Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 19, 2018

ရန်​ကုန်​မြို့လယ်​​ကောင်​ကြီးမှာ ဓားပြတိုက်​ခံရပါတယ်​..


စင်္ကာပူကို အမှီလိုက်မည့်သူများ ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူများနှင့် ရထားရဲများ တွေ့မြင်ကြပါစေ …

ရန်​ကုန်​မြို့လယ်​​ကောင်​ကြီးမှာ ဓားပြတိုက်​ခံရပါတယ်​..
ကျမ ​ပေးလိုက်​ရတဲ့​ငွေကို လုံးဝမနှ​မြော​ပေမယ့်
နောက်​လူ​တွေ မခံရ​အောင်​လို့ပါ …

အစိုးရအ​နေနဲ့လည်း စင်္ကာပူကိုမီ​အောင်​လိုက်​မယ်​ဆိုတာထက်​ ​အောင်​​ခြေလူတန်းစားရဲ့လုံခြုံ​ရေးကိုဘဲ
အပြည့်​အ၀ ကာကွယ်​​ပေး​စေချင်​ပါတယ်​ …

သူများလာ​ပြောရင်​ ဒီကိစ္စကို ကျမယုံချင်​မှယုံမှာပါ
သို့​သော်​...ကျမ လက်​​တွေ့ ကြုံလာတဲ့အတွက်
ပြည်​သူလူထု ဘ၀​တွေကို စိုးရိမ်​မိပါတယ်

ကျမ အလုပ်​ကိစ္စတစ်​ခု​ကြောင့်
မြစ်​ကြီးနားက​နေ မန္တ​လေးထိ ကားနဲ့လာခဲ့ပါတယ်​။
အားလုံး အဆင်​​ပြေ​ချော​ချော​မွေ့ ​မွေ့ပါဘဲ။
ကားမူးတဲ့ဒဏ်​ကို လုံးဝမခံနိုင်​​တော့တာ​ကြောင့်
မန္တ​လေးက​နေ ရန်​ကုန်​ထိ ရထားနဲ့ လာခဲ့ပါတယ်​။

ရန်​ကုန်​ဘူတာကြီးကို​ရောက်​​တော့
အကျီင်္ီအပြာဝတ်​ထားတဲ့ (ဘူတာဝန်​ထမ်းမဟုတ်​ပါ)
လူ ​ခြောက်​​ယောက်​​လောက်​က ခရီး​ဆောင်​အိတ်​သယ်​​ပေးမယ်​ဆိုပြီးယူသွားပါတယ်​။
သယ်​ယူခ ဘယ်​​လောက်​လဲအရင်​​မေးတာကို
လုံးဝမ​ဖြေပါဘူး။ ကျမလည်း လနဲ့ချီ​နေရမှာမို့
ပစ္စည်းက များပါတယ်​။ အားလုံး အိတ်​သုံးလုံးပါ။

ရထား​ပေါ်က​နေ ဘူတာဆင်​၀င်​​အောက်​အထိသယ်​ပြီး
ကျမဆီက​နေ သယ်​ယူခ ၁၇၀၀၀ ​တောင်းပါတယ်​။
ကျမ မယုံနိုင်​လို့ ​လေးခါတိတိထပ်​​မေးမိပါတယ်​။
န​ဘေးက taxi သမား​တွေကလည်း ​ပေးလိုက်​ဖို့​ပြောပါတယ်​။

ကျမက ကားတံခါးကို ပြန်​ဖွင့်​ဆင်းလာပြီး
ဘာလို့အဲ့​လောက်​​ပေးရမှာလဲ လို့​မေးမိ​တော့
ခုနက အပြာဝတ်​ကုလားဆင်​အဖွဲ့ ​ခြောက်​​ယောက်​က
ကျမနဲ့ ကျမသူငယ်​ချင်းကို ၀ိုင်းထားလိုက်​ပါတယ်​။
န​ဘေးမှာ ဘာလုံခြုံ​ရေး ဘာရဲမှ မရှိပါဘူး။

အားလုံးက လူမိုက်​ရုပ်​​တွေပါ။
ကျမကို မင်းကဘယ်​​လောက်​​ပေးချင်​တာလဲလို့​မေး​တာ​ကြောင့်​ ကျမလက်​ထဲမှာ ကိုင်​ထားတဲ့ နှစ်​​ထောင်​ကိုပြလိုက်​တယ်​။
သတ်​​တော့မယ့်​ ရုပ်​​တွေနဲ့ ကျမတို့ကို ကြည့်​​နေကြပါတယ်​။ ပုံစံ​တွေက လက်​ရဲဇက်​ရဲပုံစံ​တွေပါ။
ဟိန္ဒူစပ်​​တွေလို့ သိရပါတယ်​။

ဘေးနားက ကားသမား​တွေက
ဝေးရာကို ​ရှောင်​ကုန်​ကြပါတယ်​။
ဘယ်​သူမှ ၀င်​မ​ပြောပါဘူး။

၁၇၀၀၀ ဆိုတဲ့​ငွေပမာဏဟာ
ခြေလှမ်းနှစ်​ဆယ်​​လောက်​ အိတ်​သယ်​ရုံနဲ့ ရနိုင်​ပါသလား။
ကျမလုံးဝမ​ကျေနပ်​နိုင်​တာ​ကြောင့်
ရဲကို သွား​တွေ့ဖို့လုပ်​​တော့ အဲ့ဒီအထဲက​ခေါင်း​ဆောင်​ဆိုသူ ကုလားတစ်​​ယောက်​က ကြိုက်​တဲ့ရဲတိုင်​ ငါလိုက်​ခဲ့မယ်​လို့ ​ပြောပါတယ်​။

သူတ်ို့ပုံစံ​တွေက မ​ကျေနပ်​ရင်​ဓားနဲ့ထိုးမယ့်​ပုံစံပါ။
ကျမသိချင်​တာက ရထားဘူတာမှာ
ရထားဝန်​ထမ်းမဟုတ်​သူ​တွေ ကြုံသလို
ဝတ်​စုံတူ​တွေဝတ်​ပြီး လုပ်​စားလို့ရပါသလား။
ရဲကို​တောင်​ မ​ကြောက်​​တော့တဲ့အထိ
ရဲနဲ့ ဘယ်​​လောက်​​တောင်​ အ​ပေးအယူမျှပါသလဲ။

ရထားဆိုက်​​ပေမယ့်​ ဘူတာမှာ ရထားရဲလုံးဝမရှိပါဘူး။
နောက်​ဆုံး ၀ိုင်းပြီး အနားကပ်​လာတာ​ကြောင့်
ခြောက်​​ထောင်​​ပေးလိုက်​ရပါတယ်​။
ည ကိုးနာရီခွဲအချိန်​မို့ မိန်းက​လေးနှစ်​​ယောက်​ထဲဖြစ်​တာ​ကြောင့်​ ပြသာနာမဖြစ်​ချင်​​တော့လို့ပါ။

ကျမတို့နည်းတူ အန်​တီကြီးတစ်​​ယောက်​က
သူ့အိတ်​​လေးတစ်​လုံးကို ၇၀၀၀​ပေးလိုက်​ရ​ကြောင်း
မ​ပေးမချင်း အားလုံးဝိုင်းထားကြ​ကြောင်း​ပြောပါတယ်​။

ဘေးနားက လူတစ်​​ယောက်​က ကားထွက်​ခါနီး
ခပ်​တိုးတိုးလာ​ပြောပါတယ်​။
သူတ်ို့က အဖွဲ့ဖွဲ့ပြီး အဲ့လိုခြိမ်း​ခြောက်​​တောင်း​နေ​​ကြောင်း
ထောင်​ထဲ ၀င်​လို​က်​ထွက်​လို​က်​လုပ်​​နေကြ​ကြောင်း
ရဲ​တွေလည်း မနိုင်​​ကြောင်း
ကားသမား​တွေလည်း မ​ပြောရဲ​ကြောင်း ​ပြောပြသွားပါတယ်​။

ဆို​တော့.....ကျမတို့ ပြည်​သူ​တွေမှာ
လုံခြုံမှုမရှိ​တော့ဘူးလား။
ပြည်​သူလူထုဘ၀ကို လုံခြုံမှုမ​ပေးနိုင်​ဘဲ
စင်္ကာပူကိုမီဖို့ တဖွဖွ​ပြော​နေရုံနဲ့ မပြီးပါဘူး။

တာဝန်​ရှိသူ​တွေက သိသိကြီးနဲ့ စားကျက်​​​ပေးထားတာလား။
ဒီလိုလုံခြုံမှုမျိုးနဲ့ ဦးကိုနီ​သေတာ မဆန်းပါဘူး။

အ လို့ လိမ်​ခံရတာမဟုတ်​ပါဘူး
သိသိကြီးနဲ့ အုပ်​စုဖွဲ့ရမ်းကားလို့​ပေးလိုက်​ရတာပါ
ကျမ ကချင်​ပြည်​နယ်​က လာတာပါ
နယ်​​မြေမငြိမ်းချမ်းတဲ့ ကျမတို့မြို့မှာ​တောင်
ဒီလို​တွေ မရှိပါ။

တို​င်းပြည်​တိုးတက်​ဖို့ထက်
ပြည်​သူ့ဘ၀လုံခြုံဖို့ ဒီလိုလူ​တွေကိုအရင်​ရှင်း​ပေးပါလို့ 
မေတ္တာရပ်​ခံပါတယ်​။

Credit - မြလွှမ်းမိုးဆွေ (Htoo Htet Htet Aung)

No comments:

Post a Comment