Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, July 16, 2018

အရွင္​သာရိပုတၱရာ သုိ႔မဟုတ္ မုိးေလာက္ျမင့္မား၍ ေျမႀကီးလုိႏွိမ့္ခ်သူ


ဒီေဆာင္းပါးကို ဖတ္ဖူးတာ ၾကာပါၿပီ။ ဒီေန႔ ျပန္သတိရမိတာနဲ႔ ျပန္ရွာတာ.. ေခါင္းစဥ္ကို ျပန္ဖတ္မိေတာ့ ၾကက္သီးဖ်န္းဖ်န္း ထမိေသးတယ္။ ၾကည္ညိဳ ရိုေသစြာ ဦးခိုက္ပါတယ္ အရွင္ဘုရား...။

အရွင္သာရိပုတၱရာ သုိ႔မဟုတ္ မုိးေလာက္ျမင့္မား၍ ေျမႀကီးလုိႏွိမ့္ခ်သူ

သူေတာ္ေကာင္း ႏွလုံးသားေတြထဲမွာ အရွင္သာရိပုတၱရာ မေထရ္ကဲ့သုိ႔ ႏွလုံးသားကုိ ဖူးေျမာ္ၾကည္ညိဳရတာဟာ အားရေက်နပ္စရာ အေကာင္းဆုံး ျဖစ္ပါတယ္။ ၾကယ္တာရာေတြ စုံလင္တဲ့ညခ်မ္းမွာ ေကာင္းကင္ျပင္ႀကီးကုိ ေမာ္ၾကည့္မိတဲ့အခါ ေသာၾကာၾကယ္လုိ႔ေခၚတဲ့ ေသာက္ရွဴးၾကယ္ႀကီးကုိ ၾကယ္တာရာေတြထဲမွာ ထူးျခားေတာက္ပစြာ ေတြ႔ျမင္ရသလုိ အရွင္သာရိပုတၱရာလည္း သူေတာ္ေကာင္း အစားစားေတြထဲမွာ ကုိယ္က်င့္တရားအရေရာ စိတ္ေန သေဘာထားအရနဲ႔ အသိဉာဏ္ ပညာအရာမွာပါ ထူးခၽြန္ေတာက္ ေျပာင္လွပါတယ္။

အရွင္သာရိပုတၱရာေလာင္း(သုရုစိရေသ့)ဟာ လြန္ခဲ့တဲ့တစ္အသေခၤ်နဲ႔ ကမၻာတစ္သိန္းကာလတုန္းက အေနာမဒႆီ ျမတ္စြာဘုရားရွင္ရဲ့ လက္ယာေတာ္ရံ နိသဘမေထရ္ကုိ အားက်ၾကည္ညုိျပီး လက္ယာေတာ္ရံ အဂၢသာ၀ကဆုကုိ ပန္ဆင္ေတာ္မူခဲ့တာပါ။ စာေရးသူတုိ႔ရဲ့ ရွင္ေတာ္ဘုရား လက္ထက္ေရာက္ တဲ့အခါ ရာဇျဂိဳဟ္ျပည္ အနီးနားက ဥပတိႆရြာမွာ ရြာသူႀကီး ၀ကၤႏၱပုဏၰား ႀကီးနဲ႔ ရူပသာရီပုေဏၰးမႀကီးတုိ႔ရဲ့ သားႀကီးၾသရသ ဥပတိႆလုလင္ ျဖစ္လာျပီး ရဟန္းျပဳေတာ္မူတဲ့အခါ မယ္ေတာ္ရဲ့ အမည္ကုိ အစြဲျပဳကာ အရွင္သာရိပုတၱရာ လုိ႔ အမည္တြင္ ထင္ရွားေတာ္မူခဲ့တာ ျဖစ္ပါတယ္။

ကနဦးအစမွာေတာ့ ဥပတိႆလုလင္ဟာ မေသရာ တရားကို ရွာဖုိ႔ အတြက္ သိဥၥည္းဆရာႀကီးအထံမွာ ပရိဗုိဇ္လုပ္ျပီး ေနပါတယ္။ ဒါေပမယ့္ သိဥၥည္းဆရာႀကီးဆီမွာ မေသရာတရား မရွိမွန္း သိရတဲ့အတြက္ ရာဇျဂိဳဟ္ ျမိဳ့တြင္း ျမိဳ႕ျပင္ထြက္ကာ မေသရာတရားရွာေဖြရာ ပဥၥ၀ဂၢီ အ၀င္အပါ အရွင္အႆဇိ ရဟႏၱာမေထရ္ကုိ ဖူးေတြ႔ရျပီး အက်ဥ္းမွ်ေဟာျပတဲ့ ေယဓမၼာ ေဟတုပၸဘာ၀ါ ဂါထာထက္၀က္ကုိ ၾကားနာရရုံနဲ႔ ေသာတာပန္ အရိယာ ျဖစ္ခဲ့ ပါတယ္။ အဲဒီေန႔မွာပဲ ျမတ္စြာဘုရား သီတင္းသုံးေတာ္မူရာ ရာဇျဂိဳဟ္ျပည္ ေ၀ဠဳ၀န္ ေက်ာင္းေတာ္ကုိ ေရာက္ရွိလာျပီး ဧဟိဘိကၡဳ အျဖစ္ကုိ ရရွိခဲ့ပါတယ္။ ရဟန္းျဖစ္ျပီးေနာက္ ၁၅-ရက္အၾကာ မဟာသကၠရာဇ္ ၁၀၃-ခုႏွစ္၊ တပိုတြဲလျပည့္ေန႔မွာ အရွင္သာရိပုတၱရာမေထရ္ျမတ္ဟာ ရဟႏၱာျဖစ္ေတာ္မူျပီး သာ၀ကဉာဏ္ အတြက္ အထြတ္အထိပ္သို႔ ေရာက္ေတာ္မူကာ လက္ယာေတာ္ရံ အဂၢသာ၀ကအရာကုိ ရရွိေတာ္မူခဲ့ပါတယ္။

အရွင္သာရိပုတၱရာဟာ စၾကာ၀ဠာတုိက္တစ္ေသာင္းမွာ ဘုရားရွင္က လြဲလုိ႔ ဉာဏ္ပညာ အႀကီးမားဆုံး မေထရ္ျမတ္တစ္ပါး ျဖစ္ပါတယ္။ တစ္ကမၻာလုံးမွာ ရြာခ်တဲ့ မုိးေရစက္ မုိးေရေပါက္ေတြကုိေတာင္ ေရတြက္ႏုိင္တဲ့ ပညာ ရွိပါတယ္။ လ႔ူျပည္မွာရွိတဲ့ အဘိဓမၼာ တရားေတာ္ေတြဟာ အရွင္သာရိပုတၱရာ မေထရ္ျမတ္ရဲ့ ဉာဏ္ပညာႀကီးမားေတာ္မူမႈ အမွတ္သေကၤတ တစ္ခု ျဖစ္ပါတယ္။

အရွင္သာရိပုတၱရာ မေထရ္ျမတ္ရဲ့ အသားအေရဟာ ေရႊအဆင္းကဲ့သုိ႔ ၀ါ၀င္းေတာ္မူျပီး အဂၢသာ၀ကျဖစ္ေတာ္မူခ်ိန္မွာ သက္ေတာ္ ၃၆ ႏွစ္ခန္႔ ရွိပါျပီ။ အရွင္သာရိပုတၱရာဟာ ယခုဘ၀လုိပဲ ဘ၀သံသရာမွာ ဘ၀ေပါင္း ၅၀၀ တိတိ ရေသ့ရဟန္း ျပဳေတာ္မူခဲ့ပါတယ္။ အရွင္သာရိပုတၱရာကုိ အေၾကာင္းျပဳျပီး ရွင္ရဟန္းအျဖစ္ ေရာက္ၾကသူေတြဟာ ညီေတာ္(၃)ဦး၊ ညီမေတာ္(၃)ေယာက္ အပါအ၀င္ မေရမတြက္ႏုိင္ေလာက္ေအာင္ မ်ားျပားလွပါတယ္။ အရွင္သာရိ ပုတၱရာ မေထရ္ျမတ္ ေဟာၾကားေတာ္မူတဲ့ တရားေဒသနာေတာ္ကုိ နာယူရလုိ႔ သစၥာေလးပါး သိျမင္ၾကသူေတြဟာ အဂၤုတၱရနိကာယ္က်မ္းလာ "သမစိတၱ သုတၱန္" ေဟာၾကားေတာ္မူေသာ ေန႔မွာပဲ နတ္ျဗဟၼာ ကုေဋတစ္သိန္း အရဟတၱဖုိလ္ ဆုိက္ေရာက္ျပီး ေအာက္မဂ္ ၃-ပါးဆုိက္ေရာက္တဲ့ နတ္ျဗဟၼာေတြဆုိတာ မေရတြက္ႏုိင္ေလာက္ေအာင္ မ်ားျပားပါတယ္။ ယုတ္စြအဆုံး အရွင္သာရိပုတၱရာ မေထရ္ျမတ္ကုိ သဒၶါၾကည္ညုိရုံမွ်နဲ႔ နတ္ျပည္ေရာက္ၾကတဲ့ မိသားစုအေရ အတြက္ဟာ ရွစ္ေသာင္းမွ်ရွိေၾကာင္း ပိဋကစာေပမွာ မွတ္တမ္းတင္ေဖာ္ျပထားပါ တယ္။

အရွင္သာရိပုတၱရာဟာ ရွင္ေတာ္ဘုရားျပီးရင္ ဒုတိယအႀကီးအကဲ ျဖစ္တာ နဲ႔အညီ သံဃာ့အဖြဲ႔အစည္းအေပၚမွာ အထူးေၾကာင့္က်စုိက္ျပီး၊ ေစာင့္ေရွာက္ေတာ္ မူတတ္ပါတယ္။ ရဟန္းသံဃာ အားလုံးေနာက္မွ ဆြမ္းခံ၀င္ပါတယ္။ ရဟန္းသံဃာအားလုံး ဆြမ္းခံၾကြသြားတဲ့အခါ ေက်ာင္းစဥ္လွည့္ကာ တံျမက္ လွည္းသင့္ရာ လွည္းက်င္းျပီး အမႈိက္က်ဳံးသင့္ရာမွာ က်ဳံးေတာ္မူပါတယ္။ အသုံးအေဆာင္ ပစၥည္းေတြကုိ ေနရာတက် ထားသုိကာ အျမင္မေတာ္တာေတြ ကုိလည္း ျဖဳတ္သိမ္း ျပဳျပင္ေတာ္မူပါတယ္။ မက်န္းမာသူ ဂိလာနပုဂၢိဳလ္ေတြကုိ ေဆး၀ါးဓာတ္စာ လုိ မလုိ ေမးေတာ္မူျပီး ရေအာင္လည္း ရွာေဖြေပးေတာ္မူပါ တယ္။ သူနာျပဳ ပုဂၢိဳလ္ေတြကုိလည္း ျပဳစုေစာင့္ေရွာက္ ခ်င္လာေအာင္ အားေပး စကားေျပာၾကားတတ္ပါတယ္။



ျမတ္စြာဘုရား ေဒသစာရီ ၾကြခ်ီေတာ္မူတဲ့ အခါမွာလည္း ေနာက္ပါ သံဃာေတာ္ေတြရဲ့ လုိအပ္ခ်က္ေတြကုိ အစ္ကုိႀကီးတစ္ဦးပမာ ေဖးမကူညီ ျဖည့္ဆည္းေပးေတာ္ မူပါတယ္။ ခရီးပင္ပန္းလုိ႔ ႏြမ္းနယ္ ေညာင္းညာတက္သူ ေတြကုိလည္း ဆီ၊ နႏြင္း စတာေတြနဲ႔ ဆုပ္နယ္ျပီး သက္သာ က်န္းမာလာေအာင္ ျပဳစုတတ္ပါတယ္။ အဲဒီလုိ အခါမ်ိဳးမွာ သံဃာေတာ္ေတြဟာ အရွင္သာရိပုတၱရာ မေထရ္ျမတ္ကုိ မိခင္ႀကီးတစ္ဦးလုိ ခ်စ္ခင္ၾကည္ညိဳ အားကုိး တတ္ၾကပါတယ္။

တစ္ခါတစ္ရံမွာေတာ့ အရွင္သာရိပုတၱရာဟာ သာသနာေတာ္မွာ မေပ်ာ္ ပုိက္တဲ့ ရွင္ငယ္၊ ရဟန္းငယ္ေတြကုိ ေပ်ာ္ေမြ႔ေအာင္၊ ေပ်ာ္ေမြ႔တဲ့ ရွင္ရဟန္းေတြ ကုိလည္း ပုထုဇဥ္မွ ေသာတာပန္ျဖစ္ေအာင္ ေသာတာပန္မွ ရဟႏၱာျဖစ္ေအာင္ အႀကိမ္ေပါင္းမ်ားစြာ အထပ္ထပ္ တရားေဟာျပတတ္ပါတယ္။ ဒီလုိနည္းနဲ႔ ရဟႏၱာျဖစ္ေတာ္မူတဲ့ သူေတြလည္း မနည္းလွပါဘူး။ ဒီလုိအခါမ်ိဳးမွာေတာ့ အရွင္ သာရိပုတၱရာ မေထရ္ျမတ္ဟာ သံဃာေတာ္ေတြအဖုိ႔ ဖခင္ရင္းလုိ တစ္မ်ိဳး၊ ဆရာ ရင္းလုိတစ္သြယ္ အင္မတန္ ေလးစား ၾကည္ညိုဖြယ္ ေကာင္းလွပါတယ္။

သမၻာရင့္ ကြ်မ္းက်င္တဲ့ ရတနာကုန္သည္တစ္ဦးဟာ စံခ်ိန္မီ အရည္ အေသြးျပည့္ ေက်ာက္မ်က္ေကာင္းကုိ ေတြ႔ရရင္ အင္မတန္ ျမတ္ႏုိးတန္ဖုိး ထားတတ္သလုိ ပညာအရာမွာ အင္မတန္ ျမတ္ႏုိး တန္ဖုိးထားတတ္သလုိ ပညာ အရာမွာ ဧတဒဂ္ဘြဲ႔ရျပီး အဂၢသာ၀က ျဖစ္ေတာ္မူတဲ့ အရွင္သာရိပုတၱရာ မေထရ္ ဟာလည္း အၾကားအျမင္မ်ားျပီး ဉာဏ္ပညာ ထူးခြ်န္တဲ့ ပညာရွိသူေတာ္ေကာင္းကုိ ဖူးေတြ႔ရရင္ လြန္စြာ အေရးထား ျမတ္ႏုိးေတာ္မူတတ္ပါတယ္။

တစ္ခ်ိန္မွာ ဓမၼကထိကအရာ ဧတဒဂ္ဘြဲ႔ ရေတာ္မူတဲ့ အရွင္ပုဏၰမေထရ္ကုိ ေတြ႔ေတာ္မူတဲ့အခါ အရွင္သာရိပုတၱရာ မေထရ္က ၀ိသုဒၶိ ၇ ပါးကုိ ေမးေတာ္မူ ပါတယ္။ အရွင္ပုဏၰမေထရ္က အာဇာနည္ျမင္းကတဲ့ ရထား ၇ စီးနဲ႔ ဥပမာျပဳျပီး ျပည့္စုံရွင္းလင္းစြာ ျပန္လည္ေျဖၾကားေတာ္မူပါတယ္။အရွင္ပုဏၰမေထရ္ရဲ့ အေျဖ စကားကုိ နာၾကားေတာ္မူရတဲ့အခါ အရွင္သာရိပုတၱရာ မေထရ္က ဒီလုိ ေမးတုိင္း အေျဖေကာင္းေပးႏုိင္တဲ့ ပညာရွင္ပုဂၢိဳလ္မ်ိဴးကုိတစ္ေက်ာင္းထဲ အတူေနရုံမွ်နဲ႔ မေက်နပ္ႏုိင္ဘဲ ေမးလုိတဲ့ အခါတုိင္း မၾကာမတင္ မဆုိင္းမတြ အေျဖရႏုိင္ဖုိ႔ ဦးေခါင္းေပၚတင္ျပီး ေခါင္းခုနဲ႔ အျမဲရြက္ထားခ်င္တယ္လုိ႔ အမိန္႔ရွိေတာ္မူပါ တယ္။

အရွင္သာရိပုတၱရာ မေထရ္ျမတ္ရဲ႔ သီလ သမာဓိ ပညာ ဂုဏ္သိကၡာ ေတာင္ထြတ္ေတာ္ဟာ ႀကီးက်ယ္ျမင့္မားေတာ္မူသေလာက္ မိမိကုိယ္ကုိ မိမိ ႏိွမ့္ခ်မႈ၊ စိတ္ေနသေဘာထား ႀကီးျမတ္မႈ ခ်ိဳင့္၀ွမ္းႀကီကလည္း အင္မတန္ က်ယ္ ၀န္း နက္ရႈိင္းေတာ္မူလွပါတယ္။

တစ္ေန႔မွာ အရွင္သာရိပုတၱရာ မေထရ္ဟာ အမွတ္တမဲ့ သကၤန္းကုိင္ ေတာ္မူတဲ့ခါ သကၤန္းအစြန္းအနားက မညီမညာ ျဖစ္ေနပါတယ္။ အဲဒါကုိ ရွင္သာမေဏျဖစ္စ ၇-ႏွစ္အရြယ္ ကုိရင္ငယ္ကေလးတစ္ပါးက ျမင္ေတြ႔သြားရာ "အရွင္ဘုရား သကၤန္းကုိ ညီညီညာညာ ၀တ္ရုံသင့္ပါတယ္ဘုရား" လုိ႔ လက္အုပ္ခ်ီျပီး ေလွ်ာက္ထားပါတယ္။ အဲဒီအခါ အရွင္သာရိပုတၱရာမေထရ္က မိမိသကၤန္း မညီမညာတာကုိ သင့္ေတာ္တဲ့ေနရာမွာ ေကာင္းမြန္စြာ ျပင္၀တ္ျပီး ကုိရင္ထံ ျပန္လာကာ "ဒီေလာက္ဆုိ သင့္ေတာ္ပါျပီလား"လုိ႔ ဆရာအရာမွာထားျပီး တေလး တစား တုံ႔ျပန္ေတာ္မူခဲ့ပါတယ္။ အဲဒီျဖစ္ရပ္ကေလးကုိ အေျခခံကာ ေနာင္တစ္ခ်ိန္မွာ အရွင္သာရိပုတၱရာ မေထရ္ျမတ္က "ဒီေန႔မွာပဲ သာမေဏ ျဖစ္စ ၇-နွစ္အရြယ္ ကုိရင္ငယ္ကေလးက ဆုိဆုံးမလာသည့္ျဖစ္ေစ သူေတာ္ေကာင္း ေတြရဲ့ ဆုိဆုံးမမႈမွန္သမွ်ကုိ ဦးထိပ္တင္ျပီး ခံယူပါတယ္။ ကုိယ့္အမွားကုိ ေထာက္ျပျပီး ဆုံးမသြန္သင္တတ္သူဆရာကုိ ေရႊအုိးကုိ လက္ညွိဳးထုိး ညႊန္ျပ ေပးသူလုိ ျမတ္ႏုိးတန္ဖုိးထားျပီး ဆည္းကပ္ပါတယ္"လုိ႔ ဥဒါန္းက်ဴးရင့္ကာ မိန္႔ၾကားေတာ္မူခဲ့ပါတယ္။

တကယ္ေတာ့ သူေတာ္ေကာင္းေတြရဲ့ ႏွလုံးသားဆုိတာ ၀ါးရုံပင္ျမင့္ျမင့္ ႀကီးေတြလုိပဲ အထက္ကုိ ပုိျမင့္မားေလ ေအာက္ကုိ ပုိမုိညြတ္ကုိင္းေလ ျဖစ္ပါတယ္။ ဒီလုိ ႏွလုံးသားမ်ိဳး ရွိေတာ္မူခဲ့လုိ႔လည္း အရွင္သာရိပုတၱရာ မေထရ္ ျမတ္ႀကီးဟာ ရွင္ပ႑ိတ၊ ရွင္သုခ၊ ရွင္တိႆ စတဲ့ ၇-ႏွစ္အရြယ္ သားတပည့္ ရဟႏၱာ ကုိရင္ငယ္ေလးေတြရဲ့ အင္မတန္ ခ်စ္ခင္ျမတ္ႏုိး အားကုိးထုိက္တဲ့ ဥပဇ်ၥယ္ ဆရာ ဖခင္ႀကီးတစ္ဦး ျဖစ္ေတာ္မူခဲ့တာပါ။

အရွင္သာရိပုတၱရာရဲ့ ႏွလုံးသား ပင္လယ္ျပင္ႀကီးဟာ ေမတၱာေရထုႀကီးနဲ႔ အတုိင္းအဆမရွိ က်ယ္ေျပာနက္ရႈိင္းေတာ္ မူသလုိ သူတစ္ထူးရဲ့ ေက်းဇူးတရားကုိ သိေတာ္မူတတ္ျခင္းဆုိတဲ့ လိႈုင္းတံပုိးေတြကလည္း လြန္စြာႀကီးမားမ်ားျပားလွ ပါတယ္။

တစ္ခ်ိန္က သာ၀တၳိျမိဳ႔မွာ "ရာဓ" အမည္ရတဲ့ ပုဏၰားအုိႀကီးတစ္ဦးဟာ အထီးက်န္မြဲ သူဆင္းရဲျဖစ္တာမုိ႔ ေဇတ၀န္ေက်ာင္းေတာ္မွာ ရဟန္းေတာ္ေတြကုိ မွီျပီး ေနထုိင္ရပါတယ္။ ပုဏၰားႀကီးက ရဟန္း၀တ္လုိေပမယ့္ ရဟန္းေတာ္ေတြက "အသက္အရြယ္ႀကီးျပီး ၀ိနည္းသိကၡာပုဒ္ေတြ ထိန္းသိမ္းႏုိင္မယ္ မထင္တာနဲ႔ "စားစရာ၊ ေနစရာနဲ႔ ၀တ္စရာေတြ ေပးၾကေပမယ့္ ရဟန္းျပဳမေပးၾကဘူး၊ ရဟန္းျပဳ ခ်င္ေပမယ့္ ျပဳခြင့္မရတဲ့ ရာဓပုဏၰားႀကီးဟာ တစ္ေန႔တျခား ႀကုံလွီပိန္ခ်ံဳးလာ ပါတယ္။ တစ္ေန႔ ျမတ္စြာဘုရားနဲ႔ ေတြ႔ေတာ္မူလုိ႔ ပုဏၰားႀကီးရဲ့ အျဖစ္ကုိ စုံစမ္း ေမးျမန္းသိေတာ္မူတဲ့အခါ သံဃာအားလုံးကုိ ေက်ာင္းေဆာင္ထဲ စုေ၀းေစျပီး ရွင္ေတာ္ဘုရားက "ဘယ္သူဟာ ဒီရာဓပုဏၰားႀကီး ျပဳခဲ့ဖူးတဲ့ ေက်းဇူးကုိ အမွတ္ ရၾကသလဲ"လုိ႔ ေမးေတာ္မူပါတယ္။

အဲဒီအခါ အရွင္သာရိပုတၱရာ မေထရ္က "တပည့္ေတာ္ ရာဓပုဏၰားႀကီးရဲ့ ေက်းဇူးကုိ သတိရပါေၾကာင္း" ေလွ်ာက္ထားေတာ္ မူပါတယ္။ ရွင္ေတာ္ဘုရားက "ဘယ္လုိ ေက်းဇူးျပဳဖူးသလဲ" လုိ႔ ထပ္ဆင့္ေမးေတာ္မူတဲ့အခါ အရွင္သာရိပုတၱရာ မေထရ္ျမတ္က "တပည့္ေတာ္ တစ္ခ်ိန္က သူ့အိမ္ေရွ့မွာ ဆြမ္းခံရပ္ေတာ့ ဆြမ္း တစ္ဇြန္း ေလာင္းလွဴဖူးပါတယ္။ အဲဒီေက်းဇူးကုိ တပည့္ေတာ္ မေမ့ပါဘူးဘုရား" လုိ႔ ျပန္လည္ ေလွ်ာက္ထားေတာ္မူပါတယ္။ "ေအး…. ခ်စ္သားလုိ ေက်းဇူးသိ တတ္တဲ့ ပုဂၢိဳလ္ရွိပါလွ်က္ ဒီပုဏၰားႀကီး ဘာျဖစ္လုိ႔ ရဟန္းအျဖစ္ကုိ မရႏုိင္သလဲ" လုိ႔ ဘုရားရွင္က မိန္႔ေတာ္မူတဲ့အခါ အရွင္သာရိပုတၱရာ မေထရ္ျမတ္ဟာ ျမတ္စြာဘုရားထံ ခြင့္ပန္ျပီး ရာဓပုဏၰားႀကီးကုိ ရဟန္းျပဳေပးေတာ္ မူပါတယ္။

ရဟန္းျပဳေပးေတာ္ မူျပီးေနာက္ အရွင္သာရိပုတၱရာ မေထရ္ဟာ ရာဓရဟန္းႀကီးကုိ ေနာက္ပါရဟန္းအျဖစ္ မိမိသြားေလရာကုိ ေခၚေဆာင္ေတာ္ မူကာ မိမိအတြက္ ရရွိတဲ့ ဆြမ္းေကာင္း ေနရာေကာင္းနဲ႔တကြ အဆုံးအမ ၾသ၀ါဒ ေတြကုိ မျပတ္ေပးသနားေတာ္မူျပီး ေစာင့္ေရွာက္ေတာ္မူတာမုိ႔ မၾကာခင္မွာပဲ ရာဓပုဏၰားႀကီးဟာ ရဟန္းကိစၥျပီးလုိ႔ ဧတဒဂ္ရ ရဟႏၱာအရွင္ျမတ္ႀကီးတစ္ပါး ျဖစ္ေတာ္မူခဲ့ပါတယ္။ "တစ္လုပ္စားဖူး သူ႔ေက်းဇူး" ဆုိတဲ့ ဥဒါန္းစကားေလးဟာ အရွင္သာရိပုတၱရာ မေထရ္ျမတ္ရဲ႔ သူေတာ္ေကာင္း ႏွလုံးသားက စတင္ေပါက္ဖြား လာခဲ့ရတာပါ။

သူတစ္ထူးရဲ့ ေက်းဇူးကို သိေတာ္မူတတ္ရာမွာ စံခ်ိန္တင္ေတာ္မူခဲ့တဲ့ အရွင္သာရိပုတၱရာ မေထရ္ျမတ္ဟာ မိမိကုိ ေလာကုတၱရာ အသိဉာဏ္ရေအာင္ ေက်းဇူးျပုေတာ္မူခဲ့တဲ့ အရွင္အႆဇိမေထရ္ ဂုဏ္ေက်းဇူးကုိ ေန႔ညဥ့္မျပတ္ သတိရေတာ္ မူတတ္တာမုိ႔ က်ိန္းစက္ေတာ္မူတဲ့အခါတုိင္း အရွင္အႆဇိမေထရ္ သီတင္းသုံးေတာ္မူရာ အရပ္ကုိ ရွိခုိးျပီး အရွင္ျမတ္ရွိေတာ္မူရာဘက္ကုိ ဦးေခါင္း ျပဳကာ တစ္ဘ၀တာလုံး သက္၀င္လႈပ္ရွားေနျပီး ေနာက္ဆုံး ပရိနိဗၺာန္၀င္စံကာနီး ၀မ္းေသြးသြန္တဲ့ ေ၀ဒနာေတြ ဖိစီးေနတဲ့ၾကားက မယ္ေတာ္ရူပသာရီ ပုေဏၰး မႀကီးရဲ့ ေမြးေက်းဇူးကုိ ေသာတာပတၱိမဂ္ဉာဏ္၊ ဖုိလ္ဉာဏ္နဲ႔ အေက်အလည္ ေပးဆပ္ျပီးမွပဲ ရပ္တံ့သြားေတာ္မူပါတယ္။

သူတစ္ပါးကုိ မိမိက အရင္ဦးေအာာင္ ေက်းဇူးျပဳျခင္း၊ သူတစ္ပါးတုိ႔ ျပဳခဲ့ ဖူးေသာ ေက်းဇူးကုိ တုံ႔ျပန္သိတတ္၊ ေက်းဇူးဆပ္ျခင္းဆုိတဲ့ ေရႊေရာင္လႊမ္းတဲ့ ဒီအက်င့္ျမတ္ေတြဟာ သူေတာ္ေကာင္း ႏွလုံးသားဆုိတဲ့ ပတၱျမားရတနာကုိ ရႈမျငီးႏုိင္ေအာင္ ပုိမုိတင့္တယ္ ေတာက္ပေစပါတယ္။

အရွင္သာရိပုတၱရာ မေထရ္ျမတ္ဟာ ဉာဏ္ပညာအရာမွာ ဧတဒဂ္ရသလုိ (အကယ္၍ ေပးအပ္ရုိးထုံးစံသာ ရွိမယ္ဆုိရင္) သည္းခံျခင္းအရာ မွာလည္း ဧတဒဂ္ရေတာ္မူႏုိင္ပါတယ္။ အမ်က္ေဒါသမရွိ၊ မာန္မာနကင္းေတာ္ မူတဲ့ေနရာ မွာ အရွင္ျမတ္ကုိ ဘယ္သူမွ လုိက္လုိ႔မမွီႏုိင္ပါဘူး။ အရွင္သာရိပုတၱရာ မေထရ္ ဟာ မဟာပထ၀ီေျမႀကီးပမာ သည္းခံႏုိင္သူျဖစ္သလုိ ေျခသုတ္ပုဆုိး ေျမြစြယ္ က်ိဳးနဲ႔ ဦးခ်ိဳက်ိဳးတဲ့ႏြားလားပမာ မာန္မာကင္းသူလည္း ျဖစ္ေတာ္မူပါတယ္။ ေတာင္းရမ္းစားသူ ဒြန္းစ႑ားရဲ့ သားတစ္ဦးလုိ မိမိကုိယ္ကုိ ႏွိမ့္ခ်တဲ့ စိတ္ထား လည္း ရွိေတာ္မူပါတယ္။

အပူအရႈပ္နဲ႔ လူလုပ္ေနၾကတဲ့ အႏၶပုထုဇဥ္ေတြဟာ ေဘးဒုကၡအပူေတြ၊ ျပႆနာအရႈပ္ေတြကုိ ဖန္တီးျပီး အရွင္သာရိပုတၱရာ မေထရ္ျမတ္ကို စြပ္စြဲရန္ လုပ္တတ္တယ္။ တစ္ခါတစ္ရံ ဘာမွမတုံျပန္ဘဲ သည္းခံတတ္သလုိ တစ္ခါတစ္ရံ က်ေတာ့ တည္ျငိမ္ရဲ၀ံ့စြာ ေျဖရွင္းတတ္ပါတယ္။ တစ္ခါတုန္းက ဆုိရင္ ရွင္ေတာ္ဘုရားထံ မဟုတ္မတရား စြပ္စြဲတုိင္ၾကားခဲ့တဲ့ ရဟန္းငယ္တစ္ပါး ေၾကာင့္ အရွင္သာရိပုတၱရာ မေထရ္ျမတ္ဟာ သံဃပရိသတ္အလယ္မွာ မိမိရဲ့ စိတ္ေနသေဘာထားနဲ႔ ကုိယ္က်င့္တရားကုိ ရဲရဲေတာက္ ထုတ္ေဖာ္ေလွ်ာက္ ထားခဲ့ပါတယ္။ အရွင္ျမတ္ရဲ့ ေလွ်ာက္ထားခ်က္ကုိ ၾကားနာရတဲ့အခါ ပုထုဇဥ္ ရဟန္းေတြဟာ မ်က္ရည္မဆည္ႏုိင္ ျဖစ္ၾကရျပီး ၊ ရဟႏၱာအရွင္ျမတ္ေတြက ဓမၼ သံေ၀ဂ ရေတာ္မူၾကပါတယ္။ မဟာပထ၀ီေျမႀကီးကေတာ့ မခံႏုိင္ေတာ့တဲ့ အဆုံး ၉-ႀကိမ္၊ ၉-ခါ တုန္လႈပ္ခဲ့ရပါတယ္။

ဒီလုိ ဂုဏ္သတင္း ပ်ံ့ေမႊးေတာ္မူတဲ့ မေထရ္ျမတ္ရဲ့ အေၾကာင္းကုိ အယူ၀ါဒ မတူသူ ပုဏၰားတစ္ဦးက ၾကားသိရတဲ့အခါ မယုံၾကည္တာမုိ႔ ဆြမ္းခံ၀င္ေနတဲ့ အရွင္ျမတ္ရဲ့ ေနာက္က လုိက္သြားျပီး အရွင္ျမတ္ရဲ့ ေက်ာကုန္းအလယ္ကုိ လက္၀ါးနဲ႔ ျပင္းထန္စြာ ရုိ္က္ႏွက္ ပုတ္ခတ္ပါတယ္။ အရွင္သာရိပုတၱရာ ဟာ" ဘာျဖစ္တာလဲလုိ႔ေတာင္ လွည့္ၾကည့္ေတာ္မမူဘဲ ၾကြျမဲၾကြေတာ္မူပါတယ္။ အဲဒီအခါ ရုိက္ႏွက္လုိက္မိတဲ့ ပုဏၰားဟာ ေနာင္တတရားနဲ႔ ပူေလာင္လာျပီး" သည္းခံျခင္းဂုဏ္နဲ႔ ျပည့္စုံေတာ္မူတဲ့ အရွင္ျမတ္ဟာ အံ့ၾသဖြယ္ေကာင္းပါေပစြ" လုိ႔ ၾကည္ညုိေတာ္မူကာ အရွင္သာရိပုတၱရာ မေထရ္ျမတ္ရဲ့ ေျခေတာ္ရင္းမွာ ၀ပ္စင္းျပီး" အရွင္ဘုရား တပည့္ေတာ္အား သည္းခံခြင့္လႊတ္ေတာ္မူပါ" လုိ႔ ေလွ်ာက္ထားပါတယ္။

မေထရ္ျမတ္က "ဒါဟာ ဘာလဲ" လုိ႔ ေမးေတာ္မူတဲ့အခါ "တပည့္ေတာ္ စပ္းသပ္လုိတာနဲ႔ အရွင္ဘုရားကုိ ရုိက္နွက္မိတာပါဘုရား"လုိ႔ ပုဏၰားက ေလွ်ာက္ထားပါတယ္။ "ရွိပါေစ၊ သင့္ကုိ ငါ သည္းခံပါတယ္" လုိ႔ အရွင္သာရိပုတၱ ရာက မိန္႔ၾကားေတာ္မူတဲ့အခါ ပုဏၰားဟာ အရွင္ျမတ္ကုိ ေနအိမ္သုိ႔ ရုိေသစြာ ပင့္ေဆာင္ျပီး ဆြမ္းလုပ္ေကၽြးပါတယ္။ အဲဒီအခ်ိန္မွာပဲ တျခားလူေတြဟာ စိတ္ဆုိးျပီး "ဒီပုဏၰားဟာ အျပစ္မရွိတဲ့ ငါတုိ႔ရဲ႔အရွင္ျမတ္ကုိ ရုိက္တယ္၊ သူ႔ကုိ ဆုံးမရမယ္၊ ဒီေနရာမွာပဲ ေသေအာင္သတ္မယ္"လုိ႔ တုတ္ဓား စတာေတြကုိင္ျပီး ပုဏၰားရဲ့အိမ္တံခါး၀မွာ စုေ၀းေနၾကတယ္။

ဆြမ္းကိစၥျပီးတဲ့အခါ အရွင္သာရိပုတၱရာ မေထရ္ဟာ ပုဏၰားကုိ သပိတ္ အကုိင္ခုိင္းျပီး အိမ္က ထြက္ေတာ္မူလာတယ္။ လူအုပ္ကုိ ေတြ႔တာမုိ႔ "ဒကာတုိ႔ အဲဒါက ဘာသေဘာလဲ"လုိ႔ ေမးျမန္းတဲ့အခါ "အရွင္ဘုရားကုိ ရုိက္ႏွက္တဲ့ ဒီပုဏၰားမုိက္ကုိ ဆုံးမေပးၾကမလုိ႔ပါဘုရား" လုိ႔ ေလွ်ာက္ထားၾကတယ္။ "ဒကာတုိ႔ ဒီပုဏၰားက သင္တုိ႔ ရုိ္က္တာမဟုတ္ ငါ့ကုိရုိက္တာျဖစ္တယ္။ အခု ဒီပုဏၰားက ငါ့ကုိ ခြင့္လႊတ္ဖုိ႔ ေလွ်ာက္ထား ေတာင္းပန္ျပီးျပီ။ သင္ဒကာတုိ႔ အိမ္ျပန္ၾက"လုိ႔ အရွင္သာရိပုတၱရာက တုိက္တြန္းျပီး ပုဏၰားကုိလည္း အိမ္ျပန္ေစကာ ေက်ာင္းေတာ္ကုိ ျပန္ၾကြလာေတာ္မူပါတယ္။

သည္းခံျခင္းတရားနဲ႔ သူေတာ္ေကာင္း နွလုံးသားဆုိတာ "ေရကန္နဲ႔ၾကာ" လုိပါပဲ။ အခ်င္းခ်င္း အျပန္အလွန္ အလွဆင္ေပးေနတဲ့ အရာေတြပါ။ သူေတာ္ ေကာင္းႏွလုံးသားဆုိတဲ့ ေအးျမၾကည္လင္တဲ့ ေမတၱာေရစင္ေၾကာင့္ တည္ျငိမ္ လွပတဲ့ ခႏၱီၾကာပန္းေတြ ပြင့္လန္းလာသလုိ၊ ခႏၱီၾကာ၀န္းေတြရဲ့ တည္ျငိမ္လွပမႈ အရွိန္အ၀ါေၾကာင့္လည္း သူေတာ္ေကာင္း ႏွလုံးသားဆုိတဲ့ ေရကန္ဟာ ပုိမုိထည္ ၀ါ က်က္သေရျဖာ လွပလာရပါတယ္။

ဉာဏ္ပညာကုိ ျမတ္ႏုိးျပီး အဆုံးအမတရားကုိ ဦးထိပ္ထားတတ္ေသာ၊ သူတစ္ထူးေက်းဇူးတရားကုိ သိမွတ္ေပးဆပ္တတ္ေသာ၊ အမ်က္မပါ မာနမရွိ ပကတိ သည္းခံတတ္ေသာ သူေတာ္ေကာင္းႏွလုံးသားပုိင္ရွင္ အရွင္သာရိပုတၱရာ မေထရ္ျမတ္ႀကီးဟာ မဟာသကၠရာဇ္ ၁၄၈-ခုႏွစ္၊ တန္ေဆာင္မုန္းလျပည့္ေန႔ ဖြားရာဇာတိ နာလကရြာမွာ ပရိနိဗၺာန္ ၀င္စံေတာ္မူခဲ့ပါတယ္။

သက္ေတာ္(၈၀) ၀ါေတာ္(၄၄)၀ါအတြင္း သတၱေလာကရဲ့ အက်ိဳးစီးပြားကုိ စြမ္းစြမ္းတမံ ေဆာင္ရြက္ေတာ္မူရင္း မေထရ္ျမတ္ ေဟာၾကားေတာ္မူအပ္တဲ့ တရားေတာ္ေတြဟာ နိကာယ္ငါးရပ္၊ ပိဋကတ္ေတာ္မွာ အင္မတန္မ်ားျပားေတာ္မူ လွပါတယ္။ ပဋိသမၻီဒါမဂ္ပါဠိေတာ္၊ မဟာနိေဒၵသပါဠိေတာ္၊ စူဠနိေဒၵသပါဠိေတာ္ ေတြဟာ က်မ္းစာအေနနဲ႔ ထင္ရွားျပီး သာရိပုတၱေထရ ဂါထာေတာ္ေတြဟာ "ကုိယ္တုိင္ေရး ေထရုပၸတၱိက်မ္းစာ" ျဖစ္သလုိ "တရားဟင္းေလးအုိးႀကီး"လုိ႔လည္း ဓမၼရသစုံလင္စြာ ပါ၀င္ေတာ္မူပါတယ္။

တစ္ခ်ိန္က ရွင္ေတာ္ဘုရားဟာ အနီးမွာရွိတဲ့ အရွင္အာနႏၵာကုိ "အာနႏၵာ သူတစ္ပါးေတြက သာရိပုတၱရာကုိ နွစ္သစ္ၾကည္ညုိၾကတယ္၊ သင္ကေကာ သာရိ ပုတၱရာကုိ ႏွစ္သစ္သေဘာက်ရဲ့လား"လုိ႔ ေမးေတာ္မူပါတယ္။ အဲဒီအခါ အရွင္ အာနႏၵာဟာ" ဒီေန႔ ဇမၺဴဒိပ္ကြ်န္းရဲ့ အလံတံခြန္သဖြယ္ျဖစ္တဲ့ သေျပပင္ႀကီးကုိ လႈပ္ခါျပရေတာ့မယ္၊ ဒါမွမဟုတ္ တိမ္တုိက္ၾကားထဲက လျပည့္၀န္းႀကီးကုိ ထုတ္ေဆာင္ျပရေတာ့မယ္" ဆုိျပီး ၀မ္းသာရႊင္ျပစြာနဲ႔ အရွင္သာရိပုတၱရာရဲ့ သူေတာ္ေကာင္းဂုဏ္ရည္ ၁၆ မ်ိဳးကုိ ထုတ္ေဖာ္ေလွ်ာက္ထားေတာ္မူပါတယ္။

ျပီးမွ နိဂုံးခ်ဳပ္အေနနဲ႔ "ျမတ္စြာဘုရား၊ ေလာကမွာ လူဖ်င္းလူအ၊ စိတ္ယုတ္ မာရွိသူ၊ မုိက္လုံးႀကီးသူ၊ ရူးသြပ္ေနသူမဟုတ္ရင္ ဘယ္သူမဆုိ အရွင္သာရိ ပုတၱရာကုိ ႏွစ္သက္ၾကည္ညုိၾကၽမွာပါဘုရား"လုိ႔ ေလွ်ာက္ထားလုိက္ပါတယ္။ စာေရးသူလည္း အရွင္အာနႏၵာရဲ့ တန္ဖုိးႀကီးေလးျမတ္လွတဲ့ ဒီမွတ္ခ်က္မိန္႔ခြန္း ေတာ္နဲ႔ပဲ တုႏႈိင္း၍မမီတဲ့ သူေတာ္ေကာင္းဂုဏ္ရည္ပုိင္ရွင္ ပညာအရာ ဧတဒဂ္ရ အဂၢသာ၀က မေထရ္ျမတ္္ႀကီးကုိ ေလးျမတ္ေကာ္ေရာ္ရွိခုိး ပူေဇာ္လုိက္ပါတယ္။

က်မ္းကုိး
၁။ အဂၤုတၳိဳရ္အ႒ကထာ (ပထမတြဲ)
၂။အပါဒါန္အ႒ကထာ(ပထမတြဲ)
၃။ ဓမၼပဒ အ႒ကထာ(ပ+ဒု)
၄။သံယုတ္ အ႒ကထာ(ဒုတိယတြဲ)
၅။ မူလပဏာသ အ႒ကထာ(ဆ႒မတြဲ)
၆။မဟာဗုဒၶ၀င္က်မ္း(ဆ႒မတြဲ)

 ေတာ္၀င္ႏြယ္

#Unicode Version#

ဒီဆောင်းပါးကို ဖတ်ဖူးတာ ကြာပါပြီ။ ဒီနေ့ ပြန်သတိရမိတာနဲ့ ပြန်ရှာတာ.. ခေါင်းစဉ်ကို ပြန်ဖတ်မိတော့ ကြက်သီးဖျန်းဖျန်း ထမိသေးတယ်။ ကြည်ညို ရိုသေစွာ ဦးခိုက်ပါတယ် အရှင်ဘုရား...။

အရှင်သာရိပုတ္တရာ သို့မဟုတ် မိုးလောက်မြင့်မား၍ မြေကြီးလိုနှိမ့်ချသူ

သူတော်ကောင်း နှလုံးသားတွေထဲမှာ အရှင်သာရိပုတ္တရာ မထေရ်ကဲ့သို့ နှလုံးသားကို ဖူးမြော်ကြည်ညိုရတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကြယ်တာရာတွေ စုံလင်တဲ့ညချမ်းမှာ ကောင်းကင်ပြင်ကြီးကို မော်ကြည့်မိတဲ့အခါ သောကြာကြယ်လို့ခေါ်တဲ့ သောက်ရှူးကြယ်ကြီးကို ကြယ်တာရာတွေထဲမှာ ထူးခြားတောက်ပစွာ တွေ့မြင်ရသလို အရှင်သာရိပုတ္တရာလည်း သူတော်ကောင်း အစားစားတွေထဲမှာ ကိုယ်ကျင့်တရားအရရော စိတ်နေ သဘောထားအရနဲ့ အသိဉာဏ် ပညာအရာမှာပါ ထူးချွန်တောက် ပြောင်လှပါတယ်။

အရှင်သာရိပုတ္တရာလောင်း(သုရုစိရသေ့)ဟာ လွန်ခဲ့တဲ့တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလတုန်းက အနောမဒဿီ မြတ်စွာဘုရားရှင်ရဲ့ လက်ယာတော်ရံ နိသဘမထေရ်ကို အားကျကြည်ညိုပြီး လက်ယာတော်ရံ အဂ္ဂသာဝကဆုကို ပန်ဆင်တော်မူခဲ့တာပါ။ စာရေးသူတို့ရဲ့ ရှင်တော်ဘုရား လက်ထက်ရောက် တဲ့အခါ ရာဇဂြိုဟ်ပြည် အနီးနားက ဥပတိဿရွာမှာ ရွာသူကြီး ဝင်္ကန္တပုဏ္ဏား ကြီးနဲ့ ရူပသာရီပုဏ္ဏေးမကြီးတို့ရဲ့ သားကြီးသြရသ ဥပတိဿလုလင် ဖြစ်လာပြီး ရဟန်းပြုတော်မူတဲ့အခါ မယ်တော်ရဲ့ အမည်ကို အစွဲပြုကာ အရှင်သာရိပုတ္တရာ လို့ အမည်တွင် ထင်ရှားတော်မူခဲ့တာ ဖြစ်ပါတယ်။

ကနဦးအစမှာတော့ ဥပတိဿလုလင်ဟာ မသေရာ တရားကို ရှာဖို့ အတွက် သိဉ္စည်းဆရာကြီးအထံမှာ ပရိဗိုဇ်လုပ်ပြီး နေပါတယ်။ ဒါပေမယ့် သိဉ္စည်းဆရာကြီးဆီမှာ မသေရာတရား မရှိမှန်း သိရတဲ့အတွက် ရာဇဂြိုဟ် မြို့တွင်း မြို့ပြင်ထွက်ကာ မသေရာတရားရှာဖွေရာ ပဉ္စဝဂ္ဂီ အဝင်အပါ အရှင်အဿဇိ ရဟန္တာမထေရ်ကို ဖူးတွေ့ရပြီး အကျဉ်းမျှဟောပြတဲ့ ယေဓမ္မာ ဟေတုပ္ပဘာဝါ ဂါထာထက်ဝက်ကို ကြားနာရရုံနဲ့ သောတာပန် အရိယာ ဖြစ်ခဲ့ ပါတယ်။ အဲဒီနေ့မှာပဲ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်ကို ရောက်ရှိလာပြီး ဧဟိဘိက္ခု အဖြစ်ကို ရရှိခဲ့ပါတယ်။ ရဟန်းဖြစ်ပြီးနောက် ၁၅-ရက်အကြာ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပိုတွဲလပြည့်နေ့မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ရဟန္တာဖြစ်တော်မူပြီး သာဝကဉာဏ် အတွက် အထွတ်အထိပ်သို့ ရောက်တော်မူကာ လက်ယာတော်ရံ အဂ္ဂသာဝကအရာကို ရရှိတော်မူခဲ့ပါတယ်။

အရှင်သာရိပုတ္တရာဟာ စကြာဝဠာတိုက်တစ်သောင်းမှာ ဘုရားရှင်က လွဲလို့ ဉာဏ်ပညာ အကြီးမားဆုံး မထေရ်မြတ်တစ်ပါး ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရွာချတဲ့ မိုးရေစက် မိုးရေပေါက်တွေကိုတောင် ရေတွက်နိုင်တဲ့ ပညာ ရှိပါတယ်။ လ့ူပြည်မှာရှိတဲ့ အဘိဓမ္မာ တရားတော်တွေဟာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ ဉာဏ်ပညာကြီးမားတော်မူမှု အမှတ်သင်္ကေတ တစ်ခု ဖြစ်ပါတယ်။

အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ အသားအရေဟာ ရွှေအဆင်းကဲ့သို့ ဝါဝင်းတော်မူပြီး အဂ္ဂသာဝကဖြစ်တော်မူချိန်မှာ သက်တော် ၃၆ နှစ်ခန့် ရှိပါပြီ။ အရှင်သာရိပုတ္တရာဟာ ယခုဘဝလိုပဲ ဘဝသံသရာမှာ ဘဝပေါင်း ၅၀၀ တိတိ ရသေ့ရဟန်း ပြုတော်မူခဲ့ပါတယ်။ အရှင်သာရိပုတ္တရာကို အကြောင်းပြုပြီး ရှင်ရဟန်းအဖြစ် ရောက်ကြသူတွေဟာ ညီတော်(၃)ဦး၊ ညီမတော်(၃)ယောက် အပါအဝင် မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်။ အရှင်သာရိ ပုတ္တရာ မထေရ်မြတ် ဟောကြားတော်မူတဲ့ တရားဒေသနာတော်ကို နာယူရလို့ သစ္စာလေးပါး သိမြင်ကြသူတွေဟာ အင်္ဂုတ္တရနိကာယ်ကျမ်းလာ "သမစိတ္တ သုတ္တန်" ဟောကြားတော်မူသော နေ့မှာပဲ နတ်ဗြဟ္မာ ကုဋေတစ်သိန်း အရဟတ္တဖိုလ် ဆိုက်ရောက်ပြီး အောက်မဂ် ၃-ပါးဆိုက်ရောက်တဲ့ နတ်ဗြဟ္မာတွေဆိုတာ မရေတွက်နိုင်လောက်အောင် များပြားပါတယ်။ ယုတ်စွအဆုံး အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို သဒ္ဓါကြည်ညိုရုံမျှနဲ့ နတ်ပြည်ရောက်ကြတဲ့ မိသားစုအရေ အတွက်ဟာ ရှစ်သောင်းမျှရှိကြောင်း ပိဋကစာပေမှာ မှတ်တမ်းတင်ဖော်ပြထားပါ တယ်။

အရှင်သာရိပုတ္တရာဟာ ရှင်တော်ဘုရားပြီးရင် ဒုတိယအကြီးအကဲ ဖြစ်တာ နဲ့အညီ သံဃာ့အဖွဲ့အစည်းအပေါ်မှာ အထူးကြောင့်ကျစိုက်ပြီး၊ စောင့်ရှောက်တော် မူတတ်ပါတယ်။ ရဟန်းသံဃာ အားလုံးနောက်မှ ဆွမ်းခံဝင်ပါတယ်။ ရဟန်းသံဃာအားလုံး ဆွမ်းခံကြွသွားတဲ့အခါ ကျောင်းစဉ်လှည့်ကာ တံမြက် လှည်းသင့်ရာ လှည်းကျင်းပြီး အမှိုက်ကျုံးသင့်ရာမှာ ကျုံးတော်မူပါတယ်။ အသုံးအဆောင် ပစ္စည်းတွေကို နေရာတကျ ထားသိုကာ အမြင်မတော်တာတွေ ကိုလည်း ဖြုတ်သိမ်း ပြုပြင်တော်မူပါတယ်။ မကျန်းမာသူ ဂိလာနပုဂ္ဂိုလ်တွေကို ဆေးဝါးဓာတ်စာ လို မလို မေးတော်မူပြီး ရအောင်လည်း ရှာဖွေပေးတော်မူပါ တယ်။ သူနာပြု ပုဂ္ဂိုလ်တွေကိုလည်း ပြုစုစောင့်ရှောက် ချင်လာအောင် အားပေး စကားပြောကြားတတ်ပါတယ်။



မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူတဲ့ အခါမှာလည်း နောက်ပါ သံဃာတော်တွေရဲ့ လိုအပ်ချက်တွေကို အစ်ကိုကြီးတစ်ဦးပမာ ဖေးမကူညီ ဖြည့်ဆည်းပေးတော် မူပါတယ်။ ခရီးပင်ပန်းလို့ နွမ်းနယ် ညောင်းညာတက်သူ တွေကိုလည်း ဆီ၊ နနွင်း စတာတွေနဲ့ ဆုပ်နယ်ပြီး သက်သာ ကျန်းမာလာအောင် ပြုစုတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သံဃာတော်တွေဟာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို မိခင်ကြီးတစ်ဦးလို ချစ်ခင်ကြည်ညို အားကိုး တတ်ကြပါတယ်။

တစ်ခါတစ်ရံမှာတော့ အရှင်သာရိပုတ္တရာဟာ သာသနာတော်မှာ မပျော် ပိုက်တဲ့ ရှင်ငယ်၊ ရဟန်းငယ်တွေကို ပျော်မွေ့အောင်၊ ပျော်မွေ့တဲ့ ရှင်ရဟန်းတွေ ကိုလည်း ပုထုဇဉ်မှ သောတာပန်ဖြစ်အောင် သောတာပန်မှ ရဟန္တာဖြစ်အောင် အကြိမ်ပေါင်းများစွာ အထပ်ထပ် တရားဟောပြတတ်ပါတယ်။ ဒီလိုနည်းနဲ့ ရဟန္တာဖြစ်တော်မူတဲ့ သူတွေလည်း မနည်းလှပါဘူး။ ဒီလိုအခါမျိုးမှာတော့ အရှင် သာရိပုတ္တရာ မထေရ်မြတ်ဟာ သံဃာတော်တွေအဖို့ ဖခင်ရင်းလို တစ်မျိုး၊ ဆရာ ရင်းလိုတစ်သွယ် အင်မတန် လေးစား ကြည်ညိုဖွယ် ကောင်းလှပါတယ်။

သမ္ဘာရင့် ကျွမ်းကျင်တဲ့ ရတနာကုန်သည်တစ်ဦးဟာ စံချိန်မီ အရည် အသွေးပြည့် ကျောက်မျက်ကောင်းကို တွေ့ရရင် အင်မတန် မြတ်နိုးတန်ဖိုး ထားတတ်သလို ပညာအရာမှာ အင်မတန် မြတ်နိုး တန်ဖိုးထားတတ်သလို ပညာ အရာမှာ ဧတဒဂ်ဘွဲ့ရပြီး အဂ္ဂသာဝက ဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာ မထေရ် ဟာလည်း အကြားအမြင်များပြီး ဉာဏ်ပညာ ထူးချွန်တဲ့ ပညာရှိသူတော်ကောင်းကို ဖူးတွေ့ရရင် လွန်စွာ အရေးထား မြတ်နိုးတော်မူတတ်ပါတယ်။

တစ်ချိန်မှာ ဓမ္မကထိကအရာ ဧတဒဂ်ဘွဲ့ ရတော်မူတဲ့ အရှင်ပုဏ္ဏမထေရ်ကို တွေ့တော်မူတဲ့အခါ အရှင်သာရိပုတ္တရာ မထေရ်က ဝိသုဒ္ဓိ ၇ ပါးကို မေးတော်မူ ပါတယ်။ အရှင်ပုဏ္ဏမထေရ်က အာဇာနည်မြင်းကတဲ့ ရထား ၇ စီးနဲ့ ဥပမာပြုပြီး ပြည့်စုံရှင်းလင်းစွာ ပြန်လည်ဖြေကြားတော်မူပါတယ်။အရှင်ပုဏ္ဏမထေရ်ရဲ့ အဖြေ စကားကို နာကြားတော်မူရတဲ့အခါ အရှင်သာရိပုတ္တရာ မထေရ်က ဒီလို မေးတိုင်း အဖြေကောင်းပေးနိုင်တဲ့ ပညာရှင်ပုဂ္ဂိုလ်မျိူးကိုတစ်ကျောင်းထဲ အတူနေရုံမျှနဲ့ မကျေနပ်နိုင်ဘဲ မေးလိုတဲ့ အခါတိုင်း မကြာမတင် မဆိုင်းမတွ အဖြေရနိုင်ဖို့ ဦးခေါင်းပေါ်တင်ပြီး ခေါင်းခုနဲ့ အမြဲရွက်ထားချင်တယ်လို့ အမိန့်ရှိတော်မူပါ တယ်။

အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ သီလ သမာဓိ ပညာ ဂုဏ်သိက္ခာ တောင်ထွတ်တော်ဟာ ကြီးကျယ်မြင့်မားတော်မူသလောက် မိမိကိုယ်ကို မိမိ နှိမ့်ချမှု၊ စိတ်နေသဘောထား ကြီးမြတ်မှု ချိုင့်ဝှမ်းကြီကလည်း အင်မတန် ကျယ် ဝန်း နက်ရှိုင်းတော်မူလှပါတယ်။

တစ်နေ့မှာ အရှင်သာရိပုတ္တရာ မထေရ်ဟာ အမှတ်တမဲ့ သင်္ကန်းကိုင် တော်မူတဲ့ခါ သင်္ကန်းအစွန်းအနားက မညီမညာ ဖြစ်နေပါတယ်။ အဲဒါကို ရှင်သာမဏေဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးတစ်ပါးက မြင်တွေ့သွားရာ "အရှင်ဘုရား သင်္ကန်းကို ညီညီညာညာ ဝတ်ရုံသင့်ပါတယ်ဘုရား" လို့ လက်အုပ်ချီပြီး လျှောက်ထားပါတယ်။ အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်က မိမိသင်္ကန်း မညီမညာတာကို သင့်တော်တဲ့နေရာမှာ ကောင်းမွန်စွာ ပြင်ဝတ်ပြီး ကိုရင်ထံ ပြန်လာကာ "ဒီလောက်ဆို သင့်တော်ပါပြီလား"လို့ ဆရာအရာမှာထားပြီး တလေး တစား တုံ့ပြန်တော်မူခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကလေးကို အခြေခံကာ နောင်တစ်ချိန်မှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်က "ဒီနေ့မှာပဲ သာမဏေ ဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးက ဆိုဆုံးမလာသည့်ဖြစ်စေ သူတော်ကောင်း တွေရဲ့ ဆိုဆုံးမမှုမှန်သမျှကို ဦးထိပ်တင်ပြီး ခံယူပါတယ်။ ကိုယ့်အမှားကို ထောက်ပြပြီး ဆုံးမသွန်သင်တတ်သူဆရာကို ရွှေအိုးကို လက်ညှိုးထိုး ညွှန်ပြ ပေးသူလို မြတ်နိုးတန်ဖိုးထားပြီး ဆည်းကပ်ပါတယ်"လို့ ဥဒါန်းကျူးရင့်ကာ မိန့်ကြားတော်မူခဲ့ပါတယ်။

တကယ်တော့ သူတော်ကောင်းတွေရဲ့ နှလုံးသားဆိုတာ ဝါးရုံပင်မြင့်မြင့် ကြီးတွေလိုပဲ အထက်ကို ပိုမြင့်မားလေ အောက်ကို ပိုမိုညွတ်ကိုင်းလေ ဖြစ်ပါတယ်။ ဒီလို နှလုံးသားမျိုး ရှိတော်မူခဲ့လို့လည်း အရှင်သာရိပုတ္တရာ မထေရ် မြတ်ကြီးဟာ ရှင်ပဏ္ဍိတ၊ ရှင်သုခ၊ ရှင်တိဿ စတဲ့ ၇-နှစ်အရွယ် သားတပည့် ရဟန္တာ ကိုရင်ငယ်လေးတွေရဲ့ အင်မတန် ချစ်ခင်မြတ်နိုး အားကိုးထိုက်တဲ့ ဥပဇျ္စယ် ဆရာ ဖခင်ကြီးတစ်ဦး ဖြစ်တော်မူခဲ့တာပါ။

အရှင်သာရိပုတ္တရာရဲ့ နှလုံးသား ပင်လယ်ပြင်ကြီးဟာ မေတ္တာရေထုကြီးနဲ့ အတိုင်းအဆမရှိ ကျယ်ပြောနက်ရှိုင်းတော် မူသလို သူတစ်ထူးရဲ့ ကျေးဇူးတရားကို သိတော်မူတတ်ခြင်းဆိုတဲ့ လှိုုင်းတံပိုးတွေကလည်း လွန်စွာကြီးမားများပြားလှ ပါတယ်။

တစ်ချိန်က သာဝတ္ထိမြို့မှာ "ရာဓ" အမည်ရတဲ့ ပုဏ္ဏားအိုကြီးတစ်ဦးဟာ အထီးကျန်မွဲ သူဆင်းရဲဖြစ်တာမို့ ဇေတဝန်ကျောင်းတော်မှာ ရဟန်းတော်တွေကို မှီပြီး နေထိုင်ရပါတယ်။ ပုဏ္ဏားကြီးက ရဟန်းဝတ်လိုပေမယ့် ရဟန်းတော်တွေက "အသက်အရွယ်ကြီးပြီး ဝိနည်းသိက္ခာပုဒ်တွေ ထိန်းသိမ်းနိုင်မယ် မထင်တာနဲ့ "စားစရာ၊ နေစရာနဲ့ ဝတ်စရာတွေ ပေးကြပေမယ့် ရဟန်းပြုမပေးကြဘူး၊ ရဟန်းပြု ချင်ပေမယ့် ပြုခွင့်မရတဲ့ ရာဓပုဏ္ဏားကြီးဟာ တစ်နေ့တခြား ကြုံလှီပိန်ချုံးလာ ပါတယ်။ တစ်နေ့ မြတ်စွာဘုရားနဲ့ တွေ့တော်မူလို့ ပုဏ္ဏားကြီးရဲ့ အဖြစ်ကို စုံစမ်း မေးမြန်းသိတော်မူတဲ့အခါ သံဃာအားလုံးကို ကျောင်းဆောင်ထဲ စုဝေးစေပြီး ရှင်တော်ဘုရားက "ဘယ်သူဟာ ဒီရာဓပုဏ္ဏားကြီး ပြုခဲ့ဖူးတဲ့ ကျေးဇူးကို အမှတ် ရကြသလဲ"လို့ မေးတော်မူပါတယ်။

အဲဒီအခါ အရှင်သာရိပုတ္တရာ မထေရ်က "တပည့်တော် ရာဓပုဏ္ဏားကြီးရဲ့ ကျေးဇူးကို သတိရပါကြောင်း" လျှောက်ထားတော် မူပါတယ်။ ရှင်တော်ဘုရားက "ဘယ်လို ကျေးဇူးပြုဖူးသလဲ" လို့ ထပ်ဆင့်မေးတော်မူတဲ့အခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်က "တပည့်တော် တစ်ချိန်က သူ့အိမ်ရှေ့မှာ ဆွမ်းခံရပ်တော့ ဆွမ်း တစ်ဇွန်း လောင်းလှူဖူးပါတယ်။ အဲဒီကျေးဇူးကို တပည့်တော် မမေ့ပါဘူးဘုရား" လို့ ပြန်လည် လျှောက်ထားတော်မူပါတယ်။ "အေး…. ချစ်သားလို ကျေးဇူးသိ တတ်တဲ့ ပုဂ္ဂိုလ်ရှိပါလျှက် ဒီပုဏ္ဏားကြီး ဘာဖြစ်လို့ ရဟန်းအဖြစ်ကို မရနိုင်သလဲ" လို့ ဘုရားရှင်က မိန့်တော်မူတဲ့အခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ မြတ်စွာဘုရားထံ ခွင့်ပန်ပြီး ရာဓပုဏ္ဏားကြီးကို ရဟန်းပြုပေးတော် မူပါတယ်။

ရဟန်းပြုပေးတော် မူပြီးနောက် အရှင်သာရိပုတ္တရာ မထေရ်ဟာ ရာဓရဟန်းကြီးကို နောက်ပါရဟန်းအဖြစ် မိမိသွားလေရာကို ခေါ်ဆောင်တော် မူကာ မိမိအတွက် ရရှိတဲ့ ဆွမ်းကောင်း နေရာကောင်းနဲ့တကွ အဆုံးအမ သြဝါဒ တွေကို မပြတ်ပေးသနားတော်မူပြီး စောင့်ရှောက်တော်မူတာမို့ မကြာခင်မှာပဲ ရာဓပုဏ္ဏားကြီးဟာ ရဟန်းကိစ္စပြီးလို့ ဧတဒဂ်ရ ရဟန္တာအရှင်မြတ်ကြီးတစ်ပါး ဖြစ်တော်မူခဲ့ပါတယ်။ "တစ်လုပ်စားဖူး သူ့ကျေးဇူး" ဆိုတဲ့ ဥဒါန်းစကားလေးဟာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ သူတော်ကောင်း နှလုံးသားက စတင်ပေါက်ဖွား လာခဲ့ရတာပါ။

သူတစ်ထူးရဲ့ ကျေးဇူးကို သိတော်မူတတ်ရာမှာ စံချိန်တင်တော်မူခဲ့တဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ မိမိကို လောကုတ္တရာ အသိဉာဏ်ရအောင် ကျေးဇူးပြုတော်မူခဲ့တဲ့ အရှင်အဿဇိမထေရ် ဂုဏ်ကျေးဇူးကို နေ့ညဉ့်မပြတ် သတိရတော် မူတတ်တာမို့ ကျိန်းစက်တော်မူတဲ့အခါတိုင်း အရှင်အဿဇိမထေရ် သီတင်းသုံးတော်မူရာ အရပ်ကို ရှိခိုးပြီး အရှင်မြတ်ရှိတော်မူရာဘက်ကို ဦးခေါင်း ပြုကာ တစ်ဘဝတာလုံး သက်ဝင်လှုပ်ရှားနေပြီး နောက်ဆုံး ပရိနိဗ္ဗာန်ဝင်စံကာနီး ဝမ်းသွေးသွန်တဲ့ ဝေဒနာတွေ ဖိစီးနေတဲ့ကြားက မယ်တော်ရူပသာရီ ပုဏ္ဏေး မကြီးရဲ့ မွေးကျေးဇူးကို သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နဲ့ အကျေအလည် ပေးဆပ်ပြီးမှပဲ ရပ်တံ့သွားတော်မူပါတယ်။

သူတစ်ပါးကို မိမိက အရင်ဦးအောာင် ကျေးဇူးပြုခြင်း၊ သူတစ်ပါးတို့ ပြုခဲ့ ဖူးသော ကျေးဇူးကို တုံ့ပြန်သိတတ်၊ ကျေးဇူးဆပ်ခြင်းဆိုတဲ့ ရွှေရောင်လွှမ်းတဲ့ ဒီအကျင့်မြတ်တွေဟာ သူတော်ကောင်း နှလုံးသားဆိုတဲ့ ပတ္တမြားရတနာကို ရှုမငြီးနိုင်အောင် ပိုမိုတင့်တယ် တောက်ပစေပါတယ်။

အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ ဉာဏ်ပညာအရာမှာ ဧတဒဂ်ရသလို (အကယ်၍ ပေးအပ်ရိုးထုံးစံသာ ရှိမယ်ဆိုရင်) သည်းခံခြင်းအရာ မှာလည်း ဧတဒဂ်ရတော်မူနိုင်ပါတယ်။ အမျက်ဒေါသမရှိ၊ မာန်မာနကင်းတော် မူတဲ့နေရာ မှာ အရှင်မြတ်ကို ဘယ်သူမှ လိုက်လို့မမှီနိုင်ပါဘူး။ အရှင်သာရိပုတ္တရာ မထေရ် ဟာ မဟာပထဝီမြေကြီးပမာ သည်းခံနိုင်သူဖြစ်သလို ခြေသုတ်ပုဆိုး မြွေစွယ် ကျိုးနဲ့ ဦးချိုကျိုးတဲ့နွားလားပမာ မာန်မာကင်းသူလည်း ဖြစ်တော်မူပါတယ်။ တောင်းရမ်းစားသူ ဒွန်းစဏ္ဍားရဲ့ သားတစ်ဦးလို မိမိကိုယ်ကို နှိမ့်ချတဲ့ စိတ်ထား လည်း ရှိတော်မူပါတယ်။

အပူအရှုပ်နဲ့ လူလုပ်နေကြတဲ့ အန္ဓပုထုဇဉ်တွေဟာ ဘေးဒုက္ခအပူတွေ၊ ပြဿနာအရှုပ်တွေကို ဖန်တီးပြီး အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို စွပ်စွဲရန် လုပ်တတ်တယ်။ တစ်ခါတစ်ရံ ဘာမှမတုံပြန်ဘဲ သည်းခံတတ်သလို တစ်ခါတစ်ရံ ကျတော့ တည်ငြိမ်ရဲဝံ့စွာ ဖြေရှင်းတတ်ပါတယ်။ တစ်ခါတုန်းက ဆိုရင် ရှင်တော်ဘုရားထံ မဟုတ်မတရား စွပ်စွဲတိုင်ကြားခဲ့တဲ့ ရဟန်းငယ်တစ်ပါး ကြောင့် အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ သံဃပရိသတ်အလယ်မှာ မိမိရဲ့ စိတ်နေသဘောထားနဲ့ ကိုယ်ကျင့်တရားကို ရဲရဲတောက် ထုတ်ဖော်လျှောက် ထားခဲ့ပါတယ်။ အရှင်မြတ်ရဲ့ လျှောက်ထားချက်ကို ကြားနာရတဲ့အခါ ပုထုဇဉ် ရဟန်းတွေဟာ မျက်ရည်မဆည်နိုင် ဖြစ်ကြရပြီး ၊ ရဟန္တာအရှင်မြတ်တွေက ဓမ္မ သံဝေဂ ရတော်မူကြပါတယ်။ မဟာပထဝီမြေကြီးကတော့ မခံနိုင်တော့တဲ့ အဆုံး ၉-ကြိမ်၊ ၉-ခါ တုန်လှုပ်ခဲ့ရပါတယ်။

ဒီလို ဂုဏ်သတင်း ပျံ့မွှေးတော်မူတဲ့ မထေရ်မြတ်ရဲ့ အကြောင်းကို အယူဝါဒ မတူသူ ပုဏ္ဏားတစ်ဦးက ကြားသိရတဲ့အခါ မယုံကြည်တာမို့ ဆွမ်းခံဝင်နေတဲ့ အရှင်မြတ်ရဲ့ နောက်က လိုက်သွားပြီး အရှင်မြတ်ရဲ့ ကျောကုန်းအလယ်ကို လက်ဝါးနဲ့ ပြင်းထန်စွာ ရိုက်နှက် ပုတ်ခတ်ပါတယ်။ အရှင်သာရိပုတ္တရာ ဟာ" ဘာဖြစ်တာလဲလို့တောင် လှည့်ကြည့်တော်မမူဘဲ ကြွမြဲကြွတော်မူပါတယ်။ အဲဒီအခါ ရိုက်နှက်လိုက်မိတဲ့ ပုဏ္ဏားဟာ နောင်တတရားနဲ့ ပူလောင်လာပြီး" သည်းခံခြင်းဂုဏ်နဲ့ ပြည့်စုံတော်မူတဲ့ အရှင်မြတ်ဟာ အံ့သြဖွယ်ကောင်းပါပေစွ" လို့ ကြည်ညိုတော်မူကာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ ခြေတော်ရင်းမှာ ဝပ်စင်းပြီး" အရှင်ဘုရား တပည့်တော်အား သည်းခံခွင့်လွှတ်တော်မူပါ" လို့ လျှောက်ထားပါတယ်။

မထေရ်မြတ်က "ဒါဟာ ဘာလဲ" လို့ မေးတော်မူတဲ့အခါ "တပည့်တော် စပ်းသပ်လိုတာနဲ့ အရှင်ဘုရားကို ရိုက်နှက်မိတာပါဘုရား"လို့ ပုဏ္ဏားက လျှောက်ထားပါတယ်။ "ရှိပါစေ၊ သင့်ကို ငါ သည်းခံပါတယ်" လို့ အရှင်သာရိပုတ္တ ရာက မိန့်ကြားတော်မူတဲ့အခါ ပုဏ္ဏားဟာ အရှင်မြတ်ကို နေအိမ်သို့ ရိုသေစွာ ပင့်ဆောင်ပြီး ဆွမ်းလုပ်ကျွေးပါတယ်။ အဲဒီအချိန်မှာပဲ တခြားလူတွေဟာ စိတ်ဆိုးပြီး "ဒီပုဏ္ဏားဟာ အပြစ်မရှိတဲ့ ငါတို့ရဲ့အရှင်မြတ်ကို ရိုက်တယ်၊ သူ့ကို ဆုံးမရမယ်၊ ဒီနေရာမှာပဲ သေအောင်သတ်မယ်"လို့ တုတ်ဓား စတာတွေကိုင်ပြီး ပုဏ္ဏားရဲ့အိမ်တံခါးဝမှာ စုဝေးနေကြတယ်။

ဆွမ်းကိစ္စပြီးတဲ့အခါ အရှင်သာရိပုတ္တရာ မထေရ်ဟာ ပုဏ္ဏားကို သပိတ် အကိုင်ခိုင်းပြီး အိမ်က ထွက်တော်မူလာတယ်။ လူအုပ်ကို တွေ့တာမို့ "ဒကာတို့ အဲဒါက ဘာသဘောလဲ"လို့ မေးမြန်းတဲ့အခါ "အရှင်ဘုရားကို ရိုက်နှက်တဲ့ ဒီပုဏ္ဏားမိုက်ကို ဆုံးမပေးကြမလို့ပါဘုရား" လို့ လျှောက်ထားကြတယ်။ "ဒကာတို့ ဒီပုဏ္ဏားက သင်တို့ ရိုက်တာမဟုတ် ငါ့ကိုရိုက်တာဖြစ်တယ်။ အခု ဒီပုဏ္ဏားက ငါ့ကို ခွင့်လွှတ်ဖို့ လျှောက်ထား တောင်းပန်ပြီးပြီ။ သင်ဒကာတို့ အိမ်ပြန်ကြ"လို့ အရှင်သာရိပုတ္တရာက တိုက်တွန်းပြီး ပုဏ္ဏားကိုလည်း အိမ်ပြန်စေကာ ကျောင်းတော်ကို ပြန်ကြွလာတော်မူပါတယ်။

သည်းခံခြင်းတရားနဲ့ သူတော်ကောင်း နှလုံးသားဆိုတာ "ရေကန်နဲ့ကြာ" လိုပါပဲ။ အချင်းချင်း အပြန်အလှန် အလှဆင်ပေးနေတဲ့ အရာတွေပါ။ သူတော် ကောင်းနှလုံးသားဆိုတဲ့ အေးမြကြည်လင်တဲ့ မေတ္တာရေစင်ကြောင့် တည်ငြိမ် လှပတဲ့ ခန္တီကြာပန်းတွေ ပွင့်လန်းလာသလို၊ ခန္တီကြာဝန်းတွေရဲ့ တည်ငြိမ်လှပမှု အရှိန်အဝါကြောင့်လည်း သူတော်ကောင်း နှလုံးသားဆိုတဲ့ ရေကန်ဟာ ပိုမိုထည် ဝါ ကျက်သရေဖြာ လှပလာရပါတယ်။

ဉာဏ်ပညာကို မြတ်နိုးပြီး အဆုံးအမတရားကို ဦးထိပ်ထားတတ်သော၊ သူတစ်ထူးကျေးဇူးတရားကို သိမှတ်ပေးဆပ်တတ်သော၊ အမျက်မပါ မာနမရှိ ပကတိ သည်းခံတတ်သော သူတော်ကောင်းနှလုံးသားပိုင်ရှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးဟာ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ဖွားရာဇာတိ နာလကရွာမှာ ပရိနိဗ္ဗာန် ဝင်စံတော်မူခဲ့ပါတယ်။

သက်တော်(၈၀) ဝါတော်(၄၄)ဝါအတွင်း သတ္တလောကရဲ့ အကျိုးစီးပွားကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူရင်း မထေရ်မြတ် ဟောကြားတော်မူအပ်တဲ့ တရားတော်တွေဟာ နိကာယ်ငါးရပ်၊ ပိဋကတ်တော်မှာ အင်မတန်များပြားတော်မူ လှပါတယ်။ ပဋိသမ္ဘီဒါမဂ်ပါဠိတော်၊ မဟာနိဒ္ဒေသပါဠိတော်၊ စူဠနိဒ္ဒေသပါဠိတော် တွေဟာ ကျမ်းစာအနေနဲ့ ထင်ရှားပြီး သာရိပုတ္တထေရ ဂါထာတော်တွေဟာ "ကိုယ်တိုင်ရေး ထေရုပ္ပတ္တိကျမ်းစာ" ဖြစ်သလို "တရားဟင်းလေးအိုးကြီး"လို့လည်း ဓမ္မရသစုံလင်စွာ ပါဝင်တော်မူပါတယ်။

တစ်ချိန်က ရှင်တော်ဘုရားဟာ အနီးမှာရှိတဲ့ အရှင်အာနန္ဒာကို "အာနန္ဒာ သူတစ်ပါးတွေက သာရိပုတ္တရာကို နှစ်သစ်ကြည်ညိုကြတယ်၊ သင်ကကော သာရိ ပုတ္တရာကို နှစ်သစ်သဘောကျရဲ့လား"လို့ မေးတော်မူပါတယ်။ အဲဒီအခါ အရှင် အာနန္ဒာဟာ" ဒီနေ့ ဇမ္ဗူဒိပ်ကျွန်းရဲ့ အလံတံခွန်သဖွယ်ဖြစ်တဲ့ သပြေပင်ကြီးကို လှုပ်ခါပြရတော့မယ်၊ ဒါမှမဟုတ် တိမ်တိုက်ကြားထဲက လပြည့်ဝန်းကြီးကို ထုတ်ဆောင်ပြရတော့မယ်" ဆိုပြီး ဝမ်းသာရွှင်ပြစွာနဲ့ အရှင်သာရိပုတ္တရာရဲ့ သူတော်ကောင်းဂုဏ်ရည် ၁၆ မျိုးကို ထုတ်ဖော်လျှောက်ထားတော်မူပါတယ်။

ပြီးမှ နိဂုံးချုပ်အနေနဲ့ "မြတ်စွာဘုရား၊ လောကမှာ လူဖျင်းလူအ၊ စိတ်ယုတ် မာရှိသူ၊ မိုက်လုံးကြီးသူ၊ ရူးသွပ်နေသူမဟုတ်ရင် ဘယ်သူမဆို အရှင်သာရိ ပုတ္တရာကို နှစ်သက်ကြည်ညိုကြျမှာပါဘုရား"လို့ လျှောက်ထားလိုက်ပါတယ်။ စာရေးသူလည်း အရှင်အာနန္ဒာရဲ့ တန်ဖိုးကြီးလေးမြတ်လှတဲ့ ဒီမှတ်ချက်မိန့်ခွန်း တော်နဲ့ပဲ တုနှိုင်း၍မမီတဲ့ သူတော်ကောင်းဂုဏ်ရည်ပိုင်ရှင် ပညာအရာ ဧတဒဂ်ရ အဂ္ဂသာဝက မထေရ်မြတ်ကြီးကို လေးမြတ်ကော်ရော်ရှိခိုး ပူဇော်လိုက်ပါတယ်။

ကျမ်းကိုး
၁။ အင်္ဂုတ္ထိုရ်အဋ္ဌကထာ (ပထမတွဲ)
၂။အပါဒါန်အဋ္ဌကထာ(ပထမတွဲ)
၃။ ဓမ္မပဒ အဋ္ဌကထာ(ပ+ဒု)
၄။သံယုတ် အဋ္ဌကထာ(ဒုတိယတွဲ)
၅။ မူလပဏာသ အဋ္ဌကထာ(ဆဋ္ဌမတွဲ)
၆။မဟာဗုဒ္ဓဝင်ကျမ်း(ဆဋ္ဌမတွဲ)
 တော်ဝင်နွယ်

No comments:

Post a Comment