Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, July 5, 2018

ေက်ာင္းထားေပးရန္ ပူဆာခဲ့သည့္ ၅ ႏွစ္အရြယ္ကေလးအား မိေထြးျဖစ္သူ ဓားနဲ႔ခုတ္


စစ္ကိုင္းတိုင္း ေရႊဘိုၿမိဳ႕နယ္အတြင္း အသက္ ၅ ႏွစ္အရြယ္ကေလးတစ္ဦးကို မိေထြးျဖစ္သူက ဓားျဖင့္ခုတ္ေနစဥ္ ဦးေလးျဖစ္သူက ေတြ႕ရွိခဲ့ၿပီး အခ်ိန္မီေဆး႐ုံပို႔ခဲ့တာေၾကာင့္ အသက္ေဘးမွ လြတ္ခဲ့ရေသာ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာ ဇြန္လ ၂၇ ရက္ေန႔ ညေန ၅ နာရီအခ်ိန္ခန႔္တြင္ အသက္ ၃၈ ႏွစ္အရြယ္ မခင္မာေဆြဆိုသူအား ေယာက္်ားဘက္မွ ပါေသာ (လင္ပါသား) အသက္ ၅ ႏွစ္အရြယ္ကေလးငယ္မွ ေက်ာင္းတက္ခ်င္သည္ဟု ပူဆာခဲ့ရာ မခင္မာေဆြက ေဒါသထြက္ၿပီး ရိုက္ပုတ္ခဲ့ပါတယ္။ အဲဒီေနာက္ ေဒါသကိုမထိန္းနိုင္ပဲ အနီးရွိ ထင္းခုတ္ဓားျဖင့္ ခုတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေရႊဘိုၿမိဳ႕နယ္ ရဲစခန္းတြင္ မခင္မာေဆြက ထြက္ဆိုခဲ့သည္။

အခင္းျဖစ္ပြားေနခ်ိန္တြင္ ခေလး၏ ဦးေလးျဖစ္သူကေတြ႕ရွိခဲ့သျဖင့္ ေဆး႐ုံသို႔ပို႔ေဆာင္ ကုသခဲ့ရသည္။ အဆိုပါအမွုနဲ႔ ပက္သက္ၿပီး ဆက္လက္စစ္ေဆးလၽွက္ရွိေၾကာင္း ေရႊဘိုၿမိဳ႕နယ္မွ ဒုရဲအုပ္ ေက်ာ္သက္ခိုင္မွ ေျပာၾကားခဲ့ေၾကာင္းသိရွိရသည္။

သတင္းရင္းျမစ္ - ရဲရင့္ထြန္း
Popolay

#Unicode Version#
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်း အသက် ၅ နှစ်အရွယ်ကလေးတစ်ဦးကို မိထွေးဖြစ်သူက ဓားဖြင့်ခုတ်နေစဉ် ဦးလေးဖြစ်သူက တွေ့ရှိခဲ့ပြီး အချိန်မီဆေးရုံပို့ခဲ့တာကြောင့် အသက်ဘေးမှ လွတ်ခဲ့ရသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၇ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် အသက် ၃၈ နှစ်အရွယ် မခင်မာဆွေဆိုသူအား ယောက်ျားဘက်မှ ပါသော (လင်ပါသား) အသက် ၅ နှစ်အရွယ်ကလေးငယ်မှ ကျောင်းတက်ချင်သည်ဟု ပူဆာခဲ့ရာ မခင်မာဆွေက ဒေါသထွက်ပြီး ရိုက်ပုတ်ခဲ့ပါတယ်။ အဲဒီနောက် ဒေါသကိုမထိန်းနိုင်ပဲ အနီးရှိ ထင်းခုတ်ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ် ရဲစခန်းတွင် မခင်မာဆွေက ထွက်ဆိုခဲ့သည်။

အခင်းဖြစ်ပွားနေချိန်တွင် ခလေး၏ ဦးလေးဖြစ်သူကတွေ့ရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင် ကုသခဲ့ရသည်။ အဆိုပါအမှုနဲ့ ပက်သက်ပြီး ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း ရွှေဘိုမြို့နယ်မှ ဒုရဲအုပ် ကျော်သက်ခိုင်မှ ပြောကြားခဲ့ကြောင်းသိရှိရသည်။

သတင်းရင်းမြစ် - ရဲရင့်ထွန်း
Popolay

No comments:

Post a Comment