Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 20, 2018

သတင္းေတြမွာေဖာ္ျပျခင္း မခံရဖူးတဲ့ ခက္ခဲၾကမ္းတမ္းျပီး ကိုယ့္လမ္းကိုယ္ေဖာက္သြားရေသာ ဇနဖုုဒ္ရြာလမ္း




မင္းကင္းျမိဳ ့နယ္ ေတာင္ေခ်ာင္းေဒသက သတင္းေတြမွာ ေဖာ္ျပျခင္း မခံရတဲ့ ဇနဖုတ္ရြာသြားလမ္းကို ဒီတစ္ပတ္ရဲ့ ဓာတ္ပံုက႑အျဖစ္ေဖာ္ျပလိုက္ပါတယ္။

အဲ့ဒီရြာရဲ ့ရြာသူရြာသားေတြ ကိုယ္တိုင္ကလည္း ျဖစ္တဲ့နည္းနဲ ့ေဖာက္လုပ္ထားတဲ့လမ္းဟာ သြားေရးလာေရး အလြန္တရာမွ ခက္ခဲၾကမ္းတမ္းလွပါတယ္။

မင္းကင္းျမိဳ ့နယ္ အတြင္းပိုင္း ေတာင္ေခ်ာင္းေဒသရဲ ့အေနာက္ဖ်ားမွာ တည္ရိွတဲ ့ဇနဖုတ္ရြာသူရြာသားေတြဟာ သူတို ့ရဲ ့ စား၀တ္ေနေရးအတြက္ ေတာင္တြင္းေခ်ာင္း အေရွ့ဘက္ဖ်ားက ၀င္၀ေက်းရြာကို ေဒသထြက္ ေကာက္ပဲသီးႏွံမ်ားေရာင္းခ်ျပီး ဆန္ႏွင့္ ဆီမ်ား ျပန္လည္၀ယ္ယူ သယ္ေဆာင္ရာမွာ အခုလို ခက္ခက္ခဲခဲ ကိုယ္တိုင္ ျဖစ္သလို လမ္းေဖာက္လုပ္သြားရတာျဖစ္ပါတယ္။

၀င္၀ေက်းရြာမွေနသူတို ့ေနထိုင္တဲ့ရြာကို ေရာက္ဖို ့ဆိုရင္ ငါးနာရီခန္ ့ၾကာေအာင္ လမ္းေလ်ွာက္သြားရတဲ့ လမ္းတစ္ခုသာ သူတို ့ရဲ ့အားထားရာ ျဖစ္ပါတယ္။
ဓာတ္ပံု-ထက္ျဖိဳး-သူရိယထက္
 မံုရြာေဂဇက္ အပတ္စဥ္ ဓာတ္ပံုက႑



#Unicode Version#
မင်းကင်းမြို့နယ် တောင်ချောင်းဒေသက သတင်းတွေမှာ ဖော်ပြခြင်း မခံရတဲ့ ဇနဖုတ်ရွာသွားလမ်းကို ဒီတစ်ပတ်ရဲ့ ဓာတ်ပုံကဏ္ဍအဖြစ်ဖော်ပြလိုက်ပါတယ်။

အဲ့ဒီရွာရဲ့ရွာသူရွာသားတွေ ကိုယ်တိုင်ကလည်း ဖြစ်တဲ့နည်းနဲ့ဖောက်လုပ်ထားတဲ့လမ်းဟာ သွားရေးလာရေး အလွန်တရာမှ ခက်ခဲကြမ်းတမ်းလှပါတယ်။

မင်းကင်းမြို့နယ် အတွင်းပိုင်း တောင်ချောင်းဒေသရဲ့အနောက်ဖျားမှာ တည်ရှိတဲ့ဇနဖုတ်ရွာသူရွာသားတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် တောင်တွင်းချောင်း အရှေ့ဘက်ဖျားက ဝင်ဝကျေးရွာကို ဒေသထွက် ကောက်ပဲသီးနှံများရောင်းချပြီး ဆန်နှင့် ဆီများ ပြန်လည်ဝယ်ယူ သယ်ဆောင်ရာမှာ အခုလို ခက်ခက်ခဲခဲ ကိုယ်တိုင် ဖြစ်သလို လမ်းဖောက်လုပ်သွားရတာဖြစ်ပါတယ်။

ဝင်ဝကျေးရွာမှနေသူတို့နေထိုင်တဲ့ရွာကို ရောက်ဖို့ဆိုရင် ငါးနာရီခန့်ကြာအောင် လမ်းလျှောက်သွားရတဲ့ လမ်းတစ်ခုသာ သူတို့ရဲ့အားထားရာ ဖြစ်ပါတယ်။
ဓာတ်ပုံ-ထက်ဖြိုး-သူရိယထက်
 မုံရွာဂေဇက် အပတ်စဉ် ဓာတ်ပုံကဏ္ဍ

No comments:

Post a Comment