Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 20, 2018

ေဆာင့္ေၾကာင့္ထိုင္ အေနအထားနဲ႔ အိမ္သာတက္ျခင္းဟာ အမွန္ကန္ဆံုးနည္းလမ္းျဖစ္

လူသားေတြ မစင္စြန္႔တဲ့ အေၾကာင္းအရာဟာ မေျပာသင့္မေျပာအပ္ တဲ့ အေၾကာင္းအရာ တစ္ခုျဖစ္ေပမယ့္လည္း သိပၸံ ပညာရွင္တစ္ေယာက္က မစင္စြန္႔တဲ့ နည္းလမ္းအေၾကာင္း ေျပာၿပီး ေအာင္ျမင္မႈ ရၿပီးတဲ့ေနာက္ လူတိုင္းအတြက္လည္း ေျပာစရာ တစ္ခုျဖစ္လာခဲ့ပါၿပီ။

ဂ်ာမနီ ႏိုင္ငံက အႏုဇီ၀ ပညာရွင္ တစ္ေယာက္ျဖစ္တဲ့ Giulia Enders ဆိုသူ အခိုင္အမာ ေျပာျပခဲ့တာ ကေတာ့ အေနာက္ႏိုင္ငံေတြမွာ အိမ္သာတက္ ၊ မစင္စြန္႔တဲ့အခါ ငုတ္တုတ္ထိုင္ၿပီး ျပဳလုပ္ျခင္းဟာ မွားယြင္းေနတယ္ဆိုတာပါပဲ။ အေကာင္းဆံုးျဖစ္မယ့္ နည္းလမ္းကေတာ့ အေရွ႕တိုင္း အာရွ ႏိုင္ငံေတြမွာလို ေဆာင့္ေၾကာင့္ထိုင္ ျပဳလုပ္ဖို႔ပဲ ျဖစ္ပါတယ္။

ငုတ္တုတ္ထိုင္ မစင္စြန္႔ျခင္း က ဘာေၾကာင့္မွားယြင္းရသလဲဆိုတာကိုလည္း ဂ်ာမနီႏိုင္ငံ Frankfurt ၿမိဳ႕မွာ အႏုဇီ၀ ဘာသာရပ္နဲ႔ ေဒါက္တာဘြဲ႕ရဖို႔ ႀကိဳးစားေနတဲ့ မစၥ Enders က ရွင္းျပထားပါတယ္။

အေနာက္ႏိုင္ငံေတြမွာလို ငုတ္တုတ္ထိုင္ အိမ္သာတက္ျခင္းဟာ မစင္စြန္႔ျခင္း လုပ္ေဆာင္ခ်က္ေတြကို ပိုမို ၾကာရွည္ေစပါတယ္။ ဒါ့အျပင္ လိပ္ေခါင္းေရာဂါနဲ႔ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါ (Diverticulitis) လို အူမႀကီးအတြင္းမွာ နာက်င္မႈ ကိုခံစားရတဲ့ ေရာဂါ ေတြဟာ အာရွႏိုင္ငံေတြမွာ ထက္ အေနာက္ႏိုင္ငံေတြမွာ ျဖစ္ပြားတာ ပိုမ်ားပါတယ္။ ဒါဟာ အိမ္သာတက္တဲ့ ပံုစံ အေနအထားေၾကာင့္ပါ။

“၁.၂ ဘီလီယံ အေရအတြက္ ရွိတဲ့ ကမာၻတစ္၀ွမ္းက ေဆာင့္ေၾကာင့္ထိုင္ ၿပီး အိမ္သာတက္တဲ့သူေတြဟာ ၀မ္းပ်က္၀မ္းေလွ်ာ ေရာဂါ ျဖစ္ပြားေလ့သိပ္ မရွိ သလို လိပ္ေခါင္းျပသနာ လည္း မရွိၾကပါဘူး” လို႔ Enders က Guardian သတင္းဌာနကို ေျပာျပခဲ့ပါတယ္။

ေဆာင့္ေၾကာင့္ထိုင္ၿပီး အိမ္သာတက္ျခင္းဟာ အူလမ္းေၾကာင္းကို အႏၱရာယ္ ကင္းေစႏိုင္ပါတယ္။ အစာအိမ္ကေန အစာေခ်ဖ်က္ၿပီး က်န္ေနတဲ့ အၾကြင္းအက်န္ေတြကို မစင္စြန္႔ရတဲ့ အူလမ္းေၾကာင္း အ၀ ဟာ ကၽြႏ္ုပ္တို႔ ငုတ္တုတ္ထိုင္ေနခ်ိန္နဲ႔ မတ္တပ္ရပ္ေနခ်ိန္တို႔မွာ မစင္စြန္႔ဖို႔ အတြက္ လိုအပ္သေလာက္ မဟ ေပးႏိုင္ပါဘူး။ ထို အူလမ္းေၾကာင္းကို လံုေလာက္စြာ ဟ ေနေစဖို႔အတြက္ အာရွ ႏိုင္ငံ ေတြမွာလို ေဆာင့္ေၾကာင့္ထိုင္ အိမ္သာတက္တာသာ အေကာင္းဆံုး ျဖစ္ပါတယ္။

အေနာက္ႏိုင္ငံ သံုး အိမ္သာေတြမွာ ေဆာင့္ေၾကာင့္ထိုင္ အသံုးျပဳဖို႔ကလည္း အဲဒီလို အသံုးျပဳဖူးတဲ့ ေက်ာင္းသား ေတြ ဒဏ္ရာကိုယ္စီ ရခဲ့ဖူးတဲ့ သာဓက ေတြရွိေနပါတယ္။ ဒါေၾကာင့္ အာရွ ႏိုင္ငံေတြမွာ သံုးတဲ့ အိမ္သာက သာ အသင့္ေတာ္ဆံုး ျဖစ္ပါလိမ့္မယ္။
 luckymyanmar

#Unicode Version#
လူသားတွေ မစင်စွန့်တဲ့ အကြောင်းအရာဟာ မပြောသင့်မပြောအပ် တဲ့ အကြောင်းအရာ တစ်ခုဖြစ်ပေမယ့်လည်း သိပ္ပံ ပညာရှင်တစ်ယောက်က မစင်စွန့်တဲ့ နည်းလမ်းအကြောင်း ပြောပြီး အောင်မြင်မှု ရပြီးတဲ့နောက် လူတိုင်းအတွက်လည်း ပြောစရာ တစ်ခုဖြစ်လာခဲ့ပါပြီ။

ဂျာမနီ နိုင်ငံက အနုဇီ၀ ပညာရှင် တစ်ယောက်ဖြစ်တဲ့ Giulia Enders ဆိုသူ အခိုင်အမာ ပြောပြခဲ့တာ ကတော့ အနောက်နိုင်ငံတွေမှာ အိမ်သာတက် ၊ မစင်စွန့်တဲ့အခါ ငုတ်တုတ်ထိုင်ပြီး ပြုလုပ်ခြင်းဟာ မှားယွင်းနေတယ်ဆိုတာပါပဲ။ အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကတော့ အရှေ့တိုင်း အာရှ နိုင်ငံတွေမှာလို ဆောင့်ကြောင့်ထိုင် ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။

ငုတ်တုတ်ထိုင် မစင်စွန့်ခြင်း က ဘာကြောင့်မှားယွင်းရသလဲဆိုတာကိုလည်း ဂျာမနီနိုင်ငံ Frankfurt မြို့မှာ အနုဇီ၀ ဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ရဖို့ ကြိုးစားနေတဲ့ မစ္စ Enders က ရှင်းပြထားပါတယ်။

အနောက်နိုင်ငံတွေမှာလို ငုတ်တုတ်ထိုင် အိမ်သာတက်ခြင်းဟာ မစင်စွန့်ခြင်း လုပ်ဆောင်ချက်တွေကို ပိုမို ကြာရှည်စေပါတယ်။ ဒါ့အပြင် လိပ်ခေါင်းရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ (Diverticulitis) လို အူမကြီးအတွင်းမှာ နာကျင်မှု ကိုခံစားရတဲ့ ရောဂါ တွေဟာ အာရှနိုင်ငံတွေမှာ ထက် အနောက်နိုင်ငံတွေမှာ ဖြစ်ပွားတာ ပိုများပါတယ်။ ဒါဟာ အိမ်သာတက်တဲ့ ပုံစံ အနေအထားကြောင့်ပါ။

“၁.၂ ဘီလီယံ အရေအတွက် ရှိတဲ့ ကမ္ဘာတစ်ဝှမ်းက ဆောင့်ကြောင့်ထိုင် ပြီး အိမ်သာတက်တဲ့သူတွေဟာ ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားလေ့သိပ် မရှိ သလို လိပ်ခေါင်းပြသနာ လည်း မရှိကြပါဘူး” လို့ Enders က Guardian သတင်းဌာနကို ပြောပြခဲ့ပါတယ်။

ဆောင့်ကြောင့်ထိုင်ပြီး အိမ်သာတက်ခြင်းဟာ အူလမ်းကြောင်းကို အန္တရာယ် ကင်းစေနိုင်ပါတယ်။ အစာအိမ်ကနေ အစာချေဖျက်ပြီး ကျန်နေတဲ့ အကြွင်းအကျန်တွေကို မစင်စွန့်ရတဲ့ အူလမ်းကြောင်း အ၀ ဟာ ကျွန်ုပ်တို့ ငုတ်တုတ်ထိုင်နေချိန်နဲ့ မတ်တပ်ရပ်နေချိန်တို့မှာ မစင်စွန့်ဖို့ အတွက် လိုအပ်သလောက် မဟ ပေးနိုင်ပါဘူး။ ထို အူလမ်းကြောင်းကို လုံလောက်စွာ ဟ နေစေဖို့အတွက် အာရှ နိုင်ငံ တွေမှာလို ဆောင့်ကြောင့်ထိုင် အိမ်သာတက်တာသာ အကောင်းဆုံး ဖြစ်ပါတယ်။

အနောက်နိုင်ငံ သုံး အိမ်သာတွေမှာ ဆောင့်ကြောင့်ထိုင် အသုံးပြုဖို့ကလည်း အဲဒီလို အသုံးပြုဖူးတဲ့ ကျောင်းသား တွေ ဒဏ်ရာကိုယ်စီ ရခဲ့ဖူးတဲ့ သာဓက တွေရှိနေပါတယ်။ ဒါကြောင့် အာရှ နိုင်ငံတွေမှာ သုံးတဲ့ အိမ်သာက သာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။
 luckymyanmar

No comments:

Post a Comment