Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 15, 2018

နာမည္ႀကီးေနတဲ့ အသံတိတ္လူသတ္လက္နက္ႀကီးေၾကာင့္ ဆရာေလး * မဥာဏသီရိ * ဆံုးရွာၿပီတဲ့.


နာမည္ႀကီးေနတဲ့ အသံတိတ္လူသတ္လက္နက္ႀကီးေၾကာင့္ ဆရာေလး * မဥာဏသီရိ * ဆံုးရွာၿပီတဲ့

ဒီဆရာေလးကုိ ဒီေန႔မွ ျမင္ဘူးပါတယ္ မ်က္ႏွာျမင္ခ်စ္ခင္ပါေစဆိုတဲ့ဆုနဲ႔ျပည့္စုံတဲ့ ဆရာေလး ငယ္ငယ္ရြယ္ရြယ္ေလးနဲ႔ ေသဆုံးသြားတာ အလြန္တရာမွ စိတ္မေကာင္းျဖစ္မိပါတယ္

ဆရာေလး မဥာဏသီရိ ​ေကာင္​းရာသုဂတိ​ေရာက္​ပါ​ေစ



* မဥာဏသီရိ * ဆံုးရွာၿပီတဲ့

ဘန္​​ေကာက္​တစ္​ခြင္​ ၾကည္​့လိုက္​​ေတာ့ မိုး​ေတြ အုံ႔မႈိင္​႐ြာသြန္​းၿဖိဳးေနလိုက္​တာဒီမနက္​ ဘန္​​ေကာ္​မိုးႏွင္​့အတူ ဘုန္​းၾကယ္​လည္​း ​ေျဖဆည္​မႏိုင္​ စိတ္​မခိုင္​လို႔မ်က္​ရည္​​ေတြ ႐ြာသြန္​းၿဖိဳး ခဲ့ရၿပီ​ေလ

** ​ေသြးကင္​ဆာ ​ေဝဒနာသည္​မ​ေလး မဥာဏသီရိ ဒီမနက္​ (၈) နာရီမွာ ဆံုးရွာၿပီတဲ့ **

ရင္​အံု​ေတြ တဒုန္​းဒုန္​းတုန္​ခါရင္​း ဘုန္​းၾကယ္​စိတ္​ကူးယဥ္​ခဲ့ရတဲ့ အိပ္​မက္​​ေတြ ပ်က္​ခဲ့ရၿပီ​ေပါ့ – ၿပီး​ေတာ့ ​ေျမးမ​ေလး​ေက်ြးဘို႔ ဝယ္​ထားၿပီးတဲ့ ​ေခ်ာကလက္​ လက္​ထဲမွာ က်စ္​က်စ္​ပါ​ေအာင္​ ဆုပ္​ကိုင္​လို႔ ​ေျမးက​ေလး အၿပံဳး ပံုရိပ္​​ေတြ ​ေျပးဝင္​လာ​ေတာ့ ဦး​ေခါင္​းထဲမွာ​ေတာင္​ မိုက္​ကနဲ ျဖစ္​သြား​ေလရဲ႕ —–

ဒီ အဂၤါ ​ေ႐ႊျမန္​မာ ျပန္​လာမယ္​့ ဘုန္​းၾကယ္​ကို​ေတာင္​ မ​ေစာင္​့​ေတာ့ပါလား ​ေျမး​ေလးရယ္​

​ေျမး​ေလး​ေရ တမလြန္​က ​ေျမး​ေလး မၾကားနိုင္​​ေပမဲ့ ​ေျပာရအုန္​းမယ္​ ရင္​နာလိုက္​တာ ခ​ေလးရယ္​ မ​ေန႔ကမွ ဖုန္​းအသံလႈိင္​းနဲ႔ ဘဘုန္​းၾကယ္​

က်န္​းမာ​ေရး​ေကာင္​​ေအာင္​​ေန​ေနာ္​ နဲ ့​ေခ်ာကလက္​ဝယ္​ခဲ့အုန္​း ​ေျမး​ေလး​ေမွ်ာ္​​ေနမယ္​တဲ့ — ဘဘုန္​းၾကယ္​​ေလ ​ေဝဒနာ မသက္​သာ​ေသး​ေပမယ္​့ သမား​ေတာ္​ ဆရာဝန္​က​ဒီအဂၤါ ​ေ႐ႊျမန္​မာျပန္​ခါႂကြ တစ္​လတာ အနားယူပါ​​ေျပာ​ေတာ့ ​ေပ်ာ္​လိုက္​တာ သိလား —

ဘ ဘုန္​းၾကယ္​ ​ေဝဒနာသက္​သာလို႔ မဟုတ္​ဘူး​ေ႐ႊျမန္​မာျပန္​ကာႂကြရ​ေတာ့မယ္​ဆို​ေတာ့ေျမးမ​ေလးနဲ႔ ​ေတြ႕ရ​ေတာ့မယ္​​ေလ —

ထိုင္​း – ​ေခ်ာကလက္​​ေလး​ေက်ြးလို႔ေျမး​ေလးအနားမွာထိုင္​ ​ေခ်ာကလက္​​ေက်ြးရင္​အား​ေပးမယ္​ ​ေျဖသိမ္​့မယ္​ စကား​ေတြ တဝႀကီး​ေျပာမယ္​ ဆိုတဲ့ စိတ္​ကူးယဥ္​ အိပ္​မက္​​ေတြ ဘန္​​ေကာက္​မိုးႏွင္​့အတူ ဒီမနက္​က်ခဲ့ရတဲ့ မ်က္​ရည္​မ်ားႏွင္​့ ပ်က္​ပ်ယ္​ခဲ့ရၿပီ​ေလ-

​ေျမး​ေလး​ေရ ဘဘုန္​းၾကယ္​ ​ေျမး​ေလးအ​ေပၚတာဝန္​​ေတြ ​ေက်ခဲ့တယ္​​ေနာ္​ —

ရန္​ကုန္​​ေခၚ သမား​ေတာ္​ ​ေဆး​ေကာင္​း ​ေဆးျမတ္​မ်ားနဲ႔​ေျမး​ေလးအတြက္​ ဘယ္​​ေလာက္​ကုန္​ကုန္​ ​ေငြအသျပာနဲ႔ဆြဲလုခဲ့တယ္​​ေလ —-

ဒါ​ေပမယ္​့ ဘဝကံတရားက ဥာဏ္​မ်ားလို႔မရဘူး​ေလမိဘနဲ႔ သားသမီး တားမရတာ ​ေသျခင္​းတရားပဲ မဟုတ္​ပါလား —

ဘ ဘုန္​းၾကယ္​ ကို​ယ္​​ေတာင္​ႏႈတ္​မဆက္​ ဒီမနက္​ ထြက္​ခြားသြားတဲ့​ေျမး​ေလ​ေရ ဒီဝဋ္ေႂကြး​ေတြ ဒီဘဝတြင္​ ​ေက်ပါ​ေစ​ေတာ့ရယ္​လို႔ထိုင္​း​ေျမမွ မ်က္​ရည္​မ်ားႏွင္​့ ဘဘုန္​းၾကယ္​ ဆု​ေတာင္​းပါတယ္​​ေနာ္​ —

စိတ္​ထားျဖဴစင္​ အၿပံဳး​ေလးနဲ႔ ​ေျမး​ေလးဘဝခရီးအတြက္​ စိတ္​ခ်တယ္​

​ေကာင္​းရာသုဂတိ လားပါ​ေစလို႔ ဆု​ေတာင္​း​ေပးစရာမလို​ေလာက္​​ေအာင္​ပါပဲကြယ္​ —–

*** အင္​း — မဝင္​​ေသာ​ေန႔

မကြယ္​​ေသာလ မ​ေသ​ေသာလူ ဤဇမၺဴ ဘယ္​မွာရွိလို႔လဲ **

** မ​ေသခင္​ ငါ ငါ ငါ

​ေသ​ေတာ့လည္​း ပ်ာ ပ်ာ ပ်ာ **

​ေျမး​ေလး​ေက်ြးမဲ့ ​ေခ်ာကလက္​ ဘုရားလွဴ

​ေျမးအတြက္​ အမွ်​ေပးလိုက္​တယ္​ —-

** ​ေၾသာ္​ — ငါလည္​း ပ်ာ ျဖစ္​ခါနီး​ေပါ့ ရိကၡာျပင္​ထားရအုန္​းမဟဲ့ **

**** သီတဂူၾကယ္​တစ္​ပြင္​့ ****
A Myotharyay Sayartaw

#Unicode Version#
နာမည်ကြီးနေတဲ့ အသံတိတ်လူသတ်လက်နက်ကြီးကြောင့် ဆရာလေး * မဉာဏသီရိ * ဆုံးရှာပြီတဲ့

ဒီဆရာလေးကို ဒီနေ့မှ မြင်ဘူးပါတယ် မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ပြည့်စုံတဲ့ ဆရာလေး ငယ်ငယ်ရွယ်ရွယ်လေးနဲ့ သေဆုံးသွားတာ အလွန်တရာမှ စိတ်မကောင်းဖြစ်မိပါတယ်

ဆရာလေး မဉာဏသီရိ ကောင်းရာသုဂတိရောက်ပါစေ

* မဉာဏသီရိ * ဆုံးရှာပြီတဲ့

ဘန်ကောက်တစ်ခွင် ကြည့်လိုက်တော့ မိုးတွေ အုံ့မှိုင်ရွာသွန်းဖြိုးနေလိုက်တာဒီမနက် ဘန်ကော်မိုးနှင့်အတူ ဘုန်းကြယ်လည်း ဖြေဆည်မနိုင် စိတ်မခိုင်လို့မျက်ရည်တွေ ရွာသွန်းဖြိုး ခဲ့ရပြီလေ

** သွေးကင်ဆာ ဝေဒနာသည်မလေး မဉာဏသီရိ ဒီမနက် (၈) နာရီမှာ ဆုံးရှာပြီတဲ့ **

ရင်အုံတွေ တဒုန်းဒုန်းတုန်ခါရင်း ဘုန်းကြယ်စိတ်ကူးယဉ်ခဲ့ရတဲ့ အိပ်မက်တွေ ပျက်ခဲ့ရပြီပေါ့ – ပြီးတော့ မြေးမလေးကျွေးဘို့ ဝယ်ထားပြီးတဲ့ ချောကလက် လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့ မြေးကလေး အပြုံး ပုံရိပ်တွေ ပြေးဝင်လာတော့ ဦးခေါင်းထဲမှာတောင် မိုက်ကနဲ ဖြစ်သွားလေရဲ့ —–

ဒီ အင်္ဂါ ရွှေမြန်မာ ပြန်လာမယ့် ဘုန်းကြယ်ကိုတောင် မစောင့်တော့ပါလား မြေးလေးရယ်

မြေးလေးရေ တမလွန်က မြေးလေး မကြားနိုင်ပေမဲ့ ပြောရအုန်းမယ် ရင်နာလိုက်တာ ခလေးရယ် မနေ့ကမှ ဖုန်းအသံလှိုင်းနဲ့ ဘဘုန်းကြယ်

ကျန်းမာရေးကောင်အောင်နေနော် နဲ့ချောကလက်ဝယ်ခဲ့အုန်း မြေးလေးမျှော်နေမယ်တဲ့ — ဘဘုန်းကြယ်လေ ဝေဒနာ မသက်သာသေးပေမယ့် သမားတော် ဆရာဝန်ကဒီအင်္ဂါ ရွှေမြန်မာပြန်ခါကြွ တစ်လတာ အနားယူပါပြောတော့ ပျော်လိုက်တာ သိလား —

ဘ ဘုန်းကြယ် ဝေဒနာသက်သာလို့ မဟုတ်ဘူးရွှေမြန်မာပြန်ကာကြွရတော့မယ်ဆိုတော့မြေးမလေးနဲ့ တွေ့ရတော့မယ်လေ —

ထိုင်း – ချောကလက်လေးကျွေးလို့မြေးလေးအနားမှာထိုင် ချောကလက်ကျွေးရင်အားပေးမယ် ဖြေသိမ့်မယ် စကားတွေ တဝကြီးပြောမယ် ဆိုတဲ့ စိတ်ကူးယဉ် အိပ်မက်တွေ ဘန်ကောက်မိုးနှင့်အတူ ဒီမနက်ကျခဲ့ရတဲ့ မျက်ရည်များနှင့် ပျက်ပျယ်ခဲ့ရပြီလေ-

မြေးလေးရေ ဘဘုန်းကြယ် မြေးလေးအပေါ်တာဝန်တွေ ကျေခဲ့တယ်နော် —

ရန်ကုန်ခေါ် သမားတော် ဆေးကောင်း ဆေးမြတ်များနဲ့မြေးလေးအတွက် ဘယ်လောက်ကုန်ကုန် ငွေအသပြာနဲ့ဆွဲလုခဲ့တယ်လေ —-

ဒါပေမယ့် ဘဝကံတရားက ဉာဏ်များလို့မရဘူးလေမိဘနဲ့ သားသမီး တားမရတာ သေခြင်းတရားပဲ မဟုတ်ပါလား —

ဘ ဘုန်းကြယ် ကိုယ်တောင်နှုတ်မဆက် ဒီမနက် ထွက်ခွားသွားတဲ့မြေးလေရေ ဒီဝဋ်ကြွေးတွေ ဒီဘဝတွင် ကျေပါစေတော့ရယ်လို့ထိုင်းမြေမှ မျက်ရည်များနှင့် ဘဘုန်းကြယ် ဆုတောင်းပါတယ်နော် —

စိတ်ထားဖြူစင် အပြုံးလေးနဲ့ မြေးလေးဘဝခရီးအတွက် စိတ်ချတယ်

ကောင်းရာသုဂတိ လားပါစေလို့ ဆုတောင်းပေးစရာမလိုလောက်အောင်ပါပဲကွယ် —–

*** အင်း — မဝင်သောနေ့

မကွယ်သောလ မသေသောလူ ဤဇမ္ဗူ ဘယ်မှာရှိလို့လဲ **

** မသေခင် ငါ ငါ ငါ

သေတော့လည်း ပျာ ပျာ ပျာ **

မြေးလေးကျွေးမဲ့ ချောကလက် ဘုရားလှူ

မြေးအတွက် အမျှပေးလိုက်တယ် —-

** သြော် — ငါလည်း ပျာ ဖြစ်ခါနီးပေါ့ ရိက္ခာပြင်ထားရအုန်းမဟဲ့ **

**** သီတဂူကြယ်တစ်ပွင့် ****
A Myotharyay Sayartaw

No comments:

Post a Comment