်​​ဆောက်​ခဲ့ပြီး၊ နှစ်​​ပေါင်း၃၀၀၀​ကျော်
ယန်​စီမြစ်​ဝှမ်းယဉ်​​ကျေးမှု ​ပျောက်​ခဲ့တာကို ကြည့်​ခြင်းအားဖြင့်​ ချမ်းသာဖို့ဆိုရင်
ဘယ်​သူ့ကိုမဆို ချနင်းတတ်​တဲ့ အကျင့်​ကို သိထားဖို့ လိုပါတယ်​..။ တရုတ်​က
တည်​​ဆောက်​တဲ့ မြစ်​ကျဉ်းသုံးသွယ်​​ရေကာတာ (Three Gorges Dam)စီမံကိန်း
ကြောင့်​ မြို့ကြီး၁၃မြို့၊ မြို့ငယ်​၁၄၀၊ ​ကျေးရွာ​ပေါင်း၁၃၅၂ရွာ၊ ​ရှေ့​ဟောင်းအ​မွေ
အနှစ်​​ပေါင်း ၁၃၀၀​ကျော်​ ပျက်​စီးပြီး လယ်​​မြေဧက တစ်​သိန်း​ကျော်​ ​ရေလွှမ်းမိုး
ခဲ့သည်​..။

မြစ်​ကျဉ်းသုံးသွယ်​​ရေကာတာ​ကြောင့်​ မိုင်​​ပေါင်း၃၇၀​ကျော်​ ရှည်​လျားပြီး၊
ပေ​ပေါင်း၄၀၀၀နီးပါးကျယ်​ဝန်းတဲ့ ​ရေပြင်​ကျယ်​ဖြစ်​ခဲ့သည်​..။ တရုတ်​ပြည်
အ​နေနဲ့ ကမ္ဘာ့အကြီးဆုံး​ရေကာတာ​ဆောက်​ခဲ့ပြီး၊ လျှပ်​စစ်​ပမာဏ MW၂၂,၅၀၀ရရှိပြီး၊ ကုန်​ကျစရိတ်​၂၇ဘီလီယံထိရှိခဲ့တယ်​..။

တရုတ်​​တွေရဲ့ စီးပွား​ရေးမှာ သူ့လူမျိုး​တောင်​မ​ထောက်​ပဲ ရက်​ရက်​စက်​စက်
လုပ်​တတ်​တဲ့ သဘာဝ​ကြောင့်​ ပုလဲမြစ်​၊ ဆီယန်​မြစ်​၊ ယန်​စီမြစ်​သုံးခုကို
နေရာမှာ အလွန်​ကြီးမားတဲ့​ရေကာတာ ​ပေါ်​ပေါက်​လာပြီး၊ ယန်​စီမြစ်​ဝှမ်းယဉ်
ကျေးမှု ​ပျောက်​ကွယ်​သွားတာကို ကြည့်​ခြင်းအားဖြင့်​ ကျန်​တဲ့ပတ်​ဝန်းကျင်
နိုင်​ငံငယ်​​တွေ သတိထားဖို့ လိုပါတယ်​...။

တရုတ်​တို့ လက်​ရုံးဆန့်​တန့်​မှုဟာ ဒါနဲ့ မပြီး​သေးပဲ၊ ထိုင်းနိုင်​ငံ​တောင်​ပိုင်း
ကရာတူး​မြောင်း​ဖောက်​ဖို့ တူး​မြောင်း​ရှေ့​ပြေးစီမံကိန်းအဖြစ်​ တရုတ်​-ထိုင်း
Kra Infrastructure Investment and Development Companyနဲ့
တရုတ်​နိုင်​ငံ ကွမ်​ကျိုးက Asia Union Groupတို့ ၂၀၁၅ ​မေလကတည်းက
နားလည်​မှုစာချွန်​လွှာ ​ရေးထိုးထားတယ်​..။ ကရာတူး​မြောင်းစီမံကိန်းကို
၁၀နှစ်​နဲ့အပြီးသတ်​မယ်​၊ အ​မေရိကန်​​ဒေါ်လာ၂၈ဘီလျံကုန်​ကျမယ်​လို့ စကာင်္ပူ
သတင်းစာ The Independent က ​ဖော်​ပြပါတယ်​..။ ဒီသတင်းအ​ပေါ် ထိုင်း
တရုတ်​ နှစ်​နိုင်​ငံ​ခေါင်း​ဆောင်​​တွေ ငြင်း​ပေမယ့်​၊ ထိုင်းဝန်​ကြီးချုပ်​​ဟောင်း ချာ
ဗာလစ်​​ယောင်​ချိုင်​ယုက​တော့ ထိုင်းဘက်​က လက်​မှတ်​ထိုးထားတယ်​လို့
စကာင်္ပူသတင်းစာက အတည်​ပြုထားတယ်​..။

ကရာတူး​မြောင်းသာ ပြီးသွားမယ်​ဆိုရင်​​တော့ ​ရေလမ်း​ကြောင်းမှီခို​နေတဲ့ စကာင်္
ပူဆိပ်​ကမ်းအဖို့ သ​ဘောင်္ဆိုက်​ကပ်​ခ ​ကောက်​ခံနိုင်​မှာ မဟုတ်​ဘူး..။တရုတ်​က
ငွေရင်းမတည်​မယ့်​ ကရာတူး​မြောင်းသာ ​ဖောက်​ဖြစ်​မယ်​ဆိုရင်​ ​တောင်​တရုတ်
ပင်​လယ်​နဲ့ အိန္ဒိယသမုဒ္ဒရာ ဖြတ်​လမ်းလည်း ဖြစ်​သွားပြီး စကာင်္ပူကို အမှန်​တ
ကယ်​ ခြိမ်း​ခြောက်​လာမယ်​ဆိုတာ မယုံမရှိပါနဲ့..။ မြန်​မာအဖို့ ကရာတူး​မြောင်း
ဖောက်​လုပ်​တဲ့ကိစ္စဟာ အိမ်​နီးချင်းထိုင်း​ကိစ္စမို့. ကိုယ့်​နိုင်​ငံ​ရေးမဟုတ်​​ပေမယ့်
အမျိုးသားလုံခြုံ​ရေးအတွက်​ ကြားညှပ်​သွားနိုင်​တဲ့ အ​ခြေအ​နေမျိုးဆိုတာ
သ​ဘော​ပေါက်​ထားရမယ်​..။ အိန္ဒိယသမုဒ္ဒရာထွက်​​ပေါက်​ တရုတ်​ရဲ့ဗဟိုချက်​က
မြန်​မာဖြစ်​လို့ ဒီအ​ရေးကို လီရှန်​လွန်းက သ​ဘော​ပေါက်​ပြီး မြန်​မာ့အ​ရေးကို
ဦးစား​ပေးလာတာလို့ သုံးသပ်​မိတယ်​..။

မုတ္တမပင်​လယ်​​ကွေ့ထဲက ရတနာ၊ ရဲတံခွန်​အပြင်​၊ ၂၀၁၃ခုနှစ်​မှာ စတင်​တင်​ပို့
နေတဲ့ ​ဇောတိက လုပ်​ကွက်​(M-9) ကထွက်​တဲ့ သဘာဝဓာတ်​​ငွေ့ ကုဗ​ပေသန်း
၃၀၀(သန်း၂၄၀)ကို ထိုင်းPTTEPကို ​ရောင်းထားတဲ့ကိစ္စမှာ ​ငွေကို MOGEမှ
တဆင့်​ စကာင်္ပူဘဏ်​​တွေဖြစ်​တဲ့ OCBCနဲ့ DBSမှာ ထည့်​ထားတယ်​..။ ထိုင်း
စွမ်းအင်​ကဏ္ဍအတွက်​ ၄၀%ကို မြန်​မာဆီက ရတဲ့ကိစ္စမှာ စကာင်္ပူအ​နေနဲ့
သဘာဝဓာတ်​​ငွေ့​ပေး​ချေထားတဲ့ ​ငွေမဲ(Black money) ကို DASSKကို ​ဖော်
ပေးလိုက်​မယ်​ဆိုရင်​​ရော...။ စစ်​ဗိုလ်​ချုပ်​ကြီး​တွေရဲ့ ကိုယ်​ပိုင်​ဘဏ္ဍာတိုက်
တွေကို စကာင်္ပူဘဏ်​​တွေက အာမခံချက်​​ပေးခဲ့တာ ကြာပြီး...။ ဒါ့ပြင်
ဗိုလ်​ချုပ်​​တွေနဲ့ အကျိုးတူ ခရိုနီကြီး​တွေ၊ မူးယစ်​ရာဇာကြီး​တွေရဲ့ ​ငွေမဲ​တွေ
ကို Money Laundryလုပ်​​ပေးခဲ့တာကို DASSKကိုသာ ပြခဲ့မယ်​ဆိုရင်​ စစ်
အာဏာရှင်​တို့ သွားရာလမ်းက ဘာဖြစ်​မလဲ...?။

လောစစ်​ဟန်​ရဲ့သား ထွန်းမြင့်​နိုင်​(စတီဗင်​​လော)ရဲ့ Asia world ကုမ္ပဏီ
အ​နေနဲ့ စကာင်္ပူနိုင်​ငံနဲ့ အကျိုးတူစီးပွား​ရေး လုပ်​ခဲ့​ပေမယ့်​၊ ဒီအ​ရေးမှာ Asia
World ကို ငဲ့ကြည့်​နိုင်​မှာ မဟုတ်​ဘူး... နိုင်​ငံနဲ့ချည်​ပြီး ပတ်​သတ်​လာမှာကိစ္စ
မှာ လီရှန်​လွန်းအ​နေနဲ့ တရုတ်​ကို တားနိုင်​ဖို့ဆိုတာ DASSKကို အားကိုးရမှာ
အမှန်​ပဲ...။ သူ့အ​ဖေ လီကွမ်းယုတုန်းကလဲ ဒီလိုပဲ.. တံငါရွာက​နေ စက်​မှုထိပ်​သီး
ဖြစ်​ဖို့ စီးပွား​ရေးအ​ခြေခံအ​ဆောက်​အအုံ(Economic Infrastructure) ​ဆောက်
ဖို့ ​ငွေလိုတာကို ထုတ်​​ချေးဖို့ သူ့လူမျိုးတရုတ်​နိုင်​ငံက ​ချေးခဲ့​ပေမယ့်​ အဖက်​မ
လုပ်​ခဲ့ဘူး... ​နောက်​ဆုံး ထုတ်​​ချေးခဲ့တာက US...။ ဒါကို အ​ဖေ​နောက်​မှာ လိုက်
နေတဲ့ လီရှန်​လွန်း ​ကောင်း​ကောင်းသိခဲ့တာ​ပေါ့...။

အမျိုးအရင်း​တွေက သစ္စာ​ဖောက်​တတ်​တယ်​ဆိုတာ..။

DASSKကို စကာင်္ပူမှာ မိန့်​ခွန်း​ပြောဖို့ ဖိတ်​ကြားခဲ့တာ ဘာ​ကြောင့်​လဲ..။

"မြန်​မာစစ်​ဗိုလ်​ချုပ်​​တွေ ကုန်​စုံဆိုင်​တစ်​ဆိုင်​ကို အလုပ်​ဖြစ်​​အောင်​ စီမံခန့်​ခွဲ
မတတ်​ဘူး"ဆိုတာ လီကွမ်​ယု ကိုယ်​တိုင်​ထုတ်​​ပြောဖူးပါတယ်​..။ သူ့နိုင်​ငံ
ရဲ့ အ​နေအထားအရ DASSKသာ ၁၉၉၀ကတည်းက ​ရွေး​ကောက်​ပွဲ
ရလဒ်​အတိုင်း အစိုးရဖြစ်​ခဲ့ရင်​ စကာင်္ပူ ကွဲမယ်​ဆိုတာ ​ကောင်း​ကောင်းသိ
တာ​ပေါ့...။

*Natural resources လည်း ပြည့်​စုံတယ်​..။

*Human resources လည်း ​ကောင်းတယ်​..။ Brain drain လည်း သိပ်​မယိုစီး
သေးဘူး..။

*Geo-Politics အရလည်း အချက်​အခြာကျတယ်​..။ Leadership လည်း
ကောင်းမယ်​ဆိုရင်​ တကယ့်​အာရှကျား ဖြစ်​လာမယ့်​ မြန်​မာကို သူ့အ​နေနဲ့
မြင်​ချင်​မှာ မဟုတ်​ဘူး...။ခု​တော့ သူ့သား လီရှန်​လွန်းက DASSK ကို
အကြိမ်​ကြိမ်​ ဦးညွှတ်​​နေရတာကို ကြည့်​ရင်​ မချိတင်​ကဲများ ဖြစ်​​နေမလား..

Written by:A.M.H#(Irony)
Photo credit #


No comments:

Post a Comment