Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 22, 2018

ကျောက်တွေမရှိတော့ဘူး

 ကျွန်​မရဲ့ ​ကျောက်​ကပ်​မှာ ​ကျောက်​​တွေမရှိ​တော့ဘူးတဲ့ လှိုက်​ခနဲဝမ်း​သာသွားမိတယ်​ ၄ နှစ်​နီးပါးခံစားခဲ့ရတဲ့​ကျောက်​တည်​တဲ့​ဝေဒနာ အထူးကု​ဆေးခန်းများစွာပြခဲ့ပီး သက်​သာလိုက်​ပြန်​ဖြစ်​လိုက်​နဲ့ အချိန်​​တွေ ကိုကုန်​လွန်​ခဲ့ရင်းက ဟိုစာအုပ်​ဖတ်​​ဆေးနည်း​လေး​တွေ​တွေ့လိုက်​လုပ်​ ကြည့်​ ကြားဖူးနားဝ​ပြောပြတဲ့​ဆေး​တွေလိုက်​​သောက်​ကြည့်​ ​ဆေးမှန်​သမျှ အကုန်​​သောက်​ကြည့်​ခဲ့ပါတယ်

 ကျွန်​မရဲ့ဘယ်​ဘက်​​ကျောက အမြဲ​အောင့်​​နေခဲ့တာရင်းနှီးသူ​တွေ​တောင်​သိ​ကြပါတယ်​ အဲ့လို​သောက်​​နေရင်းက ကျွန်​မသံမနိုင်​​ကျောက်​မနိုင်​​ဆေးပြားကို အညွှန်းအတိုင်းမှန်​မှန်​​သောက်​ခဲ့ပါတယ်

 ​ကျော​အောင့်​တာသက်​သာလာတယ်​ ​မေ​မေက ငါး​ပြေမနဲ့​ဇောင်းခါးသီး ခဏခဏချက်​​ကျွေးတယ်​ ​ကျောက်​ကျတယ်​ဆိုလို့ ကျွန်​မဖြစ်​​နေတဲ့​ကျောက်​က အနည်​ဆို​တော့​ရေများများ​သောက်​ပီးအိုးနဲ့ ဆီးကိုကြည့်​ရတာ သူများလို​ဒေါက်​ခနဲကျမှန်းသိတဲ့အ​နေအထား​တော့မဟုတ်​ပါဘူး ငါး​ပြေမကိုတခါမှမစားဘူး အရိုးများလို့ ​ရောဂါ​ကြောင့်​ ကြိတ်​ပီး စားခဲ့ပါတယ်​ ​​ကြောင်​နှုတ်​ခမ်း​မွှေးရွက်​ကိုကြို​သောက်​တယ်​ သိပ်​ခါးတာ​ပေါ့ ခါးတူး​နေတာ ဒါ​ပေမဲ့ ​ရေဆာတိုင်း​သောက်​တယ်​ ​နောက်​ဆုံးတခုက ​တော့ ​ရေဝါးပင်​ပါ ​ကျောက်​ကပ်​​ဆေး​နေရတဲ့သူ​တောင်​ ပကတိပြန်​​ကောင်းတယ်​ ဆိုလို့ ကျိုပြီး ​နေ့စဉ်​​သောက်​တာခုထိပါပဲ မြန်​မာ့​ဆေးနည်း​တွေကို ကျွန်​မသိပ်​ယုံကြည်​သွားပါပီ

ယ​နေ့ကျွန်​မရဲ့ ​ကျောက်​ကပ်​ထဲမှာ ရှိ​နေတဲ့ ​ကျောက်​​တွေမရှိ​တော့ဘူး လက်​​တွေ့​လေ ​ကျွန်​မလိုပဲ ဆီး​ရောဂါ ​ကျောက်​တည်​တဲ့​ရောဂါရှိတဲ့ ​ဝေဒနာရှင်​များလည်းအထက်​ပါ​ဆေးနည်းများကို သုံးစွဲမှီဝဲကြည့်​ကြ​စေလိုပါတယ်​ ယုံယုံကြည်​ကြည်​နဲ့​သောက်​ပီး ​ပျောက်​ကင်းနိုင်​ကြပါ​စေရှင်
Tun Mar Zin




No comments:

Post a Comment