Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 23, 2018

NLD ဗဟိုကော်မတီ ၄၂ ဦးအသစ်တင်မြှောက်

တိုင်းနဲ့ပြည်နယ် အသီးသီးက ကိုယ်စားလှယ် တထောင်ကျော်တက်
ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ NLD ပါတီညီလာခံ ပထမနေ့မှာ ဗဟိုကော်မတီဝင်အသစ်နဲ့ အရံဗဟိုကော်မတီဝင်တွေ ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

ဇွန်လ ၂၃ ရက်မှာ ဗဟိုကော်မတီဝင်အသစ် ၄၂ ဦးနဲ့ အရံဗဟိုကော်မတီဝင် အသစ် ၃ဝ ကို အများဆန္ဒနဲ့ မဲပေးရွေးချယ်ခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့ပြီး နှစ်နှစ်အကြာမှာမှ ပါတီညီလာခံကို ရန်ကုန်မှာ ဒုတိယအကြိမ် ကျင်းပနေတာ ဖြစ်ပါတယ်။

ဒီညီလာခံမှာ တိုင်းနဲ့ပြည်နယ် အသီးသီးက ရွေးချယ်စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ် တထောင်ကျော်က သက်ဆိုင်ရာတိုင်းနဲပြည်နယ်အလိုက် ဗဟိုကော်မတီဝင်အသစ်တွေကို မဲပေးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

NLD လွှတ်တော် အမတ် ၃၅၀ကျော် တိုင်ကြားခံရ

ပါတီရဲ့ ဗဟိုကော်မတီဝင် အသစ်တွေထဲမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ တနင်္သာရီ၊ ပဲခူးတိုင်း အစိုးရ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ ပါဝင်လာတယ်လို့ NLD ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။
ဗဟိုအလုပ်အမှုဆောင်နဲ့ အရံဗဟိုအလုပ်အမှုဆောင် ၁၅ ဦး ပြန်ရွေးမယ်
ရွေးချယ်ခံခဲ့ရတဲ့ ဗဟိုကော်မတီဝင်အသစ်တွေဟာ အသက် ၅ဝ ကနေ ၇ဝ ဝန်းကျင် လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေ အများဆုံးဖြစ်တယ်လို့ တက်ရောက်ခဲ့တဲ့ ပါတီကိုယ်စားလှယ်တွေ ထံကနေ သိရပါတယ်။

ညီလာခံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး အပါဝင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကိုပါ ပါတီရဲ့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ် သုံးရပ်ထဲမှာ ဦးစားပေး လုပ်ငန်းစဉ် ၁ အနေနဲ့ ထည့်သွင်း ထားတယ်လို့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က နိုင်ငံရေးအစီရင်ခံစာ ဖတ်ကြားရာမှာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

NLD ပါတီ ဒေါက်တာ ဇော်မြင့်မောင် ဦးဆောင်မယ်

ရွေးချယ်တင်မြှောက်ခဲ့တဲ့ ဗဟိုကော်မတီဝင်တွေနဲ့ အရံကော်မတီဝင်တွေထဲကနေ ဗဟိုအလုပ်အမှုဆောင်နဲ့ အရံဗဟိုအလုပ်အမှုဆောင် စုစုပေါင်း ၁၅ ဦးကို ဇွန် ၂၄ ရက်မှာ ပြန်လည်ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment