Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, August 22, 2018

ျမန္မာအမ်ဳိးသမီးက သမီးအားမုဒိမ္းက်င့္သူကို သတ္ၿပီး ေရထဲပစ္ခ်

ထိုင္းႏိုင္ငံ၊ ခၽြန္းပူးရီးခ႐ုိင္၊ ဘန္႔ဘိန္ၿမဳိ႕နယ္ထဲမွာ ၿပီးခဲ့တဲ့ သီတင္းပတ္က  သစ္သားစနဲ႔ ပူးတြဲခ်ည္ေႏွာင္ၿပီး ေရကန္ထဲပစ္ခ်ခံထားရတဲ့ ျမန္မာအလုပ္သမားတဦးရဲ႕ အေလာင္း ေတြ႔ရွိတာနဲ႔ ပတ္သက္လို႔  သံသယရွိတဲ့ ျမန္မာအမ်ဳိးသမီးကို ထိုင္းရဲက ဖမ္းဆီးလိုက္ပါတယ္။

ဖမ္းဆီးခံရသူဟာ ေသဆံုးသူ ေဇာ္ႏိုင္ဦး (အသက္ ၃၇ ႏွစ္ ) နဲ႔ တအိမ္တည္းေနထိုင္တဲ့ ေဒၚမႏု (၄၀ ႏွစ္)  ျဖစ္ၿပီး ေဇာ္ႏိုင္ဦးဟာ သူမရဲ႕ သမီးျဖစ္သူကို မုဒိမ္းက်င့္တဲ့အတြက္ သံေခ်ာင္းနဲ႔ ႐ုိက္သတ္ခဲ့တဲ့အေၾကာင္း ၀န္ခံထားတယ္လို႔ တာ၀န္ရွိ သူေတြက ဒီကေန႔မနက္ ၁၀ နာရီေလာက္က လူသတ္မႈ ျဖစ္ပြားရပံုကို ျပန္လည္သ ႐ုပ္ျပခဲ့ပါတယ္။

သူမ နဲ႔ သမီးျဖစ္သူတို႔ဟာ ေဇာ္ႏိုင္ဦးနဲ႔ စက္႐ုံအလုပ္သမားအိမ္ခန္းမွာ အတူေနၾကၿပီး  ၿပီးခဲ့တဲ့ ဇြန္လက ျမန္မာျပည္ကို ေခတၱျပန္သြားခဲ့ေၾကာင္း၊ ျပန္လာေတာ့ ေဇာ္ႏိုင္ဦးက သမီးကို အဓမၼျပဳက်င့္ခဲ့တယ္လို႔ သမီးက တိုင္ေျပာတဲ့အတြက္ စိတ္ဆိုးၿပီး  ၾသဂုတ္ ၁၆ ရက္ေန႔က ႏိုင္ဦး အရက္မူးၿပီး အိပ္ေပ်ာ္ေနစဥ္ သံေခ်ာင္းနဲ႔ ေခါင္းကို႐ုိက္ႏွက္ခဲ့တာလို႔ ဆိုပါတယ္။

အဲဒီေနာက္ ညေရာက္တဲ့အခါ အေလာင္းကို ေရထဲမေပၚေအာင္ သစ္သားျပားနဲ႔ ပူးခ်ည္ကာ စက္႐ုံ၀င္းထဲရွိ ေရကန္ထဲမွာ သြားပစ္ခ်ခဲ့တယ္လို႔  ေဒၚမႏုက ၀န္ခံေျပာပါတယ္။

ေသဆံုးသူ ေဇာ္ႏိုင္ဦးရဲ႕ အေလာင္းကို ကယ္ဆယ္ေရးအဖြဲ႔ေတြက ၿပီးခဲတဲ့ ၾသဂုတ္လ ၁၉ ရက္မွာ  သူတို႔အလုပ္လုပ္ရာ ေနာင္ဆမ့္ခ်တ္အုပ္စု သစ္သားစက္႐ုံ၀င္းထဲရွိ ေရကန္ထဲမွာ ေတြ႔ရွိခဲ့တာပါ။

ဒီမတိုင္ခင္က ေဇာ္ႏိုင္ဦးဟာ ျမန္မာေရႊ႔ေျပာင္းလုပ္သား အခ်င္းခ်င္းၾကား ေငြတိုးေခ်း စားေနသူျဖစ္လို႔ ေငြေခ်းတဲ့ျပႆနာေၾကာင့္ အသတ္ခံရတာ ျဖစ္ႏုိင္တယ္လို႔ နယ္ေျမခံ ရဲစခန္းက ထင္ျမင္ခ်က္ေပးထားခဲ့ပါတယ္။

ဓာတ္ပံု-Onbnews 
DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံ၊ ချွန်းပူးရီးခရိုင်၊ ဘန့်ဘိန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်က  သစ်သားစနဲ့ ပူးတွဲချည်နှောင်ပြီး ရေကန်ထဲပစ်ချခံထားရတဲ့ မြန်မာအလုပ်သမားတဦးရဲ့ အလောင်း တွေ့ရှိတာနဲ့ ပတ်သက်လို့  သံသယရှိတဲ့ မြန်မာအမျိုးသမီးကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရသူဟာ သေဆုံးသူ ဇော်နိုင်ဦး (အသက် ၃၇ နှစ် ) နဲ့ တအိမ်တည်းနေထိုင်တဲ့ ဒေါ်မနု (၄၀ နှစ်)  ဖြစ်ပြီး ဇော်နိုင်ဦးဟာ သူမရဲ့ သမီးဖြစ်သူကို မုဒိမ်းကျင့်တဲ့အတွက် သံချောင်းနဲ့ ရိုက်သတ်ခဲ့တဲ့အကြောင်း ဝန်ခံထားတယ်လို့ တာဝန်ရှိ သူတွေက ဒီကနေ့မနက် ၁၀ နာရီလောက်က လူသတ်မှု ဖြစ်ပွားရပုံကို ပြန်လည်သ ရုပ်ပြခဲ့ပါတယ်။

သူမ နဲ့ သမီးဖြစ်သူတို့ဟာ ဇော်နိုင်ဦးနဲ့ စက်ရုံအလုပ်သမားအိမ်ခန်းမှာ အတူနေကြပြီး  ပြီးခဲ့တဲ့ ဇွန်လက မြန်မာပြည်ကို ခေတ္တပြန်သွားခဲ့ကြောင်း၊ ပြန်လာတော့ ဇော်နိုင်ဦးက သမီးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ သမီးက တိုင်ပြောတဲ့အတွက် စိတ်ဆိုးပြီး  သြဂုတ် ၁၆ ရက်နေ့က နိုင်ဦး အရက်မူးပြီး အိပ်ပျော်နေစဉ် သံချောင်းနဲ့ ခေါင်းကိုရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် ညရောက်တဲ့အခါ အလောင်းကို ရေထဲမပေါ်အောင် သစ်သားပြားနဲ့ ပူးချည်ကာ စက်ရုံဝင်းထဲရှိ ရေကန်ထဲမှာ သွားပစ်ချခဲ့တယ်လို့  ဒေါ်မနုက ဝန်ခံပြောပါတယ်။

သေဆုံးသူ ဇော်နိုင်ဦးရဲ့ အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက ပြီးခဲတဲ့ သြဂုတ်လ ၁၉ ရက်မှာ  သူတို့အလုပ်လုပ်ရာ နောင်ဆမ့်ချတ်အုပ်စု သစ်သားစက်ရုံဝင်းထဲရှိ ရေကန်ထဲမှာ တွေ့ရှိခဲ့တာပါ။

ဒီမတိုင်ခင်က ဇော်နိုင်ဦးဟာ မြန်မာရွှေ့ပြောင်းလုပ်သား အချင်းချင်းကြား ငွေတိုးချေး စားနေသူဖြစ်လို့ ငွေချေးတဲ့ပြဿနာကြောင့် အသတ်ခံရတာ ဖြစ်နိုင်တယ်လို့ နယ်မြေခံ ရဲစခန်းက ထင်မြင်ချက်ပေးထားခဲ့ပါတယ်။

ဓာတ်ပုံ-Onbnews 
DVB

No comments:

Post a Comment