Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 6, 2018

ကျွန်တော်လည်း မခိုဘူး ၊ ခင်ဗျားတို့လည်း မကပ်ပါနဲ့ ၊ တာဝန်မဲ့ရင် တာဝန်က ရပ်စဲရပါလိမ့်မယ် ၊ ကျနော် ကြိုပြောထားပြီနော်


" မြို့နယ် (EO)တွေကို မှာချင်တာ .....
မြို့နယ်တွေက လူထုနဲ့အဓိက ထိတွေ့ရတာပါ ၊လူထုကို လေးလေးစားစားဆက်ဆံကြဖို့မှာချင်ပါတယ် ၊
လူထုကိုသတင်းအချက်အလက်တွေပေးပါ (ဥပမာ) လမ်းခင်းတယ်ဆိုပါစို့ ၊
ဘယ်နေ့ခင်းတယ် ၊ဘယ်နေ့ပြီးမလဲ ၊
ဘယ်လောက်ကြာမလဲ ဆိုတဲ့
information ပေးရပါမယ် ၊
ဆိုင်းဘုတ်ဖြစ်ဖြစ်
ထောင်ထားပြီး ကြော်ငြာပေးရမယ်
ငါလုပ်ချင်သလို လုပ်မယ် ၊ ပြီးချင်တဲ့ အချိန်ပြီးမယ် မရပါဘူး ၊ ဘတ်ဂျတ်မှာပါတဲ့လုပ်ငန်းတွေဆိုရင်လည်း ဘယ်တော့ ဘယ်နေရာ ဘာလုပ်ပါမယ် တစ်ခါတည်း လူထုကို ကြော်ငြာ အသိပေးထားလို့ရပါတယ် ၊
ပြောမှလုပ် မေးမှဖြေ တွန်းမှမြန်မြန်လုပ်တာမျိုးက မကောင်းပါဘူး ၊
တာဝန်ဆိုတာ အသိစိတ်ပါ ၊
YCDC ဟာ လမ်းလေးခင်းပြယုံ အမှိုက်လေး သိမ်းပေးရုံမဟုတ်ပါဘူး ၊
လူထုကို ဝန်ဆောင်မှုပေးတဲ့
အဖွဲ့အစည်းပါ ၊
Mindsets တွေ ပြင်ကြပါ ၊
ကိုယ်က ဦးဆောင်ရှေ့ကနေ လုပ်ပြမှ လူထုက ပါလာမှာပါ
ပြီးတော့ ကျနော် သည်းမခံနိုင်တာ
တစ်ခုရှိပါတယ် မပြောသင့် မပြောအပ်တဲ့
ပြောပိုင်ခွင့်မရှိတဲ့ စကားကို လက်လွတ်စပယ် မပြောပါနဲ့ ၊
တာဝန်မဲ့စကားမပြောပါနဲ့ ၊
တာဝန်မဲ့ရင် တာဝန်က ရပ်စဲရပါလိမ့်မယ် ကျနော် ကြိုပြောထားပြီနော် ၊
လူထုကို ဆင်ခြေမပေးပါနဲ့ ၊
အလုပ်နဲ့ သက်သေပြပါ ၊
ဆင်ခြေပေးချင်ရင် ကျွန်တော်တို့ကို လာပေးပါ ၊
ခင်ဗျားတို့လည်း Government staff ကျနော်လည်း Government Staff ပါ ၊
ပြည်သူ့အစေခံပါ
ပြည်သူနဲ့တွေ့တဲ့အခါ
သခင်လို မနေကြပါနဲ့ ဒါအရေးကြီးတဲ့ အချက်ပါ ၊

ကျွန်တော် (၂)နှစ်ကျော် ကာလအတွင်း
အားလုံးကို စည်းရုံးပြီး အလုပ်လုပ်ခဲ့ပါတယ်
ဒီနှစ်ကစပြီး လုပ်ရည်ကိုင်ရည်နဲ့အရည်အချင်းကို ကြည့်ပါမယ် ဝန်ထမ်းအနေနဲ့ ရသင့်ရထိုက်တဲ့
အခွင့်အရေးပေးပါမယ် အလုပ်ကို ကြိုးစားကြပါ
အများအတွက် လူထုအတွက် လုပ်ပါ ဒီအစည်း
အဝေးခေါ်တာ အခုကစပြီး သွေးသစ်အားသစ်လောင်း လုပ်ကြဖို့ ခေါ်ပြောတာပါ

ကျွန်တော် လည်း မခိုဘူး ခင်ဗျားတို့လည်း မကပ်ပါနဲ့ "

ဦးမောင်မောင်စိုး
(ရန်ကုန်မြို့တော်ဝန်)

(ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
မြို့တော်ခန်းမ ၊ ခန်းမ(၄)တွင် ရန်ကုန်စည်ပင်သာယာရေးကော်မတီအောက်မှ '၃၃' မြို့နယ် တိုင်းစည်ပင် ညွှန်ကြားရေးမှူး '၁၁' မြို့နယ် ၊ အားလုံးပေါင်း ၄၄ မြို့နယ် ၏ ကော်မတီဝင်များ ၊ တိုင်းစည်ပင်သာယာညွှန်ကြားရေးမှူး၊ ဌာနမှူးများ ၊ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ အစည်းအဝေး)
၀၅/၀၆/၂၀၁၈ ၊ နေ့လည် - ၁:၀၀

ဦးမောင်မောင်စိုး

No comments:

Post a Comment