Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 6, 2018

အန္တီ ေဆြဇင္ထုိက္ ဘာ့ေၾကာင့္ စကားေျပာေကာင္းၿပီး အရမ္းေတာ္ေနရသလဲသိခ်င္သူမ်ားအတြက္ အန္တီရဲ႕အေၾကာင္း

 ေဒၚေဆြဇင္ထိုက္သည္ ျမန္မာ႐ုပ္ရွင္ အကယ္ဒမီသ႐ုပ္ေဆာင္တစ္ဦးျဖစ္သည္။

ေဒၚေဆြဇင္ထုိက္ကို ရန္ကုန္မွာ ၁၉၅၃ ခုႏွစ္၊ ဇြန္လ ၁၃ ေန႔ရက္က ေမြးဖြားခဲ့ပါတယ္။ စမ္းေခ်ာင္း အထက (၂) ကေန ၁၀ တန္း ေအာင္ခဲ့ၿပီး၊ ၁၉၇၇ ခုႏွစ္မွာ ရန္ကုန္ စီးပြားေရး တကၠသိုလ္ကေန B.Com. (I.T.) ဘြဲ႕ ရရွိခဲ့ပါတယ္။ ၁၉၈၄ ခုႏွစ္မွာ Burma Council of Account ကေန စာရင္းကို ဒီပလိုမာ ရခဲ့ပါတယ္။

ေဒၚေဆြဇင္ထုိက္ဟာ ျမန္မာ၊ အဂၤလိပ္နဲ႔ ျပင္သစ္ ဘာသာစကားေတြ တတ္ကြၽမ္းသူ တဦး ျဖစ္ကာ၊ ၁၉၈၉ မွာ Alliance Francaise ကေန ျပင္သစ္ဘာသာ ဒီပလိုမာ (Diplome de Langue Francaise) ရခဲ့ပါတယ္။ ၂၀၀၂ ခုႏွစ္မွာ အေမရိကန္ ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်ယ္လိစ္မွာ ရွိတဲ့ University of Southern California က ပို႔ခ်တဲ့ မီဒီယာ ေခါင္းေဆာင္သင္တန္းကို (Media Leadership Training Program, specialization in Social Content Media Production Course) တက္ေရာက္ ေလ့လာခဲ့သူလည္း ျဖစ္ပါတယ္။

(ေဒၚ) ေဆြဇင္ထုိက္ ဆုိတဲ့ အမည္နဲ႔ နာမည္ေက်ာ္ အကယ္ဒမီ ႐ုပ္ရွင္ သ႐ုပ္ေဆာင္တဦး ျဖစ္လာမဲ့ Grace ဟာ ၇ တန္း ေျဖၿပီးတဲ့ ေႏြရာသီ ေက်ာင္းပိတ္ရက္မွာ ႐ႈမဝ ဦးေက်ာ္ရဲ႕နာမည္ေက်ာ္ ‘႐ႈမဝ သ႐ုပ္ေဆာင္ သင္တန္း’ ကို တက္ေရာက္ သင္ၾကားခဲ့ပါတယ္။ ႐ႈမဝ ဦးေက်ာ္ဟာ Grace ရဲ႕ မိဘေတြနဲ႔ ရင္းႏွီးသူ ျဖစ္တာေၾကာင့္ ရည္႐ြယ္ခ်က္ မရွိဘဲ ႐ႈမဝ သ႐ုပ္ေဆာင္ သင္တန္းကို တက္ေရာက္ ေလ့လာ သင္ၾကားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမဲ့လည္း ၈ တန္း၊ ၉ တန္း ေက်ာင္းသူ ဘဝေတြမွာလည္း သ႐ုပ္ေဆာင္ သင္တန္းကို ဆက္လက္ တက္ေရာက္ သင္ယူရာက သင္ၾကားတဲ့ ပံုစံ၊ ေလ့က်င့္ေပးတဲ့ ပံုစံေတြကို စိတ္ဝင္တစား ကေန၊ ‘႐ုပ္ရွင္ သ႐ုပ္ေဆာင္ အတတ္ပညာသည္ ေလ့က်င့္ သင္ၾကားပါက တတ္ေျမာက္လာမည္’ လို႔ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္စိတ္ ဝင္လာကာ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ လုပ္ငန္းကို စိတ္ဝင္စားလာခဲ့တာ ျဖစ္ပါတယ္။

၁၉၇၁ ခုႏွစ္မွာ (ေဒၚ) ေဆြဇင္ထုိက္ဟာ ႐ႈမ၀ဦးေက်ာ္႐ိုက္မည့္

ေစလိုရာေစ ႐ုပ္ရွင္ ဇာတ္ကား ကားအတြက္ သ႐ုပ္ေဆာင္သစ္ ေလွ်ာက္လႊာေခၚရာမွစ၍ အႏုပညာေလာကထဲသို႕ ၀င္ေရာက္လာျခင္း ျဖစ္သည္။ ထိုဇာတ္ကားတြင္ ေဇာ္၀မ္း၊ လင္းထင္တို႔ႏွင့္အတူ တြဲဖက္သ႐ုပ္ေဆာင္ရသည္။ ေဒၚေဆြဇင္ထုိက္ဟာ ဒီဇာတ္ကားရဲ႕ ဇာတ္ၫႊန္းကို ၂ ႏွစ္ေလာက္ အခ်ိန္ယူ က်က္မွတ္ ေလ့က်င္ခဲ့ၿပီး၊ ႐ုပ္ရွင္ ဇာတ္ကူး မ႐ိုက္ကူးခင္ ၁၀ တန္း စာေမြးပြဲကို ေအာင္ေအာင္ ေျဖၿပီးမွ ပထမႏွစ္ တကၠသိုလ္ ေက်ာင္းသူဘဝမွာ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။

မင္းသား (ဦး) ၫြန္႔ဝင္း၊ မင္းသမီးေတြ အျဖစ္ (ေဒၚ) ဝါဝါဝင္းေ႐ႊ၊ (ေဒၚ) ေမဝင္းေမာင္တို႔နဲ႔ တြဲဖက္ သ႐ုပ္ေဆာင္ ႐ိုက္ကူးခဲ့တဲ့ ‘မိန္းကေလးရွင္ရဲ႕ဆႏၵ’ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ၁၉၇၇ ခုႏွစ္ အတြက္ ‘အကယ္ဒမီဆု (အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ပို႔)’ ကို (ေဒၚ) ေဆြဇင္ထုိက္ ဆြတ္ခူး ရရွိခဲ့ပါတယ္။ (ေဒၚ) ဝါဝါဝင္းေ႐ႊလည္း ဒီကားမွာပဲ ‘အကယ္ဒမီဆု (အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္)’ ကို ရရွိခဲ့တယ္။

(ေဒၚ) ေဆြဇင္ထိုက္ဟာ ေအာင္ျမင္ေနခ်ိန္မွာ ႐ုပ္ရွင္ သရုပ္ေဆာင္ တဦးျဖစ္တဲ့ စိန္ျမင့္နဲ့ ခိုးရာ လိုက္ေျပးခဲ့တဲ့ အတြက္ ဟိုးေလးတေက်ာ္ ျဖစ္ခဲ့ပါတယ္။ အဲဒီ ကာလတုန္းက ထုတ္ေဝခဲ့တဲ့ သတင္းစာမ်ားရဲ႕ မ်က္နွာဖံုးမွာ “ကိုကို႔ကို က်မက ခုိးတာပါ” ဆိုတဲ့ ေခါင္းစဥ္ေတြက ပလူပ်ံခဲ့ပါတယ္။





အဲဒီ ကိစၥက ဦးစိန္ျမင့္နဲ႔ လိုက္ေျပးေတာ့ ေမေမက သေဘာမတူဘူး။ က်မ အသက္ကလည္း ၁၈ ႏွစ္ မျပည့္ေသးဘူး။ ဒီေတာ့ အ႐ြယ္မေရာက္ေသးသူကို ျဖားေယာင္း ေသြးေဆာင္မႈနဲ႔ ဦးစိန္ျမင့္ကို ဖမ္းႏုိင္တယ္လို႔ သူ႔ဘက္က ေဆြမ်ိဳးေတြနဲ႔ ေရွ႕ေနေတြက ေျပာၾကတယ္။ ဒါေၾကာင့္ သတင္းစာ ရွင္းလင္းပြဲ တခု လုပ္ၿပီး အဲဒီစကားကို က်မ ေျပာခဲ့ရတာပါ။ အဓိက ကေတာ့ ဦးစိန္ျမင့္ကို အေရးမယူႏုိင္ေအာင္ေပါ့” လို႔ ေဒၚေဆြဇင္ထုိက္က ရွင္းျပပါတယ္။

သူတို႔ ႏွစ္ေယာက္ ကံတူ အက်ိဳးေပးလို႔ ဆိုရပါလိမ့္မယ္။ ၁၉၇၇ ခုႏွစ္မွာ ႐ုံတင္ ျပသခဲ့တဲ့ အေဖတခု သားတခု ဇာတ္ကားမွာ စိန္ျမင့္၊ ေဇာ္လင္း၊ ေဆြဇင္ထုိက္တို႔ သ႐ုပ္ေဆာင္ခဲ့ၾကၿပီး မိန္းကေလးရွင္ရဲ႕ ဆႏၵ ဇာတ္ကားမွာ ၫြန္႔ဝင္း၊ ဝါဝါဝင္းေ႐ႊ၊ ေဆြဇင္ထုိက္၊ ေမဝင္းေမာင္၊ တင္နီလာဝင္းတုိ႔ ပါဝင္ သ႐ုပ္ေဆာင္ခဲ့ၾကပါတယ္။ ႐ုပ္ရွင္ ထူးခြၽန္ဆုေပးပြဲမွာ စိန္ျမင့္က အေဖတခု သားတခု ဇာတ္ကား အတြက္ အေကာင္းဆံုး အမ်ိဳးသား ဇာတ္ေဆာင္ဆု၊ ေဆြဇင္ထုိက္က မိန္းကေလးရွင္ရဲ႕ဆႏၵ ဇာတ္ကား အတြက္ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ပို႔ဆု ဆြတ္ခူးခဲ့ပါတယ္။ ဒါေပမဲ့ ထူးခြၽန္ဆုေပးပြဲ မတုိင္ခင္ သူတို႔ အိမ္ေထာင္ေရး ၿပိဳပ်က္ခဲ့ၿပီး ျဖစ္ပါတယ္။

လူသိရွင္ၾကား မဟုတ္ေသးတာေၾကာင့္ လူျကီးမ်ားက သူတို႔ ဇနီး ေမာင္ႏွံကို အထူးဆုရမယ့္ ကေလး သ႐ုပ္ေဆာင္ ေအာင္ထြန္းေလးနဲ႔ အတူ ကားတစီးတည္းနဲ႔ လာရမယ္လို႔ ဆိုတာေၾကာင့္ အႏုပညာသမားမ်ားပီပီ ကိုယ္ေရးကိုယ္တာကို ေမ့ထားကာ ကားတစီးတည္း သြားခဲ့ၾကတဲ့ အျပင္ စင္ေပၚမွာလည္း ဇနီးေမာင္ႏွံတုိ႔ ဆံုခဲ့ၾကပါတယ္။

(ေဒၚ) ေဆြဇင္ထုိက္နဲ႔ တန္းတူ မင္းသမီး အခ်ိဳ႕က အုိမင္းလာတဲ့ အ႐ြယ္တုိင္ေအာင္ က်ရာအခန္းကေန သ႐ုပ္ေဆာင္လ်က္ ရွိေနၾကေပမဲ့၊ (ေဒၚ) ေဆြဇင္ထုိက္ ကေတာ့ေအာင္ျမင္ ေက်ာ္ၾကားဆဲ အ႐ြယ္ေကာင္းတုန္း အခ်ိန္ ၁၉၉၁ ခုႏွစ္မွာပဲ ႐ုပ္ရွင္ေလာက ကေန အနားယူခဲ့ပါတယ္။ ဒီလို ေစာေစာစီးစီး အနားယူ ခဲ့ရတာနဲ႔ ပတ္သက္လို႔ ေဒၚေဆြဇင္ထုိက္က အခုလို ေျပာျပခဲ့ဖူးပါတယ္။

“႐ုပ္ရွင္မွာက ‘ရပါတယ္’ ဆိုတာေတြပဲ ျဖစ္ေနေတာ့၊ Production ျဖစ္တာနဲ႔ မ႐ုိက္ခ်င္ေတာ့တာပါ။ ဒါ႐ိုက္တာကလည္း ရပါတယ္။ မင္းသား မင္းသမီးကလည္း ရပါတယ္။ ကင္မရာမင္းေတြကလည္း ရပါတယ္ဆိုၿပီး ျမန္မာျပည္မွာ ျပတာပဲ ဆိုၿပီး။ အရည္အေသြးေတြ ေကာင္းေအာင္ လုပ္ဖို႔ ဆိုတာ Limitation ရွိေသးတယ္ေလ။ ႐ုပ္ရွင္ ေဈးကြက္ႀကီးက ျပည္တြင္း ေဈးကြက္ တခုပဲ ရွိတယ္။ Asia Commuication မွာ Marketing က မရွိဘူးေလ။”

ေဒၚေဆြဇင္ထုိက္ဟာ ၁၉၇၁ ခုကေန ၁၉၉၁ ခုႏွစ္ အတြင္းမွာ ႐ုပ္ရွင္ ဇာတ္ကားေပါင္း ၂၀၀ ေက်ာ္မွာ ပါဝင္ သ႐ုပ္ေဆာင္ခဲ့ၿပီး၊ ဇာတ္လမ္းေပါင္း ၅၀ ေက်ာ္ကို ထုတ္လုပ္သူ ဒါမဟုတ္ ဒါ႐ိုက္တာ အျဖစ္ ႐ိုက္ကူး တက္ဆက္ခဲ့သူ ျဖစ္ပါတယ္။

၁၉၉၅ နဲ႔ ၁၉၉၇ ႏွစ္ေတြမွာ၊ ေဟာင္ေကာင္ တကၠသိုလ္မွာ က်င္းပတဲ့ အသိဉာဏ္ပညာ ဆုိင္ရာ တီထြင္မႈမ်ားနဲ႔ ပတ္သက္တဲ့ မူပိုင္ခြင့္ အခြင့္အေရးမ်ား (Intellectual Property Rights Seminar) စီမီနာကို ျမန္မာ ႐ုပ္ရွင္ထုတ္သူေတြ ကိုယ္စား တက္ေရာက္ဖုိ႔ ေ႐ြးခ်ယ္ျခင္း ခံခဲ့ရပါတယ္။

၂၀၀၀ ျပည့္ႏွစ္မွာ ေတာင္အာဖရိကႏိုင္ငံ Natal University မွာ က်င္းပခဲ့တဲ့ (၁၃) ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ ေအအုိင္ဒီအက္စ္ ညီလာခံကို ေလ့လာသူ အျဖစ္ တက္ေရာက္ခဲ့ပါတယ္။

၂၀၀၃ ခုႏွစ္မွာ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕မွာ ဆိုဘုန္း တကၠသိုလ္ (Sorbonne University) နဲ႔ သုေတသန ဝန္ႀကီးဌာန (Ministry of Research) တုိ႔က ပူးတြဲ က်င္းပတဲ့ အေရွ႕ေတာင္ အာရွ ေဒသအတြင္း ေ႐ႊ႕ေျပာင္း အလုပ္သမားမ်ား အတြက္ က်န္းမာေရးဆုိင္ရာ သတင္းအခ်က္အလက္မ်ား ‘Health Information for Migrants in South East Asia’ ေဆြးေႏြးပြဲကို တက္ေရာက္ၿပီး စာတမ္း တင္သြင္းခဲ့သလို၊ ႐ုပ္ရွင္ ထုတ္လုပ္သူေတြရဲ႕ ကိုယ္စား ကြာလာလမ္ပူ ကမာၻ႕ ႐ုပ္ရွင္ပြဲေတာ္ (KL World Film Festival) ကို တက္ေရာက္ဖို႔ ေစလႊတ္တာလည္း ခံခဲ့ရပါတယ္။

၂၀၀၆ ခုႏွစ္မွာ အိႏၵိယႏိုင္ငံ ဘံုေဘၿမိဳ႕မွာ က်င္းပတဲ့ (၅) ႀကိမ္ေျမာက္ အာရွ႐ုပ္ရွင္ ပြဲေတာ္ (Fifth Asian Eye Film Festival) ကို တက္ေရာက္ၿပီး ‘ျမန္မာ့ ႐ုပ္ရွင္ – ယခင္က အေျခအေန၊ လက္ရွိ အေနအထားနဲ႔ အနာဂတ္’ လို႔ အဓိပၸါယ္ရတဲ့ ‘Myanmar movies: Past, Present & Future’ စာတမ္းကို ဖတ္ၾကားခဲ့သလို႔၊ ျမန္မာႏိုင္ငံရဲ႕ အေၾကာင္း မီးေမာင္း ထိုးျပႏိုင္တဲ့ ဇာတ္ကား ရွစ္ကားကိုလည္း အဂၤလိပ္ စာတန္းထိုးကာ ျပသႏိုင္ခဲ့ပါတယ္။

၁၉၇၈ ကေန ၁၉၈၁ ခုႏွစ္ အထိ Commerce Graduate Association (Myanmar) ရဲ႕ အလုပ္အမႈေဆာင္ အဖြဲ႕ဝင္၊ ၁၉၈၉ ကေန ၁၉၉၁ အထိ ႐ုပ္ရွင္ အစည္းအ႐ံုး အလုပ္အမႈေဆာင္ အဖြဲ႕ဝင္၊ ၁၉၉၀ ကေန ၁၉၉၂ အထိ ရန္ကုန္ ယူနီဆက္ (UNICEF)၊ IDD project သတင္း ျပန္ၾကားေရး အရာရွိရဲ႕ အတိုင္ပင္ခံ၊ ၁၉၉၃ ကေန ၂၀၀၃ အထိ မိခင္ႏွင့္ ကေလး ေစာင့္ေရွာက္ေရး အသင္း (Myanmar Maternal & Child Welfare Association) ရဲ႕ အလုပ္အမႈေဆာင္ အဖြဲ႕ဝင္၊

၁၉၉၉ ကေန ၂၀၀၆ ေအာက္တုိဘာ အထိ Population Services International Myanmar (PSI – Myanmar) ရဲ႕ ဆက္သြယ္ေရး အရာရွိ (အသံလႊင့္ ဌာနမ်ား၊ Broadcast Media)၊ ၂၀၀၅ ေဖေဖာ္ဝါရီ ကေန ၂၀၀၇ ေဖေဖာ္ဝါရီ အထိ ျမန္မာ ခရစ္ကက္ ဖက္ဒေရးရွင္း အေထြေထြ အတြင္းေရးမွဴး၊ ၂၀၀၅ ဇြန္ ကေန ၂၀၀၇ ဇူလိုင္ အထိ ႐ုပ္ရွင္ အစည္းအ႐ံုး တြဲဖက္ အတြင္းေရးမွဴး (၃) စတဲ့ တာဝန္ေတြကို ထမ္းေဆာင္ခဲ့သလို၊ ၂၀၀၇ ကေန စၿပီး ျမန္မာ ေဟာ္ကီ ဖက္ဒေရးရွင္းရဲ႕ အတြင္းေရးမွဴး (အမ်ိဳးသမီးေရးရာ) အျဖစ္ တာဝန္ ထမ္းေဆာင္လ်က္

၄င္း၏ အေတြ႔အႀကံဳ ႏွင့္ အျမင္မ်ားကို ဘေလာ့ဂ္ေရးသားျခင္းျဖင့္ မွ်ေ၀ေနေလသည္။

ပုံအခ်ဳိ့ကုိ ကြၽန္ေတာ္ ဘဝခါးခါးမွ ႐ွာေဖြေဖာ္ျပေပးထားပါသည္။
 Sierra Mike Tango

#Unicode Version#
ဒေါ်ဆွေဇင်ထိုက်သည် မြန်မာရုပ်ရှင် အကယ်ဒမီသရုပ်ဆောင်တစ်ဦးဖြစ်သည်။

ဒေါ်ဆွေဇင်ထိုက်ကို ရန်ကုန်မှာ ၁၉၅၃ ခုနှစ်၊ ဇွန်လ ၁၃ နေ့ရက်က မွေးဖွားခဲ့ပါတယ်။ စမ်းချောင်း အထက (၂) ကနေ ၁၀ တန်း အောင်ခဲ့ပြီး၊ ၁၉၇၇ ခုနှစ်မှာ ရန်ကုန် စီးပွားရေး တက္ကသိုလ်ကနေ B.Com. (I.T.) ဘွဲ့ ရရှိခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာ Burma Council of Account ကနေ စာရင်းကို ဒီပလိုမာ ရခဲ့ပါတယ်။

ဒေါ်ဆွေဇင်ထိုက်ဟာ မြန်မာ၊ အင်္ဂလိပ်နဲ့ ပြင်သစ် ဘာသာစကားတွေ တတ်ကျွမ်းသူ တဦး ဖြစ်ကာ၊ ၁၉၈၉ မှာ Alliance Francaise ကနေ ပြင်သစ်ဘာသာ ဒီပလိုမာ (Diplome de Langue Francaise) ရခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မှာ ရှိတဲ့ University of Southern California က ပို့ချတဲ့ မီဒီယာ ခေါင်းဆောင်သင်တန်းကို (Media Leadership Training Program, specialization in Social Content Media Production Course) တက်ရောက် လေ့လာခဲ့သူလည်း ဖြစ်ပါတယ်။

(ဒေါ်) ဆွေဇင်ထိုက် ဆိုတဲ့ အမည်နဲ့ နာမည်ကျော် အကယ်ဒမီ ရုပ်ရှင် သရုပ်ဆောင်တဦး ဖြစ်လာမဲ့ Grace ဟာ ၇ တန်း ဖြေပြီးတဲ့ နွေရာသီ ကျောင်းပိတ်ရက်မှာ ရှုမဝ ဦးကျော်ရဲ့နာမည်ကျော် ‘ရှုမဝ သရုပ်ဆောင် သင်တန်း’ ကို တက်ရောက် သင်ကြားခဲ့ပါတယ်။ ရှုမဝ ဦးကျော်ဟာ Grace ရဲ့ မိဘတွေနဲ့ ရင်းနှီးသူ ဖြစ်တာကြောင့် ရည်ရွယ်ချက် မရှိဘဲ ရှုမဝ သရုပ်ဆောင် သင်တန်းကို တက်ရောက် လေ့လာ သင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ၈ တန်း၊ ၉ တန်း ကျောင်းသူ ဘဝတွေမှာလည်း သရုပ်ဆောင် သင်တန်းကို ဆက်လက် တက်ရောက် သင်ယူရာက သင်ကြားတဲ့ ပုံစံ၊ လေ့ကျင့်ပေးတဲ့ ပုံစံတွေကို စိတ်ဝင်တစား ကနေ၊ ‘ရုပ်ရှင် သရုပ်ဆောင် အတတ်ပညာသည် လေ့ကျင့် သင်ကြားပါက တတ်မြောက်လာမည်’ လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ဝင်လာကာ ရုပ်ရှင် သရုပ်ဆောင် လုပ်ငန်းကို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

၁၉၇၁ ခုနှစ်မှာ (ဒေါ်) ဆွေဇင်ထိုက်ဟာ ရှုမဝဦးကျော်ရိုက်မည့်

စေလိုရာစေ ရုပ်ရှင် ဇာတ်ကား ကားအတွက် သရုပ်ဆောင်သစ် လျှောက်လွှာခေါ်ရာမှစ၍ အနုပညာလောကထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ ထိုဇာတ်ကားတွင် ဇော်ဝမ်း၊ လင်းထင်တို့နှင့်အတူ တွဲဖက်သရုပ်ဆောင်ရသည်။ ဒေါ်ဆွေဇင်ထိုက်ဟာ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကို ၂ နှစ်လောက် အချိန်ယူ ကျက်မှတ် လေ့ကျင်ခဲ့ပြီး၊ ရုပ်ရှင် ဇာတ်ကူး မရိုက်ကူးခင် ၁၀ တန်း စာမွေးပွဲကို အောင်အောင် ဖြေပြီးမှ ပထမနှစ် တက္ကသိုလ် ကျောင်းသူဘဝမှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

မင်းသား (ဦး) ညွန့်ဝင်း၊ မင်းသမီးတွေ အဖြစ် (ဒေါ်) ဝါဝါဝင်းရွှေ၊ (ဒေါ်) မေဝင်းမောင်တို့နဲ့ တွဲဖက် သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ‘မိန်းကလေးရှင်ရဲ့ဆန္ဒ’ ရုပ်ရှင်ဇာတ်ကားနဲ့ ၁၉၇၇ ခုနှစ် အတွက် ‘အကယ်ဒမီဆု (အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့)’ ကို (ဒေါ်) ဆွေဇင်ထိုက် ဆွတ်ခူး ရရှိခဲ့ပါတယ်။ (ဒေါ်) ဝါဝါဝင်းရွှေလည်း ဒီကားမှာပဲ ‘အကယ်ဒမီဆု (အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်)’ ကို ရရှိခဲ့တယ်။

(ဒေါ်) ဆွေဇင်ထိုက်ဟာ အောင်မြင်နေချိန်မှာ ရုပ်ရှင် သရုပ်ဆောင် တဦးဖြစ်တဲ့ စိန်မြင့်နဲ့ ခိုးရာ လိုက်ပြေးခဲ့တဲ့ အတွက် ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ အဲဒီ ကာလတုန်းက ထုတ်ဝေခဲ့တဲ့ သတင်းစာများရဲ့ မျက်နှာဖုံးမှာ “ကိုကို့ကို ကျမက ခိုးတာပါ” ဆိုတဲ့ ခေါင်းစဉ်တွေက ပလူပျံခဲ့ပါတယ်။

အဲဒီ ကိစ္စက ဦးစိန်မြင့်နဲ့ လိုက်ပြေးတော့ မေမေက သဘောမတူဘူး။ ကျမ အသက်ကလည်း ၁၈ နှစ် မပြည့်သေးဘူး။ ဒီတော့ အရွယ်မရောက်သေးသူကို ဖြားယောင်း သွေးဆောင်မှုနဲ့ ဦးစိန်မြင့်ကို ဖမ်းနိုင်တယ်လို့ သူ့ဘက်က ဆွေမျိုးတွေနဲ့ ရှေ့နေတွေက ပြောကြတယ်။ ဒါကြောင့် သတင်းစာ ရှင်းလင်းပွဲ တခု လုပ်ပြီး အဲဒီစကားကို ကျမ ပြောခဲ့ရတာပါ။ အဓိက ကတော့ ဦးစိန်မြင့်ကို အရေးမယူနိုင်အောင်ပေါ့” လို့ ဒေါ်ဆွေဇင်ထိုက်က ရှင်းပြပါတယ်။

သူတို့ နှစ်ယောက် ကံတူ အကျိုးပေးလို့ ဆိုရပါလိမ့်မယ်။ ၁၉၇၇ ခုနှစ်မှာ ရုံတင် ပြသခဲ့တဲ့ အဖေတခု သားတခု ဇာတ်ကားမှာ စိန်မြင့်၊ ဇော်လင်း၊ ဆွေဇင်ထိုက်တို့ သရုပ်ဆောင်ခဲ့ကြပြီး မိန်းကလေးရှင်ရဲ့ ဆန္ဒ ဇာတ်ကားမှာ ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ ဆွေဇင်ထိုက်၊ မေဝင်းမောင်၊ တင်နီလာဝင်းတို့ ပါဝင် သရုပ်ဆောင်ခဲ့ကြပါတယ်။ ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ စိန်မြင့်က အဖေတခု သားတခု ဇာတ်ကား အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ ဆွေဇင်ထိုက်က မိန်းကလေးရှင်ရဲ့ဆန္ဒ ဇာတ်ကား အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ဆွတ်ခူးခဲ့ပါတယ်။ ဒါပေမဲ့ ထူးချွန်ဆုပေးပွဲ မတိုင်ခင် သူတို့ အိမ်ထောင်ရေး ပြိုပျက်ခဲ့ပြီး ဖြစ်ပါတယ်။

လူသိရှင်ကြား မဟုတ်သေးတာကြောင့် လူကြီးများက သူတို့ ဇနီး မောင်နှံကို အထူးဆုရမယ့် ကလေး သရုပ်ဆောင် အောင်ထွန်းလေးနဲ့ အတူ ကားတစီးတည်းနဲ့ လာရမယ်လို့ ဆိုတာကြောင့် အနုပညာသမားများပီပီ ကိုယ်ရေးကိုယ်တာကို မေ့ထားကာ ကားတစီးတည်း သွားခဲ့ကြတဲ့ အပြင် စင်ပေါ်မှာလည်း ဇနီးမောင်နှံတို့ ဆုံခဲ့ကြပါတယ်။

(ဒေါ်) ဆွေဇင်ထိုက်နဲ့ တန်းတူ မင်းသမီး အချို့က အိုမင်းလာတဲ့ အရွယ်တိုင်အောင် ကျရာအခန်းကနေ သရုပ်ဆောင်လျက် ရှိနေကြပေမဲ့၊ (ဒေါ်) ဆွေဇင်ထိုက် ကတော့အောင်မြင် ကျော်ကြားဆဲ အရွယ်ကောင်းတုန်း အချိန် ၁၉၉၁ ခုနှစ်မှာပဲ ရုပ်ရှင်လောက ကနေ အနားယူခဲ့ပါတယ်။ ဒီလို စောစောစီးစီး အနားယူ ခဲ့ရတာနဲ့ ပတ်သက်လို့ ဒေါ်ဆွေဇင်ထိုက်က အခုလို ပြောပြခဲ့ဖူးပါတယ်။

“ရုပ်ရှင်မှာက ‘ရပါတယ်’ ဆိုတာတွေပဲ ဖြစ်နေတော့၊ Production ဖြစ်တာနဲ့ မရိုက်ချင်တော့တာပါ။ ဒါရိုက်တာကလည်း ရပါတယ်။ မင်းသား မင်းသမီးကလည်း ရပါတယ်။ ကင်မရာမင်းတွေကလည်း ရပါတယ်ဆိုပြီး မြန်မာပြည်မှာ ပြတာပဲ ဆိုပြီး။ အရည်အသွေးတွေ ကောင်းအောင် လုပ်ဖို့ ဆိုတာ Limitation ရှိသေးတယ်လေ။ ရုပ်ရှင် ဈေးကွက်ကြီးက ပြည်တွင်း ဈေးကွက် တခုပဲ ရှိတယ်။ Asia Commuication မှာ Marketing က မရှိဘူးလေ။”

ဒေါ်ဆွေဇင်ထိုက်ဟာ ၁၉၇၁ ခုကနေ ၁၉၉၁ ခုနှစ် အတွင်းမှာ ရုပ်ရှင် ဇာတ်ကားပေါင်း ၂၀၀ ကျော်မှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး၊ ဇာတ်လမ်းပေါင်း ၅၀ ကျော်ကို ထုတ်လုပ်သူ ဒါမဟုတ် ဒါရိုက်တာ အဖြစ် ရိုက်ကူး တက်ဆက်ခဲ့သူ ဖြစ်ပါတယ်။

၁၉၉၅ နဲ့ ၁၉၉၇ နှစ်တွေမှာ၊ ဟောင်ကောင် တက္ကသိုလ်မှာ ကျင်းပတဲ့ အသိဉာဏ်ပညာ ဆိုင်ရာ တီထွင်မှုများနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့် အခွင့်အရေးများ (Intellectual Property Rights Seminar) စီမီနာကို မြန်မာ ရုပ်ရှင်ထုတ်သူတွေ ကိုယ်စား တက်ရောက်ဖို့ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

၂၀၀၀ ပြည့်နှစ်မှာ တောင်အာဖရိကနိုင်ငံ Natal University မှာ ကျင်းပခဲ့တဲ့ (၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် ညီလာခံကို လေ့လာသူ အဖြစ် တက်ရောက်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဆိုဘုန်း တက္ကသိုလ် (Sorbonne University) နဲ့ သုတေသန ဝန်ကြီးဌာန (Ministry of Research) တို့က ပူးတွဲ ကျင်းပတဲ့ အရှေ့တောင် အာရှ ဒေသအတွင်း ရွှေ့ပြောင်း အလုပ်သမားများ အတွက် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ‘Health Information for Migrants in South East Asia’ ဆွေးနွေးပွဲကို တက်ရောက်ပြီး စာတမ်း တင်သွင်းခဲ့သလို၊ ရုပ်ရှင် ထုတ်လုပ်သူတွေရဲ့ ကိုယ်စား ကွာလာလမ်ပူ ကမ္ဘာ့ ရုပ်ရှင်ပွဲတော် (KL World Film Festival) ကို တက်ရောက်ဖို့ စေလွှတ်တာလည်း ခံခဲ့ရပါတယ်။

၂၀၀၆ ခုနှစ်မှာ အိန္ဒိယနိုင်ငံ ဘုံဘေမြို့မှာ ကျင်းပတဲ့ (၅) ကြိမ်မြောက် အာရှရုပ်ရှင် ပွဲတော် (Fifth Asian Eye Film Festival) ကို တက်ရောက်ပြီး ‘မြန်မာ့ ရုပ်ရှင် – ယခင်က အခြေအနေ၊ လက်ရှိ အနေအထားနဲ့ အနာဂတ်’ လို့ အဓိပ္ပါယ်ရတဲ့ ‘Myanmar movies: Past, Present & Future’ စာတမ်းကို ဖတ်ကြားခဲ့သလို့၊ မြန်မာနိုင်ငံရဲ့ အကြောင်း မီးမောင်း ထိုးပြနိုင်တဲ့ ဇာတ်ကား ရှစ်ကားကိုလည်း အင်္ဂလိပ် စာတန်းထိုးကာ ပြသနိုင်ခဲ့ပါတယ်။

၁၉၇၈ ကနေ ၁၉၈၁ ခုနှစ် အထိ Commerce Graduate Association (Myanmar) ရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ၁၉၈၉ ကနေ ၁၉၉၁ အထိ ရုပ်ရှင် အစည်းအရုံး အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ၁၉၉၀ ကနေ ၁၉၉၂ အထိ ရန်ကုန် ယူနီဆက် (UNICEF)၊ IDD project သတင်း ပြန်ကြားရေး အရာရှိရဲ့ အတိုင်ပင်ခံ၊ ၁၉၉၃ ကနေ ၂၀၀၃ အထိ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း (Myanmar Maternal & Child Welfare Association) ရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်၊

၁၉၉၉ ကနေ ၂၀၀၆ အောက်တိုဘာ အထိ Population Services International Myanmar (PSI – Myanmar) ရဲ့ ဆက်သွယ်ရေး အရာရှိ (အသံလွှင့် ဌာနများ၊ Broadcast Media)၊ ၂၀၀၅ ဖေဖော်ဝါရီ ကနေ ၂၀၀၇ ဖေဖော်ဝါရီ အထိ မြန်မာ ခရစ်ကက် ဖက်ဒရေးရှင်း အထွေထွေ အတွင်းရေးမှူး၊ ၂၀၀၅ ဇွန် ကနေ ၂၀၀၇ ဇူလိုင် အထိ ရုပ်ရှင် အစည်းအရုံး တွဲဖက် အတွင်းရေးမှူး (၃) စတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့သလို၊ ၂၀၀၇ ကနေ စပြီး မြန်မာ ဟော်ကီ ဖက်ဒရေးရှင်းရဲ့ အတွင်းရေးမှူး (အမျိုးသမီးရေးရာ) အဖြစ် တာဝန် ထမ်းဆောင်လျက်

၎င်း၏ အတွေ့အကြုံ နှင့် အမြင်များကို ဘလော့ဂ်ရေးသားခြင်းဖြင့် မျှဝေနေလေသည်။

ပုံအချို့ကို ကျွန်တော် ဘဝခါးခါးမှ ရှာဖွေဖော်ပြပေးထားပါသည်။

Sierra Mike Tango

No comments:

Post a Comment