Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, August 22, 2018

ႏွလံုးေသြးေၾကာ က်ဥ္းျခင္း၊ က်ယ္ျခင္းအတြက္ ျမန္မာ႔ေဆးနည္းစြမ္းမ်ား

နွလံုးေသြးေျကာက်ဥ္းေရာဂါ လံုးဝ ျပန္မျဖစ္ေစနိုင္ေတာ့ေသာ ကိုယ္ေတြ႔ ေဆးနည္းေကာင္းတစ္လက္

ကြ်န္ေတာ္နွလံုးေရာဂါ ျပင္းထန္စြာ ခံစားရခ်ိန္ ကြ်န္ေတာ္ေနထိုင္ရာ ပုသိမ္ရွိ ပုသိမ္ေဆးရံုႀကီးနွင့္ ဇီဝကအထူးကုေဆးခန္းတို့တြင္ တက္ေရာက္ကုသခဲ့ရာ ေဆးစစ္ခ်က္အရ နွလံုးေသြးေျကာသံုးေခ်ာင္း က်ဥ္းေနၿပီး တစ္ေခ်ာင္္းမွာ ေကာင္းစြာ အလုပ္မလုပ္ေတာ့ေသာေၾကာင့္ နွလံုးစက္ထည့္ရမည့္ အေျခအေနျဖစ္ခဲ႕ပါသည္။

ထိုအခ်ိန္တြင္ မိတ္ေဆြတစ္ေယာက္မွ ကြ်န္ေတာ့္လို ခြဲစိပ္ခါနီးလူနာတစ္ဦး မခြဲစိပ္ရပဲ သက္သာ ေပ်ာက္ကင္းသြားသည္ဆိုေသာ ေဆးနည္းကိုေပးသျဖင့္ ရန္ကုန္၌ ေဆးကုသခံရန္ ျပင္ဆင္ေနခ်ိန္တြင္ ခုနွစ္ရက္မ်ွ ဆက္တိုက္ေသာက္ခဲ႕ပါသည္။

ထို့ေနာက္ ရန္ကုန္အာရွေတာ္ဝင္အထူးကု ေဆးခန္းတြင္ သြားေရာက္စမ္းသပ္ရာ နွလံုးေသြးေျကာပိတ္ဆို့မႈမ်ား မရွိေတာ့ပဲ အေကာင္းပကတိျဖစ္ေနေႀကာင္း အံ့ျသဖြယ္ ေတြ႔ရွိရပါသည္။

ဆရာမႀကီးမွာ ပုသိမ္မွေဆးစစ္ခ်က္မ်ားကိုျကည့္္၍ မယံုနိုင္ျဖစ္ကာ ေသခ်ာေစရန္ မဟာၿမိုင္အထူးကုေဆးခန္း၌ 24 နာရီစက္ျဖင့္ ထပ္မံစမ္းသပ္ရာ နွလံုးေသြးေျကာမ်ား ပံုမွန္ေကာင္းမြန္ေနေျကာင္း ေသခ်ာသြားေတာ့သည္။

ကြ်န္ေတာ္ခံစားေနရေသာ ရင္ဘတ္ေအာင့္ျခင္းနွင့္ ဘယ္ဘက္လက္ေမာင္းကို္္က္ျခင္း ေဝဒနာမ်ားလည္း ေပ်ာက္ကင္းသြားပါသည္။

ထို့ေျကာင့္ ကြ်န္ေတာ့္လို နွလံုးေသြးေႀကာက်ဥ္းေဝဒနာ ခံစားေနရသူမ်ားအတြက္ ေစတနာေရွ့ထား၍ ကြ်န္ေတာ့္ကိုယ္ေတြ့ေဆးနည္းကို ျပန္လည္မ်ွေဝေပးလိုက္ပါတယ္။

*ေဆးနည္းမွာ*

၁- ျကြက္နားရြက္မိႈ နွစ္က်ပ္ခြဲသား

၂- တရုတ္္ဇီးသီး ငါးလံုး

၃- ခ်င္း(ဂ်င္း)တက္ လက္တစ္ဆစ္ခန္ ့ႏွင့္

၄- ဆားအနည္းငယ္တ္ို့ကို

ေရဖန္ခြက္္ ၆ ခြက္ထည့္၊ ၂ ခြက္က်န္ေအာင္က်ိဳၿပီး မနက္တစ္ခြက္၊ ညတစ္ခြက္ ေသာက္ရံုပင္ ျဖစ္ပါသည္။

ေဆးနည္းေပးသူ မိတ္ေဆြအား ေက်းဇူးအထူးတင္ပါသည္။

Credit: Ko Sai

ႏွလံုးေသြးေၾကာက်ယ္ေရာဂါႏွင့္ စံကားစိမ္းပြင့္ လက္တစ္ဆုပ္

ကၽြန္ေတာ့္အမ်ိဳးသမီးတြင္ ႏွလံုးေသြးေၾကာက်ယ္ ေရာဂါေၾကာင့္ အိ္ပ္ရာမွ မထႏိုင္ေတာ့ပါ။

ႏွလံုးေသြးေၾကာက်ယ္ျခင္းေၾကာင့္ ႏွလံုးခုန္ျခင္းမွာ အလြန္ျပင္းထန္၍ ရင္ဘတ္ေပၚသို႔ လက္တင္ထားလွ်င္ လက္သည္ သိသိသာသာ အေပၚသို႔ စည္းခ်က္ညီညီ ၾကြတက္ေနပါသည္။

ခႏၶာကိုယ္တစ္ကိုယ္လံုး အသားအေရမ်ား အျမဲတမ္း ပူလ်က္ရွိျပီး ဆံပင္မ်ား ကၽြတ္သြားရာ က်ိဳးတိုက်ဲတဲသာ ရွိပါသည္။ တစ္ေန႔လွ်င္ ေရ ေလးခါေလာက္ခ်ိဳးမွ ေနႏိုင္ပါသည္။

ထမင္းစားလွ်င္ အျမဲတမ္း ျပင္းထန္စြာ သီးတတ္၍ အသက္ရွဴျမန္ျခင္း၊ အသက္ရွဴ ျပင္းထန္ျခင္း၊ ေမာပန္းျခင္း ေဝဒနာကို ခံစာေးနရပါသည္။

လူနာလာေမးၾကေသာ မိတ္ေဆြအေပါင္းအသင္းမ်ားကလည္း မရေတာ့ပါဘူး။ စိတ္ခ်မ္းသာေအာင္ ထားပါ-ဟူ၍သာ ေျပာႏိုင္ၾကပါသည္။

ရန္ကုန္ ေဆးရံုႀကီးႏွင့္ နာမည္ႀကီး ေဆးကုဌာနမ်ားမွာ သြားေရာက္ကုသႏိုင္ျခင္း မရွိသည့္အတြက္ ျမိဳ႔နယ္ဆရာဝန္္ ညႊန္ၾကားေသာ ေဆးမ်ား ေသာက္သံုး၍ အားေဆးသြင္းကာ ကုသေနေသာ္လည္း ေရာဂါမွာ ထူးျခားသက္သာမႈ မရွိပါ။

တစ္ေန႔တြင္ ေရၾကည္ေစ်းအတြင္းမွ အလွကုန္ေရာင္းသူ သူငယ္ခ်င္း ေမဒီယန္ ေခၚေသာ အမ်ိဳးသမီးသည္ လူနာေမးရန္ အိမ္သို႔ေရာက္ရွိလာပါသည္။

သူက ႏွလံုးေသြးေၾကာက်ယ္လွ်င္ စံကားစိမ္းပြင့္ လက္တစ္ဆုပ္ကို (၃)ခြက္ (၁)ခြက္တင္ က်ိဳေသာက္ပါ။ သက္သာ ေပ်ာက္ကင္းသည္။ ေသာက္သံုးၾကည့္ရန္ တိုက္တြန္းခဲ့ပါသည္။

စံကားဝါ၊ စံကားစိမ္း၊ စံကားျဖဴ သံုးမ်ိဳးရွိသည့္အနက္ စံကားစိမ္းပင္မွာ ကၽြန္ေတာ္တို႔ျမိဳ႔တြင္ လြန္စြာရွားပါးသျဖင့္ ရွာေဖြမရျဖစ္ေန၍ မတိုက္ျဖစ္ေသးပါ။

(၃)ရက္ခန္႔ၾကာေသာအခါ ေမဒီယန္-ေခၚ ေဆးနည္းေပးသူ အမ်ိဳးသမီးသည္ စံကားစိမ္းပြင့္မ်ားကို ၾကြပ္ၾကြပ္အိတ္ႏွင့္ ထည့္၍ အိမ္တိုင္ရာေရာက္ လာပို႔ပါသည္။

ငါးသိုင္းေခ်ာင္းျမိဳ႔မွာေနေသာ ျမိဳ႔နယ္ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႔ျဖိဳးေရးေကာင္စီမွ စာေရးမေလးကို မွာလိုက္ရာ ရရွိ၍ လာေရာက္ေပးေၾကာင္း ေျပာဆိုျပီး က်ိဳ၍ တိုက္ရန္ အတင္းတိုက္တြန္းပါသည္။

*ေဆးနည္းေသာက္နည္း*

ထိုစံကားစိမ္းပြင့္ လက္တစ္ဆုပ္စာမွ်ကို (၃)ခြက္ (၁)ခြက္တင္ က်ိဳျပီး ေရ လက္ဖက္ရည္ အခ်ိဳပန္းကန္ ေလးလံုးစာမွ် က်န္ေအာင္ မွန္းထည့္၍ တစ္ေန႔လွ်င္ နံနက္-ည၊ (၂)ႀကိမ္ တစ္ႀကိမ္လွ်င္ အခ်ိဳပန္းကန္ တစ္လံုးမွ် ႏွစ္ရက္ဆက္၍ တိုက္လိုက္ပါသည္။

တစ္ရက္ ႏွစ္ရက္အတြင္း သက္သာလာျပီး တစ္ပတ္မွ်ၾကာေသာအခါ ႏွလံုးခုန္ျခင္း ပံုမွန္ အေနအထားသို႔ ျပန္ေရာက္ျပီး ႏွစ္ပတ္ေလာက္ၾကာေသာအခါ ေရာဂါသက္သာေပ်ာက္ကင္းသြားသည္မွာ ယေန႔တိုင္ပင္ ျဖစ္ပါသည္။

သို႔ေသာ္လည္း တစ္ေန႔လွ်င္ ထိုေရာဂါ ျပန္ျဖစ္လာမလားဟု သံသယရွိခဲ့ပါသည္။

ဒါေပမယ့္ ယခုအခ်ိန္ထိ ထိုေရာဂါလကၡဏာ အရိပ္အေယာင္မွ် မရွိဘဲ က်န္းမာဝျဖိဳးလ်က္ ရွိပါသည္။

ယင္းအျဖစ္အပ်က္ကေလးသည္ ယခု ၂၀၀၅-ခုႏွစ္ ဒီဇဘၤာလတြင္ (၁၀)ႏွစ္မွ် ၾကာျပီျဖစ္၍ သက္သာေပ်ာက္ကင္းသြားျပီဟု ယံုၾကည္မႈ ရရွိပါျပီ။

သို႔အတြက္ ႏွလံုးေသြးေၾကာက်ယ္ ေရာဂါခံစားေနရသူ ေဝဒနာရွင္မ်ားအတြက္ ေဆးတစ္လက္ကို နကၡတၱေရာင္ျခည္ မဂၢဇင္းမွတစ္ဆင့္ ေစတနာ ေမတၱာျဖင့္ တင္ျပအပ္ပါသည္
ဗဟုသုတ
# Unicode Version ျဖင့္ ဖတ္ပါ #
နှလုံးသွေးကြောကျဉ်းရောဂါ လုံးဝ ပြန်မဖြစ်စေနိုင်တော့သော ကိုယ်တွေ့ ဆေးနည်းကောင်းတစ်လက်

ကျွန်တော်နှလုံးရောဂါ ပြင်းထန်စွာ ခံစားရချိန် ကျွန်တော်နေထိုင်ရာ ပုသိမ်ရှိ ပုသိမ်ဆေးရုံကြီးနှင့် ဇီဝကအထူးကုဆေးခန်းတို့တွင် တက်ရောက်ကုသခဲ့ရာ ဆေးစစ်ချက်အရ နှလုံးသွေးကြောသုံးချောင်း ကျဉ်းနေပြီး တစ်ချောင်းမှာ ကောင်းစွာ အလုပ်မလုပ်တော့သောကြောင့် နှလုံးစက်ထည့်ရမည့် အခြေအနေဖြစ်ခဲ့ပါသည်။

ထိုအချိန်တွင် မိတ်ဆွေတစ်ယောက်မှ ကျွန်တော့်လို ခွဲစိပ်ခါနီးလူနာတစ်ဦး မခွဲစိပ်ရပဲ သက်သာ ပျောက်ကင်းသွားသည်ဆိုသော ဆေးနည်းကိုပေးသဖြင့် ရန်ကုန်၌ ဆေးကုသခံရန် ပြင်ဆင်နေချိန်တွင် ခုနှစ်ရက်မျှ ဆက်တိုက်သောက်ခဲ့ပါသည်။

ထို့နောက် ရန်ကုန်အာရှတော်ဝင်အထူးကု ဆေးခန်းတွင် သွားရောက်စမ်းသပ်ရာ နှလုံးသွေးကြောပိတ်ဆို့မှုများ မရှိတော့ပဲ အကောင်းပကတိဖြစ်နေကြောင်း အံ့သြဖွယ် တွေ့ရှိရပါသည်။

ဆရာမကြီးမှာ ပုသိမ်မှဆေးစစ်ချက်များကိုကြည့််၍ မယုံနိုင်ဖြစ်ကာ သေချာစေရန် မဟာမြိုင်အထူးကုဆေးခန်း၌ 24 နာရီစက်ဖြင့် ထပ်မံစမ်းသပ်ရာ နှလုံးသွေးကြောများ ပုံမှန်ကောင်းမွန်နေကြောင်း သေချာသွားတော့သည်။

ကျွန်တော်ခံစားနေရသော ရင်ဘတ်အောင့်ခြင်းနှင့် ဘယ်ဘက်လက်မောင်းကို်က်ခြင်း ဝေဒနာများလည်း ပျောက်ကင်းသွားပါသည်။

ထို့ကြောင့် ကျွန်တော့်လို နှလုံးသွေးကြောကျဉ်းဝေဒနာ ခံစားနေရသူများအတွက် စေတနာရှေ့ထား၍ ကျွန်တော့်ကိုယ်တွေ့ဆေးနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

*ဆေးနည်းမှာ*

၁- ကြွက်နားရွက်မှို နှစ်ကျပ်ခွဲသား

၂- တရုတ်ဇီးသီး ငါးလုံး

၃- ချင်း(ဂျင်း)တက် လက်တစ်ဆစ်ခန့်နှင့်

၄- ဆားအနည်းငယ်တို့ကို

ရေဖန်ခွက် ၆ ခွက်ထည့်၊ ၂ ခွက်ကျန်အောင်ကျိုပြီး မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ရုံပင် ဖြစ်ပါသည်။

ဆေးနည်းပေးသူ မိတ်ဆွေအား ကျေးဇူးအထူးတင်ပါသည်။

Credit: Ko Sai

နှလုံးသွေးကြောကျယ်ရောဂါနှင့် စံကားစိမ်းပွင့် လက်တစ်ဆုပ်

ကျွန်တော့်အမျိုးသမီးတွင် နှလုံးသွေးကြောကျယ် ရောဂါကြောင့် အိပ်ရာမှ မထနိုင်တော့ပါ။

နှလုံးသွေးကြောကျယ်ခြင်းကြောင့် နှလုံးခုန်ခြင်းမှာ အလွန်ပြင်းထန်၍ ရင်ဘတ်ပေါ်သို့ လက်တင်ထားလျှင် လက်သည် သိသိသာသာ အပေါ်သို့ စည်းချက်ညီညီ ကြွတက်နေပါသည်။

ခန္ဓာကိုယ်တစ်ကိုယ်လုံး အသားအရေများ အမြဲတမ်း ပူလျက်ရှိပြီး ဆံပင်များ ကျွတ်သွားရာ ကျိုးတိုကျဲတဲသာ ရှိပါသည်။ တစ်နေ့လျှင် ရေ လေးခါလောက်ချိုးမှ နေနိုင်ပါသည်။

ထမင်းစားလျှင် အမြဲတမ်း ပြင်းထန်စွာ သီးတတ်၍ အသက်ရှူမြန်ခြင်း၊ အသက်ရှူ ပြင်းထန်ခြင်း၊ မောပန်းခြင်း ဝေဒနာကို ခံစာေးနရပါသည်။

လူနာလာမေးကြသော မိတ်ဆွေအပေါင်းအသင်းများကလည်း မရတော့ပါဘူး။ စိတ်ချမ်းသာအောင် ထားပါ-ဟူ၍သာ ပြောနိုင်ကြပါသည်။

ရန်ကုန် ဆေးရုံကြီးနှင့် နာမည်ကြီး ဆေးကုဌာနများမှာ သွားရောက်ကုသနိုင်ခြင်း မရှိသည့်အတွက် မြို့နယ်ဆရာဝန် ညွှန်ကြားသော ဆေးများ သောက်သုံး၍ အားဆေးသွင်းကာ ကုသနေသော်လည်း ရောဂါမှာ ထူးခြားသက်သာမှု မရှိပါ။

တစ်နေ့တွင် ရေကြည်ဈေးအတွင်းမှ အလှကုန်ရောင်းသူ သူငယ်ချင်း မေဒီယန် ခေါ်သော အမျိုးသမီးသည် လူနာမေးရန် အိမ်သို့ရောက်ရှိလာပါသည်။

သူက နှလုံးသွေးကြောကျယ်လျှင် စံကားစိမ်းပွင့် လက်တစ်ဆုပ်ကို (၃)ခွက် (၁)ခွက်တင် ကျိုသောက်ပါ။ သက်သာ ပျောက်ကင်းသည်။ သောက်သုံးကြည့်ရန် တိုက်တွန်းခဲ့ပါသည်။

စံကားဝါ၊ စံကားစိမ်း၊ စံကားဖြူ သုံးမျိုးရှိသည့်အနက် စံကားစိမ်းပင်မှာ ကျွန်တော်တို့မြို့တွင် လွန်စွာရှားပါးသဖြင့် ရှာဖွေမရဖြစ်နေ၍ မတိုက်ဖြစ်သေးပါ။

(၃)ရက်ခန့်ကြာသောအခါ မေဒီယန်-ခေါ် ဆေးနည်းပေးသူ အမျိုးသမီးသည် စံကားစိမ်းပွင့်များကို ကြွပ်ကြွပ်အိတ်နှင့် ထည့်၍ အိမ်တိုင်ရာရောက် လာပို့ပါသည်။

ငါးသိုင်းချောင်းမြို့မှာနေသော မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ စာရေးမလေးကို မှာလိုက်ရာ ရရှိ၍ လာရောက်ပေးကြောင်း ပြောဆိုပြီး ကျို၍ တိုက်ရန် အတင်းတိုက်တွန်းပါသည်။

*ဆေးနည်းသောက်နည်း*

ထိုစံကားစိမ်းပွင့် လက်တစ်ဆုပ်စာမျှကို (၃)ခွက် (၁)ခွက်တင် ကျိုပြီး ရေ လက်ဖက်ရည် အချိုပန်းကန် လေးလုံးစာမျှ ကျန်အောင် မှန်းထည့်၍ တစ်နေ့လျှင် နံနက်-ည၊ (၂)ကြိမ် တစ်ကြိမ်လျှင် အချိုပန်းကန် တစ်လုံးမျှ နှစ်ရက်ဆက်၍ တိုက်လိုက်ပါသည်။

တစ်ရက် နှစ်ရက်အတွင်း သက်သာလာပြီး တစ်ပတ်မျှကြာသောအခါ နှလုံးခုန်ခြင်း ပုံမှန် အနေအထားသို့ ပြန်ရောက်ပြီး နှစ်ပတ်လောက်ကြာသောအခါ ရောဂါသက်သာပျောက်ကင်းသွားသည်မှာ ယနေ့တိုင်ပင် ဖြစ်ပါသည်။

သို့သော်လည်း တစ်နေ့လျှင် ထိုရောဂါ ပြန်ဖြစ်လာမလားဟု သံသယရှိခဲ့ပါသည်။

ဒါပေမယ့် ယခုအချိန်ထိ ထိုရောဂါလက္ခဏာ အရိပ်အယောင်မျှ မရှိဘဲ ကျန်းမာဝဖြိုးလျက် ရှိပါသည်။

ယင်းအဖြစ်အပျက်ကလေးသည် ယခု ၂၀၀၅-ခုနှစ် ဒီဇင်္ဘာလတွင် (၁၀)နှစ်မျှ ကြာပြီဖြစ်၍ သက်သာပျောက်ကင်းသွားပြီဟု ယုံကြည်မှု ရရှိပါပြီ။

သို့အတွက် နှလုံးသွေးကြောကျယ် ရောဂါခံစားနေရသူ ဝေဒနာရှင်များအတွက် ဆေးတစ်လက်ကို နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှတစ်ဆင့် စေတနာ မေတ္တာဖြင့် တင်ပြအပ်ပါသည်
ဗဟုသုတ

No comments:

Post a Comment