Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, July 16, 2018

အ့ံဖြယ္​​ေက်ာင္​းဒါယကာ (သို႔မဟုတ္​) ​ေ႐ႊကူၿမိဳ႕နယ္​ မံဝိန္​း႐ြာမွ ​ေက်ာင္​းဒါယကာ ဆင္​တစ္​​ေကာင္​အ​ေၾကာင္​း

၁) လြန္​ခဲ့​ေသာနွစ္​​ေပါင္​း ကိုးဆယ္​​ေက်ာ္​ ကာလက ကသာခရိုင္​ ​ေ႐ႊလီ​ေခ်ာင္​းနဲ႔ ကခ်င္​ျပည္​နယ္​ ​ေက်း​ေတာအရပ္​​ေဒသမ်ားတြင္​ သူ​ေဌး ယူစိန္​အပိုင္​ ဆင္​မည္​းႀကီးတစ္​​ေကာင္​ရိွခဲ့ပါသည္​။ ဆင္​မည္​းႀကီးဆိုရာတြင္​ အျခား​ေသာဆင္​မ်ားထက္​ မည္​းနက္​ၿပီး အလိမ္​မာပိုသည္​။ လူစကားကို ပို၍နားလည္​ၿပီး မဟုတ္​မခံ စြယ္​စုံဆင္​ႀကီးတစ္​​ေကာင္​ျဖစ္​သည္​။ထိုဆင္​ႀကီး၏နာမည္​ကို ‘ဟန္​ပု’ ဟု ​ေခၚသည္​။

ဟန္​ပုသည္​ အဟိတိရစၦာန္​ျဖစ္​​ေသာ္​လည္​း သူ႔ကိုလိမ္​ညာခိုင္​း၍မရပါ။ မွန္​မွန္​ကန္​ကန္​ခိုင္​းမွရသည္​။လိမ္​မာသည္​့​ေနရာတြင္​ နွစ္​​ေကာင္​မရိွဘဲ မိုက္​သည္​့​ေနရာတြင္​လည္​း နွစ္​​ေကာင္​မရိွ​ေပ။

ဟန္​ပု၏ ဆင္​ဦးစီးမွာ ဟန္​ပုငယ္​ကတည္​းက ညႇပ္​ထုတ္​သင္​​ေပးခဲ့ရ​ေသာ ဘိုးၿငိမ္​းျဖစ္​​ေပသည္​။ ဟန္​ပု၏ ပဲ့ခ်ိတ္​မွာ ဘိုးၿငိမ္​း၏ဇနီးသည္​ ​ေဒၚအိ ျဖစ္​သည္​။ဟန္​ပုသည္​ သန္​မာ​ေတာင္​့တင္​း၍ သတိၲ ဗ်တၱိ နွင္​့ ျပည္​့စုံ​ေသာ ျမန္​မာ့ဆင္​လိမ္​မာႀကီးျဖစ္​သည္​။ သူသန္​မာထြားႀကိဳင္​းသ​ေလာက္​ သူ၏ဦးစီးနွင္​့ ပဲ့ခ်ိတ္​မွာ အဘိုးအိုတစ္​ဦးနွင္​့ အဘြားအိုတစ္​ဦးျဖစ္​​ေနသည္​က ပိုမိုထူးဆန္​းလ်က္​ရိွသည္​။

ဟန္​ပုသည္​ ဆင္​ဦးစီးအသစ္​ ငါး​ေယာက္​တိတိကို ထိုးသတ္​ခဲ့ဖူးသည္​။ ဆင္​ဦးစီးငါး​ေယာက္​ကို သတ္​ခဲ့​ေသာ ဆင္​ဆိုးႀကီးကို အဘိုးအို အဘြားအိုကိုင္​သည္​ဆိုက မယုံနိုင္​စရာပင္​ ျဖစ္​​ေပသည္​။ သို႔ရာတြင္​ ဟန္​ပုသည္​ မိုက္​သ​ေလာက္​၊ လိမ္​မာပုံကလည္​း ထူးျခားလွ​ေပ​ေတာ့သည္​။

ထိုအခါက ဆင္​ဦးစီးဘိုးၿငိမ္​းမွာ ဆင္​ဆိုးကို ကိုင္​ရသျဖင္​့ လခတစ္​လ နွစ္​ဆယ္​့ငါးက်ပ္​ ရရိွ​ေပသည္​။ ဘိုးၿငိမ္​း၏ဇနီးသည္​ ပဲ့ခ်ိတ္​မွာ တစ္​လခုနွစ္​က်ပ္​ခဲြသာ ရရိွ​ေပသည္​။ဘိုးၿငိမ္​းနွင္​့ အဘြားအိ အသက္​ႀကီးၿပီၾထစ္​၍ ဆင္​ဦးစီးတစ္​​ေယာက္​ကို လဲႊအပ္​လိုက္​လွ်င္​ ထိုဆင္​ဦးစီးအသစ္​ကို တစ္​လအၾကာတြင္​ ဟန္​ပုက ထိုးသတ္​လိုက္​​ေပ​ေတာ့သည္​။ဟန္​ပု၏ အက်င္​့ဆိုး ဥာဥ္​ဆိုးတစ္​ခုမွာ ဘိုးၿငိမ္​းနွင္​့ အဘြားအိ လက္​မွလြတ္​၍ ဆင္​ဦးစီးတစ္​​ေယက္​​ေျပာင္​းၿပီး တစ္​လခန္​႔ၾကာလွ်င္​ ဆင္​ဦးစီးအသစ္​ကို ထိုးသတ္​လိုက္​ျပန္​သည္​။ထိုသို႔ထိုးသတ္​ၿပီးလွ်င္​ ​ေတာထဲဝင္​၍ ပုန္​း​ေအာင္​း​ေန​ေတာ့သည္​။

” ဟန္​ပုက သူ႔ဦးစီးအသစ္​ကို ထိုးသတ္​လိုက္​ျပန္​ၿပီတဲ့။ ”၎င္​းသတင္​းနွင္​့တစ္​ဆက္​တည္​း ” အဂၤလိပ္​အစိုးရက ဟန္​ပုကို သတ္​မိန္​႔​ေပး​ေတာ့မယ္​တဲ့ ” ဟူ​ေသာ သတင္​းပါ ထြက္​​ေပၚလာ​ေတာ့သည္​။

ဤသတင္​းၾကားရလွ်င္​ ဘိုးၿငိမ္​းနွင္​့ အဘြားအိတို႔ ဟန္​ပုအတြက္​ ရင္​ထုမနာ ျဖစ္​ၾကရသည္​။ အသည္​းကို အပ္​ႏွင္​့ဆြသလို ခံစားလိုက္​ၾကရသည္​။ ထို​ေၾကာင္​့ဟန္​ပု​ေနာက္​သို႔ ငွက္​​ေပ်ာသီးမ်ား သယ္​​ေဆာင္​လ်က္​ အလ်င္​အျမန္​လိုက္​ၾကရပါ​ေလ​ေတာ့သည္​။

ဟန္​ပု​ေန​ေသာ ​ေတာသို႔ ​ေရာက္​​ေသာအခါ အျမင္​့ဆုံး သစ္​ငုတ္​တို​ေပၚသို႔ ဘိုးၿငိမ္ကတက္​ၿပီး အသံက်ယ္​က်ယ္​ျဖင္​့ ” ​ေဟ့ ဟန္​ပု ၊ ဟန္​ပု ” ဟု သုံး​ေလးႀကိမ္​ ဆက္​တိုက္​ ​ေအာ္​​ေခၚလိုက္​သည္​။

ထိုသို႔ ဘိုးၿငိမ္​း​ေခၚ​ေသာအသံကို ဟန္​ပုၾကာ​ေသာအခါ နား႐ြက္​မခတ္​ဘဲနား​ေထာင္​သည္​။ ဘိုးၿငိမ္​းအသံမွန္​း သိ​ေသာအခါ ကဆုန္​​ေပါက္​၍ ဒုန္​းစို္င္​းကာ ​ေျပးလာပါ​ေတာ့သည္​။ ဖခင္​က​ေအာ္​​ေခၚလိုက္​​ေသာအခါ သားငယ္​​ေျပးလာသက့ဲသို႔ ပံု ျဖစ္​​ေလသည္​။ 🐘

သိရိွသူမ်ားရဲ႕ မန္​႔မ်ားကို ဆက္​လက္​ဖတ္​ရႈ သိရိွလိုပါသျဖင္​့ တင္​​ေပးျခင္​းျဖစ္​ပါ၍ Copy ကူးယူ​ေဖာ္​ျပခြင္​့မျပဳပါ။
​ ​ေက်ာ္​နိုင္​ဝင္​း (​ေရႊကူ)

K_N_W_Sgu

#အ့ံဖြယ္​​ေက်ာင္​းဒါယကာ
(သို႔မဟုတ္​) ​ေ႐ႊကူၿမိဳ႕နယ္​ မံဝိန္​း႐ြာမွ
​ေက်ာင္​းဒါယကာ ဆင္​တစ္​​ေကာင္​ အ​ေၾကာင္​း 🐘 ( ၂ )

ထိုသို႔​ေျပးလာၿပီး ဘိုးၿငိမ္​းရပ္​​ေန​ေသာ သစ္​ငုတ္​တိုနား ​ေရာက္​​ေသာအခါ ​ေျခစံုရပ္​လိုက္​ၿပီး နား႐ြက္​မခတ္​ဘဲ ၿငိမ္​​ေနလိုက္​သည္​။ ​ေရွ႕တြင္​​ေပကပ္​၍ရပ္​​ေန​ေသာ သားဆိုးကို ဘိုးၿငိမ္​းက ျမည္​တြန္​​ေတာက္​တီး၍ ဆုံးမပါ​ေတာ့သည္​။

” ဟန္​ပု၊ မင္​းငါ့ကို​ေတာ္​​ေတာ္​ဒုကၡ​ေပးတယ္​။ ငါ့ကိုအရင္​သတ္​လိုက္​စမ္​း။ ငါ့ကိုသတ္​ၿပီးမွ မင္​းသြားခ်င္​ရာကိုသြား။ မင္​း ဟာ​ ​ေတာ္​​ေတာ္​မိုက္​တယ္​။ မင္​းရင္​လည္​​း​ေသမွ၊ ငါရင္​လည္​း​ေသမွ ​ေအးမွာပါ။ သတ္​လိုက္​စမ္​းပါဟန္​ပု။ ငါ့ကို အစြယ္​နဲ႔ထိုးသတ္​လိုက္​စမ္​းပါ။ ”

ဘိုးၿငိမ္​းက ဂရုဏာ​ေဒါ​ေသာျဖင္​့ ဟန္​ပုအား​ေျပာသလို အဘြားအိကလည္​း ” သားရယ္​၊ မင္​းျပန္​မလာရင္​ မင္​းကို သတ္​ၾကလိမ္​့မယ္​။ မင္​း​ေသရင္​ တို႔လည္​း ​ေသမွာဘဲ။ မမိုက္​ပါနဲ႔သားရယ္​။ အ​ေမတို႔နဲ႔အတူ ျပန္​လိုက္​ခဲ့ပါ။ ငါ့သားကို မသတ္​​ေအာင္​ အ​ေမတို႔ တာဝန္​ယူပါတယ္​ ” ဟု ငိုလိုက္​ ​ေျပာလိုက္​ျဖင္​့ သားဆိုးႀကီးတစ္​​ေယာက္​ပမာ ဟန္​ပုအား ဆူပူႀကိမ္​း​ေမာင္​းၾကပါသည္​။

အဘိုးႀကီး၊ အဘြားႀကီး မည္​မွ်ပင္​ ဆူပူ ႀကိမ္​း​ေမာင္​းၾကပါ​ေစ ဟန္​ပုက တုတ္​တုတ္​မွ်မလႈပ္​။ ၿငိမ္​၍သာ နား​ေထာင္​သည္​။ ဟန္​ပုအားဆူပူႀကိမ္​း​ေမာင္​းၿပီး​ေသာအခါ ပါလာ​ေသာ ငွက္​​ေပ်ာသီးမ်ားကို ​ေကြၽးသည္​။ 🐘

ဟန္​ပုသည္​ငွက္​​ေပ်ာသီးမ်ားကို အားရပါးရ စား​ေသာက္​ၿပီး​ေသာအခါ ​ေရွ႕တြင္​ရပ္​​ေန​ေသာ ဘိုးၿငိမ္​းအား နွာ​ေမာင္​းျဖင္​့ ရစ္​ပတ္​လိုက္​ၿပီး ဦး​ေခါင္​း​ေပၚတင္​လိုက္​သည္​။ ဟန္​ပုသည္​ အဘြားအိကိုလည္​း ဘိုးၿငိမ္​းကဲ့သို႔ပင္​ နွာ​ေမာင္​းျဖင္​့​ေပြ႕၍ သူ၏​ေက်ာ​ေပၚသို႔တင္​လိုက္​သည္​။ အဘိုးႀကီး အဘြားႀကီးလင္​မယား ​ေက်ာ​ေပၚသို႔ ​ေရာက္​သြားၿပီး​ေသာအခါ မ​ေမာင္​းမနွင္​ရဘဲ ႐ြာသို႔ ဦးတည္​ျပန္​ခဲ့ပါ​ေတာ့သည္​။🐘

ဘိုးၿငိမ္​းတို႔က အာမခံသျဖင္​့ ဟန္​ပုကို ရန္​မျပဳၾက​ေတာ့​ေပ။

ထိုသို႔ ဘိုးၿငိမ္​းနွင္​့ အဘြားအိလက္​ထဲ ဟန္​ပု​ေရာက္​လာျပန္​​ေသာအခါ ဆင္​ဦးစီးသတ္​ခဲ့​ေသာ လူသတ္​သမား ဟန္​ပုဟူ၍ ​ေျပာမယုံနိုင္​​ေအာင္​ပင္​ လိမၼာလွ​ေပ​ေတာ့သည္​။ 🐘

ဟန္​ပုသည္​ ဆင္​ဦးစီးအသစ္​မ်ားကိုသတ္​လိုက္​၊ ဘိုးၿငိမ္​းတို႔ဇနီး​ေမာင္​နွံလက္​ထဲ ျပန္​​ေရာက္​လိုက္​။ ဘိုးၿငိမ္​းနွင္​့ အဘြားအိတို႔ လစာတိုးသြားလိုက္​နွင္​့။ တစ္​လနွစ္​ဆယ္​့ငါးက်ပ္​မွ တစ္​လနွစ္​​ေယာက္​​ေပါင္​း သုံးရာ​ေက်ာ္​သြားသည္​အထိ လစာတိုးခံရ​ေတာ့သည္​။

ဆင္ပိုင္​ရွင္​သည္​ ဆင္​ဦးစီး အသစ္​ကို မခန္​႔ဝံ့​ေတာ့။ ” ခင္​ဗ်ားတို႔ဘဲ ထိန္​းၾကပါ​ေတာ့ဗ်ာ ” ဟုဆို၍ ဟန္​ပုကို ဘိုးၿငိမ္​းနွင္​့ အဘြားအိတို႔ လက္​သို႔ အပ္​လိုက္​သည္​။ 🐘တစ္​​ေန႔တြင္​ ဘိုးၿငိမ္​းက ဟန္​ပုအနားကပ္​၍ သူ၏စိတ္​မိုက္​၊ စိတ္​ရိုင္​းကို ​ေပ်ာက္​ပ်က္​သြား​ေအာင္​ ” ဟန္​ပု​ေရ ၊ ​ေနာက္​ကို မမိုက္​ပါနဲ႔​ေတာ့ကြယ္​။ တို႔အဘိုးႀကီး အဘြားႀကီး အသက္​လည္​းႀကီးၿပီ။ လစာလည္​း နွစ္​​ေယာက္​​ေပါင္​း သုံးရာ​ေက်ာ္​ပါၿပီကြယ္​ “ဟု ​ေျပာထားလိုက္​သည္​။ သူ​ေဌး ယူစိန္​ကလည္​း ဟန္​ပုသည္​ သူ၏အ​ေဖအ​ေမမ်ား လစာတိုး​ေအာင္​လုပ္​သည္​ဟုပင္​ ယူဆျခင္​း၊ စြပ္​စဲြျခင္​း ျပဳ​ေပသည္​။

ဟန္​ပုအ​ေပၚ ထားအပ္​​ေသာ ဘိုးၿငိမ္​းနွင္​့ အဘြားအိတို႔၏ ​ေမတၲာ ထုထည္​မွာ ႀကီးမားလွပါသည္​။ သားသမီးတစ္​​ေယာက္​မွ မထြန္​းကားသည္​့ အဘိုးနွင္​့အဘြားမွာ တိရိစၦာန္​ ဆင္​လိမ္​မာကိုသာ သားသမီးကဲ့သို႔ သံ​ေယာဇဥ္​တြယ္​​ေနၾကရသည္​။ 🐘

ဟန္​ပုကိုထိ​ေတာ့မည္​ဆိုလ်ွင္​ အသည္​းခိုက္​​ေအာင္​နာက်င္​ၾကရသည္​။ ဟန္​ပုကလည္​း အဘိုးအိုနွင္​့ အဘြားအိုတို႔စကားမွလဲြ၍ မည္​သူ႔စကားကိုမွ နားမ​ေထာင္​ခ်င္​။ လူသားနွင္​့ တိရိစၦာန္​တို႔၏ ဘာသာ စကား နားလည္​ျခင္​းနွင္​့ လူစကားနား​ေထာင္​ျခင္​းသည္​ အ့ံၾသဘြယ္​ရာပင္​ ျဖစ္​သည္​။ 🐘

ဆင္​လိမ္​မာ ဟန္​ပုအား ဘိုးၿငိမ္​းနွင္​့ အဘြားအိတို႔ ​ေနာက္​ဆုံးအႀကိမ္​ ကယ္​တင္​ဆုံးမၿပီး လုပ္​ငန္​းတာဝန္​မ်ား ၿပီးဆုံး​ေသာအခါ သူ​ေဌးယူစိန္​က ” ဟန္​ပုကို ခင္​ဗ်ားတို႔ အပိုင္​ယူ​ေပ​ေတာ့။ က်ဳပ္​လည္​း ၿမိဳ႕ကို ​ေျပာင္​းရမယ္​။ ဟန္​ပုကို သူမ်ားကိုင္​လည္​း ျပႆနာျဖစ္​မွာဘဲ။ ခင္​ဗ်ားတို႔ အတြက္​​ေတာ့ သားအရင္​းလို ျဖစ္​​ေနတာဘဲ မဟုတ္​လား ” ဟု ဆုိၿပီး ဟန္​ပိုအား ဘိုးၿငိမ္​းနွင္​ အဘြားအိတို႔အား ကိုယ္​ပိုင္​ဆင္​အျဖစ္​ ​ေပးထားခဲ့​ေတာ့သည္​။ 🐘

ဟန္​ပုသည္​ ဘိုးၿငိမ္​းနွင႔္​ အဘြားအိတို႔၏ ကိုယ္​ပိုင္​ဆင္​ျဖစ္​လာ​ေသာအခါ ပို၍ လိမ္​မာလာပါ​ေတာ့သည္​။ ဘိုးၿငိမ္​းနွင္​့ အဘြားအိတို႔လည္​း ကခ်င္​ျပည္​နယ္​၊ ရွမ္​းျပည္​နယ္​စပ္​တြင္​မ​ေနဘဲ ​ေရၾကည္​ရာ ျမက္​ႏုရာ ​ေ႐ႊလီျမစ္​ကမ္​းတြင္​ ဟန္​ပုကို​ေက်ာင္​းရင္​း ​ေျပာင္​း​ေ႐ႊ့​ေနထိုင္​လာၾက​ေတာ့သည္​။ 🐘

ဟန္​ပုသည္​တစ္​ခါတစ္​ရံ လူသြားလမ္​း​ေဘးတြင္​ အစာစား​ေနတတ္​သည္​။ ခရီးသြားမ်ား ႐ြာသူ႐ြာသားမ်ားနွင္​့ဆုံလွ်င္​ ” ဟန္​ပုႀကီး၊ တို႔​ေၾကာက္​လို႔ ​ေရွ႕တိုး​ေပးပါအုံး ” ဆိုလွ်င္​ လမ္​းဖယ​္​​ေပးတတ္​သည္​။ လူစကားကို နားလည္​သည္​။ လက္​​ေဆာ့ ​ေျခ​ေဆာ့ျဖင္​့ ဟန္​ပုအား အ​ေဝးမွ ​ေလးခြျဖင့္ ပစ္​ျခင္​း၊ ခဲျဖင္​့​ေပါက္​ျခင္​းျပဳလွ်င္​ ​ေတြ႕တိုင္​း လိုက္​တတ္​သည္​။ အၿငိဳးထားသည္​။ သူ႔အားရန္မူသူကို မွတ္​မိသည္​။ ဤသည္​ကား ဟန္​ပု၏ ​ေမြးရာပါ အက်င္​့ျဖစ္​သည္​။ 🐘

ဟန္​ပုသည္​လိမ္မာ၏။ လူစကားကို နားလည္​၏။ ဘိုးၿငိမ္​းနွင္​့ အဘြားအိတို႔ အထူးအားကိုးရ​ေသာ သားႀကီး ၾသရသကဲ့သို႔ပင္​ ျဖစ္​၏။ ဘိုးၿငိမ္​းနွင္​့ အဘြားအိတို႔၏ ကိုယ္​ပိုင္​ဆင္​ျဖစ္​လာ​ေသာ္​လည္​း အလုပ္​မလုပ္​ဘဲ ​ေန၍မျဖစ္​။ ပုဂၢလိက သစ္​ကုန္​သည္​တို႔၏ သစ္​မ်ားကို အခစားဆဲြ​ေပးရသည္​။ 🐘

ပုဂၢလိက သစ္​ကုန္​သည္​မ်ား​ေရာက္လာ ၍ သစ္​ကြက္​တြင္​ သစ္​ဆဲြရန္​ ​ေစ်းဆိုင္​​ေသာအခါ ဘိုးၿငိမ္​းက ” ကြၽန္​​ေတာ္​့သားနဲ႔သာ ​ေစ်းဆိုင္​ၾကပါခင္​ဗ်ာ ” ဟု ​ေျပာ၍ ဟန္​ပုရိွရာသို႔ ​ေခၚသြားသည္​။ သစ္​ကုန္​သည္​မ်ားက ​ေအာင္​့အည္​းသည္​းခံ၍ ဟန္​ပုရိွရာသို႔ သြားၾကရသည္​။

​ေစ်းႀကိဳက္​လွ်င္​ ဟန္​ပုလက္​ခံသည္​။ လက္​ခံပုံမွာ ပထမသစ္​ကုန္​သည္​မ်ားက သစ္​ဆဲြရန္​​ေစ်းကို ဟန္​ပု​ေရွ႕တြင္​ ​ေပးသည္​။ ဟန္​ပုမႀကိက္​​ေသးလ်ွင္​ ၿငိမ္​၍နား​ေထာင္​​ေနသည္​။ ဤသို႔ျဖင့္​တစ္​ဆင္​့ထက္​ တစ္​ဆင္​့ ​ေစ်းတက္​​ေပး၍ ဟန္​ပု​ေစ်းႀကိဳက္​ၿပီဆိုလွ်င္​ နွ​ာ​ေမာင္​းက​ေလးကို လႈပ္ကစားၿပီး ပိုက္​ဆံ​ေတာင္​း​ေတာ့သည္​။ သည္​လိုဆိုလွ်င္​ သစ္​ကုန္​သည္​မ်ား​ေပး​ေသာ​ေစ်းကို ဟန္​ပုႀကိဳက္​ၿပီ၊ ခ်က္​ခ်င္​း​ေငြ​ေပး​ေခ်ရသည္​။ အ​ေႂကြးထား၍ မရပါ။ ထိုသို႔ ​ေငြ​ေခ်လိုက္​​ေသာအခါ ပထမက ဟန္​ပုအား ဘိုးၿငိမ္​း စကားတစ္​ခြန္​း​ေျပာထားဖူးသည္​။ 🐘

မၾကာခဏပင္​ ” ဟန္​ပု​ေရ ၊ တို႔​ေက်ာင္​း​ေဆာက္​ဖို႔ ​ေငြစုရ​ေအာင္​ ” ဟု ​ေျပာထားခ်က္​ ရိွျခင္​း​ေၾကာင္​့ ​ေငြထက္​ဝက္​ကို ဘိုးၿငိမ္​းအား​ေပးသည္​။ က်န္​တစ္​ဝက္​ကို ဟန္​ပု ႏွာ​ေမာင္​းျဖင့္​​ေပြ႕ပိုက္​၍ ​ေတာတြင္​းဝင္​ကာ ဝွက္​ထားသည္​။ ထို​ေခတ္​က သုံး​ေသာ​ေငြမွာ ​ေငြသားစစ္​စစ္​မ်ား ျဖစ္​ပါသည္​။ ထို​ေၾကာင္​့လည္​း ဆင္​နွာ​ေမာင္​းျဖင္​့​ေပြ႕ပိုက္​၍ လြယ္​ကူျခင္​းျဖစ္​ပါသည္​။

Share ေပးပါမိတ္ေဆြ
Kyaw Naing Win
# Unicode Version ျဖင့္ ဖတ္ပါ #
၁)
လွန်ခဲ့သောနှစ်ပေါင်း ကိုးဆယ်ကျော် ကာလက ကသာခရိုင် ရွှေလီချောင်းနဲ့ ကချင်ပြည်နယ် ကျေးတောအရပ်ဒေသများတွင် သူဌေး ယူစိန်အပိုင် ဆင်မည်းကြီးတစ်ကောင်ရှိခဲ့ပါသည်။ ဆင်မည်းကြီးဆိုရာတွင် အခြားသောဆင်များထက် မည်းနက်ပြီး အလိမ်မာပိုသည်။ လူစကားကို ပို၍နားလည်ပြီး မဟုတ်မခံ စွယ်စုံဆင်ကြီးတစ်ကောင်ဖြစ်သည်။ထိုဆင်ကြီး၏နာမည်ကို ‘ဟန်ပု’ ဟု ခေါ်သည်။

ဟန်ပုသည် အဟိတိရစ္ဆာန်ဖြစ်သော်လည်း သူ့ကိုလိမ်ညာခိုင်း၍မရပါ။ မှန်မှန်ကန်ကန်ခိုင်းမှရသည်။လိမ်မာသည့်နေရာတွင် နှစ်ကောင်မရှိဘဲ မိုက်သည့်နေရာတွင်လည်း နှစ်ကောင်မရှိပေ။

ဟန်ပု၏ ဆင်ဦးစီးမှာ ဟန်ပုငယ်ကတည်းက ညှပ်ထုတ်သင်ပေးခဲ့ရသော ဘိုးငြိမ်းဖြစ်ပေသည်။ ဟန်ပု၏ ပဲ့ချိတ်မှာ ဘိုးငြိမ်း၏ဇနီးသည် ဒေါ်အိ ဖြစ်သည်။ဟန်ပုသည် သန်မာတောင့်တင်း၍ သတ္တိ ဗျတ္တိ နှင့် ပြည့်စုံသော မြန်မာ့ဆင်လိမ်မာကြီးဖြစ်သည်။ သူသန်မာထွားကြိုင်းသလောက် သူ၏ဦးစီးနှင့် ပဲ့ချိတ်မှာ အဘိုးအိုတစ်ဦးနှင့် အဘွားအိုတစ်ဦးဖြစ်နေသည်က ပိုမိုထူးဆန်းလျက်ရှိသည်။

ဟန်ပုသည် ဆင်ဦးစီးအသစ် ငါးယောက်တိတိကို ထိုးသတ်ခဲ့ဖူးသည်။ ဆင်ဦးစီးငါးယောက်ကို သတ်ခဲ့သော ဆင်ဆိုးကြီးကို အဘိုးအို အဘွားအိုကိုင်သည်ဆိုက မယုံနိုင်စရာပင် ဖြစ်ပေသည်။ သို့ရာတွင် ဟန်ပုသည် မိုက်သလောက်၊ လိမ်မာပုံကလည်း ထူးခြားလှပေတော့သည်။

ထိုအခါက ဆင်ဦးစီးဘိုးငြိမ်းမှာ ဆင်ဆိုးကို ကိုင်ရသဖြင့် လခတစ်လ နှစ်ဆယ့်ငါးကျပ် ရရှိပေသည်။ ဘိုးငြိမ်း၏ဇနီးသည် ပဲ့ချိတ်မှာ တစ်လခုနှစ်ကျပ်ခွဲသာ ရရှိပေသည်။ဘိုးငြိမ်းနှင့် အဘွားအိ အသက်ကြီးပြီထြစ်၍ ဆင်ဦးစီးတစ်ယောက်ကို လွဲှအပ်လိုက်လျှင် ထိုဆင်ဦးစီးအသစ်ကို တစ်လအကြာတွင် ဟန်ပုက ထိုးသတ်လိုက်ပေတော့သည်။ဟန်ပု၏ အကျင့်ဆိုး ဉာဉ်ဆိုးတစ်ခုမှာ ဘိုးငြိမ်းနှင့် အဘွားအိ လက်မှလွတ်၍ ဆင်ဦးစီးတစ်ယေက်ပြောင်းပြီး တစ်လခန့်ကြာလျှင် ဆင်ဦးစီးအသစ်ကို ထိုးသတ်လိုက်ပြန်သည်။ထိုသို့ထိုးသတ်ပြီးလျှင် တောထဲဝင်၍ ပုန်းအောင်းနေတော့သည်။

” ဟန်ပုက သူ့ဦးစီးအသစ်ကို ထိုးသတ်လိုက်ပြန်ပြီတဲ့။ ”၎င်းင်းသတင်းနှင့်တစ်ဆက်တည်း ” အင်္ဂလိပ်အစိုးရက ဟန်ပုကို သတ်မိန့်ပေးတော့မယ်တဲ့ ” ဟူသော သတင်းပါ ထွက်ပေါ်လာတော့သည်။

ဤသတင်းကြားရလျှင် ဘိုးငြိမ်းနှင့် အဘွားအိတို့ ဟန်ပုအတွက် ရင်ထုမနာ ဖြစ်ကြရသည်။ အသည်းကို အပ်နှင့်ဆွသလို ခံစားလိုက်ကြရသည်။ ထိုကြောင့်ဟန်ပုနောက်သို့ ငှက်ပျောသီးများ သယ်ဆောင်လျက် အလျင်အမြန်လိုက်ကြရပါလေတော့သည်။

ဟန်ပုနေသော တောသို့ ရောက်သောအခါ အမြင့်ဆုံး သစ်ငုတ်တိုပေါ်သို့ ဘိုးငြိမ်ကတက်ပြီး အသံကျယ်ကျယ်ဖြင့် ” ဟေ့ ဟန်ပု ၊ ဟန်ပု ” ဟု သုံးလေးကြိမ် ဆက်တိုက် အော်ခေါ်လိုက်သည်။

ထိုသို့ ဘိုးငြိမ်းခေါ်သောအသံကို ဟန်ပုကြာသောအခါ နားရွက်မခတ်ဘဲနားထောင်သည်။ ဘိုးငြိမ်းအသံမှန်း သိသောအခါ ကဆုန်ပေါက်၍ ဒုန်းစိုင်းကာ ပြေးလာပါတော့သည်။ ဖခင်ကအော်ခေါ်လိုက်သောအခါ သားငယ်ပြေးလာသကဲ့သို့ ပုံ ဖြစ်လေသည်။ 🐘

သိရှိသူများရဲ့ မန့်များကို ဆက်လက်ဖတ်ရှု သိရှိလိုပါသဖြင့် တင်ပေးခြင်းဖြစ်ပါ၍ Copy ကူးယူဖော်ပြခွင့်မပြုပါ။
 ကျော်နိုင်ဝင်း (ရွှေကူ)

K_N_W_Sgu

#အံ့ဖွယ်ကျောင်းဒါယကာ
(သို့မဟုတ်) ရွှေကူမြို့နယ် မံဝိန်းရွာမှ
ကျောင်းဒါယကာ ဆင်တစ်ကောင် အကြောင်း 🐘 ( ၂ )

ထိုသို့ပြေးလာပြီး ဘိုးငြိမ်းရပ်နေသော သစ်ငုတ်တိုနား ရောက်သောအခါ ခြေစုံရပ်လိုက်ပြီး နားရွက်မခတ်ဘဲ ငြိမ်နေလိုက်သည်။ ရှေ့တွင်ပေကပ်၍ရပ်နေသော သားဆိုးကို ဘိုးငြိမ်းက မြည်တွန်တောက်တီး၍ ဆုံးမပါတော့သည်။

” ဟန်ပု၊ မင်းငါ့ကိုတော်တော်ဒုက္ခပေးတယ်။ ငါ့ကိုအရင်သတ်လိုက်စမ်း။ ငါ့ကိုသတ်ပြီးမှ မင်းသွားချင်ရာကိုသွား။ မင်း ဟာ တော်တော်မိုက်တယ်။ မင်းရင်လည်းသေမှ၊ ငါရင်လည်းသေမှ အေးမှာပါ။ သတ်လိုက်စမ်းပါဟန်ပု။ ငါ့ကို အစွယ်နဲ့ထိုးသတ်လိုက်စမ်းပါ။ ”

ဘိုးငြိမ်းက ဂရုဏာဒေါသောဖြင့် ဟန်ပုအားပြောသလို အဘွားအိကလည်း ” သားရယ်၊ မင်းပြန်မလာရင် မင်းကို သတ်ကြလိမ့်မယ်။ မင်းသေရင် တို့လည်း သေမှာဘဲ။ မမိုက်ပါနဲ့သားရယ်။ အမေတို့နဲ့အတူ ပြန်လိုက်ခဲ့ပါ။ ငါ့သားကို မသတ်အောင် အမေတို့ တာဝန်ယူပါတယ် ” ဟု ငိုလိုက် ပြောလိုက်ဖြင့် သားဆိုးကြီးတစ်ယောက်ပမာ ဟန်ပုအား ဆူပူကြိမ်းမောင်းကြပါသည်။

အဘိုးကြီး၊ အဘွားကြီး မည်မျှပင် ဆူပူ ကြိမ်းမောင်းကြပါစေ ဟန်ပုက တုတ်တုတ်မျှမလှုပ်။ ငြိမ်၍သာ နားထောင်သည်။ ဟန်ပုအားဆူပူကြိမ်းမောင်းပြီးသောအခါ ပါလာသော ငှက်ပျောသီးများကို ကျွေးသည်။ 🐘

ဟန်ပုသည်ငှက်ပျောသီးများကို အားရပါးရ စားသောက်ပြီးသောအခါ ရှေ့တွင်ရပ်နေသော ဘိုးငြိမ်းအား နှာမောင်းဖြင့် ရစ်ပတ်လိုက်ပြီး ဦးခေါင်းပေါ်တင်လိုက်သည်။ ဟန်ပုသည် အဘွားအိကိုလည်း ဘိုးငြိမ်းကဲ့သို့ပင် နှာမောင်းဖြင့်ပွေ့၍ သူ၏ကျောပေါ်သို့တင်လိုက်သည်။ အဘိုးကြီး အဘွားကြီးလင်မယား ကျောပေါ်သို့ ရောက်သွားပြီးသောအခါ မမောင်းမနှင်ရဘဲ ရွာသို့ ဦးတည်ပြန်ခဲ့ပါတော့သည်။🐘

ဘိုးငြိမ်းတို့က အာမခံသဖြင့် ဟန်ပုကို ရန်မပြုကြတော့ပေ။

ထိုသို့ ဘိုးငြိမ်းနှင့် အဘွားအိလက်ထဲ ဟန်ပုရောက်လာပြန်သောအခါ ဆင်ဦးစီးသတ်ခဲ့သော လူသတ်သမား ဟန်ပုဟူ၍ ပြောမယုံနိုင်အောင်ပင် လိမ္မာလှပေတော့သည်။ 🐘

ဟန်ပုသည် ဆင်ဦးစီးအသစ်များကိုသတ်လိုက်၊ ဘိုးငြိမ်းတို့ဇနီးမောင်နှံလက်ထဲ ပြန်ရောက်လိုက်။ ဘိုးငြိမ်းနှင့် အဘွားအိတို့ လစာတိုးသွားလိုက်နှင့်။ တစ်လနှစ်ဆယ့်ငါးကျပ်မှ တစ်လနှစ်ယောက်ပေါင်း သုံးရာကျော်သွားသည်အထိ လစာတိုးခံရတော့သည်။

ဆင်ပိုင်ရှင်သည် ဆင်ဦးစီး အသစ်ကို မခန့်ဝံ့တော့။ ” ခင်ဗျားတို့ဘဲ ထိန်းကြပါတော့ဗျာ ” ဟုဆို၍ ဟန်ပုကို ဘိုးငြိမ်းနှင့် အဘွားအိတို့ လက်သို့ အပ်လိုက်သည်။ 🐘တစ်နေ့တွင် ဘိုးငြိမ်းက ဟန်ပုအနားကပ်၍ သူ၏စိတ်မိုက်၊ စိတ်ရိုင်းကို ပျောက်ပျက်သွားအောင် ” ဟန်ပုရေ ၊ နောက်ကို မမိုက်ပါနဲ့တော့ကွယ်။ တို့အဘိုးကြီး အဘွားကြီး အသက်လည်းကြီးပြီ။ လစာလည်း နှစ်ယောက်ပေါင်း သုံးရာကျော်ပါပြီကွယ် “ဟု ပြောထားလိုက်သည်။ သူဌေး ယူစိန်ကလည်း ဟန်ပုသည် သူ၏အဖေအမေများ လစာတိုးအောင်လုပ်သည်ဟုပင် ယူဆခြင်း၊ စွပ်စွဲခြင်း ပြုပေသည်။

ဟန်ပုအပေါ် ထားအပ်သော ဘိုးငြိမ်းနှင့် အဘွားအိတို့၏ မေတ္တာ ထုထည်မှာ ကြီးမားလှပါသည်။ သားသမီးတစ်ယောက်မှ မထွန်းကားသည့် အဘိုးနှင့်အဘွားမှာ တိရိစ္ဆာန် ဆင်လိမ်မာကိုသာ သားသမီးကဲ့သို့ သံယောဇဉ်တွယ်နေကြရသည်။ 🐘

ဟန်ပုကိုထိတော့မည်ဆိုလျှင် အသည်းခိုက်အောင်နာကျင်ကြရသည်။ ဟန်ပုကလည်း အဘိုးအိုနှင့် အဘွားအိုတို့စကားမှလွဲ၍ မည်သူ့စကားကိုမှ နားမထောင်ချင်။ လူသားနှင့် တိရိစ္ဆာန်တို့၏ ဘာသာ စကား နားလည်ခြင်းနှင့် လူစကားနားထောင်ခြင်းသည် အံ့သြဘွယ်ရာပင် ဖြစ်သည်။ 🐘

ဆင်လိမ်မာ ဟန်ပုအား ဘိုးငြိမ်းနှင့် အဘွားအိတို့ နောက်ဆုံးအကြိမ် ကယ်တင်ဆုံးမပြီး လုပ်ငန်းတာဝန်များ ပြီးဆုံးသောအခါ သူဌေးယူစိန်က ” ဟန်ပုကို ခင်ဗျားတို့ အပိုင်ယူပေတော့။ ကျုပ်လည်း မြို့ကို ပြောင်းရမယ်။ ဟန်ပုကို သူများကိုင်လည်း ပြဿနာဖြစ်မှာဘဲ။ ခင်ဗျားတို့ အတွက်တော့ သားအရင်းလို ဖြစ်နေတာဘဲ မဟုတ်လား ” ဟု ဆိုပြီး ဟန်ပိုအား ဘိုးငြိမ်းနှင် အဘွားအိတို့အား ကိုယ်ပိုင်ဆင်အဖြစ် ပေးထားခဲ့တော့သည်။ 🐘

ဟန်ပုသည် ဘိုးငြိမ်းနှင့် အဘွားအိတို့၏ ကိုယ်ပိုင်ဆင်ဖြစ်လာသောအခါ ပို၍ လိမ်မာလာပါတော့သည်။ ဘိုးငြိမ်းနှင့် အဘွားအိတို့လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်စပ်တွင်မနေဘဲ ရေကြည်ရာ မြက်နုရာ ရွှေလီမြစ်ကမ်းတွင် ဟန်ပုကိုကျောင်းရင်း ပြောင်းရွှေ့နေထိုင်လာကြတော့သည်။ 🐘

ဟန်ပုသည်တစ်ခါတစ်ရံ လူသွားလမ်းဘေးတွင် အစာစားနေတတ်သည်။ ခရီးသွားများ ရွာသူရွာသားများနှင့်ဆုံလျှင် ” ဟန်ပုကြီး၊ တို့ကြောက်လို့ ရှေ့တိုးပေးပါအုံး ” ဆိုလျှင် လမ်းဖယ်ပေးတတ်သည်။ လူစကားကို နားလည်သည်။ လက်ဆော့ ခြေဆော့ဖြင့် ဟန်ပုအား အဝေးမှ လေးခွဖြင့် ပစ်ခြင်း၊ ခဲဖြင့်ပေါက်ခြင်းပြုလျှင် တွေ့တိုင်း လိုက်တတ်သည်။ အငြိုးထားသည်။ သူ့အားရန်မူသူကို မှတ်မိသည်။ ဤသည်ကား ဟန်ပု၏ မွေးရာပါ အကျင့်ဖြစ်သည်။ 🐘

ဟန်ပုသည်လိမ်မာ၏။ လူစကားကို နားလည်၏။ ဘိုးငြိမ်းနှင့် အဘွားအိတို့ အထူးအားကိုးရသော သားကြီး သြရသကဲ့သို့ပင် ဖြစ်၏။ ဘိုးငြိမ်းနှင့် အဘွားအိတို့၏ ကိုယ်ပိုင်ဆင်ဖြစ်လာသော်လည်း အလုပ်မလုပ်ဘဲ နေ၍မဖြစ်။ ပုဂ္ဂလိက သစ်ကုန်သည်တို့၏ သစ်များကို အခစားဆွဲပေးရသည်။ 🐘

ပုဂ္ဂလိက သစ်ကုန်သည်များရောက်လာ ၍ သစ်ကွက်တွင် သစ်ဆွဲရန် ဈေးဆိုင်သောအခါ ဘိုးငြိမ်းက ” ကျွန်တော့်သားနဲ့သာ ဈေးဆိုင်ကြပါခင်ဗျာ ” ဟု ပြော၍ ဟန်ပုရှိရာသို့ ခေါ်သွားသည်။ သစ်ကုန်သည်များက အောင့်အည်းသည်းခံ၍ ဟန်ပုရှိရာသို့ သွားကြရသည်။

ဈေးကြိုက်လျှင် ဟန်ပုလက်ခံသည်။ လက်ခံပုံမှာ ပထမသစ်ကုန်သည်များက သစ်ဆွဲရန်ဈေးကို ဟန်ပုရှေ့တွင် ပေးသည်။ ဟန်ပုမကြိက်သေးလျှင် ငြိမ်၍နားထောင်နေသည်။ ဤသို့ဖြင့်တစ်ဆင့်ထက် တစ်ဆင့် ဈေးတက်ပေး၍ ဟန်ပုဈေးကြိုက်ပြီဆိုလျှင် နှာမောင်းကလေးကို လှုပ်ကစားပြီး ပိုက်ဆံတောင်းတော့သည်။ သည်လိုဆိုလျှင် သစ်ကုန်သည်များပေးသောဈေးကို ဟန်ပုကြိုက်ပြီ၊ ချက်ချင်းငွေပေးချေရသည်။ အကြွေးထား၍ မရပါ။ ထိုသို့ ငွေချေလိုက်သောအခါ ပထမက ဟန်ပုအား ဘိုးငြိမ်း စကားတစ်ခွန်းပြောထားဖူးသည်။ 🐘

မကြာခဏပင် ” ဟန်ပုရေ ၊ တို့ကျောင်းဆောက်ဖို့ ငွေစုရအောင် ” ဟု ပြောထားချက် ရှိခြင်းကြောင့် ငွေထက်ဝက်ကို ဘိုးငြိမ်းအားပေးသည်။ ကျန်တစ်ဝက်ကို ဟန်ပု နှာမောင်းဖြင့်ပွေ့ပိုက်၍ တောတွင်းဝင်ကာ ဝှက်ထားသည်။ ထိုခေတ်က သုံးသောငွေမှာ ငွေသားစစ်စစ်များ ဖြစ်ပါသည်။ ထိုကြောင့်လည်း ဆင်နှာမောင်းဖြင့်ပွေ့ပိုက်၍ လွယ်ကူခြင်းဖြစ်ပါသည်။

Share ပေးပါမိတ်ဆွေ
Kyaw Naing Win

No comments:

Post a Comment