Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 22, 2018

Facebookသုံးသူတိုင်းသိထားသင့်တဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆


ပုဒ်မ၆၆(ဃ)။
ဆက်သွယ်ရေးကွန်ယက်ကိုသုံးပြီးလူတစ်ယောက်ကိုခြောက်လှန့်ခြင်း၊
အနိုင်အထက်ပြုခြင်း၊မတရားတားဆီးကန့်ကွက်ခြင်း
အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊မလျှော်သြဇာသုံးခြင်း ၊ခြိမ်းခြောက်ခြင်း
မရိုးဖြောင့်သောနည်းဖြင့်ပြန်လည်ဖြန့်ဝေခြင်း

နားရှင်းအောင်ပြောရရင်~~~

ပုဒ်မ၆၆(ဃ) facebookက တဆင့်လူတစ်ယောက်ကို ဆဲဆို ခြိမ်းခြောက်ခြင်း၊
mentionခေါ်ဆဲခြင်း၊ပုံတွေသုံး မဟုတ်သတင်းရေးခြင်း၊
ပျက်ဆီးစေမှုနဲ့ tag တွဲခြင်း၊

သူတစ်ပါး တင်ထားသော Post ကို(ခွင့်ပြုချက်မရပဲ)By Name ဖြင့်
Screen Shot ပြန်ယူတင်ခြင်း .., Share အဖြစ်တင်ခြင်း၊မရိုးသားသည့်သဘောဖြင့်
Photo Comment ပြုလုပ်၍ မန့်ခြင်း...!

စတဲ့ အပြုအမူတွေ ကျူးလွန်ရင် ကိုယ်တိုင်တရားဆွဲစရာမလိုပဲ ကြားလူတစ်ယောက်က
အမှုဖွင့်ပေးရုံ နဲ့ အာမခံ မရှိထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား
၃နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။

Screenshot သက်သေအထောက်အထားနဲ့ကျိန်းသေထောင်ကျအောင် ချလို့ရတယ်။

ပုဒ်မ ၆၆ (ဃ)ကိုယနေ့ facebookပေါ်မှာကျူးလွန်နေသူတွေ အများကြီးပါ။

ချမှတ်ပြီးသား ဥပဒေအတွင်းမှာဟောင်းသွားတာမရှိဘူး...!

ဥပဒေ မပြုရသေးခင်သာနောက်ကြောင်းပြန်အရေးယူမရတာ။

တကယ်တမ်းဥပဒေကို နားလည်သူကလူတစ်​ယောက်ကို By name တပ်
facebook ပေါ်စော်ကားဖို့နေနေသာShare တာတောင် သတင်း ပိုစ့်
ပညာပေး ပိုစ့်လောက် shareရဲတာComment ပေးတာတောင်
သတိထားပေးကြရတယ်။

တဦးနဲ့တဦး တပ်စွမ်းသမျှမျှဝေကြရင်းအေးချမ်းသာယာကြပါစေ။

© ဥပဒေရေးရာသုတအဖြာဖြာ

လေးစားစွာဖြင့်
ဦးမင်း

ပြည့်စုံသီဟ

No comments:

Post a Comment