Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 20, 2018

နိုင္ငံေက်ာ္အဆိုေတာ္ၾကီး တြံေတးသိန္းတန္ အေၾကာင္း

တြံေတးသိန္းတန္သည္ ျမန္မာနိုင္ငံသား အဆိုေတာ္၊ ႐ုပ္ရွင္ သ႐ုပ္ေဆာင္၊ ႐ုပ္ရွင္ ဒါရိုက္တာ တစ္ဦးျဖစ္သည္။ ၎ပါဝင္သ႐ုပ္ေဆာင္ထားေသာ ကိုယ္ရယ္ မင္းရယ္ ပန္းပိေတာက္ရယ္ ႐ုပ္ရွင္သည္ လူႀကိဳက္မ်ား ေက်ာ္ၾကားေသာ ႐ုပ္ရွင္တစ္ကားျဖစ္သည္။ တြံေတးသိန္းတန္ကို ျမန္မာသမားေတာ္ႀကီး ဦးဖိုးဦးႏွင့္ ေဒၚညိဳတို႔က (၁၉၁၄) ခု၊ စက္တင္ဘာလ (၂၆) ရက္ေန႔တြင္ ရန္ကုန္တိုင္း၊ တြံေတးၿမိဳ႕နယ္၊ ရွမ္းစုႀကီးေက်းရြာ၌ ေမြးဖြားခဲ့သည္။ ေမြးခ်င္း ေျခာက္ေယာက္
အနက္ ပဥၥမေျမာက္ ျဖစ္သည္။

ငယ္ဘဝ
ငယ္စဥ္က ရွမ္းစုႀကီးေက်းရြာ မူလတန္းေက်ာင္း
တြင္ တတိယတန္းအထိ ပညာသင္ယူခဲ့ၿပီး စတုတၳတန္း
မွ သတၱမတန္းအထိ ရန္ကုန္ၿမိဳ႕တြင္ ပညာသင္ယူခဲ့
သည္။ ထိုမွ တြံေတး အေျခခံပညာ အထက္တန္း
ေက်ာင္းသို႔ ေျပာင္းေရႊ႕သင္ယူခဲ့ရာ ၁၉၅၉−ခုႏွစ္တြင္
နဝမတန္း စာေမးပြဲေအာင္ျမင္သည္။ တြံေတးသိန္းတန္
သည္ ငယ္စဥ္ကပင္ ကဗ်ာေရးစပ္ သီကုံးျခင္းႏွင့္ သီခ်င္း
ဆိုျခင္း၊ ဂီတကို ဝါသနာအထုံ ပါလာခဲ့၍ တြံေတးမယ္ဒ
လင္ ဦးသန္းႂကြယ္ထံတြင္ ေတးဂီတပညာကို သင္ယူ
သည္။

ဝန္ထမ္းဘဝ နဝမတန္း ေအာင္ျမင္ၿပီးေနာက္ ရန္ကုန္ၿမိဳ႕၊ အစိုး
ရပုံႏွိပ္ႏွင့္ စာေရးကိရိယာဌာနတြင္ ဝင္ေရာက္လုပ္ကိုင္ၿပီး ၁၉၆၁−ခုႏွစ္တြင္ ျမန္မာ့အသံသို႔ အငယ္တန္းစာေရးအျဖစ္ ေျပာင္းေရႊ႕တာဝန္ထမ္းေဆာင္သည္။ ထိုမွ ျမန္မာ့
အသံ ဓာတ္ျပား၊ ပိဋကတ္တိုက္တြင္ လက္ေထာက္ပိဋကတ္တိုက္မွူး အဆင့္ထိ တိုးျမႇင့္တာဝန္ထမ္းေဆာင္ခဲ့သည္။

အႏုပညာရွင္ဘဝတြံေတးသိန္းတန္သည္ သီခ်င္းေရးသား သီဆိုျခင္း
ဝါသနာအရ ဆရာဦးသန္းႂကြယ္၊ တပ္မေတာ္(ေရ)မွ PO
ဦးသန္းျမင့္၊ ဂီတာသိန္းစိုး၊ စႏၵရားေမာင္ေမာင္ေအး၊ ေမာင္ေမာင္ေလးတို႔ထံမွ ဂီတပညာကို ဆည္းပူးခဲ့ၿပီး၁၉၅၆-ခုႏွစ္တြင္ ျမန္မာ့အသံ ေရဒီယိုမွ ေတးသီခ်င္း
တစ္ပုဒ္စ၊ ႏွစ္ပုဒ္စ စတင္ထုတ္လႊင့္ခဲ့ရာ ၁၉၆၀-၆၁ ခုႏွစ္က ကိုယ္တိုင္ေရး ကိုယ္တိုင္သီဆိုခဲ့ေသာ မ်က္ရည္စမ္းျဖင့္ ခမ္းေလၿပီ သီခ်င္းျဖင့္ ဂီတနယ္သို႔ စတင္ဝင္ေရာက္ခဲ့သည္။

ေထြးညိဳ
၁၉၆၂−ႏွစ္တြင္ ကိုယ္တိုင္ေရးစပ္သီကုံးကာ ျမန္မာ့
အသံမွ ထုတ္လႊင့္ေသာ ေထြးညိဳ သီခ်င္းျဖင့္ ျမန္မာနိုင္ငံ
အႏွံ့ ပ်ံ႕ႏွံ့ေက်ာ္ၾကား လူသိမ်ားလာသည္။ သို႔ႏွင့္ ဓာတ္ျပား
ေလာကတြင္ ပန္းႏြယ္ကစိမ္း၊ ႏွမလက္ေလၽွာ့ေနေလေတာ့၊
ျမသီတာ အႀကိဳေတာ္ေထာက္ေပမယ့္၊ အသီးတစ္ရာ အ
ညႇာတစ္ခု၊ ေမတၱာမီးအိမ္၊ ကိုယ္ရယ္ မင္းရယ္ ပန္းပိ
ေတာက္ရယ္၊ ဖိုးလမင္းကို ေအာင္သြယ္ခိုင္းမယ္၊ မွုန္နံ့သာ ျခယ္ကာသပါလို႔ စသည့္သီခ်င္းမ်ားႏွင့္ ေတးသံရွင္ အျဖစ္ ထင္ရွားေက်ာ္ၾကားခဲ့သည္။ သူ၏သီခ်င္းမ်ားသည္ ေက်းလက္၏သဘာဝ အလွအပမ်ားႏွင့္ ေတာသူေတာင္သား
တို႔၏ ခံစားမွုကို ကိုယ္စားျပဳသည္က မ်ားသည္။

႐ုပ္ရွင္ရိုက္ကူးျခင္း ေထြးညိဳသီခ်င္းက တြံေတးသိန္းတန္ကို နိုင္ငံေက်ာ္ ႐ုပ္ရွင္မင္းသားဘဝသို႔ ပို႔ေဆာင္ေပးခဲ့သည္။ ၁၉၆၄-ခုႏွစ္
တြင္ ျမတ္ကဝိန္႐ုပ္ရွင္မွ ဒါရိုက္တာဦးလွေအာင္ ရိုက္ကူး
ေသာ ေထြးညိဳ ဇာတ္ကား၌ မင္းသမီး ခင္သန္းႏု၊ သ႐ုပ္
ေဆာင္ ေဌးဝင္းတို႔ႏွင့္ အတူ ပါဝင္သ႐ုပ္ေဆာင္ခြင့္ ရရွိ
ခဲ့ရာ ေတးသံရွင္ သ႐ုပ္ေဆာင္အျဖစ္ ထင္ရွားေက်ာ္ၾကား
လာသည္။ ထို႔ေနာက္ ႐ုပ္ရွင္ဇာတ္ကားမ်ား ဆက္လက္
ရိုက္ကူးရန္ ျမန္မာ့အသံမွ အလုပ္ထြက္ခဲ့ၿပီး ခ်စ္သူေပး
ေသာ ေတးတပုဒ္ဇာတ္ကားကို ဆက္လက္ရိုက္ကူးသည္။ တြံေတးသိန္းတန္သည္ ႐ုပ္ရွင္ကုမၸဏီေပါင္းမ်ားစြာက ကမ္းလွမ္းရိုက္ကူးေသာ ဇာတ္ကားမ်ားတြင္ အဓိကဇာတ္
ေကာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ရာ ျမတ္ေလး၊ ဝါဝါဝင္း
ေရႊႏွင့္ ခ်စ္သူေပးေသာ ေတးတပုဒ္၊ ခင္သန္းႏုႏွင့္ ေမတၱာ
ဇာတ္လမ္း ဆုံရာဝယ္၊ ရွုမဝစမ္းစမ္းေအးႏွင့္ ပန္းႏြယ္က
စိမ္း၊ ေဇာ္လြင္၊ ဝါဝါဝင္းေရႊတို႔ႏွင့္ အေရႊတို႔ရြာ၊ တင္တင္
ညိဳႏွင့္ အညာသားေလး၊ ေဒစီေက်ာ္ဝင္းႏွင့္ ပန္းကေလး
မ်ား မႏြမ္းေစခ်င္၊ ျမင့္ျမင့္ခိုင္ႏွင့္ မုန္းစရာႀကီး၊ မဥၥဴသင္းႏွင့္ ခ်မ္းေျမ့သီတဂူ၊ စံရွားတင္ႏွင့္ ခ်စ္ရက္ကယ္ေႏွာင္း၊ ခင္သန္းႏုႏွင့္ အသက္ကိုႏွင္း၍၊ ၾကည္ၾကည္ေဌး၊ ေမယုတို႔
ႏွင့္ သတၱိေသြးႏွင့္ ေတးလုလင္၊ ႏွင္းဆီႏွင့္ နန္းၾကာရိပ္
ျမိဳင္၊ အပါအဝင္ ႐ုပ္ရွင္ဇာတ္ကားေပါင္း (၆၇)ကား ရိုက္
ကူးခဲ့သည္။ တြံေတးသိန္းတန္သည္ ဝတၱဳ၊ ဇာတ္ညႊန္း၊ ဒါရိုက္တာအျဖစ္လည္း ရိုက္ကူးထုတ္လုပ္ခဲ့ရာ မင္းသမီး စႏၵာႏွင့္ တြဲဖက္သ႐ုပ္ေဆာင္သည့္ ကိုယ္ရယ္ မင္းရယ္ ပန္းပိေတာက္ရယ္ႏွင့္ ခ်စ္မိေတာ့လည္း အ႐ူးအမူး ဇာတ္
ကားတို႔မွာ ပရိသတ္၏ ႏွစ္ၿခိဳက္အားေပးျခင္း ခံရသည္။

ဓာတ္ျပားသီခ်င္း
ဓာတ္ျပားေတးသီခ်င္းမ်ား အေနႏွင့္ ေထြးညိဳ ထြက္
ရွိၿပီး ေနာက္ပိုင္း အဆက္မျပတ္ သီဆိုထုတ္လႊင့္ခဲ့ရာ
အဆိုေတာ္ တြံေတးသိန္းတန္ကိုယ္တိုင္ အေရအတြက္
မွတ္မိျခင္း မရွိေတာ့ဟု ဆိုသည္။ တိတ္ေခြ (၂၉)ေခြ
ထြက္ရွိခဲ့ၿပီး သီခ်င္းပုဒ္ေရ ၃၂၀−ခန႔္၊ ျပဇာတ္ေတးမ်ား
ပါဝင္လၽွင္ ၃၅၀ခန႔္ ရွိမည္ဟု ခန႔္မွန္းၾကသည္။

ဇာတ္သဘင္
၁၉၇၄ ခုႏွစ္တြင္ တြံေတးသိန္းတန္ ဂီတ႐ုပ္ရွင္ ျပ
ဇာတ္ သဘင္ ဇာတ္သဘင္အဖြဲ႕ကို ဖြဲ႕စည္းကာ ဇာတ္
မင္းသားအျဖစ္ႏွင့္လည္း အနယ္နယ္ အရပ္ရပ္သို႔ လွည့္
လည္ကျပခဲ့ရာ ႐ုံျပည့္႐ုံလၽွံ ပရိသတ္အားေပးျခင္းကို
ခံခဲ့ရသည္။ ျမန္မာ့ယဥ္ေက်းမွု ေတးသီခ်င္းမ်ားကို သီ
ဆိုေလ့ရွိေသာ တြံေတးသိန္းတန္သည္ ဂီတပရိသတ္
အားေပးမွု အမ်ားဆုံးရရွိေသာ ေတးျပဳအဆိုေတာ္အျဖစ္ ျမန္မာ့ဂီတသမိုင္းမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။ ကိုယ္တိုင္ေရး၊ ကိုယ္တိုင္သီဆို အသံလႊင့္ခဲ့ေသာ ေတးသီခ်င္း
မ်ားစြာအနက္ ဖိုးလမင္းကို ေအာင္သြယ္ခိုင္းမယ္၊ ႏွမ
လက္ေလၽွာ့ ေနေလေတာ့၊ ဝဏၰပဘာ၊ အသီးတစ္ရာ
အညႇာတစ္ခု၊ အေမ့ပါးက သနပ္ခါး တို႔မွာ ေခတ္အ
ဆက္ဆက္ မရိုးနိုင္ေသာ ေတးမ်ားအျဖစ္ ဂႏၴဝင္တြင္ က်န္ရစ္သည္။

စာေရးဆရာ
ထို႔ျပင္ တြံေတးသိန္းတန္သည္ ဂီတ႐ုပ္ရွင္သာမက
သီးသန႔္ လုံးခ်င္းဝတၱဳရွည္မ်ားကိုလည္း ေရးသားခဲ့ရာစာအုပ္ (၂၀)ခန႔္ထိ ရွိခဲ့သည္။ မေခၚသာ ေတာ္ရာကျပဳံးပါမယ္၊ အခ်စ္ကစေန ကိုယ္ကစေန စေသာ ဝတၱဳစာအုပ္
မ်ားက ထင္ရွားသည္။

မိသားစုဘဝ
အဆိုေတာ္ တြံေတးသိန္းတန္သည္ ေဒၚစန္းျမင့္ႏွင့္ လက္ထပ္ခဲ့ၿပီး သားသမီး (၄)ဦးထြန္းကားခဲ့သည္။ ထို႔ျပင္ ဘဝအခ်ိဳးအေကြ႕ အေျပာင္းအလဲ၌ ေဒၚသန္းခ်စ္ (ေခၚ) အဆိုေတာ္ခ်စ္စပါယ္ႏွင့္ လကထပ္ခဲ့သည္။ ၎တို႔၌ သမီးတစ္ဦးရွိၿပီး ၎သမီးသည္ ယခုအခါ ဖခင္ႏွင့္ မိခင္ကဲ့သို႔ပင္ ေရႊရည္သိန္းတန္ အမည္ျဖင့္ အဆိုေတာ္တစ္ဦးျဖစ္လာသည္။

ဘဝနိဂုံး
တစ္သက္တာ ကာလပတ္လုံး အႏုပညာႏွင့္
ေနထိုင္ခဲ့ေသာ တြံေတးသိန္းတန္သည္ ၁၉၉၉ခု၊ ဇန္နဝါရီလ (၁၂)ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၌ အသည္းကင္ဆာျဖင့္ ကြယ္လြန္ခဲ့သည္။

ကိုးကား

ျမန္မာ့စြယ္စုံက်မ္းအႏွစ္ခ်ဳပ္(၂၀၁၆)
ကာတြန္းဝင္းေအာင္ – ေအာင္ျမင္ေသာ ျမန္မာအႏုပညာရွင္မ်ား

Biography & History.com.mm
Crd – Photo
အိုင္တီဖိုးခြား
# Unicode Version ျဖင့္ ဖတ္ပါ #
တွံတေးသိန်းတန်သည် မြန်မာနိုင်ငံသား အဆိုတော်၊ ရုပ်ရှင် သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက်တာ တစ်ဦးဖြစ်သည်။ ၎င်းပါဝင်သရုပ်ဆောင်ထားသော ကိုယ်ရ
ယ် မင်းရယ် ပန်းပိတောက်ရယ် ရုပ်ရှင်သည် လူကြိုက်
များ ကျော်ကြားသော ရုပ်ရှင်တစ်ကားဖြစ်သည်။ တွံ
တေးသိန်းတန်ကို မြန်မာသမားတော်ကြီး ဦးဖိုးဦးနှင့်
ဒေါ်ညိုတို့က (၁၉၁၄) ခု၊ စက်တင်ဘာလ (၂၆) ရက်
နေ့တွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ရှမ်းစုကြီး
ကျေးရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်း ခြောက်ယောက်
အနက် ပဉ္စမမြောက် ဖြစ်သည်။


ငယ်ဘဝ
ငယ်စဉ်က ရှမ်းစုကြီးကျေးရွာ မူလတန်းကျောင်း
တွင် တတိယတန်းအထိ ပညာသင်ယူခဲ့ပြီး စတုတ္ထတန်း
မှ သတ္တမတန်းအထိ ရန်ကုန်မြို့တွင် ပညာသင်ယူခဲ့
သည်။ ထိုမှ တွံတေး အခြေခံပညာ အထက်တန်း
ကျောင်းသို့ ပြောင်းရွှေ့သင်ယူခဲ့ရာ ၁၉၅၉−ခုနှစ်တွင်
နဝမတန်း စာမေးပွဲအောင်မြင်သည်။ တွံတေးသိန်းတန်
သည် ငယ်စဉ်ကပင် ကဗျာရေးစပ် သီကုံးခြင်းနှင့် သီချင်း
ဆိုခြင်း၊ ဂီတကို ဝါသနာအထုံ ပါလာခဲ့၍ တွံတေးမယ်ဒ
လင် ဦးသန်းကြွယ်ထံတွင် တေးဂီတပညာကို သင်ယူ
သည်။

ဝန်ထမ်းဘဝ နဝမတန်း အောင်မြင်ပြီးနောက် ရန်ကုန်မြို့၊ အစိုး
ရပုံနှိပ်နှင့် စာရေးကိရိယာဌာနတွင် ဝင်ရောက်လုပ်ကိုင်ပြီး ၁၉၆၁−ခုနှစ်တွင် မြန်မာ့အသံသို့ အငယ်တန်းစာရေးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။ ထိုမှ မြန်မာ့
အသံ ဓာတ်ပြား၊ ပိဋကတ်တိုက်တွင် လက်ထောက်ပိဋကတ်တိုက်မှူး အဆင့်ထိ တိုးမြှင့်တာဝန်ထမ်းဆောင်ခဲ့သည်။

အနုပညာရှင်ဘဝတွံတေးသိန်းတန်သည် သီချင်းရေးသား သီဆိုခြင်း
ဝါသနာအရ ဆရာဦးသန်းကြွယ်၊ တပ်မတော်(ရေ)မှ PO
ဦးသန်းမြင့်၊ ဂီတာသိန်းစိုး၊ စန္ဒရားမောင်မောင်အေး၊ မောင်မောင်လေးတို့ထံမှ ဂီတပညာကို ဆည်းပူးခဲ့ပြီး၁၉၅၆-ခုနှစ်တွင် မြန်မာ့အသံ ရေဒီယိုမှ တေးသီချင်း
တစ်ပုဒ်စ၊ နှစ်ပုဒ်စ စတင်ထုတ်လွှင့်ခဲ့ရာ ၁၉၆၀-၆၁ ခုနှစ်က ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့သော မျက်ရည်စမ်းဖြင့် ခမ်းလေပြီ သီချင်းဖြင့် ဂီတနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။

ထွေးညို
၁၉၆၂−နှစ်တွင် ကိုယ်တိုင်ရေးစပ်သီကုံးကာ မြန်မာ့
အသံမှ ထုတ်လွှင့်သော ထွေးညို သီချင်းဖြင့် မြန်မာနိုင်ငံ
အနှံ့ ပျံ့နှံ့ကျော်ကြား လူသိများလာသည်။ သို့နှင့် ဓာတ်ပြား
လောကတွင် ပန်းနွယ်ကစိမ်း၊ နှမလက်လျှော့နေလေတော့၊
မြသီတာ အကြိုတော်ထောက်ပေမယ့်၊ အသီးတစ်ရာ အ
ညှာတစ်ခု၊ မေတ္တာမီးအိမ်၊ ကိုယ်ရယ် မင်းရယ် ပန်းပိ
တောက်ရယ်၊ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ မှုန်နံ့သာ ခြယ်ကာသပါလို့ စသည့်သီချင်းများနှင့် တေးသံရှင် အဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ သူ၏သီချင်းများသည် ကျေးလက်၏သဘာဝ အလှအပများနှင့် တောသူတောင်သား
တို့၏ ခံစားမှုကို ကိုယ်စားပြုသည်က များသည်။

ရုပ်ရှင်ရိုက်ကူးခြင်း ထွေးညိုသီချင်းက တွံတေးသိန်းတန်ကို နိုင်ငံကျော် ရုပ်ရှင်မင်းသားဘဝသို့ ပို့ဆောင်ပေးခဲ့သည်။ ၁၉၆၄-ခုနှစ်
တွင် မြတ်ကဝိန်ရုပ်ရှင်မှ ဒါရိုက်တာဦးလှအောင် ရိုက်ကူး
သော ထွေးညို ဇာတ်ကား၌ မင်းသမီး ခင်သန်းနု၊ သရုပ်
ဆောင် ဌေးဝင်းတို့နှင့် အတူ ပါဝင်သရုပ်ဆောင်ခွင့် ရရှိ
ခဲ့ရာ တေးသံရှင် သရုပ်ဆောင်အဖြစ် ထင်ရှားကျော်ကြား
လာသည်။ ထို့နောက် ရုပ်ရှင်ဇာတ်ကားများ ဆက်လက်
ရိုက်ကူးရန် မြန်မာ့အသံမှ အလုပ်ထွက်ခဲ့ပြီး ချစ်သူပေး
သော တေးတပုဒ်ဇာတ်ကားကို ဆက်လက်ရိုက်ကူးသည်။ တွံတေးသိန်းတန်သည် ရုပ်ရှင်ကုမ္ပဏီပေါင်းများစွာက ကမ်းလှမ်းရိုက်ကူးသော ဇာတ်ကားများတွင် အဓိကဇာတ်
ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာ မြတ်လေး၊ ဝါဝါဝင်း
ရွှေနှင့် ချစ်သူပေးသော တေးတပုဒ်၊ ခင်သန်းနုနှင့် မေတ္တာ
ဇာတ်လမ်း ဆုံရာဝယ်၊ ရှုမဝစမ်းစမ်းအေးနှင့် ပန်းနွယ်က
စိမ်း၊ ဇော်လွင်၊ ဝါဝါဝင်းရွှေတို့နှင့် အရွှေတို့ရွာ၊ တင်တင်
ညိုနှင့် အညာသားလေး၊ ဒေစီကျော်ဝင်းနှင့် ပန်းကလေး
များ မနွမ်းစေချင်၊ မြင့်မြင့်ခိုင်နှင့် မုန်းစရာကြီး၊ မဉ္စူသင်းနှင့် ချမ်းမြေ့သီတဂူ၊ စံရှားတင်နှင့် ချစ်ရက်ကယ်နှောင်း၊ ခင်သန်းနုနှင့် အသက်ကိုနှင်း၍၊ ကြည်ကြည်ဌေး၊ မေယုတို့
နှင့် သတ္တိသွေးနှင့် တေးလုလင်၊ နှင်းဆီနှင့် နန်းကြာရိပ်
မြိုင်၊ အပါအဝင် ရုပ်ရှင်ဇာတ်ကားပေါင်း (၆၇)ကား ရိုက်
ကူးခဲ့သည်။ တွံတေးသိန်းတန်သည် ဝတ္တု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ်လည်း ရိုက်ကူးထုတ်လုပ်ခဲ့ရာ မင်းသမီး စန္ဒာနှင့် တွဲဖက်သရုပ်ဆောင်သည့် ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်နှင့် ချစ်မိတော့လည်း အရူးအမူး ဇာတ်
ကားတို့မှာ ပရိသတ်၏ နှစ်ခြိုက်အားပေးခြင်း ခံရသည်။

ဓာတ်ပြားသီချင်း
ဓာတ်ပြားတေးသီချင်းများ အနေနှင့် ထွေးညို ထွက်
ရှိပြီး နောက်ပိုင်း အဆက်မပြတ် သီဆိုထုတ်လွှင့်ခဲ့ရာ
အဆိုတော် တွံတေးသိန်းတန်ကိုယ်တိုင် အရေအတွက်
မှတ်မိခြင်း မရှိတော့ဟု ဆိုသည်။ တိတ်ခွေ (၂၉)ခွေ
ထွက်ရှိခဲ့ပြီး သီချင်းပုဒ်ရေ ၃၂၀−ခန့်၊ ပြဇာတ်တေးများ
ပါဝင်လျှင် ၃၅၀ခန့် ရှိမည်ဟု ခန့်မှန်းကြသည်။

ဇာတ်သဘင်
၁၉၇၄ ခုနှစ်တွင် တွံတေးသိန်းတန် ဂီတရုပ်ရှင် ပြ
ဇာတ် သဘင် ဇာတ်သဘင်အဖွဲ့ကို ဖွဲ့စည်းကာ ဇာတ်
မင်းသားအဖြစ်နှင့်လည်း အနယ်နယ် အရပ်ရပ်သို့ လှည့်
လည်ကပြခဲ့ရာ ရုံပြည့်ရုံလျှံ ပရိသတ်အားပေးခြင်းကို
ခံခဲ့ရသည်။ မြန်မာ့ယဉ်ကျေးမှု တေးသီချင်းများကို သီ
ဆိုလေ့ရှိသော တွံတေးသိန်းတန်သည် ဂီတပရိသတ်
အားပေးမှု အများဆုံးရရှိသော တေးပြုအဆိုတော်အဖြစ် မြန်မာ့ဂီတသမိုင်းမှတ်တမ်းများတွင် ဖော်ပြသည်။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆို အသံလွှင့်ခဲ့သော တေးသီချင်း
များစွာအနက် ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ နှမ
လက်လျှော့ နေလေတော့၊ ဝဏ္ဏပဘာ၊ အသီးတစ်ရာ
အညှာတစ်ခု၊ အမေ့ပါးက သနပ်ခါး တို့မှာ ခေတ်အ
ဆက်ဆက် မရိုးနိုင်သော တေးများအဖြစ် ဂန္ထဝင်တွင် ကျန်ရစ်သည်။

စာရေးဆရာ
ထို့ပြင် တွံတေးသိန်းတန်သည် ဂီတရုပ်ရှင်သာမက
သီးသန့် လုံးချင်းဝတ္တုရှည်များကိုလည်း ရေးသားခဲ့ရာစာအုပ် (၂၀)ခန့်ထိ ရှိခဲ့သည်။ မခေါ်သာ တော်ရာကပြုံးပါမယ်၊ အချစ်ကစနေ ကိုယ်ကစနေ စသော ဝတ္တုစာအုပ်
များက ထင်ရှားသည်။

မိသားစုဘဝ
အဆိုတော် တွံတေးသိန်းတန်သည် ဒေါ်စန်းမြင့်နှင့် လက်ထပ်ခဲ့ပြီး သားသမီး (၄)ဦးထွန်းကားခဲ့သည်။ ထို့ပြင် ဘဝအချိုးအကွေ့ အပြောင်းအလဲ၌ ဒေါ်သန်းချစ် (ခေါ်) အဆိုတော်ချစ်စပါယ်နှင့် လကထပ်ခဲ့သည်။ ၎င်းတို့၌ သမီးတစ်ဦးရှိပြီး ၎င်းသမီးသည် ယခုအခါ ဖခင်နှင့် မိခင်ကဲ့သို့ပင် ရွှေရည်သိန်းတန် အမည်ဖြင့် အဆိုတော်တစ်ဦးဖြစ်လာသည်။

ဘဝနိဂုံး
တစ်သက်တာ ကာလပတ်လုံး အနုပညာနှင့်
နေထိုင်ခဲ့သော တွံတေးသိန်းတန်သည် ၁၉၉၉ခု၊ ဇန်နဝါရီလ (၁၂)ရက်နေ့တွင် ရန်ကုန်မြို့၌ အသည်းကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။

ကိုးကား

မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ်(၂၀၁၆)
ကာတွန်းဝင်းအောင် – အောင်မြင်သော မြန်မာအနုပညာရှင်များ

Biography & History.com.mm
Crd – Photo
အိုင်တီဖိုးခွား

No comments:

Post a Comment