Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, August 22, 2018

ခင္​ပြန္​း၏တူ​ေတာ္​စပ္​သူကအလိုမတူဘဲသားမယား ျပဳက်င္​့မႈျဖစ္​ပြား

ဟိုပင္​ၿမိဳ႕၊ၿမိဳ႕သစ္​က​ေလး​ေက်း႐ြာအ​ေရွ႕ဘက္​(၄)မိုင္​ခန္​႔အကြာယာခင္​း၌ယမန္​​ေန႔၊​ေန႔လည္​(၁)နာရီအခ်ိန္​ခန္​႔တြင္​မ——ကို၎၏ခင္​ပြန္​းဘက္​မွတူ​ေတာ္​စပ္​သူကအလိုမတူဘဲသားမယားျပဳက်င္​့မႈျဖစ္​ပြားခဲ့​ေၾကာင္​းဟိုပင္​နယ္​​ေျမရဲစခန္​းမွသိရသည္​။

ျဖစ္​စဥ္​မွာၾသဂုတ္​လ(၁၉)ရက္​​ေနတြင္​မ—–အသက္​(၂၇)ႏွစ္​ႏွင္​့၎၏ခင္​ပြန္​းတို႔ယာခင္​ထဲတြင္​အလုပ္​ လုပ္​ကိုင္​​ေနၾကၿပီးနံနက္​(၈)နာရီအခ်ိန္​ခန္​႔တြင္​ခင္​ပြန္​းျဖစ္​သူသည္​ျမင္​သာ​ေက်း႐ြာတြင္​နာ​ေရးရွိသျဖင္​့ထြက္​သြားခဲ့​ေၾကာင္​းယာတဲတြင္​မ——ႏွင္​့အသက္​(၃)ႏွစ္​အ႐ြယ္​သမီးတို႔သာက်န္​​ေနခဲ့​ေၾကာင္​း(၁၀)နာရီအခ်ိန္​ခန္​႔တြင္​တဲနီးခ်င္​း​ေန၊ခင္​ပြန္​း၏တူ​ေတာ္​စပ္​သူရဲမင္​းထြန္​း(ခ)ရဲႀကီးသည္​အရက္​မူးယစ္​ကာ​ေရာက္​ရွိလာၿပီး​ယာတဲ၌ထိုင္​​ေန​ေၾကာင္​း​ေန႔လည္​(၁)နာရီအခ်ိန္​ခန္​႔တြင္​မ——သည္​သမီးႏွင္​့အတူအခင္​းတဲ​ေတာင္​ဘက္​ကိုက္​(၄၀၀)ခန္​႔အကြာရွိ ထိကရုဏ္​း​ေတာတြင္​ လွန္​​ေက်ာင္​းထား​ေသာႏြားမ်ားကို​ေနရာ​ေရႊ႕​ေနစဥ္​သမီးျဖစ္​သူကမ—–ႏွင္​့​ေပ(၂၀)ခန္​႔အကြာ​ေျမ​ေျပာင္​​ေျပာင္​တြင္​ရပ္​က်န္​​ေန​ေၾကာင္​းထိုစဥ္​ရဲမင္​းထြန္​း(ခ)ရဲႀကီးသည္​မ—-၏​ေနာက္​သို႔လိုက္​လာကာမ—-ကို​ေျမႀကီး​ေပၚသို႔တြန္​းလွဲ၍တံ​ေတာင္​ျဖင္​့လည္​ပင္​းအားဖိထားကာ`မ​ေအာ္​နဲ႔​ေအာ္​ရင္​သတ္​ပစ္​မယ္​´ဟုၿခိမ္​း​ေျခာက္​ၿပီးက်န္​လက္​တစ္​ဖက္​ျဖင္​့မ——ဝတ္​ဆင္​ထား​ေသာ​ေဘာင္​းဘီရွည္​ႏွင္​့အတြင္​းခံ​ေဘာင္​းဘီတိုအားဆြဲခြၽတ္​ကာအလိုမတူဘဲသားမယားအျဖစ္​(၁)ႀကိမ္​ျပဳက်င္​့ခဲ့သျဖင္​့မ—–ကဟိုပင္​နယ္​​ေျမရဲစခန္​းသို႔တိုင္​တန္​းခဲ့​ေသာ​ေၾကာင္​့စခန္​းမွဥပ​ေဒအရ​ေဆာင္​႐ြက္​ႏိုင္​ရန္​ရဲလုပ္​​ငန္​းစဥ္​မ်ားအတိုင္​း​လုပ္​​ေဆာင္​ခဲ့​ေၾကာင္​းရဲမွတ္​တမ္​းအရသိရသည္​။

ျပစ္​မႈက်ဴးလြန္​ခဲ့သူမွာဟိုပင္​ၿမိဳ႕၊ၿမိဳ႕သစ္​က​ေလးအုပ္​စု၊ျမင္​သာ​ေက်း႐ြာ​ေနရဲမင္​းထြန္​း(ခ)ရဲႀကီးအသက္​(၂၆)ႏွစ္​က်ဘမ္​းအလုပ္​လုပ္​ကိုင္​သူ(ဘ)ဦးဝင္​းလိႈင္​အားဟိုပင္​နယ္​​ေျမရဲစခန္​းမွ(ပ)၄၄/၂၀၁၈ရာဇသတ္​ႀကီးပုဒ္​မ-၃၇၆ျဖင္​့အမႈဖြင္​့​ေဆာင္႐ြက္​ထား​ေၾကာင္​းသိရသည္​။
popinvdo

#Unicode Version#
ဟိုပင်မြို့၊မြို့သစ်ကလေးကျေးရွာအရှေ့ဘက်(၄)မိုင်ခန့်အကွာယာခင်း၌ယမန်နေ့၊နေ့လည်(၁)နာရီအချိန်ခန့်တွင်မ——ကို၎င်း၏ခင်ပွန်းဘက်မှတူတော်စပ်သူကအလိုမတူဘဲသားမယားပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်းဟိုပင်နယ်မြေရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာသြဂုတ်လ(၁၉)ရက်နေတွင်မ—–အသက်(၂၇)နှစ်နှင့်၎င်း၏ခင်ပွန်းတို့ယာခင်ထဲတွင်အလုပ် လုပ်ကိုင်နေကြပြီးနံနက်(၈)နာရီအချိန်ခန့်တွင်ခင်ပွန်းဖြစ်သူသည်မြင်သာကျေးရွာတွင်နာရေးရှိသဖြင့်ထွက်သွားခဲ့ကြောင်းယာတဲတွင်မ——နှင့်အသက်(၃)နှစ်အရွယ်သမီးတို့သာကျန်နေခဲ့ကြောင်း(၁၀)နာရီအချိန်ခန့်တွင်တဲနီးချင်းနေ၊ခင်ပွန်း၏တူတော်စပ်သူရဲမင်းထွန်း(ခ)ရဲကြီးသည်အရက်မူးယစ်ကာရောက်ရှိလာပြီးယာတဲ၌ထိုင်နေကြောင်းနေ့လည်(၁)နာရီအချိန်ခန့်တွင်မ——သည်သမီးနှင့်အတူအခင်းတဲတောင်ဘက်ကိုက်(၄၀၀)ခန့်အကွာရှိ ထိကရုဏ်းတောတွင် လှန်ကျောင်းထားသောနွားများကိုနေရာရွှေ့နေစဉ်သမီးဖြစ်သူကမ—–နှင့်ပေ(၂၀)ခန့်အကွာမြေပြောင်ပြောင်တွင်ရပ်ကျန်နေကြောင်းထိုစဉ်ရဲမင်းထွန်း(ခ)ရဲကြီးသည်မ—-၏နောက်သို့လိုက်လာကာမ—-ကိုမြေကြီးပေါ်သို့တွန်းလှဲ၍တံတောင်ဖြင့်လည်ပင်းအားဖိထားကာ`မအော်နဲ့အော်ရင်သတ်ပစ်မယ်´ဟုခြိမ်းခြောက်ပြီးကျန်လက်တစ်ဖက်ဖြင့်မ——ဝတ်ဆင်ထားသောဘောင်းဘီရှည်နှင့်အတွင်းခံဘောင်းဘီတိုအားဆွဲချွတ်ကာအလိုမတူဘဲသားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့သဖြင့်မ—–ကဟိုပင်နယ်မြေရဲစခန်းသို့တိုင်တန်းခဲ့သောကြောင့်စခန်းမှဥပဒေအရဆောင်ရွက်နိုင်ရန်ရဲလုပ်ငန်းစဉ်များအတိုင်းလုပ်ဆောင်ခဲ့ကြောင်းရဲမှတ်တမ်းအရသိရသည်။

ပြစ်မှုကျူးလွန်ခဲ့သူမှာဟိုပင်မြို့၊မြို့သစ်ကလေးအုပ်စု၊မြင်သာကျေးရွာနေရဲမင်းထွန်း(ခ)ရဲကြီးအသက်(၂၆)နှစ်ကျဘမ်းအလုပ်လုပ်ကိုင်သူ(ဘ)ဦးဝင်းလှိုင်အားဟိုပင်နယ်မြေရဲစခန်းမှ(ပ)၄၄/၂၀၁၈ရာဇသတ်ကြီးပုဒ်မ-၃၇၆ဖြင့်အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။
popinvdo

No comments:

Post a Comment