Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, July 5, 2018

" လူတိုင္း သိထားသင့္တဲ့ ကမာၻတစ္လႊားမွ ဗုဒၶ ေျခေတာ္ရာ ခ်ခဲ့သည့္ ေနရာ ( ၁၀ ) ေနရာမ်ား "

ကမာၻ တစ္လႊား ဗုဒၶ ေျခေတာ္ရာ မ်ားကမာၻ တစ္လႊား ၌ ဗုဒၶ ေျခေတာ္ရာ ခ်ခဲ့သည့္ ေနရာမွာ ( ၁၀ ) ေနရာ ျဖစ္ေၾကာင္း ကို ေလ့လာ သိ ရွိ ရေပ သည္ ။ ၎တို႔မွာ .

(၁) အိႏၵိယ ျပည္၊ ဘုံဘိုင္ ေျမာက္ပိုင္း၊ နမၼဒါ ျမစ္ ထဲ၌ ေျခေတာ္ရာ တစ္ဆူ …

(၂) အိႏၵိယ ျပည္၊ ဘုံဘိုင္ နယ္ ေျမာက္ပိုင္း၊ နမၼဒါျမစ္ အထက္ သစၥပန္ ေတာင္ ေပၚ၌ ေျခေတာ္ရာ တစ္ဆူ …

(၃) အိႏၵိယ ျပည္ေျမာက္ပိုင္း ဥဒယာန တိုင္း ၌ ေျခေတာ္ရာ တစ္ဆူ …။ ( တ႐ုတ္ ဘုန္းေတာ္ႀကီး ဖာယီယန္ ၏ မွတ္တမ္း အရ )

(၄) အိႏၵိယ ျပည္၊ ပါတလိပုတ္ ၿမိဳ႕ေတာ္ ၏ ေတာင္ဘက္ သုံးလီ အကြာ ၌ ေျခေတာ္ရာ တစ္ဆူ …။ ( ဖာယီယန္ ၏ မွတ္တမ္း အရ )

(၅) သီရိလကၤာႏိုင္ငံ ( သီဟိုဠ္ကြၽန္း ) သုမနကုဋ ( SriPada ) ေတာင္ထိပ္ ၌ ေျခေတာ္ရာ တစ္ဆူ …။

(၆) ျမန္မာ ႏိုင္ငံ၊ ရခိုင္ ျပည္နယ္ ေျမာက္ပိုင္း၊ မယူကမ္း ပုံစည္း ကြၽန္း၊ သာစည္ေထာင့္ ႐ႊာအနီး ၌ ေျခေတာ္ရာ တစ္ဆူ …

(၇) ျမန္မာ ႏိုင္ငံ၊ ရခိုင္ ျပည္နယ္၊ စစ္ေတြ ၿမိဳ႕ ကုလားတန္ ျမစ္ဝ ရွိ ဖ႐ုံကာ ကြၽန္းစု၊ ေျမငူကြၽန္း၊ဆံေတာ္ရွင္ ဓာတ္ေတာ္ အနီး ရွိ ေျခေတာ္ရာ တစ္ဆူ …

(၈) ျမန္မာ ႏိုင္ငံ၊ မေကြးတိုင္း ေဒသႀကီး၊ မင္းဘူး ခ႐ိုင္၊ မန္းေခ်ာင္း ( မန္း ေ႐ႊစက္ေတာ္ ) ၌ ေအာက္ , အထက္ ေျခေတာ္ရာ ႏွစ္ဆူ …။

(၉) ျမန္မာ ႏိုင္ငံ ေျမာက္ပိုင္း ဝနယ္၊ လြိဳင္မူေတာင္ အေရွ႕ေျမာက္ ဘက္ ေတာင္ေစာင္း ၌ ေျခေတာ္ရာ တစ္ဆူ …

(၁၀) ျမန္မာ ႏိုင္ငံ၊ ရခိုင္ ျပည္နယ္၊ မဟီ ( မအီ ) ျမစ္ အတြင္း၌ အထက္ ေအာက္ ဝဲယာ ေျခေတာ္ရာ တစ္စုံ …။ စသည္ တို႔ ျဖစ္ၾက ေၾကာင္း ရန္ကုန္ၿမိဳ႕၊ တာေမြ ၿမိဳ႕နယ္၊ ေက်ာက္ေျမာက္ ရပ္၊ မဟာသုခ ပါဠိ တကၠသိုလ္မွ ဆရာေတာ္ ဦးအရိယာဝံသ ၏ ရခိုင္ ျပည္နယ္၊ မအီ စက္ေတာ္ရာ သမိုင္း စာအုပ္ တြင္ မွတ္တမ္း ျပဳထား ပါသည္ ။

ျမတ္စြာ ဘုရားရွင္ သည္ မဟာ သကၠရာဇ္ ၁၂၄ ခုႏွစ္ တြင္ ရဟႏၲာ ငါးရာ ႏွင့္ တကြ သုနာပရႏၲ ေ ယာနက တိုင္း ( ယခု ျမန္မာ ႏိုင္ငံ မေကြးတိုင္း ေဒသႀကီး မင္းဘူး ခ႐ိုင္ စကု ၿမိဳ႕နယ္ လယ္ ကို င္း ေက်ာင္းေတာ္ ရာ ေဒသ ) သို႔လည္း ႂကြေရာက္ ခဲ့ေတာ္ မူ ၏ ။ ဘုရား ရွင္ သည္ သာဝတၳိ ျပ ည္၊ ေဇတဝန္ ေက်ာင္းေတာ္ သို႔ျပန္ အႂကြ နမၼဒါျမစ္ ( ယခု မန္းေခ်ာင္း ) အနီး သို႔ ေရာက္ သည္ တြင္ နမၼဒါ နဂါးမင္း ၏ ေတာင္းပန ္ခ်က္ ေၾကာင့္ ျမစ္ကမ္း နဖူး ေက်ာက္ဖ်ာ ထက္ တြင္ လက္ ဝဲ ေျခေ တာ္ ရာ ကို ခ်ေပး ခဲ့၏။ ယင္းကို ေအာက္ ေျခေတာ္ရာ ဟု ေခၚဆို ၾကသည္။

ဆက္လက္ ၍ ႂကြျမန္း စဥ္ ထိုျမစ္ အနီး သစၥဗႏၶက ေတာင္ေပၚ သို႔ ေရာက္ျပန္ ေသာ္ ရေသ့ ၏ ေလွ်ာက္ ထား ေတာင္းပန္ ခ်က္ ေၾကာင့္ မကုလ ေျမ ေက်ာက္ေပၚ တြင္ လက္ဝဲ ဘက္ ေျခေတာ္ရာ ကို တံ ဆိပ္ ခတ္ႏွိပ္ ေပးခဲ့ ျပန္သည္။ ထို အထက္ ေျခေတာ္ရာ ကို အထက္ စက္ေတာ္ရာဟု သမုတ္ ခဲ့ ၾကသည္ ဟု ဆိုၾက သည္။သို႔ျဖင့္ ထို ေနရာ မ်ား တြင္ ေစတီမ်ား တည္ထား ကာ ႏွစ္စဥ္ ေျခေတာ္ရာ ဖူးရင္း ေစတီ မ်ား တြင္ ပြဲေတာ္ မ်ား က်င္းပ ခဲ့ေလ သည္ ။ အဆိုပါ ေျခေတာ္ရာ သည္ ကာလ အတန္ၾကာ ကြယ္ေပ်ာ က္ ေ န ခဲ့ၿပီး ေတာင္ဖီလာ ဆရာ ေတာ္ႀကီး ( ဓားမကူး ဆရာေတာ္ ) ၏ ေဖာ္ထုတ္ မႈျဖင့္ ပြင့္ေပၚ လာျခင္း ျဖစ္ေၾကာင္း မွတ္သား ရပါ သည္။
original uploader
# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာ တစ်လွှား ဗုဒ္ဓ ခြေတော်ရာ များကမ္ဘာ တစ်လွှား ၌ ဗုဒ္ဓ ခြေတော်ရာ ချခဲ့သည့် နေရာမှာ ( ၁၀ ) နေရာ ဖြစ်ကြောင်း ကို လေ့လာ သိ ရှိ ရပေ သည် ။ ၎င်းတို့မှာ .

(၁) အိန္ဒိယ ပြည်၊ ဘုံဘိုင် မြောက်ပိုင်း၊ နမ္မဒါ မြစ် ထဲ၌ ခြေတော်ရာ တစ်ဆူ …

(၂) အိန္ဒိယ ပြည်၊ ဘုံဘိုင် နယ် မြောက်ပိုင်း၊ နမ္မဒါမြစ် အထက် သစ္စပန် တောင် ပေါ်၌ ခြေတော်ရာ တစ်ဆူ …

(၃) အိန္ဒိယ ပြည်မြောက်ပိုင်း ဥဒယာန တိုင်း ၌ ခြေတော်ရာ တစ်ဆူ …။ ( တရုတ် ဘုန်းတော်ကြီး ဖာယီယန် ၏ မှတ်တမ်း အရ )

(၄) အိန္ဒိယ ပြည်၊ ပါတလိပုတ် မြို့တော် ၏ တောင်ဘက် သုံးလီ အကွာ ၌ ခြေတော်ရာ တစ်ဆူ …။ ( ဖာယီယန် ၏ မှတ်တမ်း အရ )

(၅) သီရိလင်္ကာနိုင်ငံ ( သီဟိုဠ်ကျွန်း ) သုမနကုဋ ( SriPada ) တောင်ထိပ် ၌ ခြေတော်ရာ တစ်ဆူ …။

(၆) မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ် မြောက်ပိုင်း၊ မယူကမ်း ပုံစည်း ကျွန်း၊ သာစည်ထောင့် ရွှာအနီး ၌ ခြေတော်ရာ တစ်ဆူ …

(၇) မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ်၊ စစ်တွေ မြို့ ကုလားတန် မြစ်ဝ ရှိ ဖရုံကာ ကျွန်းစု၊ မြေငူကျွန်း၊ဆံတော်ရှင် ဓာတ်တော် အနီး ရှိ ခြေတော်ရာ တစ်ဆူ …

(၈) မြန်မာ နိုင်ငံ၊ မကွေးတိုင်း ဒေသကြီး၊ မင်းဘူး ခရိုင်၊ မန်းချောင်း ( မန်း ရွှေစက်တော် ) ၌ အောက် , အထက် ခြေတော်ရာ နှစ်ဆူ …။

(၉) မြန်မာ နိုင်ငံ မြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက် ဘက် တောင်စောင်း ၌ ခြေတော်ရာ တစ်ဆူ …

(၁၀) မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ်၊ မဟီ ( မအီ ) မြစ် အတွင်း၌ အထက် အောက် ဝဲယာ ခြေတော်ရာ တစ်စုံ …။ စသည် တို့ ဖြစ်ကြ ကြောင်း ရန်ကုန်မြို့၊ တာမွေ မြို့နယ်၊ ကျောက်မြောက် ရပ်၊ မဟာသုခ ပါဠိ တက္ကသိုလ်မှ ဆရာတော် ဦးအရိယာဝံသ ၏ ရခိုင် ပြည်နယ်၊ မအီ စက်တော်ရာ သမိုင်း စာအုပ် တွင် မှတ်တမ်း ပြုထား ပါသည် ။

မြတ်စွာ ဘုရားရှင် သည် မဟာ သက္ကရာဇ် ၁၂၄ ခုနှစ် တွင် ရဟန္တာ ငါးရာ နှင့် တကွ သုနာပရန္တ ေ ယာနက တိုင်း ( ယခု မြန်မာ နိုင်ငံ မကွေးတိုင်း ဒေသကြီး မင်းဘူး ခရိုင် စကု မြို့နယ် လယ် ကို င်း ကျောင်းတော် ရာ ဒေသ ) သို့လည်း ကြွရောက် ခဲ့တော် မူ ၏ ။ ဘုရား ရှင် သည် သာဝတ္ထိ ပြ ည်၊ ဇေတဝန် ကျောင်းတော် သို့ပြန် အကြွ နမ္မဒါမြစ် ( ယခု မန်းချောင်း ) အနီး သို့ ရောက် သည် တွင် နမ္မဒါ နဂါးမင်း ၏ တောင်းပန ်ချက် ကြောင့် မြစ်ကမ်း နဖူး ကျောက်ဖျာ ထက် တွင် လက် ဝဲ ခြေေ တာ် ရာ ကို ချပေး ခဲ့၏။ ယင်းကို အောက် ခြေတော်ရာ ဟု ခေါ်ဆို ကြသည်။

ဆက်လက် ၍ ကြွမြန်း စဉ် ထိုမြစ် အနီး သစ္စဗန္ဓက တောင်ပေါ် သို့ ရောက်ပြန် သော် ရသေ့ ၏ လျှောက် ထား တောင်းပန် ချက် ကြောင့် မကုလ မြေ ကျောက်ပေါ် တွင် လက်ဝဲ ဘက် ခြေတော်ရာ ကို တံ ဆိပ် ခတ်နှိပ် ပေးခဲ့ ပြန်သည်။ ထို အထက် ခြေတော်ရာ ကို အထက် စက်တော်ရာဟု သမုတ် ခဲ့ ကြသည် ဟု ဆိုကြ သည်။သို့ဖြင့် ထို နေရာ များ တွင် စေတီများ တည်ထား ကာ နှစ်စဉ် ခြေတော်ရာ ဖူးရင်း စေတီ များ တွင် ပွဲတော် များ ကျင်းပ ခဲ့လေ သည် ။ အဆိုပါ ခြေတော်ရာ သည် ကာလ အတန်ကြာ ကွယ်ပျော က် ေ န ခဲ့ပြီး တောင်ဖီလာ ဆရာ တော်ကြီး ( ဓားမကူး ဆရာတော် ) ၏ ဖော်ထုတ် မှုဖြင့် ပွင့်ပေါ် လာခြင်း ဖြစ်ကြောင်း မှတ်သား ရပါ သည်။

original uploader

No comments:

Post a Comment