Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, August 20, 2018

​ေက်ာ္​ထက္​​ေအာင္​ ​ေနအိမ္​ ဓားျပအတိုက္​ခံရ​ေသ​ာ ​ေန႔ကျဖစ္​သည္​


တစ္ည ျမန္မာအိုက္ေဒါပရက္စင္တာ ျဖစ္ေသာ
ေက်ာ္ထက္ေအာင္၏အိမ္သို႔ဓါးျပဝင္တိုက္ေလသည္

ေက်ာ္ထက္ေအာင္လည္း သူ႔အိမ္ကိုဓါးျပဝင္မွန္းသိသိခ်င္း
ထိတ္ထိတ္ျပာျပာျဖင့္ အိပ္ယာမွျပဴးၿပဲထကာ
ထုံးစံအတိုင္းႏႈတ္ဆက္ေလသည္

“ဟုတ္ကဲ့ ျမန္မာျပည္ႀကီးမဂၤလာပါ”

ငမ္ ! ေက်ာ္ထက္ေအာင္အေၾကာင္းကိုမသိေသာ
ဓါးျပေခါင္းေဆာင္မွာ ႐ုတ္တရက္ေၾကာင္အမ္းအမ္း
့ျဖစ္သြားသည္

ထို႔ေနာက္အတန္ငယ္ၾကာမွသတိျပန္ဝင္လာကာ

“ေဟ့လူ မဂၤလာပါေတြဘာေတြလုပ္မေနနဲ႔”
“အခု ခင္ဗ်ားအိမ္ကိုဓါးျပတိုက္ေနတာ
ရွိတာအကုန္ထုတ္စမ္း ” ဟု အမိန႔္ေပးလိုက္သည္

ထိုအခါေက်ာ္ထက္ေအာင္မွ

“ဟုတ္ကဲ့ အခုဆိုရင္ ကြၽန္ေတာ့္အိမ္ကိုဓါးျပ
တိုက္ေနပါၿပီခင္ဗ်။ဒီေန႔မွာေတာ့အားလုံးသိၾကတဲ့အတိုင္း
ကြၽန္ေတာ့္ဆီကအဖိုးတန္ရတနာေတြ ဓါးျပေတြဆီကို
ထုတ္ေပးလိုက္ရပါေတာ့မယ္ခင္ဗ်ာ။ ဒါေၾကာင့္
ကြၽန္ေတာ့္ဆီကေနပထမဆုံးပစၥည္းတစ္ခုထုတ္ေပးရပါ
ေတာ့မယ္။ အခုကြၽန္ေတာ့္ဆီကေန ဘယ္ပစၥည္းက
ထြက္ခြာသြားရေတာ့မလဲဆိုတာ ဓါးျပအုပ္ႀကီးလဲရင္ခုန္
ေနၿပီထင္ပါတယ္ ”

“ဟုတ္ကဲ့ အခုဆိုရင္ ကြၽန္ေတာ့္ဆီကေနပထမဆုံး
ႏႈတ္ဆက္ထြက္ခြာသြားရေတာ့မဲ့ပစၥည္းကေတာ့”

ဘာမွဆက္မေျပာပဲရပ္သြားသည္

ဓါးျပအုပ္စုမွာလည္း ဆန႔္တငင္ငင္ႏွင့္မည္သည့္ပစၥည္း
အားထုတ္ေပးမည္ကို စိတ္ဝင္တစ္စားေစာင့္ေမွ်ာ္
ေနၾကသည္

ဆယ္စကၠန႔္ခန႔္ၾကာေသာအခါ
ဓါးျပေခါင္းေဆာင္မွာ စိတ္ရွည္ဟန္မတူေတာ့

“ေဟ့လူျမန္ျမန္ေျပာဗ်ာ ဘာပစၥည္းထုတ္ေပးမွာလဲ
က်ဳပ္စိတ္မရွည္ဘူးဗ်”

“ဟုတ္ကဲ့ မီးေလးခဏေလာက္ပိတ္ေပးပါခင္ဗ်ာ ။
ခဏေနရင္ ဓါးျပအုပ္ႀကီးေစာင့္ေမွ်ာ္ေနတဲ့ အေျဖနဲ႔အတူ
ျပန္လာပါ့မယ္ခင္ဗ်ာ ”

” ဟာ ! ေသလိုက္ပါေတာ့ကြာ ”

ဓါးျပေခါင္းေဆာင္ကိုယ့္နဖူးကို႐ိုက္သြားသည္

ထို႔ေနာက္ေခါင္းတစ္ဗ်င္းဗ်င္းကုတ္ကာ သူ႔တပည့္ေတြ
ကို အမိန႔္ေပးလိုက္သည္

“ေဟ့ေကာင္ေတြ မီးျမန္ျမန္ပိတ္ေပးလိုက္ကြာ
ၾကာရင္ ငါဒီေကာင့္ကိုသတ္မိေတာ့မယ္”

“ဟုတ္ကဲ့ဆရာႀကီး”

ဓါးျပအုပ္စုထဲတြင္ အသက္အငယ္ဆုံးျဖစ္ဟန္တူေသာ
ေကာင္ေလးမွ လ်င္ျမန္စြာမီးကိုပိတ္လိုက္သည္

ထို႔ေနာက္ဆယ္စကၠန႔္ခန႔္ၾကာေသာ္
ေက်ာ္ထက္ေအာင္ဆီမွအသံတစ္လုံးခ်င္း
ထြက္ေပၚလာသည္

“ဟုတ္ကဲ့ အေျဖကိုေၾကျငာပါေတာ့မယ္ခင္ဗ်ာ
အခုဆိုရင္ ကြၽန္ေတာ့္ဆီက ပထမဆုံး
ႏႈတ္ဆက္ထြက္ခြာသြားရမယ့္ပစၥည္းကေတာ့”

“စိန္ဘယက္ႀကီးျဖစ္မလား ” ဒြီးဒြီးဒြီးဒြီး

ဓါးျပေခါင္းေဆာင္မ်က္လုံးျပဴးသြားသည္

“ပတၱျမားဘယက္ႀကီးျဖစ္မလား ” ဒြီးဒြီးဒြီးဒြီး

ဓါးျပေခါင္းေဆာင္ဟန္ပင္မေဆာင္ႏိုင္ေတာ့
အိုပါးဂန္းစတိုင္ျဖင့္ထကေတာ့သည္

“ေ႐ႊေသတၱာအလုံးလိုက္ႀကီးျဖစ္မလား ”

“ဟာ ဂစ္ ဂစ္ ဂစ္ ဂစ္”

ေက်ာ္ထက္ေအာင္စကားကိုနားေထာင္ၿပီး
ဓါးျပေခါင္းေဆာင္တက္သြားသျဖင့္
မနည္းႏွာနပ္ယူလိုက္ရသည္

ထို႔ေနာက္ေက်ာ္ထက္ေအာင္ဆက္ေျပာသည္

“ဟုတ္ကဲ့ စိတ္မေကာင္းပါဘူးခင္ဗ်ာ
ကြၽန္ေတာ့္ဆီကေနပထမဆုံးႏႈတ္ဆက္ထြက္ခြာမယ့္ပစၥည္း
ကေတာ့”

“ေႁမြႏွစ္ေကာင္ေပြးေဆး”

“ဟာ ဟင္ အလို အို ”
ဓါးျပအုပ္စုထံမွအာေမဋိတ္သံမ်ား ထြက္ေပၚလာသည္

“ဟုတ္ကဲ့ စိတ္မေကာင္းပါဘူး ေႁမြႏွစ္ေကာင္ေပြးေဆးေရ
ဒီေန႔ဟာျဖင့္ ေႁမြႏွစ္ေကာင္ေပြးေဆးကို အၿမဲတမ္းအမွတ္
ရေနမယ့္ ေန႔တစ္ေန႔ျဖစ္ေနမွာပါ။ ေနာက္ၿပီးကြၽန္ေတာ့္
ေပါင္ၾကားကေပြးေတြအတြက္ ေနာက္တစ္ဗူးထပ္ဝယ္”

“ဇြပ္”””

ေက်ာ္ထက္ေအာင္စကားပင္မဆုံးလိုက္

ဓါးျပေခါင္းေဆာင္မွဓါးျဖင့္ထိုးသျဖင့္ေက်ာ္ထက္ေအာင္
ၾကမ္းျပင္သို႔လဲက်သြားသည္

“ေတာက္ ! သူေဌးမွတ္လို႔ဓါးျပဝင္တိုက္ပါတယ္
ေပြးဝဲစားအ႐ူးနဲ႔လာတိုးေနတယ္
သြားမယ္ေဟ့ေကာင္ေတြ ”

ဓါးျပေခါင္းေဆာင္မွေဒါသ ေခ်ာင္းေခ်ာင္းထြက္ေနေသာ
အသံျဖင့္အမိန႔္ေပးလိုက္သည္

ထိုအခါ ဒုတိယေခါင္းေဆာင္ျဖစ္ဟန္တူေသာဓါးျပမွ
ထကန႔္ကြက္သည္

“သြားလို႔မရေသးပါဘူးဆရာႀကီး”

“ေဟ ! ဘာျဖစ္လို႔တုန္းကြ”

“ဆရာႀကီးကလည္း ဒီလူ႔ဆီမွာစိန္ဘယက္ေတြ”

“ေအး စိန္ဘယက္ေတြ ဘာေတြလုပ္မေနနဲ႔ကြ အျပင္ကို
ၾကည့္ဦး မင္းအေမလင္စကားေျပာတာနဲ႔မိုးကလင္းေနၿပီ”

ထိုအခါမွ ဓါးျပအုပ္စုလည္း အျပင္သို႔သတိထားၾကည့္
မိလိုက္ရာ မိုးစင္စင္လင္းေနၿပီျဖစ္သျဖင့္
ေထာင္နန္းမစံရေစရန္အလို႔ငွာ
သုတ္ပ်ာသုတ္ပ်ာျဖင့္ထြက္ခြာသြားေတာ့သည္

ဓါးျပအုပ္စုႀကီးထြက္ခြာသြားၿပီးအတန္ငယ္ၾကာေသာအခါ
ျမန္မာအိုက္ေဒါပရီစင္တာ ေက်ာ္ထက္ေအာင္ဆီမွ
အသံငယ္တစ္ခုထြက္ေပၚလာျပန္သည္

“ဟုတ္ကဲ့ အခုဆိုရင္ ကြၽန္ေတာ္ဓါးထိုးခံလိုက္ရၿပီခင္ဗ်
ကံေကာင္းေထာက္မစြာပဲ ေသမင္းနဲ႔ငရဲမင္းတို႔ေပးတဲ့
votting result ေတြေၾကာင့္ အသက္မေသပဲ
save ျဖစ္သြားပါတယ္ခင္ဗ်ာ ။ အခုလိုvote ေပးတဲ့
ကိုႀကီးေသမင္းနဲ႔ ကိုႀကီးငရဲမင္းေရ ေက်းဇူးပါ ”

“ဟုတ္ကဲ့မီးေလးခဏေလာက္ပိတ္ေပးလို႔ရမလားခင္ဗ်ာ
ကြၽန္ေတာ္အသက္မေသေသးတဲ့အတြက္
ခဏေနရင္ ခြဲစိတ္ခန္း result နဲ႔ အတူျပန္လာပါ့မယ္ခင္ဗ်ာ”

“ၿငိမ္းခ်မ္းပါေစ ျမန္မာျပည္ႀကီး Good Luck”

ထိုသို႔ႏႈတ္ဆက္ၿပီးသည္ႏွင့္တစ္ၿပိဳင္နက္
ေက်ာ္ထက္ေအာင္၌ ရရွိထားေသာ ဒဏ္ရာမွာျပင္းသျဖင့္
အႏွီေနရာတြင္ပင္ သတိလစ္သြားေတာ့သည္

######(၂)######

ထို႔ေနာက္ေက်ာ္ထက္ေအာင္သတိရလာေသာအခါ
ေဆး႐ုံေပၚသို႔ပင္ေရာက္ရွိေနၿပီျဖစ္သည္

မ်က္စိပြင့္သည္ႏွင့္တစ္ၿပိဳင္နက္ မိမိအိမ္မဟုတ္မွန္းသိေသာ
အခါ ေက်ာ္ထက္ေအာင္မွအားယူ၍ စကားေျပာလိုက္သည္

“ဟုတ္ကဲ့ ကြၽန္ေတာ္
အခုဘယ္ေနရာေရာက္ေနတာလဲခင္ဗ်ာ”

“ေဟ ေဆး႐ုံဆိုတာ
မင္းၾကားဖူးသလားကြေမာင္ေက်ာ္ထက္ေအာင္ရ”

ဟင္ ! ႐ုတ္တရက္ၾကားလိုက္ရေသာ
အင္မတန္ေအာင္ျမင္ခန႔္ညားလွတဲ့အသံေၾကာင့္
အသံလားရာဘက္သို႔ လွည့္
ၾကည့္လိုက္ရာ ထိုေအာင္ျမင္ခန႔္ညားလွေသာ
အသံပိုင္ရွင္မွာ ျမန္မာျပည္သိန္းတန္ျဖစ္ေနသျဖင့္
ေက်ာ္ထက္ေအာင္မွာ ႐ုတ္ခ်ည္းဆိုသလို
အားတက္သြားကာ ဦသိန္းတန္အား
ဟန္ပင္မေဆာင္ႏိုင္ေတာ့ပဲ ႏႈတ္ဆက္လိုက္ေလသည္

“ဟာ အန္ကယ္ ကြၽန္ေတာ့္ကိုလာေတြ႕တယ္ေနာ္”

“ေအးကြ ေမာင္ေက်ာ္ထက္ေအာင္ရ
ဓါးျပတိုက္တဲ့ေနရာမွာ ႏိုင္ငံႀကီးသားပီသစြာနဲ႔
တိုက္ၾကပါလို႔ သာဓကေတြနဲ႔
အန္ကယ္မင္းကိုအရင္ကေျပာဖူးပါတယ္
အခုလည္းေျပာဦးမွာပါ
ဆိုေတာ့ကာ မင္းဗိုက္ကို ဓါးနဲ႔ထိုးခံရတဲ့အတြက္
အခုဆိုရင္ မင္းဗိုက္ဟာ သံဓါတ္ေတြပါေနတယ္လို႔
ဆိုလို႔ရပါတယ္ ဒါကို ပရိတ္သတ္ႀကီးကလည္း
လက္ခံႏိုင္ရပါမယ္ အဲ့ဒီေတာ့ အန္ကယ္ ေျပာခ်င္တာက အခုမင္းဗိုက္ကိုရွစ္ခ်က္ခ်ဳပ္လိုက္ရတဲ့အတြက္ အားမငယ္ပါနဲ႔ေနာက္တစ္ေခါက္ဆိုရင္ ဆယ့္ရွစ္ခ်က္ေလာက္ပိုမခ်ဳပ္ရဖို႔အတြက္ႀကိဳးစားပါ ေလ့လာပါလို႔ပဲ အန္ကယ္မွာခ်င္တယ္
အန္ကယ္ကေတာ့ဒီေလာက္ပါပဲ Good Luck ပါ
ေမာင္ေက်ာ္ထက္ေအာင္ေရ”

“ဟုတ္ကဲ့ အခုလိုေျပာၾကားေပးတဲ့ အန္ကယ္ ေက်းဇူးပါ”

“အခုဆိုရင္ ျမန္မာအိုက္ေဒါရဲ႕ဒိုင္တစ္ဦးျဖစ္တဲ့
ကိုမ်ိဳးေက်ာ့ၿမိဳင္ ကြၽန္ေတာ့္ ခြဲစိတ္ခန္း result ေလးက
ိုေျပာေပးပါဦး”

“အကို႔အေနနဲ႔ကေတာ့ ေထြေထြထူးထူးေျပာစရာေတာ့မရွိပါဘူး ေရွ႕မွာအန္ကယ္ေျပာသြားသလိုပဲေလ ဒါေပမဲ့
တစ္ခုေတာ့ရွိတယ္ေပါ့ေနာ္ အဲ့ဒါကေတာ့ အရစ္ရွည္တာပါပဲကိုယ့္အေနနဲ႔ကေတာ့ အရစ္ရွည္တာေလးကိုနည္းနည္း
ျပင္လိုက္ရင္ ေမာင္ေက်ာ္ထက္ေအာင္အေနနဲ႔
ဒီထက္ပိုၿပီးေအာင္ျမင္မယ္လို႔ယူဆပါတယ္ ဒါမွလည္း
စိတ္ျမန္လက္ျမန္ရွိတဲ့သူနဲ႔ေတြ႕တဲ့အခါ ဓါးမထိုးခံရ
ေလာက္ဘူးလို႔ ကိုယ္ျမင္တယ္
အဲ့ဒီေတာ့အားမငယ္ပါနဲ႔ႀကိဳးစားပါ ဘာပဲျဖစ္ျဖစ္
ကိုယ့္အေနနဲ႔ကေတာ့ ဒီခြဲစိတ္ခန္း result ကို yes လို႔
ေျပာခ်င္တယ္”

“ဟုတ္ကဲ့ အခုလိုေျပာၾကားေပးတဲ့အတြက္
ကိုမ်ိဴ းေက်ာ့ၿမိဳင္ေက်းဇူးပါ”

“ဟုတ္ကဲ့ မတင္ဇာေမာ္ ကြၽန္ေတာ့္ခြဲစိတ္ခန္း result ေလးကိုသုံးသပ္ေပးပါဦး”

“အင္း အမကေတာ့ ဒီေနရာမွာအျပစ္နည္းနည္းေျပာခ်င္
တယ္ အဲ့ဒါဘာလဲဆိုေတာ့ ေပြး ေပါ့ေနာ္
ႏိုင္ငံေက်ာ္ပရီစင္တာ
တစ္ေယာက္အေနနဲ႔ ေပြးမရွိသင့္ဘူးလို႔အမထင္တယ္
ဒါကလဲ တစ္ကိုယ္တစ္ကာယ သန႔္ရွင္းမႈနဲ႔ဆိုင္သြား
ၿပီေလ
အဲ့ဒီေတာ့ ေမာင္ေက်ာ္ထက္ေအာင္ အေနနဲ႔
ေရမွန္မွန္ခ်ိဳးဖို႔ အမမွာခ်င္တယ္ good luck ပါ
ေမာင္ေက်ာ္ထက္ေအာင္”

“မတင္ဇာေမာ္ ေက်းဇူးပါ”

“ကိုရန္ေအာင္ကေရာေျပာေပးပါဦးခဗ်ာ့”

အကို႔အေနနဲ႔ကေတာ့အေထြအထူးဘာမွ
ေျပာစရာမရွိပါဘူးေပြးဆိုတာကလူေတြေပါက္တတ္
ၾကတယ္ဆိုေပမယ့္လူတိုင္းေတာ့မေပါက္တတ္ၾကပါဘူး
ဒီေတာ့လူတိုင္းမေပါက္ႏိုင္တဲ့ေပြးေပါက္ေနတဲ့
ညီေလးအတြက္အကိုကေတာ့ဂုဏ္ယူခ်င္တယ္ကြာ

“ဟုတ္ကဲ့ အခုလို သုံးသပ္ေျပာၾကားေပးသြားတဲ့
ဒိုင္လူႀကီး ေလးဦး ကိုအထူးပဲေက်းဇူးတင္ရွိပါတယ္ခင္ဗ်ာ”

“ေနာက္တစ္ပါတ္မွာလဲ ဘယ္သူကဓါးနဲ႔ထိုးခံရၿပီး
ဘယ္သူက ေဆး႐ုံေရာက္ဦးမလဲဆိုတာ ရင္ခုန္စြာ
ေစာင့္ေမွ်ာ္ၾကည့္ရႈရင္း ”

“Good Night ပါျမန္မာျပည္ႀကီး”

ထိုသို႔ေက်ာ္ထက္ေအာင္ ႏႈတ္ဆက္လို႔ပင္မဆုံးေသး
မိုးမိုးျမင့္ေအာင္ ေဆး႐ုံသို႔ေရာက္ရွိလာသည္

ထို႔ေနာက္ေဆးဗူးေလးတစ္ဗူးထုတ္ကာ

“ဖင္လန္မွာရွိတဲ့ကြၽန္မညီမကေျပာတယ္
သူတို႔ဆီမွာ ဖန္ဂီဒန္ ေပြးေဆးကအေကာင္းဆုံးပဲတဲ့”

“အဲ့ဒါနဲ႔ကြၽန္မလည္းမယုံလို႔စမ္းသုံးၾကည့္တာ
wow တစ္ကယ္ပဲ ဖင္ကေပြးေတြအခ်ပ္လိုက္ကြာက်တယ္”

“ပူျခင္းစပ္ျခင္းလဲမရွိဘူး
လိမ္းလိုက္ရင္ဖင္ေလးကိုေအးသြားတာပဲ”

“အခုဆိုရင္ကြၽန္မေရာကြၽန္မေယာက္်ားေရာ
ဖန္ဂီဒန္ေပြးေဆးပဲ လိမ္းေတာ့တယ္”

“ရွင္တို႔ေရာ ဖန္ဂီဒန္ကို စမ္းသုံးၾကည့္ပါလား”

ဖန္ဂီဒန္အစြမ္း တစ္ကယ္ကိုလန္းတယ္ ဒန္တန႔္တန္😃😃😃😃

Via SK
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ည မြန်မာအိုက်ဒေါပရက်စင်တာ ဖြစ်သော
ကျော်ထက်အောင်၏အိမ်သို့ဓါးပြဝင်တိုက်လေသည်

ကျော်ထက်အောင်လည်း သူ့အိမ်ကိုဓါးပြဝင်မှန်းသိသိချင်း
ထိတ်ထိတ်ပြာပြာဖြင့် အိပ်ယာမှပြူးပြဲထကာ
ထုံးစံအတိုင်းနှုတ်ဆက်လေသည်

“ဟုတ်ကဲ့ မြန်မာပြည်ကြီးမင်္ဂလာပါ”

ငမ် ! ကျော်ထက်အောင်အကြောင်းကိုမသိသော
ဓါးပြခေါင်းဆောင်မှာ ရုတ်တရက်ကြောင်အမ်းအမ်း
့ဖြစ်သွားသည်

ထို့နောက်အတန်ငယ်ကြာမှသတိပြန်ဝင်လာကာ

“ဟေ့လူ မင်္ဂလာပါတွေဘာတွေလုပ်မနေနဲ့”
“အခု ခင်ဗျားအိမ်ကိုဓါးပြတိုက်နေတာ
ရှိတာအကုန်ထုတ်စမ်း ” ဟု အမိန့်ပေးလိုက်သည်

ထိုအခါကျော်ထက်အောင်မှ

“ဟုတ်ကဲ့ အခုဆိုရင် ကျွန်တော့်အိမ်ကိုဓါးပြ
တိုက်နေပါပြီခင်ဗျ။ဒီနေ့မှာတော့အားလုံးသိကြတဲ့အတိုင်း
ကျွန်တော့်ဆီကအဖိုးတန်ရတနာတွေ ဓါးပြတွေဆီကို
ထုတ်ပေးလိုက်ရပါတော့မယ်ခင်ဗျာ။ ဒါကြောင့်
ကျွန်တော့်ဆီကနေပထမဆုံးပစ္စည်းတစ်ခုထုတ်ပေးရပါ
တော့မယ်။ အခုကျွန်တော့်ဆီကနေ ဘယ်ပစ္စည်းက
ထွက်ခွာသွားရတော့မလဲဆိုတာ ဓါးပြအုပ်ကြီးလဲရင်ခုန်
နေပြီထင်ပါတယ် ”

“ဟုတ်ကဲ့ အခုဆိုရင် ကျွန်တော့်ဆီကနေပထမဆုံး
နှုတ်ဆက်ထွက်ခွာသွားရတော့မဲ့ပစ္စည်းကတော့”

ဘာမှဆက်မပြောပဲရပ်သွားသည်

ဓါးပြအုပ်စုမှာလည်း ဆန့်တငင်ငင်နှင့်မည်သည့်ပစ္စည်း
အားထုတ်ပေးမည်ကို စိတ်ဝင်တစ်စားစောင့်မျှော်
နေကြသည်

ဆယ်စက္ကန့်ခန့်ကြာသောအခါ
ဓါးပြခေါင်းဆောင်မှာ စိတ်ရှည်ဟန်မတူတော့

“ဟေ့လူမြန်မြန်ပြောဗျာ ဘာပစ္စည်းထုတ်ပေးမှာလဲ
ကျုပ်စိတ်မရှည်ဘူးဗျ”

“ဟုတ်ကဲ့ မီးလေးခဏလောက်ပိတ်ပေးပါခင်ဗျာ ။
ခဏနေရင် ဓါးပြအုပ်ကြီးစောင့်မျှော်နေတဲ့ အဖြေနဲ့အတူ
ပြန်လာပါ့မယ်ခင်ဗျာ ”

” ဟာ ! သေလိုက်ပါတော့ကွာ ”

ဓါးပြခေါင်းဆောင်ကိုယ့်နဖူးကိုရိုက်သွားသည်

ထို့နောက်ခေါင်းတစ်ဗျင်းဗျင်းကုတ်ကာ သူ့တပည့်တွေ
ကို အမိန့်ပေးလိုက်သည်

“ဟေ့ကောင်တွေ မီးမြန်မြန်ပိတ်ပေးလိုက်ကွာ
ကြာရင် ငါဒီကောင့်ကိုသတ်မိတော့မယ်”

“ဟုတ်ကဲ့ဆရာကြီး”

ဓါးပြအုပ်စုထဲတွင် အသက်အငယ်ဆုံးဖြစ်ဟန်တူသော
ကောင်လေးမှ လျင်မြန်စွာမီးကိုပိတ်လိုက်သည်

ထို့နောက်ဆယ်စက္ကန့်ခန့်ကြာသော်
ကျော်ထက်အောင်ဆီမှအသံတစ်လုံးချင်း
ထွက်ပေါ်လာသည်

“ဟုတ်ကဲ့ အဖြေကိုကြေငြာပါတော့မယ်ခင်ဗျာ
အခုဆိုရင် ကျွန်တော့်ဆီက ပထမဆုံး
နှုတ်ဆက်ထွက်ခွာသွားရမယ့်ပစ္စည်းကတော့”

“စိန်ဘယက်ကြီးဖြစ်မလား ” ဒွီးဒွီးဒွီးဒွီး

ဓါးပြခေါင်းဆောင်မျက်လုံးပြူးသွားသည်

“ပတ္တမြားဘယက်ကြီးဖြစ်မလား ” ဒွီးဒွီးဒွီးဒွီး

ဓါးပြခေါင်းဆောင်ဟန်ပင်မဆောင်နိုင်တော့
အိုပါးဂန်းစတိုင်ဖြင့်ထကတော့သည်

“ရွှေသေတ္တာအလုံးလိုက်ကြီးဖြစ်မလား ”

“ဟာ ဂစ် ဂစ် ဂစ် ဂစ်”

ကျော်ထက်အောင်စကားကိုနားထောင်ပြီး
ဓါးပြခေါင်းဆောင်တက်သွားသဖြင့်
မနည်းနှာနပ်ယူလိုက်ရသည်

ထို့နောက်ကျော်ထက်အောင်ဆက်ပြောသည်

“ဟုတ်ကဲ့ စိတ်မကောင်းပါဘူးခင်ဗျာ
ကျွန်တော့်ဆီကနေပထမဆုံးနှုတ်ဆက်ထွက်ခွာမယ့်ပစ္စည်း
ကတော့”

“မြွေနှစ်ကောင်ပွေးဆေး”

“ဟာ ဟင် အလို အို ”
ဓါးပြအုပ်စုထံမှအာမေဋိတ်သံများ ထွက်ပေါ်လာသည်

“ဟုတ်ကဲ့ စိတ်မကောင်းပါဘူး မြွေနှစ်ကောင်ပွေးဆေးရေ
ဒီနေ့ဟာဖြင့် မြွေနှစ်ကောင်ပွေးဆေးကို အမြဲတမ်းအမှတ်
ရနေမယ့် နေ့တစ်နေ့ဖြစ်နေမှာပါ။ နောက်ပြီးကျွန်တော့်
ပေါင်ကြားကပွေးတွေအတွက် နောက်တစ်ဗူးထပ်ဝယ်”

“ဇွပ်”””

ကျော်ထက်အောင်စကားပင်မဆုံးလိုက်

ဓါးပြခေါင်းဆောင်မှဓါးဖြင့်ထိုးသဖြင့်ကျော်ထက်အောင်
ကြမ်းပြင်သို့လဲကျသွားသည်

“တောက် ! သူဌေးမှတ်လို့ဓါးပြဝင်တိုက်ပါတယ်
ပွေးဝဲစားအရူးနဲ့လာတိုးနေတယ်
သွားမယ်ဟေ့ကောင်တွေ ”

ဓါးပြခေါင်းဆောင်မှဒေါသ ချောင်းချောင်းထွက်နေသော
အသံဖြင့်အမိန့်ပေးလိုက်သည်

ထိုအခါ ဒုတိယခေါင်းဆောင်ဖြစ်ဟန်တူသောဓါးပြမှ
ထကန့်ကွက်သည်

“သွားလို့မရသေးပါဘူးဆရာကြီး”

“ဟေ ! ဘာဖြစ်လို့တုန်းကွ”

“ဆရာကြီးကလည်း ဒီလူ့ဆီမှာစိန်ဘယက်တွေ”

“အေး စိန်ဘယက်တွေ ဘာတွေလုပ်မနေနဲ့ကွ အပြင်ကို
ကြည့်ဦး မင်းအမေလင်စကားပြောတာနဲ့မိုးကလင်းနေပြီ”

ထိုအခါမှ ဓါးပြအုပ်စုလည်း အပြင်သို့သတိထားကြည့်
မိလိုက်ရာ မိုးစင်စင်လင်းနေပြီဖြစ်သဖြင့်
ထောင်နန်းမစံရစေရန်အလို့ငှာ
သုတ်ပျာသုတ်ပျာဖြင့်ထွက်ခွာသွားတော့သည်

ဓါးပြအုပ်စုကြီးထွက်ခွာသွားပြီးအတန်ငယ်ကြာသောအခါ
မြန်မာအိုက်ဒေါပရီစင်တာ ကျော်ထက်အောင်ဆီမှ
အသံငယ်တစ်ခုထွက်ပေါ်လာပြန်သည်

“ဟုတ်ကဲ့ အခုဆိုရင် ကျွန်တော်ဓါးထိုးခံလိုက်ရပြီခင်ဗျ
ကံကောင်းထောက်မစွာပဲ သေမင်းနဲ့ငရဲမင်းတို့ပေးတဲ့
votting result တွေကြောင့် အသက်မသေပဲ
save ဖြစ်သွားပါတယ်ခင်ဗျာ ။ အခုလိုvote ပေးတဲ့
ကိုကြီးသေမင်းနဲ့ ကိုကြီးငရဲမင်းရေ ကျေးဇူးပါ ”

“ဟုတ်ကဲ့မီးလေးခဏလောက်ပိတ်ပေးလို့ရမလားခင်ဗျာ
ကျွန်တော်အသက်မသေသေးတဲ့အတွက်
ခဏနေရင် ခွဲစိတ်ခန်း result နဲ့ အတူပြန်လာပါ့မယ်ခင်ဗျာ”

“ငြိမ်းချမ်းပါစေ မြန်မာပြည်ကြီး Good Luck”

ထိုသို့နှုတ်ဆက်ပြီးသည်နှင့်တစ်ပြိုင်နက်
ကျော်ထက်အောင်၌ ရရှိထားသော ဒဏ်ရာမှာပြင်းသဖြင့်
အနှီနေရာတွင်ပင် သတိလစ်သွားတော့သည်

######(၂)######

ထို့နောက်ကျော်ထက်အောင်သတိရလာသောအခါ
ဆေးရုံပေါ်သို့ပင်ရောက်ရှိနေပြီဖြစ်သည်

မျက်စိပွင့်သည်နှင့်တစ်ပြိုင်နက် မိမိအိမ်မဟုတ်မှန်းသိသော
အခါ ကျော်ထက်အောင်မှအားယူ၍ စကားပြောလိုက်သည်

“ဟုတ်ကဲ့ ကျွန်တော်
အခုဘယ်နေရာရောက်နေတာလဲခင်ဗျာ”

“ဟေ ဆေးရုံဆိုတာ
မင်းကြားဖူးသလားကွမောင်ကျော်ထက်အောင်ရ”

ဟင် ! ရုတ်တရက်ကြားလိုက်ရသော
အင်မတန်အောင်မြင်ခန့်ညားလှတဲ့အသံကြောင့်
အသံလားရာဘက်သို့ လှည့်
ကြည့်လိုက်ရာ ထိုအောင်မြင်ခန့်ညားလှသော
အသံပိုင်ရှင်မှာ မြန်မာပြည်သိန်းတန်ဖြစ်နေသဖြင့်
ကျော်ထက်အောင်မှာ ရုတ်ချည်းဆိုသလို
အားတက်သွားကာ ဦသိန်းတန်အား
ဟန်ပင်မဆောင်နိုင်တော့ပဲ နှုတ်ဆက်လိုက်လေသည်

“ဟာ အန်ကယ် ကျွန်တော့်ကိုလာတွေ့တယ်နော်”

“အေးကွ မောင်ကျော်ထက်အောင်ရ
ဓါးပြတိုက်တဲ့နေရာမှာ နိုင်ငံကြီးသားပီသစွာနဲ့
တိုက်ကြပါလို့ သာဓကတွေနဲ့
အန်ကယ်မင်းကိုအရင်ကပြောဖူးပါတယ်
အခုလည်းပြောဦးမှာပါ
ဆိုတော့ကာ မင်းဗိုက်ကို ဓါးနဲ့ထိုးခံရတဲ့အတွက်
အခုဆိုရင် မင်းဗိုက်ဟာ သံဓါတ်တွေပါနေတယ်လို့
ဆိုလို့ရပါတယ် ဒါကို ပရိတ်သတ်ကြီးကလည်း
လက်ခံနိုင်ရပါမယ် အဲ့ဒီတော့ အန်ကယ် ပြောချင်တာက အခုမင်းဗိုက်ကိုရှစ်ချက်ချုပ်လိုက်ရတဲ့အတွက် အားမငယ်ပါနဲ့နောက်တစ်ခေါက်ဆိုရင် ဆယ့်ရှစ်ချက်လောက်ပိုမချုပ်ရဖို့အတွက်ကြိုးစားပါ လေ့လာပါလို့ပဲ အန်ကယ်မှာချင်တယ်
အန်ကယ်ကတော့ဒီလောက်ပါပဲ Good Luck ပါ
မောင်ကျော်ထက်အောင်ရေ”

“ဟုတ်ကဲ့ အခုလိုပြောကြားပေးတဲ့ အန်ကယ် ကျေးဇူးပါ”

“အခုဆိုရင် မြန်မာအိုက်ဒေါရဲ့ဒိုင်တစ်ဦးဖြစ်တဲ့
ကိုမျိုးကျော့မြိုင် ကျွန်တော့် ခွဲစိတ်ခန်း result လေးက
ိုပြောပေးပါဦး”

“အကို့အနေနဲ့ကတော့ ထွေထွေထူးထူးပြောစရာတော့မရှိပါဘူး ရှေ့မှာအန်ကယ်ပြောသွားသလိုပဲလေ ဒါပေမဲ့
တစ်ခုတော့ရှိတယ်ပေါ့နော် အဲ့ဒါကတော့ အရစ်ရှည်တာပါပဲကိုယ့်အနေနဲ့ကတော့ အရစ်ရှည်တာလေးကိုနည်းနည်း
ပြင်လိုက်ရင် မောင်ကျော်ထက်အောင်အနေနဲ့
ဒီထက်ပိုပြီးအောင်မြင်မယ်လို့ယူဆပါတယ် ဒါမှလည်း
စိတ်မြန်လက်မြန်ရှိတဲ့သူနဲ့တွေ့တဲ့အခါ ဓါးမထိုးခံရ
လောက်ဘူးလို့ ကိုယ်မြင်တယ်
အဲ့ဒီတော့အားမငယ်ပါနဲ့ကြိုးစားပါ ဘာပဲဖြစ်ဖြစ်
ကိုယ့်အနေနဲ့ကတော့ ဒီခွဲစိတ်ခန်း result ကို yes လို့
ပြောချင်တယ်”

“ဟုတ်ကဲ့ အခုလိုပြောကြားပေးတဲ့အတွက်
ကိုမျိူ းကျော့မြိုင်ကျေးဇူးပါ”

“ဟုတ်ကဲ့ မတင်ဇာမော် ကျွန်တော့်ခွဲစိတ်ခန်း result လေးကိုသုံးသပ်ပေးပါဦး”

“အင်း အမကတော့ ဒီနေရာမှာအပြစ်နည်းနည်းပြောချင်
တယ် အဲ့ဒါဘာလဲဆိုတော့ ပွေး ပေါ့နော်
နိုင်ငံကျော်ပရီစင်တာ
တစ်ယောက်အနေနဲ့ ပွေးမရှိသင့်ဘူးလို့အမထင်တယ်
ဒါကလဲ တစ်ကိုယ်တစ်ကာယ သန့်ရှင်းမှုနဲ့ဆိုင်သွား
ပြီလေ
အဲ့ဒီတော့ မောင်ကျော်ထက်အောင် အနေနဲ့
ရေမှန်မှန်ချိုးဖို့ အမမှာချင်တယ် good luck ပါ
မောင်ကျော်ထက်အောင်”

“မတင်ဇာမော် ကျေးဇူးပါ”

“ကိုရန်အောင်ကရောပြောပေးပါဦးခဗျာ့”

အကို့အနေနဲ့ကတော့အထွေအထူးဘာမှ
ပြောစရာမရှိပါဘူးပွေးဆိုတာကလူတွေပေါက်တတ်
ကြတယ်ဆိုပေမယ့်လူတိုင်းတော့မပေါက်တတ်ကြပါဘူး
ဒီတော့လူတိုင်းမပေါက်နိုင်တဲ့ပွေးပေါက်နေတဲ့
ညီလေးအတွက်အကိုကတော့ဂုဏ်ယူချင်တယ်ကွာ

“ဟုတ်ကဲ့ အခုလို သုံးသပ်ပြောကြားပေးသွားတဲ့
ဒိုင်လူကြီး လေးဦး ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ”

“နောက်တစ်ပါတ်မှာလဲ ဘယ်သူကဓါးနဲ့ထိုးခံရပြီး
ဘယ်သူက ဆေးရုံရောက်ဦးမလဲဆိုတာ ရင်ခုန်စွာ
စောင့်မျှော်ကြည့်ရှုရင်း ”

“Good Night ပါမြန်မာပြည်ကြီး”

ထိုသို့ကျော်ထက်အောင် နှုတ်ဆက်လို့ပင်မဆုံးသေး
မိုးမိုးမြင့်အောင် ဆေးရုံသို့ရောက်ရှိလာသည်

ထို့နောက်ဆေးဗူးလေးတစ်ဗူးထုတ်ကာ

“ဖင်လန်မှာရှိတဲ့ကျွန်မညီမကပြောတယ်
သူတို့ဆီမှာ ဖန်ဂီဒန် ပွေးဆေးကအကောင်းဆုံးပဲတဲ့”

“အဲ့ဒါနဲ့ကျွန်မလည်းမယုံလို့စမ်းသုံးကြည့်တာ
wow တစ်ကယ်ပဲ ဖင်ကပွေးတွေအချပ်လိုက်ကွာကျတယ်”

“ပူခြင်းစပ်ခြင်းလဲမရှိဘူး
လိမ်းလိုက်ရင်ဖင်လေးကိုအေးသွားတာပဲ”

“အခုဆိုရင်ကျွန်မရောကျွန်မယောက်ျားရော
ဖန်ဂီဒန်ပွေးဆေးပဲ လိမ်းတော့တယ်”

“ရှင်တို့ရော ဖန်ဂီဒန်ကို စမ်းသုံးကြည့်ပါလား”

ဖန်ဂီဒန်အစွမ်း တစ်ကယ်ကိုလန်းတယ် ဒန်တန့်တန်😃😃😃😃
Via SK

No comments:

Post a Comment