Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 15, 2018

ေက်းဇူးေတာ္ရွင္ စြန္းလြန္းဆရာေတာ္ဘုရားၾကီး၏ ” ငါးေပါက္မွားေတာ့ ငါးပါးေမွာက္ ” ဆုိတဲ့ ဆုံးမစာ….။

ဒါယိကာမေလးေတြ နင္တို့မၾကဳိက္တာ ေျပာရဦးမယ္။ မေခ်ာခ်င္နဲ့၊ ပစၥည္းမေပါခ်င္နဲ့၊ ဂုဏ္မၾကီးခ်င္နဲ့၊ ၾကပ္ၾကပ္လွ -ၾကပ္ၾကပ္ေခ်ာ-ၾကပ္ၾကပ္ပစၥည္းေပါျပီး ၾကပ္ၾကပ္ဂုဏ္ၾကီးလ်ွင္ ၾကပ္ၾကပ္ဒုကၡေရာက္တတ္ တယ္။ မ်က္စိအလိုလဲ မလိုက္နဲ့၊ နားအလိုလဲ မလိုက္နဲ့၊ လ်ွာအလိုလည္း မလိုက္နဲ့၊ ခႏၱာကိုယ္အလိုလဲ မလိုက္ၾကနဲ့၊ အလိုလိုက္မွျဖင့္ အမိုက္ေစာ္ကားတတ္ၾကတယ္။ ဘယ္လို အမိုက္ေစာ္ကားပါသလဲဆိုရင္ အဲဒီ နား၊ မ်က္ေစ့-ႏွာေခါင္း၊ လ်ွာ၊ ခႏၱာကိုယ္ အလိုလိုက္မိေတာ့ အဲသည္ ငါးေပါက္ေၾကာင့္ မွားေလေတာ့တာဘဲ၊ ဒါေၾကာင့္ ငါးေပါက္မွားေတာ့ ငါးပါးေမွာက္တတ္တယ္။

ေအး ဒို့ ဒါယိကာ ဒါယိကာမၾကီးေတြလည္း ကုိယ္မျပည့္စံုလို့ စိတ္ဒုကၡအမ်ဳိးမ်ဳိးေရာက္ခဲ့တာေတြရိွၾကလိမ့္မယ္။ အဲဒီဟာ ငါးပါးေမွာက္လို့ရတဲ့ အက်ဳိးတရားေတြေပါ့။

ဒါေၾကာင့္ တပူထက္ နွစ္ပူ၊ ငရုတ္ဆံုလွဴခဲ့ဘူးေရာ့သလား။ ထူးတဲ့အပူ။

မမေလး ခႏၱာကိုယ္ အ၀ိဇၨာေမွာင္ရိပ္မွာ ခို။ အ၀ိဇၨာေညွာင့္ၾကီးကိုယ့္ကိုစူး နွုတ္လို့ရနုိင္ဘူး။ ကိုယ့္အတတ္နဲ့ကိုယ္ျပန္စူး၊ နွဳတ္လို့ရေပဘူး။

ဆိုသလို ျဖစ္ေနလို့ ခံေနၾကရတာပါ။ ၾကိဳးစား၍သာခံၾကေပေတာ့။

(ေက်းဇူးေတာ္ရွင္ စြန္းလြန္းဆရာေတာ္ဘုရားၾကီး၏ ပဋာစာရီတရားေတာ္မွ)

က်မက စြန္းလြန္းဆရာေတာ္ဘုရားၾကီးရဲ့တရားေတြကို အင္မတန္မွတန္ဘိုးထားခဲ့သူျဖစ္ပါတယ္။ ဆရာေတာ္ဘုရားၾကီးလမ္းစဥ္အတိုင္းလိုက္မက်င့္ၾကံနုိင္ေသာ္လည္း ဆရာေတာ္ဘုရားၾကီးရဲ့တရားေတြဟာ ထိမိလြန္းလို့ ဟာသဥာဏ္ေနာ ေဟာေျပာခဲ့တာေလးေတြဟာ မေမ့နုိင္ေလာက္ေအာင္စြဲျမဲခဲ့ပါတယ္။ ဒါေၾကာင့္ လည္း က်မက ဒီလိုအဆိုအဆံုးအမေလးေတြ သိလြယ္ျမင္လြယ္ မွတ္သားလြယ္ျပီး ထင္းကနဲ့စြဲေစတဲ့ ေဟာေျပာခဲ့တဲ့ တရားစုေလးေတြကို ျပန္လည္တင္ျပခဲ့ျခင္းျဖစ္ပါတယ္ရွင္။

Credit
# Unicode Version ျဖင့္ ဖတ္ပါ #
ဒါယိကာမလေးတွေ နင်တို့မကြိုက်တာ ပြောရဦးမယ်။ မချောချင်နဲ့၊ ပစ္စည်းမပေါချင်နဲ့၊ ဂုဏ်မကြီးချင်နဲ့၊ ကြပ်ကြပ်လှ -ကြပ်ကြပ်ချော-ကြပ်ကြပ်ပစ္စည်းပေါပြီး ကြပ်ကြပ်ဂုဏ်ကြီးလျှင် ကြပ်ကြပ်ဒုက္ခရောက်တတ် တယ်။ မျက်စိအလိုလဲ မလိုက်နဲ့၊ နားအလိုလဲ မလိုက်နဲ့၊ လျှာအလိုလည်း မလိုက်နဲ့၊ ခန္တာကိုယ်အလိုလဲ မလိုက်ကြနဲ့၊ အလိုလိုက်မှဖြင့် အမိုက်စော်ကားတတ်ကြတယ်။ ဘယ်လို အမိုက်စော်ကားပါသလဲဆိုရင် အဲဒီ နား၊ မျက်စေ့-နှာခေါင်း၊ လျှာ၊ ခန္တာကိုယ် အလိုလိုက်မိတော့ အဲသည် ငါးပေါက်ကြောင့် မှားလေတော့တာဘဲ၊ ဒါကြောင့် ငါးပေါက်မှားတော့ ငါးပါးမှောက်တတ်တယ်။

အေး ဒို့ ဒါယိကာ ဒါယိကာမကြီးတွေလည်း ကိုယ်မပြည့်စုံလို့ စိတ်ဒုက္ခအမျိုးမျိုးရောက်ခဲ့တာတွေရှိကြလိမ့်မယ်။ အဲဒီဟာ ငါးပါးမှောက်လို့ရတဲ့ အကျိုးတရားတွေပေါ့။

ဒါကြောင့် တပူထက် နှစ်ပူ၊ ငရုတ်ဆုံလှူခဲ့ဘူးရော့သလား။ ထူးတဲ့အပူ။

မမလေး ခန္တာကိုယ် အဝိဇ္ဇာမှောင်ရိပ်မှာ ခို။ အဝိဇ္ဇာညှောင့်ကြီးကိုယ့်ကိုစူး နှုတ်လို့ရနိုင်ဘူး။ ကိုယ့်အတတ်နဲ့ကိုယ်ပြန်စူး၊ နှုတ်လို့ရပေဘူး။

ဆိုသလို ဖြစ်နေလို့ ခံနေကြရတာပါ။ ကြိုးစား၍သာခံကြပေတော့။

(ကျေးဇူးတော်ရှင် စွန်းလွန်းဆရာတော်ဘုရားကြီး၏ ပဋာစာရီတရားတော်မှ)

ကျမက စွန်းလွန်းဆရာတော်ဘုရားကြီးရဲ့တရားတွေကို အင်မတန်မှတန်ဘိုးထားခဲ့သူဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးလမ်းစဉ်အတိုင်းလိုက်မကျင့်ကြံနိုင်သော်လည်း ဆရာတော်ဘုရားကြီးရဲ့တရားတွေဟာ ထိမိလွန်းလို့ ဟာသဉာဏ်နော ဟောပြောခဲ့တာလေးတွေဟာ မမေ့နိုင်လောက်အောင်စွဲမြဲခဲ့ပါတယ်။ ဒါကြောင့် လည်း ကျမက ဒီလိုအဆိုအဆုံးအမလေးတွေ သိလွယ်မြင်လွယ် မှတ်သားလွယ်ပြီး ထင်းကနဲ့စွဲစေတဲ့ ဟောပြောခဲ့တဲ့ တရားစုလေးတွေကို ပြန်လည်တင်ပြခဲ့ခြင်းဖြစ်ပါတယ်ရှင်။

Credit

No comments:

Post a Comment