Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 18, 2018

နာမည်ကြီး တမူးမျှစ် နှင့် မျှစ်အကြောင်း လေ့လာချက်များ


ဒီလိုရာသီဆို တမူးမှာ အင်ဥ (မှိုလုံး) ပြီးရင် တမူးဒေသရဲ့  နာမည်ကြီး တမူးမျှစ် မကြာခင် ပေါ်လာတော့ ပါမယ်။
တမူးနဲ့ ဝေးရာနေထိုင်ကြတဲ့  သားသမီးတွေကို တမူးက မိဘတွေက ပေးပို့ တာတွေ onlineမှာ ကြည်နူးဖွယ် post တွေ့ ရပါမယ်။
တမူးမျှစ် စားကောင်းဆုံး ဆိုတာ ပြောစရာ မလိုအောင်ပါ။
ဥပမာ - တမူးမျှစ်ပေါင်း လုပ်နည်းလေး မျှဝေပါရစေ 😊😊
*****************************
မျှစ်အတွင်းသားတွေကိုဖယ်ပြီး အခေါင်းဖြစ်အောင်လုပ်ပါ ပြီးရင် အခေါင်းထွင်းလို့ရလာတဲ့ -
မျှစ်ဖတ်တွေရယ၊် ကြက်သွန်ဖြူရယ်၊ ဂျင်းရယ်။ ကြက်သွန်နီအနည်းငယ်ပါ ပုဇွန်ခြောက်တွေကို ညက်အောင်ထောင်းရပါမယ်။
ပြီးရင် ထောင်းထားတဲ့ အဆာပလာတွေကို ဆန်မှုန့် ဆား အချိုမှုန့်တို့နဲ့ရောနယ်ရပါမယ်။
ငါးပိကြိုက်ရင်ထည့်နိုင်ပါတယ် ငရုတ်သီးမှုန့်စားရင်ထည့်ပါ။ ရွှေလံဗိုလ်ကို မခွဲပဲ အတောင့် လိုက်ထည့် မွှေးကြိုင်နေပါလိမ့်မယ်။
ဆန်မှုန့်ကတော့ ကိုယ်လုပ်မယ့် မျှစ်ဖူးများရင်များသလို နည်းရင်နည်းသလို ထည့်နိုင်ပါတယ် ဒီလိုနယ်ထားတဲ့ 
pasteကို စောစောက မျှစ်ဖူးအတွင်းမှာထည့်ပြီး ပေါင်းခံမှာ ပေါင်းရပါတယ်။
ကျနော် တခါက ၀က်သားကို တောက်တောက်စင်းပြီးဆန်မှုန့်နဲ့ရောနယ်ကာ မျှစ်အတွင်းပေါင်းစားကြတာ စားလို့  အရမ်းကောင်းပါတယ် ။😊😊
*****************************
တမူးမျှစ်ကို မျှစ်ပေါင်း၊ မျှစ်ဆန်လှော်၊ကြော်/ချက်ပြုတ်စားကြပါတယ်။
တမူးမှာ မျှစ်ဟင်းတခုခု ချက်တဲ့ နေ့ ဆို ``ဘာဟင်းချက်လဲ ´´တဦးက မေးရင် #တောဝက်သား လို့  ဖြေကြပါတယ်။
ပြောချင်တာကတော့  ``#တောဝါးသစ် ´´ပေါ့ ခင်ဗျာ။😊
တောဝါးသစ် ဖြစ်တဲ့  ဝါးပင်စပေါက်တဲ့  အပင်ပေါက်ကို မျှစ်ဆိုတဲ့  #ဝါးပင်ပေါက်မှာ----
ဖိနောလစ်အက်ဆစ်၊ ပိုတက်စီယမ်၊ဖိုင်ကိုကမ်မီကယ်တို့ ပါဝင်ပြီး ကယ်ရိုရင်းပါဝင်မှူ နည်းတာကြောင့်  မျှစ်စားခြင်းက အဆီကျစေပါတယ်။
ဖိနောလစ်အက်ဆစ်က နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ နည်းနိုင်ပါတယ်။
ပိုတက်စီယမ် ပါဝင်တဲ့ အတွက် #နှလုံးရောဂါသမား အတွက် ကျန်းမာရေး အထောက်အကူပြုနိုင်တယ်လို့  လေ့ လာမိပါတယ်။
နောက်တချက်က အမျှင်ကြမ်းဓါတ်ပါဝင်တာမို့  မျှစ်စားသုံးခြင်းဟာ #အူလမ်းကြောင်း ကျန်းမာရေးမှာ အထောက်အကူပြု ဖြစ်စေတယ်လို့  လေ့ လာမိပါတယ်။

*************************

တမူးမျှစ်က သဘာဝမို့  ကျန်းမာရေးနှင့် ကိုက်ညီပါတယ်။

ကျွန်တော်တို့ သတိပြုမိသင့့် တာကတော့  ဒေသအတွင်း ဝါးမျိုးစိတ်အတွက် ပညာရှင်များနှင့် လေ့လာပြီး ရေရှည် စီးပွားရေး အတွက် နှင့် ဒေသခံများ စားဝတ်နေရေးအတွက် ထည့် သွင်းစဉ်းစားပြီး ကူညီဆောင်ရွက်နိုင်ရင် ဒေသအတွက် အထောက်အကူ တခုဖြစ်နိုင်တယ် လို့  မြင်မိပါတယ်။

YKO.Tamu


No comments:

Post a Comment