Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 19, 2018

အစိုးရနဲ့ပြည်သူသိစေဖို့


ကိုယ်တွေက နိုင်ငံကိုယ်စားပြုအားကစားသမားတွေဆို ဒီလူတွေနိုင်ငံက မတရား ချီးမြှောက်ထားတာဆိုပြီး အရမ်းအထင်ကြီးခဲ့တာ။ ဆရာမင်းလူသမီး မယုယ နဲ့ သူ့အမျိုးသား ပိုက်ကျော်ခြင်းမှာ အရမ်းနာမည်ကြီးတဲ့ ကိုဇော်လတ်တို့နဲ့ ခင်မှ သူတို့အားကစားသမားတွေဘ၀ရဲ့ အခြေအနေမှန်ကိုသိပြီး အော်ငိုချင်စိတ်တောင် ပေါက်တယ်။

ဒီအကြောင်းတွေကိုအများသိအောင်ရေးမယ် မီဒီယာတွေကို တွေ့ဆုံမေးမြန်းခိုင်းမယ် စိတ်ကူးထားပြီးသားပါ။ ခု လက်တလော မနေ့က သူတို့အဖြစ်အပျက်လေး အများပြည်သူသိအောင် နိုင်ငံခေါင်းဆောင်တွေသိအောင် မနေနိုင်လို့ ပြောပြချင်ပါသေးတယ်။

မနေ့က ကိုယ့်နိုင်ငံ ကိုယ်ဒေသအတွက် အမြင့်ဆုံး အားကစားပြိုင်ပွဲဖြစ်တဲ့ အာရှအားကစားပြိုင်ပွဲ သွားပြိုင်ကြရတယ်။

နိုင်ငံအတွက် အာရှအဆင့်မှာ ရွှေယူပေးနိုင်ခဲ့တာ ပိုက်ကျော်ခြင်းနဲ့ အခြားအားကစားနည်း အနည်းငယ်ပဲရှိတယ်။ ဒီအာရှပြိုင်ပွဲမှာ ရွှေယူပေးနိုင်မှာကလည်း ဒီပိုက်ကျော်ခြင်းပဲရှိတယ်။

ဒီလို တိုင်းပြည်ဂုဏ်ဆောင် အားကစားသမားတွေကို စီးခိုင်းတဲ့ လေယာဉ်က ဘတ်ဂျက် အဲလိုင်းနဲ့။ လမ်းမှာဘာမှမကြွေးဘူး။ လေယာဉ်က သုံးဆင့် စီးရမယ်။ ကားက တဆင့်စီးရမယ်။ တစ်ခါစီး ၃ နာရီလောက်ကြာမယ်။ လမ်းမှာ ဘာမှမကြွေး လေယာဉ်တဆင့်ပြောင်းစီးတဲ့အခါမှာလည်း ဘာမှမကြွေးလို့ ရေသောက်နေရတယ်တဲ့။

အတော်ဝမ်းနည်းစရာ။

လူကြီးတွေကကြတော့ လေယာဉ်အကောင်းစားနဲ့ သွားတယ်တဲ့။ ရက်စက်ချက်။
ဒီလိုနိုင်ငံဂုဏ်ဆောင် အားကစားသမားတွေကို လစာက ရွှေရတဲ့သူမှ တစ်သိန်းပေးတယ်။ ငွေရသူက တစ်လ ၇ သောင်း။ အသစ်က ၅ သောင်းပဲရ။ ဒါတောင်ပုံမှန်မရချင်ဘူး
လွှတ်တော်ထဲ ထိုင်ထလုပ်နေတဲ့ အမတ်တောင် လစာ ၁၀ သိန်းနဲ့ နေ့တွက် ၂ သောင်းကျော်ရတယ်။
ခုအာရှအဆင့်သွားပြိုင်ရတာတောင် စရိတ်ဒေါ်လာ ၂၀၀ ပဲပေးတော့တယ်။ အရင်အစိုးရလက်ထက်က ၄၀၀ ပေးတယ်။

ဒီပိုက်ကျော်ခြင်းမှ မဟုတ်ဘူး ကျန်အားကစားနည်းတွေလည်း ဒီလိုပဲတဲ့
ဒီလိုပုံမျိုးနဲ့ ဘယ်တော့မှ မြန်မာအားကစားက ထိပ်မရောက်ဘူး စိတ်ချ
လူကြီးတွေကြတော့ ဟိုကားမစီးချင်လို့ ဒီကားစီးချင်လို့နဲ့ ဒီလိုနိုင်ငံဂုဏ်ဆောင် အားကစားသမားလေးတွေကြတော့ လူလိုသူလို မထားချင်သမျှတော့ ဘာမှဖြစ်လာမှမဟုတ်ဘူး စိတ်ချ။
နောက်မှ သူတို့ဘ၀မှန်ကို အများသိဖို့ ဖော်ပြနိုင်အောင်ကြိုးစားပါအုံးမယ် . . .
နိုင်ငံ့ဂုဏ်ဆောင် ပိုက်ကျော်ခြင်းသမားတွေ ရေသောက်ပြီး နိုင်ငံအတွက် ရွှေရယူလာနိုင်ပါစေ . . .။
နိုင်ငံအတွက် ရွှေယူလာပေးနိုင်င်ခဲ့ရင် ကျုပ်တို့ပြည်သူတွေ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကောင်းမွန်စွာ ဂုဏ်ပြုမယ်ဗျာ။ လိုအပ်ရင် ကျနော် ဦးဆောင်ပေးမယ်

- ကျော်ကြီး(MDY)
Credit:Kyaw Naing Win




No comments:

Post a Comment