Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 7, 2018

သိပ်ရှက်ဖို့ကောင်းတဲ့ မြန်မာပြည်က မော်တော်ကား လောက


⃣ တချိန်က
• AUTO GEAR တောင် မကောင်းဘူး ပြောတာ ယုံကြတယ် …
MANUAL ပြောင်းပြီးမှရောင်းရတယ် …

• အဆင့်မြင့်တဲ့ကား ဆို workshop ဆရာက မပြင်တတ်ရင် မကောင်းဘူး ပြောတယ် …

• ရှေ့ယက် ကားတွေ စ ပေါ်တုံးကလဲ မကောင်းဘူး ပြောလို့ နောက်ယက်မှ နောက်ယက်
နောက်မှ ရှေ့ယက် ကောင်းမှန်း သိကြတာ …

• Toyota မှ ကားထင်ကြတယ် …
Toyota ဘဲ ပြင်တတ်တာကိုး
Nissan Mitsubishi Honda Mazada စသည့် နည်းပညာမြင့်တဲ့ကားကျ မကောင်းဘူး ပြောတယ်

⃣ တချိန်က
check မီးလင်းရင် workshop ဆရာက computer box ပျက်တယ် ဆိုလဲခိုင်းတယ် မဆိုင်တာလဲခိုင်းတာ
ကိုယ့်ဉာဏ်နဲ့ ကိုယ်စဉ်းစားကြည့်
Workshop ဆရာကလဲ နားမလည်ဘဲဖြီးစားတယ်
သူတို့ ပြောသမျှယုံကြတယ်
အတော် ရီစရာကောင်းတဲ့လောက ။

⃣ တချိန်က
အင်္ဂျင် အကောင်ကြီးတဲ့ ကားက ဈေးပေါပြိီး
အကောင်သေးတဲ့ ကားက ဈေးကြီးတယ်
သူများ နိုင်ငံနဲ့ ပြောင်းပြန်
စဉ်းစား တွေးခေါ်ပြီး ကိုယ်ကိုကိုယ် စမ်းစစ်နိုင်ကြပါစေ။

⃣ ဂျပန်စက်ရုံကထုတ်တော့
ရှန်ပိန် ဂိုးလ် ဆိုတဲ့အရောင်က ဈေးအကြီးဆုံး
မြန်မာပြည်ရောက်တော့ ဓါတ်တိုင်ရောင် ဆိုပြီး ဈေးအနှိမ်ခံရတယ် ...

⃣ ဗင်ကား ၊ စလွန်းကား ၊ ပစ်ကပ်ကားတွေမှာ
လေးဘီးယက်(4wd) ဖြစ်ချင်ရင် ဈေးပိုပေးမှ ... ဈေးကြီးကြီးပေးမှ ရနိုင်ပေမယ့် ... မြန်မာပြည်ရောက်တော့ 4wd ဆို နှာခေါင်းရှုံ့ ခံရပြီး လူကြိုက်နည်းပြန်ရော ...

⃣ ဂျပန်တွေက
ပြည်ပဈေးကွက်ထက်
ပြည်တွင်းဈေးကွက် ..
သူ့လူမျိုးတွေအတွက် ပိုပြီးဂရုတစိုက် ဂရိတ်အပြည့်နဲ့ လုပ်ပေးတတ်လွန်းလို့ …
• တချို့တချို့သော
ချမ်းသာတဲ့နိုင်ငံတွေကတောင် ဂျပန်ကားဟောင်းတွေကို ဝယ်သုံးနေကြပြီး နိုင်ငံတကာမှာ ကားဟောင်းဈေးကွက် အကြီးကြီးရှိနေပေမယ့်
မြန်မာပြည်က အနံကြီး ဂွင်းကျယ်တွေကြားမှာတော့ ကားအဟောင်းဆို အစုတ်တွေလို့ဘဲ ထင်နေကြတုန်း ...

⃣ အုန်းမှုတ်ခွက်အောက်က ဖားလေးတွေ
တကယ့် ပြင်ပလောကကြီးကိုတွေ့တော့
နေအရောင်နဲ့ မျက်စိကန်းသွားသလို ... ။
🚘🚘🚘🚘🚘
lee kyin sein

No comments:

Post a Comment