Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 23, 2018

ဆင်မတစ်ကောင် သတ်ပြီး အရေခွံခွာခဲ့သူ တစ်ဦး ဖမ်းဆီးရမိ

ပဲခူးမြို့နယ်၌ ဆင်မုဆိုး(၁)ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ
၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ ရဲမှူး နေလင်းထွန်း၊ ထန်းတောကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ တောခေါင်း ဖေဇော်ညွန့် ပါ ပူးပေါင်းအဖွဲ့သည် ဆင်သတ်မုဆိုးအဖွဲ့တွင် ပါဝင်သော ပဲခူးမြို့နယ်၊ အုတ်ဖိုကျေးရွာနေ ကိုမျိုး(ခ) ငမျိုး(၄၈)နှစ်၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။

 စစ်ဆေးချက်အရ ၎င်းသည် ၂၀၁၆ ခုနှစ်၊ နိုဝင်လဘာလတွင် ပဲခူးမြို့နယ်၊ ဒေသအခေါ် ကြက်မြောင်၌ တောဆင်ရိုင်း အမ ၁ ကောင်အား တူမီးသေနတ်ဖြင့်ပစ်၍ အရေခွံများခွာယူခဲ့ကြောင်း သိရှိရပြီး ဆင်သေဆုံးသည့်နေရာအား လိုက်လံ ပြသပေးသဖြင့် ဆင်ဦးခေါင်းအရိုးနှင့် မေးရိုးများတွေ့ရှိ သိမ်းဆည်းခဲ့သဖြင့် ကိုမျိုး(ခ)ငမျိုးအား တိုက်ကြီးနယ်မြေရဲစခန်း(ပ)၁၈/၂၀၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

 ထပ်မံစစ်ဆေးချက်အရ ၎င်းနှင့်အတူ တစ်ရွာတည်းနေ အဆိပ်တောင်ကျေးရွာနေ ဝင်းကြူ(စိစစ်ဆဲ) ပါ ကျား(၄)ဦး မှာလည်း တောဆင်ရိုင်းသတ်ရာတွင် ပါဝင်ခဲ့ကြောင်း သိရှိရသဖြင့် တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

သစ်ထူးလွင်

No comments:

Post a Comment