Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, July 5, 2018

စိတ္​၏အညစ္​အ​ေၾကး ငါးမ်ိဳး

အခါတစ္ပါး၌ ျမတ္စြာဘုရားသည္ ရဟန္းတို႕အား ဤသို႕ ေဟာေတာ္မူ၏။

“ရဟန္းတို႕၊ ေရႊ၏အညစ္အေၾကးတို႕သည္ ဤငါးမ်ိဳးတို႕တည္း။ ယင္းအညစ္အေၾကးတို႕ျဖင့္ ညစ္ႏြမ္းေသာ ေရႊသည္ ႏူးညံ့လည္း မႏူးညံ့၊ လက္ေကာက္, နားေတာင္း စသည္ ျပဳလုပ္၍လည္း မျဖစ္၊ အေရာင္လည္း မထြက္၊ ၾကြပ္ဆတ္ေသာ သေဘာလည္း ရိွ၏၊ အလုပ္ခြင္သို႕လည္း ေကာင္းစြာ မေရာက္ႏိုင္။

ထို အညစ္အေၾကးငါးမ်ိဳးတို႕ ဟူသည္ - သံ၊ ေၾကး၊ သလဲြစင္(ခဲမျဖဴ)၊ သလဲြမည္း(ခဲပုပ္)၊ ေငြတို႕တည္း။ ရဟန္းတို႕၊ ဤသည္ကား ေရႊ၏ အညစ္အေၾကး ငါးမ်ိဳးတို႕ ျဖစ္၏။ ယင္း အညစ္အေၾကးတို႕ျဖင့္ ညစ္ႏြမ္းေသာ ေရႊသည္ ႏူးညံ့လည္း မႏူးညံ့၊ လက္ေကာက္, နားေတာင္း စသည္ ျပဳလုပ္၍လည္း မျဖစ္၊ အေရာင္လည္း မထြက္၊ ၾကြပ္ဆတ္ေသာ သေဘာလည္း ရိွ၏၊ အလုပ္ခြင္သို႕လည္း ေကာင္းစြာ မေရာက္ႏိုင္။

ရဟန္းတို႕၊ ဤအညစ္အေၾကး ငါးမ်ိဳးတို႕မွ ကင္းလြတ္ေသာအခါ၌မူကား ထိုေရႊသည္ ႏူးညံ့လည္း ႏူးညံ့၏၊၊ လက္ေကာက္, နားေတာင္း စသည္ ျပဳလုပ္၍လည္း ျဖစ္၏၊ အေရာင္လည္း ထြက္၏၊ ၾကြပ္ဆတ္ေသာ သေဘာလည္း မရိွေတာ့ေခ်၊ အလုပ္ခြင္သို႕လည္း ေကာင္းစြာ ေရာက္ႏိုင္၏။ လက္စြပ္ျဖင့္ျဖစ္ေစ၊ နားေတာင္ျဖင့္ျဖစ္ေစ၊ လည္ရြဲတန္ဆာျဖင့္ျဖစ္ေစ၊ ေရႊပန္းခိုင္ျဖင့္ျဖစ္ေစ၊ မည္သည့္ တန္ဆာအထူးျဖင့္မဆို၊ အကယ္၍ အလိုရိွခဲ့မူ ထိုေရႊ၏ ထိုအလိုရိွရာ အကိ်ဳးကို ၿပီးေစႏိုင္၏။

ရဟန္းတို႕၊ ဤအတူသာလွ်င္ စိတ္၏ အညစ္အေၾကးတို႕သည္ ဤငါးမ်ိဳးတို႕တည္။ ယင္း အညစ္အေၾကးတို႕ျဖင့္ ညစ္ႏြမ္းေသာစိတ္သည္ ႏူးညံ့လည္း မႏူးညံ့၊ ျပဳလုပ္၍လည္း မျဖစ္၊ အေရာင္လည္း မထြက္၊ ၾကြပ္ဆတ္ေသာ သေဘာလည္း ရိွ၏၊ အာသေဝါတရားတို႕ ကုန္ခန္းရန္လည္း ေကာင္းစြာ မတည္ၾကည္။

ထိုစိတ္၏ အညစ္အေၾကး ငါးမ်ိဳးတို႕ဟူသည္ - ကာမဂုဏ္ကို လိုလားမႈ ‘ကာမစၧႏၵ’၊ ပ်က္စီးေစလိုမႈ ‘ဗ်ာပါဒ’၊ ေလးလံထိုင္းမိႈင္းမႈ ‘ထိနမိဒၶ’၊ ပ်ံ႕လြင့္မႈ ေနာင္တပူပန္မႈ ‘ဥဒၶစၥ ကုကၠဳစၥ’၊ မေဝခဲြႏိုင္မႈ ‘ဝီစိကိစၧာ’ တို႕တည္း။ ရဟန္းတို႕၊  ဤသည္တို႕ကား စိတ္၏ အညစ္အေၾကးငါးမ်ိဳးတို႕ ျဖစ္၏။ ယင္းအညစ္အေၾကးတို႕ျဖင့္ ညစ္ႏြမ္းေသာ စိတ္သည္ ႏူးညံ့လည္း မႏူးညံ့၊ ျပဳလုပ္၍လည္း မျဖစ္၊ အေရာင္လည္း မထြက္၊ ၾကြပ္ဆတ္ေသာ သေဘာလည္း ရိွ၏၊ အာသေဝါတရားတို႕ ကုန္ခန္းရန္လည္း ေကာင္းစြာ မတည္ၾကည္။

ရဟန္းတို႕ - အညစ္အေၾကးငါးမ်ိဳးတို႕မွ ကင္းလြတ္ေသာအခါ၌မူကား ထိုစိတ္သည္ ႏူးညံ့လည္း ႏူးညံ့၏၊ ျပဳလုပ္၍လည္း ျဖစ္၏၊ အေရာင္လည္း ထြက္၏၊ ၾကြပ္ဆတ္ေသာ သေဘာလည္း မရိွ၊ အာသေဝါတရားတို႕ ကုန္ခန္းရန္လည္း ေကာင္းစြာ တည္ၾကည္၏။ ထူးေသာဉာဏ္ျဖင့္ သိ၍ မ်က္ေမွာက္ျပဳအပ္သည့္ တစ္စံုတစ္ခုေသာတရားကို ထူးေသာဉာဏ္ျဖင့္သိ၍ မ်က္ေမွာက္ျပဳရန္ စိတ္ကို ညႊတ္ေစ၏။ (ေရွးဘဝအေၾကာင္းႏွင့္ ယခုဘဝ အဘိညာဥ္၏ အေျခခံ စ်ာန္စေသာ) အေၾကာင္းရိွလတ္ေသာ္ ထိုထိုအရာ၌ပင္ သက္ေသထိုက္သည့္အျဖစ္ (ဣဒိၶဝိဒ အဘိညာဥ္စသည္) သို႕လည္း ေရာက္၏။

‘ငါသည္ မ်ားျပားေသာ တန္ခိုးဖန္ဆင္းျခင္းကို ၿပီးေစလို၏၊ တစ္ေယာက္တည္း ျဖစ္လ်က္လည္း အမ်ား ျဖစ္လို၏၊ အမ်ားျဖစ္လ်က္လည္း တစ္ေယာက္တည္း ျဖစ္လို၏၊ ကိုယ္ထင္ရွား ျဖစ္ေစလို၏၊ ကိုယ္ေပ်ာက္ေစလို၏၊ နံရံတစ္ဖက္, တံတိုင္းတစ္ဖက္, ေတာင္တစ္ဖက္သို႕ မထိမၿငိဘဲ ေကာင္းကင္၌ကဲ့သို႕ သြားလို၏၊ ေျမ၌လည္း ငုတ္ျခင္း, ေပၚျခင္းကို ေရ၌ကဲသို႕ ျပဳလို၏၊ ေရ၌လည္း မကဲြေစဘဲ ေျမ၌ကဲ့သို႕ သြားလို၏၊ ေကာင္းကင္၌လည္း ထက္ဝယ္ ဖဲြ႕ေခြလ်က္ အေတာင္ရိွေသာ ငွက္ကဲ့သို႕ သြားလို၏၊ ဤသို႕ တန္ခိုး အာႏုေဘာ္ႀကီးကုန္ေသာ ဤ လ,ေနတို႕ကိုလည္း လက္ျဖင့္ သံုးသပ္လို၏၊ ဆုပ္ကိုင္လို၏၊ ျဗဟၼာ့ျပည္တိုင္ေအာင္လည္း မိမိကိုယ္ကို စိတ္အလိုအတိုင္း ျဖစ္ေစလို၏’ ဟု ထိုသူသည္ အကယ္၍ အလိုရိွခဲ့မူ (အေျခခံ) အေၾကာင္းရိွလတ္ေသာ္ ထိုထို အလိုရိွရာ၌ပင္ သက္ေသထိုက္သည့္အျဖစ္ (ဣဒၶိဝိဓ အဘိညာဥ္) သို႕ ေရာက္၏။

‘ငါသည္ အထူးသျဖင့္ စင္ၾကယ္ေသာလူတို႕၏ နားအၾကားကို လြန္ေသာ နတ္နားႏွင့္တူေသာ နား (ဒိဗၺေသာတ)ျဖင့္ နတ္၌လည္း ျဖစ္ကုန္, လူ၌လည္း ျဖစ္ကုန္ေသာ၊ ေဝးသည္လည္း ျဖစ္ကုန္, နီးသည္လည္း ျဖစ္ကုန္ေသာ၊ ႏွစ္မ်ိဳးေသာ အသံတို႕ကို ၾကားလို၏’ ဟု ထိုသူသည္ အကယ္၍ အလိုရိွခဲ့မူ (အေျခခံ) အေၾကာင္းရိွလတ္ေသာ္ ထိုထိုအလိုရိွရာ၌ပင္ သက္ေသထိုက္သည့္အျဖစ္ (ဒိဗၺေသာတအဘိညာဥ္)သို႕ ေရာက္၏။

‘ငါသည္
- တစ္ပါးေသာ သတၱဝါ၊ တစ္ပါးေသာ ပုဂၢိဳလ္တို႕၏ စိတ္ကို (မိမိ)စိတ္ျဖင့္ ပိုင္းျခား၍ သိလို၏၊
- စဲြမက္ျခင္း (ရာဂ)ႏွင့္တကြေသာ စိတ္ကိုလည္း (စဲြမက္ျခင္း ‘ရာဂ’ ႏွင့္တကြေသာ စိတ္) ဟု သိလို၏၊
- စဲြမက္ျခင္း (ရာဂ)ကင္းေသာ စိတ္ကိုလည္း (စဲြမက္ျခင္း ‘ရာဂ’ ကင္းေသာ စိတ္) ဟု သိလို၏၊
- အမ်က္ထြက္ျခင္း (ေဒါသ)ႏွင့္တကြေသာ စိတ္ကိုလည္း (အမ်က္ထြက္ျခင္း ‘ေဒါသ’ ႏွင့္တကြေသာ စိတ္) ဟု သိလို၏၊
- အမ်က္ထြက္ျခင္း (ေဒါသ)ကင္းေသာ စိတ္ကိုလည္း (အမ်က္ထြက္ျခင္း ‘ေဒါသ’ ကင္းေသာ စိတ္) ဟု သိလို၏၊
- ေတြေဝျခင္း (ေမာဟ)ႏွင့္တကြေသာ စိတ္ကိုလည္း (ေတြေဝျခင္း ‘ေမာဟ’ ႏွင့္တကြေသာ စိတ္) ဟု သိလို၏၊
- ေတြေဝျခင္း (ေမာဟ)ကင္းေသာ စိတ္ကိုလည္း (ေတြေဝျခင္း ‘ေမာဟ’ ကင္းေသာ စိတ္) ဟု သိလို၏၊
- က်ံဳ႕ေသာစိတ္ကိုလည္း ‘က်ံဳ႕ေသာစိတ္’ ဟု သိလို၏၊
- ပ်ံ႕လြင့္ေသာစိတ္ကိုလည္း ‘ပ်ံ႕လြင့္ေသာစိတ္’ ဟု သိလို၏၊
- ျမတ္သည္၏ အျဖစ္သို႕ေရာက္ေသာ ‘မဟဂၢဳတ္’ စိတ္ကိုလည္း “ျမတ္သည္၏ အျဖစ္သို႕ေရာက္ေသာ ‘မဟဂၢဳတ္’ စိတ္” ဟု သိလို၏၊
- ျမတ္သည္၏ အျဖစ္သို႕မေရာက္ေသာ စိတ္ကိုလည္း “ျမတ္သည္၏ အျဖစ္သို႕မေရာက္ေသာ စိတ္” ဟု သိလို၏၊
- သာလြန္ေသာ တရားရိွေသာ စိတ္ကိုလည္း “သာလြန္ေသာ တရားရိွေသာ စိတ္” ဟု သိလို၏၊
- သာလြန္ေသာ တရားမရိွေသာ စိတ္ကိုလည္း “သာလြန္ေသာ တရားမရိွေသာ စိတ္” ဟု သိလို၏၊
- တည္ၾကည္ေသာ စိတ္ကိုလည္း “တည္ၾကည္ေသာ စိတ္” ဟု သိလို၏၊
- မတည္ၾကည္ေသာ စိတ္ကိုလည္း “မတည္ၾကည္ေသာ စိတ္” ဟု သိလို၏၊
- လြတ္ေျမာက္ေသာ စိတ္ကိုလည္း “လြတ္ေျမာက္ေသာ စိတ္” ဟု သိလို၏၊
- မလြတ္ေျမာက္ေသာ စိတ္ကိုလည္း “မလြတ္ေျမာက္ေသာ စိတ္” ’ ဟု ထိုသူသည္ အကယ္၍ အလိုရိွခဲ့မူ (အေျခခံ) အေၾကာင္းရိွလတ္ေသာ္ ထိုထို အလိုရိွရာ၌ပင္ သက္ေသထိုက္သည့္အျဖစ္ (ပရစိတၱဝိဇာနနအဘိညာဥ္) သို႕ ေရာက္၏။

‘ငါသည္ မ်ားျပားေသာ ေရွး၌ ျဖစ္ဖူးသည္ကို ေအာက္ေမ့လို၏’ ဟု ထိုသူသည္ အကယ္၍ အလိုရိွခဲ့မူ (အေျခခံ) အေၾကာင္းရိွလတ္ေသာ္ ထိုထို အလိုရိွရာ၌ပင္ သက္ေသထိုက္သည့္အျဖစ္ (ပုေဗၺနိဝါသာႏုႆတိအဘိညာဥ္) သို႕ ေရာက္၏။

‘ငါသည္ အထူးသျဖင့္ စင္ၾကယ္ေသာ လူတို႕၏ မ်က္စိအျမင္ထက္ သာလြန္ေသာ နတ္မ်က္စိႏွင့္တူေသာ မ်က္စိ ‘ဒိဗၺစကၡဳ’ ျဖင့္ သတၱဝါတို႕ကို သိလို၏’ ဟု ထိုသူသည္ အကယ္၍ အလိုရိွခဲ့မူ (အေျခခံ) အေၾကာင္းရိွလတ္ေသာ္ ထိုထို အလိုရိွရာ၌ပင္ သက္ေသထိုက္သည့္အျဖစ္ (ဒိဗၺစကၡဳအဘိညာဥ္) သို႕ ေရာက္၏။

“အာသေဝါတရားတို႕၏ ကုန္ျခင္းေၾကာင့္ အာသေဝါတရား မရိွေသာ ကိေလသာတို႕မွ လြတ္ေျမာက္ေသာ ‘အရဟတၱဖိုလ္စိတ္’ ႏွင့္ ကိေလသာတို႕မွ လြတ္ေျမာက္ေသာ ‘အရဟတၱဖိုလ္’ ပညာကို ယခုဘဝ၌ပင္ ကိုယ္တိုင္ထူးေသာ ဉာဏ္ျဖင့္ မ်က္ေမွာက္ျပဳလ်က္ ေရာက္၍ေနလို၏” ဟု ထိုသူသည္ အကယ္၍ အလုိရိွခဲ့မူ (အေျခခံ) အေၾကာင္းရိွလတ္ေသာ္ ထိုထို အလိုရိွရာ၌ပင္ သက္ေသထိုက္သည့္အျဖစ္ (အရဟတၱဖလသမာပတ္) သို႕ ေရာက္၏” ဟု မိန္႕ေတာ္မူ၏။

(အဂုၤတၱိဳရ္ပါဠိေတာ္ျမန္မာျပန္၊ ပဥၥကနိပါတ္၊ ပဌမပဏၰာသက၊ ပဌမသုတ္ငါးဆယ္၊ ပဥၥဂႋက၀ဂ္၊ ဥပကၠိေလသသုတ္တို႕မွ ေကာက္ႏုတ္ေဖာ္ျပပါသည္။)
အရိယာစံအိမ္

#Unicode Version#
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသို့ ဟောတော်မူ၏။

“ရဟန်းတို့၊ ရွှေ၏အညစ်အကြေးတို့သည် ဤငါးမျိုးတို့တည်း။ ယင်းအညစ်အကြေးတို့ဖြင့် ညစ်နွမ်းသော ရွှေသည် နူးညံ့လည်း မနူးညံ့၊ လက်ကောက်, နားတောင်း စသည် ပြုလုပ်၍လည်း မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ အလုပ်ခွင်သို့လည်း ကောင်းစွာ မရောက်နိုင်။

ထို အညစ်အကြေးငါးမျိုးတို့ ဟူသည် - သံ၊ ကြေး၊ သလွဲစင်(ခဲမဖြူ)၊ သလွဲမည်း(ခဲပုပ်)၊ ငွေတို့တည်း။ ရဟန်းတို့၊ ဤသည်ကား ရွှေ၏ အညစ်အကြေး ငါးမျိုးတို့ ဖြစ်၏။ ယင်း အညစ်အကြေးတို့ဖြင့် ညစ်နွမ်းသော ရွှေသည် နူးညံ့လည်း မနူးညံ့၊ လက်ကောက်, နားတောင်း စသည် ပြုလုပ်၍လည်း မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ အလုပ်ခွင်သို့လည်း ကောင်းစွာ မရောက်နိုင်။

ရဟန်းတို့၊ ဤအညစ်အကြေး ငါးမျိုးတို့မှ ကင်းလွတ်သောအခါ၌မူကား ထိုရွှေသည် နူးညံ့လည်း နူးညံ့၏၊၊ လက်ကောက်, နားတောင်း စသည် ပြုလုပ်၍လည်း ဖြစ်၏၊ အရောင်လည်း ထွက်၏၊ ကြွပ်ဆတ်သော သဘောလည်း မရှိတော့ချေ၊ အလုပ်ခွင်သို့လည်း ကောင်းစွာ ရောက်နိုင်၏။ လက်စွပ်ဖြင့်ဖြစ်စေ၊ နားတောင်ဖြင့်ဖြစ်စေ၊ လည်ရွဲတန်ဆာဖြင့်ဖြစ်စေ၊ ရွှေပန်းခိုင်ဖြင့်ဖြစ်စေ၊ မည်သည့် တန်ဆာအထူးဖြင့်မဆို၊ အကယ်၍ အလိုရှိခဲ့မူ ထိုရွှေ၏ ထိုအလိုရှိရာ အကျိုးကို ပြီးစေနိုင်၏။

ရဟန်းတို့၊ ဤအတူသာလျှင် စိတ်၏ အညစ်အကြေးတို့သည် ဤငါးမျိုးတို့တည်။ ယင်း အညစ်အကြေးတို့ဖြင့် ညစ်နွမ်းသောစိတ်သည် နူးညံ့လည်း မနူးညံ့၊ ပြုလုပ်၍လည်း မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ အာသဝေါတရားတို့ ကုန်ခန်းရန်လည်း ကောင်းစွာ မတည်ကြည်။

ထိုစိတ်၏ အညစ်အကြေး ငါးမျိုးတို့ဟူသည် - ကာမဂုဏ်ကို လိုလားမှု ‘ကာမစ္ဆန္ဒ’၊ ပျက်စီးစေလိုမှု ‘ဗျာပါဒ’၊ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’၊ ပျံ့လွင့်မှု နောင်တပူပန်မှု ‘ဥဒ္ဓစ္စ ကုက္ကုစ္စ’၊ မဝေခွဲနိုင်မှု ‘ဝီစိကိစ္ဆာ’ တို့တည်း။ ရဟန်းတို့၊  ဤသည်တို့ကား စိတ်၏ အညစ်အကြေးငါးမျိုးတို့ ဖြစ်၏။ ယင်းအညစ်အကြေးတို့ဖြင့် ညစ်နွမ်းသော စိတ်သည် နူးညံ့လည်း မနူးညံ့၊ ပြုလုပ်၍လည်း မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ အာသဝေါတရားတို့ ကုန်ခန်းရန်လည်း ကောင်းစွာ မတည်ကြည်။

ရဟန်းတို့ - အညစ်အကြေးငါးမျိုးတို့မှ ကင်းလွတ်သောအခါ၌မူကား ထိုစိတ်သည် နူးညံ့လည်း နူးညံ့၏၊ ပြုလုပ်၍လည်း ဖြစ်၏၊ အရောင်လည်း ထွက်၏၊ ကြွပ်ဆတ်သော သဘောလည်း မရှိ၊ အာသဝေါတရားတို့ ကုန်ခန်းရန်လည်း ကောင်းစွာ တည်ကြည်၏။ ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သည့် တစ်စုံတစ်ခုသောတရားကို ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုရန် စိတ်ကို ညွှတ်စေ၏။ (ရှေးဘဝအကြောင်းနှင့် ယခုဘဝ အဘိညာဉ်၏ အခြေခံ ဈာန်စသော) အကြောင်းရှိလတ်သော် ထိုထိုအရာ၌ပင် သက်သေထိုက်သည့်အဖြစ် (ဣဒ္ဓိဝိဒ အဘိညာဉ်စသည်) သို့လည်း ရောက်၏။

‘ငါသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေလို၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်လို၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လို၏၊ ကိုယ်ထင်ရှား ဖြစ်စေလို၏၊ ကိုယ်ပျောက်စေလို၏၊ နံရံတစ်ဖက်, တံတိုင်းတစ်ဖက်, တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သွားလို၏၊ မြေ၌လည်း ငုတ်ခြင်း, ပေါ်ခြင်းကို ရေ၌ကဲသို့ ပြုလို၏၊ ရေ၌လည်း မကွဲစေဘဲ မြေ၌ကဲ့သို့ သွားလို၏၊ ကောင်းကင်၌လည်း ထက်ဝယ် ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွားလို၏၊ ဤသို့ တန်ခိုး အာနုဘော်ကြီးကုန်သော ဤ လ,နေတို့ကိုလည်း လက်ဖြင့် သုံးသပ်လို၏၊ ဆုပ်ကိုင်လို၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း မိမိကိုယ်ကို စိတ်အလိုအတိုင်း ဖြစ်စေလို၏’ ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့မူ (အခြေခံ) အကြောင်းရှိလတ်သော် ထိုထို အလိုရှိရာ၌ပင် သက်သေထိုက်သည့်အဖြစ် (ဣဒ္ဓိဝိဓ အဘိညာဉ်) သို့ ရောက်၏။

‘ငါသည် အထူးသဖြင့် စင်ကြယ်သောလူတို့၏ နားအကြားကို လွန်သော နတ်နားနှင့်တူသော နား (ဒိဗ္ဗသောတ)ဖြင့် နတ်၌လည်း ဖြစ်ကုန်, လူ၌လည်း ဖြစ်ကုန်သော၊ ဝေးသည်လည်း ဖြစ်ကုန်, နီးသည်လည်း ဖြစ်ကုန်သော၊ နှစ်မျိုးသော အသံတို့ကို ကြားလို၏’ ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့မူ (အခြေခံ) အကြောင်းရှိလတ်သော် ထိုထိုအလိုရှိရာ၌ပင် သက်သေထိုက်သည့်အဖြစ် (ဒိဗ္ဗသောတအဘိညာဉ်)သို့ ရောက်၏။

‘ငါသည်
- တစ်ပါးသော သတ္တဝါ၊ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ)စိတ်ဖြင့် ပိုင်းခြား၍ သိလို၏၊
- စွဲမက်ခြင်း (ရာဂ)နှင့်တကွသော စိတ်ကိုလည်း (စွဲမက်ခြင်း ‘ရာဂ’ နှင့်တကွသော စိတ်) ဟု သိလို၏၊
- စွဲမက်ခြင်း (ရာဂ)ကင်းသော စိတ်ကိုလည်း (စွဲမက်ခြင်း ‘ရာဂ’ ကင်းသော စိတ်) ဟု သိလို၏၊
- အမျက်ထွက်ခြင်း (ဒေါသ)နှင့်တကွသော စိတ်ကိုလည်း (အမျက်ထွက်ခြင်း ‘ဒေါသ’ နှင့်တကွသော စိတ်) ဟု သိလို၏၊
- အမျက်ထွက်ခြင်း (ဒေါသ)ကင်းသော စိတ်ကိုလည်း (အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်) ဟု သိလို၏၊
- တွေဝေခြင်း (မောဟ)နှင့်တကွသော စိတ်ကိုလည်း (တွေဝေခြင်း ‘မောဟ’ နှင့်တကွသော စိတ်) ဟု သိလို၏၊
- တွေဝေခြင်း (မောဟ)ကင်းသော စိတ်ကိုလည်း (တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်) ဟု သိလို၏၊
- ကျုံ့သောစိတ်ကိုလည်း ‘ကျုံ့သောစိတ်’ ဟု သိလို၏၊
- ပျံ့လွင့်သောစိတ်ကိုလည်း ‘ပျံ့လွင့်သောစိတ်’ ဟု သိလို၏၊
- မြတ်သည်၏ အဖြစ်သို့ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ကိုလည်း “မြတ်သည်၏ အဖြစ်သို့ရောက်သော ‘မဟဂ္ဂုတ်’ စိတ်” ဟု သိလို၏၊
- မြတ်သည်၏ အဖြစ်သို့မရောက်သော စိတ်ကိုလည်း “မြတ်သည်၏ အဖြစ်သို့မရောက်သော စိတ်” ဟု သိလို၏၊
- သာလွန်သော တရားရှိသော စိတ်ကိုလည်း “သာလွန်သော တရားရှိသော စိတ်” ဟု သိလို၏၊
- သာလွန်သော တရားမရှိသော စိတ်ကိုလည်း “သာလွန်သော တရားမရှိသော စိတ်” ဟု သိလို၏၊
- တည်ကြည်သော စိတ်ကိုလည်း “တည်ကြည်သော စိတ်” ဟု သိလို၏၊
- မတည်ကြည်သော စိတ်ကိုလည်း “မတည်ကြည်သော စိတ်” ဟု သိလို၏၊
- လွတ်မြောက်သော စိတ်ကိုလည်း “လွတ်မြောက်သော စိတ်” ဟု သိလို၏၊
- မလွတ်မြောက်သော စိတ်ကိုလည်း “မလွတ်မြောက်သော စိတ်” ’ ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့မူ (အခြေခံ) အကြောင်းရှိလတ်သော် ထိုထို အလိုရှိရာ၌ပင် သက်သေထိုက်သည့်အဖြစ် (ပရစိတ္တဝိဇာနနအဘိညာဉ်) သို့ ရောက်၏။

‘ငါသည် များပြားသော ရှေး၌ ဖြစ်ဖူးသည်ကို အောက်မေ့လို၏’ ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့မူ (အခြေခံ) အကြောင်းရှိလတ်သော် ထိုထို အလိုရှိရာ၌ပင် သက်သေထိုက်သည့်အဖြစ် (ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်) သို့ ရောက်၏။

‘ငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် သတ္တဝါတို့ကို သိလို၏’ ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့မူ (အခြေခံ) အကြောင်းရှိလတ်သော် ထိုထို အလိုရှိရာ၌ပင် သက်သေထိုက်သည့်အဖြစ် (ဒိဗ္ဗစက္ခုအဘိညာဉ်) သို့ ရောက်၏။

“အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရား မရှိသော ကိလေသာတို့မှ လွတ်မြောက်သော ‘အရဟတ္တဖိုလ်စိတ်’ နှင့် ကိလေသာတို့မှ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍နေလို၏” ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့မူ (အခြေခံ) အကြောင်းရှိလတ်သော် ထိုထို အလိုရှိရာ၌ပင် သက်သေထိုက်သည့်အဖြစ် (အရဟတ္တဖလသမာပတ်) သို့ ရောက်၏” ဟု မိန့်တော်မူ၏။

(အဂုၤတ္တိုရ်ပါဠိတော်မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသက၊ ပဌမသုတ်ငါးဆယ်၊ ပဉ္စင်္ဂိကဝဂ်၊ ဥပက္ကိလေသသုတ်တို့မှ ကောက်နုတ်ဖော်ပြပါသည်။)
အရိယာစံအိမ်