Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 9, 2018

”ေကာင္ေလးက လက္တဖက္ မရိွဘူး၊ လက္တဖက္မရိွတာကို အန္တီ့ သမီးကလည္း မသိဘူး။ Facebook မွာ ေတြ႕ၾကတာ”


၁၀ တန္းစာေမးပဲြေျဖရန္ ေက်ာင္းသို႔သြားစဥ္ ဓားထိုးခံရသည့္ ေက်ာင္းသူ၏ မိခင္ ေဒၚခင္သန္းေဌးနွင့္ ေတြ႕ဆံုျခင္း

ရန္ကုန္တိုင္းေဒသႀကီး ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေရႊေပါကၠံၿမိဳ႕သစ္ (၁၅)ရပ္ကြက္ေန ၁၀ တန္း ေက်ာင္းသူ မဂ်ဴလိုင္သင္းသည္ မတ္လ ၁၃ ရက္ေန႔ နံနက္ပိုင္းက ႐ူပေဗဒဘာသာရပ္ေျဖဆိုရန္ ေက်ာင္းသို႔သြားေရာက္စဥ္ လမ္း၌ ဓားျဖင့္အထိုးခံခဲ့ရသည္။ ဓားျဖင့္ထိုးသူမွာ တရပ္ကြက္ထဲေန လင္းထက္ (၂၁)နွစ္ ျဖစ္ၿပီး မဂ်ဴလိုင္သင္းမွာ ၀မ္းဗိုက္၊ ညာဘက္လက္ႏွင့္ ဘယ္ဘက္ေပါင္တို႔တြင္ ဒဏ္ရာမ်ားရရိွခဲ့ၿပီး ေျမာက္ ဥကၠလာပေဆး႐ံုႀကီး၌ ေဆး၀ါးကုသမႈခံယူေနရသည္။ ဓားျဖင့္ထိုးခဲ့သည့္ လင္းထက္ကို ေရႊေပါကၠံနယ္ေျမ ရဲစခန္းက (ပ) ၁၄၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရိွေနသည္။ အဆိုပါျဖစ္စဥ္ နွင့္ပတ္သက္၍ မဂ်ဴလိုင္သင္း၏ မိခင္ျဖစ္သူ ေဒၚခင္သန္းေဌးႏွင့္ ေျမာက္ဥကၠလာပေဆး႐ံုႀကီး၌ ေတြ႕ဆံု ေမးျမန္းခဲ့မႈမ်ားကို ေဖာ္ျပလိုက္ပါသည္။

– အန္တီ့သမီး ဓားနဲ႔အထိုးခံရတာကို ဘယ္အခိ်န္မွာ စၿပီးေတာ့သိတာလဲ။
– ဓားနဲ႔ထိုးခံရတဲ့ေနရာနဲ႔ အန္တီတို႔အိမ္နဲ႔က ငါးအိမ္ေလာက္ပဲေ၀းတယ္။ ေကာင္မေလးတေယာက္ ဓားနဲ႔ထိုးခံရတယ္ဆိုၿပီး ေျပာေနၾကလို႔ သြားၾကည့္ေတာ့ ကိုယ့္သမီးျဖစ္ေနတယ္။ အန္တီက သတိလစ္ခ်င္သလို ျဖစ္သြားတယ္။ အန္တီ့မွာက ေသြးတိုးလည္းရိွတယ္။ စာေမးပဲြက ၄ ရက္ေျဖျပီးသြားျပီ။ အဲဒီေန႔က သမီးက သူ႔သူငယ္ခ်င္းနွစ္ေယာက္နဲ႔သြားတာ။ ျမန္မာစာ စေျဖတဲ့ရက္ကလည္း လည္ပင္းကို ပုလင္းကဲြနဲ႔ေထာက္ၿပီး ေခၚေသးတယ္။ သမီးက လိုက္မသြားဘူး။ သမီးက ဓားနဲ႔ထိုးခံရၿပီးမွ ေျပာတာ။ ျဖစ္ျဖစ္ခ်င္းေသြးေတြထြက္တာ ျမင္မေကာင္းဘူး။ ပုဂၢလိကေဆးခန္းတခုကို အရင္ပို႔ၿပီးမွ ေျမာက္ဥကၠလာေဆး႐ံုကိုေရာက္တာ။ ေဆးခန္းက ဆရာ၀န္ေတြကလည္း ပိုက္ဆံေတာင္ မယူပါဘူး။ ေသခ်ာကုသမႈလုပ္ေပးပါတယ္။ ဒဏ္ရာအေသးေတြပါ အပါဆိုရင္ ဓားဒဏ္ရာက ရွစ္ခ်က္ေလာက္ရိွတယ္။ ေကာင္ေလးရဲ႕စ႐ိုက္ကိုမသိဘဲနဲ႔ သမီးက ႀကိဳက္လိုက္တာ အခုေခတ္ကလည္း အင္တာနက္ေခတ္ေလ။ ေကာင္ေလးက လက္တဖက္မရိွဘူး။ လက္တဖက္မရိွတာကို အန္တီ့သမီးကလည္း မသိဘူး။ facebook မွာ ေတြ႕ၾကတယ္။ ရဲကဖမ္းဖို႔ လက္ထိပ္ခတ္ေတာ့မွ လက္တဖက္မရိွမွန္းသိတာ။ သမီးကလည္း ငယ္ေသးတာကိုး။ ၁၇ နွစ္ေက်ာ္ေလးပဲရိွေသးတယ္။ ဒီႏွစ္မွ ၁၀ တန္းစတက္တာ။

– ဒီေကာင္ေလးနဲ႔ အန္တီ့သမီး ႀကိဳက္ေနတာကိုေရာ အန္တီသိလား။
- စာေမးပဲြမေျဖခင္ရက္ပိုင္းက အဲဒီေကာင္ေလးက အိမ္ေရွ႕ကေန သမီးကို လက္နွစ္ေခ်ာင္း ေထာင္ျပတာကိုေတြ႕လိုက္တယ္။ အဲဒီေတာ့မွ အန္တီက ရိပ္မိတာ။ သူတို႔အခ်င္းခ်င္း အခိ်တ္အဆက္လုပ္ တာေနမွာေပါ့။ မင္းဘာေၾကာင့္ ဓားနဲ႔ထိုးတာလဲလို႔ေမးေတာ့ သူ႕အေမကို မေက်နပ္လို႔ထိုးတာလို႔ ေဘးက လူေတြကိုေျပာတယ္တဲ့။

– အန္တီနဲ႔ အဲဒီေကာင္ေလးနဲ႔ ရန္ျငိွဳးရန္စ ရိွဖူးသလား။
– မရိွပါဘူး။ ဒါေပမဲ့ အန္တီ့သမီးနဲ႔ ႀကိဳက္ေနမွန္းသိေတာ့ အန္တီ့သမီးကိုယူမယ့္သူက ပိုက္ဆံမရိွရင္ေနပါေစ။ ယဥ္ေက်းရမယ္၊ ဂုဏ္သိကၡာရိွရမယ္လို႔ သူ႕ကိုျပန္ေျပာနိုင္မယ့္သူကို ေျပာလိုက္တာေတာ့ရိွတယ္။ အဲဒါကို နာသြားတာေနမယ္။ ေကာင္ေလးက ေခ်ာေခ်ာေလးပါ။ ဒီလိုလုပ္လိမ့္မယ္လို႔ ထင္ရက္စရာကို မရိွတာ။

– အန္တီ့သမီးရဲ႕ဒဏ္ရာအေျခအေနေရာ ဘယ္လိုရိွပါလဲ။
– ဒဏ္ရာေတြကေတာ့ သက္သာပါတယ္။ ေအာက္ဆီဂ်င္ေတာ့ ေပးထားရေသးတယ္။ ဆရာ၀န္ေတြကေတာ့ တိုးတက္မႈရိွတယ္လို႔ ေျပာတယ္။ သမီးက စကားလည္းေျပာႏိုင္ပါတယ္။ ဆရာ၀န္ေတြ၊ သူနာျပဳေတြကလည္း ဂ႐ုတစိုက္ရိွပါတယ္။

– ကိုယ့္သမီး ဒီလိုျဖစ္သြားတဲ့အေပၚ ဘာမ်ားျဖည့္စြက္ေျပာခ်င္ပါသလဲ။
- ေျပာခ်င္တာကေတာ့ မိဘေတြအေနနဲ႔ ကိုယ့္သားသမီးကို ပိုၿပီးေတာ့ ဂ႐ုစိုက္ၾကပါ။ အႏၱရာယ္က ေနရာတိုင္းမွာ ရိွေနတယ္လို႔ ခံစားရတယ္။ အခုဆိုရင္ အန္တီ့သမီးက ဒီနွစ္စာေမးပဲြမေအာင္ဖို႔ ေသခ်ာသြားၿပီ။ ေနာက္ၿပီး ဒီျဖစ္စဥ္က သူ႔ဘ၀အတြက္လည္း စိတ္ဒဏ္ရာရသြားနိုင္တယ္။ က်ဴးလြန္တဲ့သူကိုလည္း ေနာက္ အလားတူျဖစ္စဥ္ေတြ မျဖစ္ေအာင္ ထိေရာက္တဲ့ျပစ္ဒဏ္ေပးေစခ်င္တယ္။ သမီးကိုလည္း ေဆး႐ံုကဆင္းရင္ keypad ဖုန္းပဲ ေပးကိုင္ေတာ့မယ္။ ဒါဆိုရင္ ဒီလိုျပႆနာေတြ မျဖစ္ႏိုင္ေတာ့ဘူးလို႔ေတာ့ အန္တီ ထင္တယ္။ သားသမီးနဲ႔မိဘ ဆက္ဆံေရးလည္း ပြင့္ပြင့္လင္းလင္းရိွေစခ်င္တယ္။ တိုင္ပင္ေစခ်င္တယ္။ ဒီျဖစ္စဥ္ကေန သင္ခန္းစာယူၾကဖို႔ ေျပာခ်င္ပါတယ္။
Credit: thadinhtoo.com
# Unicode Version ျဖင့္ ဖတ္ပါ #
၁၀ တန်းစာမေးပွဲဖြေရန် ကျောင်းသို့သွားစဉ် ဓားထိုးခံရသည့် ကျောင်းသူ၏ မိခင် ဒေါ်ခင်သန်းဌေးနှင့် တွေ့ဆုံခြင်း

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ် (၁၅)ရပ်ကွက်နေ ၁၀ တန်း ကျောင်းသူ မဂျူလိုင်သင်းသည် မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ရူပဗေဒဘာသာရပ်ဖြေဆိုရန် ကျောင်းသို့သွားရောက်စဉ် လမ်း၌ ဓားဖြင့်အထိုးခံခဲ့ရသည်။ ဓားဖြင့်ထိုးသူမှာ တရပ်ကွက်ထဲနေ လင်းထက် (၂၁)နှစ် ဖြစ်ပြီး မဂျူလိုင်သင်းမှာ ဝမ်းဗိုက်၊ ညာဘက်လက်နှင့် ဘယ်ဘက်ပေါင်တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး မြောက် ဥက္ကလာပဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူနေရသည်။ ဓားဖြင့်ထိုးခဲ့သည့် လင်းထက်ကို ရွှေပေါက္ကံနယ်မြေ ရဲစခန်းက (ပ) ၁၄၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိနေသည်။ အဆိုပါဖြစ်စဉ် နှင့်ပတ်သက်၍ မဂျူလိုင်သင်း၏ မိခင်ဖြစ်သူ ဒေါ်ခင်သန်းဌေးနှင့် မြောက်ဥက္ကလာပဆေးရုံကြီး၌ တွေ့ဆုံ မေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်။

– အန်တီ့သမီး ဓားနဲ့အထိုးခံရတာကို ဘယ်အချိန်မှာ စပြီးတော့သိတာလဲ။ – ဓားနဲ့ထိုးခံရတဲ့နေရာနဲ့ အန်တီတို့အိမ်နဲ့က ငါးအိမ်လောက်ပဲဝေးတယ်။ ကောင်မလေးတယောက် ဓားနဲ့ထိုးခံရတယ်ဆိုပြီး ပြောနေကြလို့ သွားကြည့်တော့ ကိုယ့်သမီးဖြစ်နေတယ်။ အန်တီက သတိလစ်ချင်သလို ဖြစ်သွားတယ်။ အန်တီ့မှာက သွေးတိုးလည်းရှိတယ်။ စာမေးပွဲက ၄ ရက်ဖြေပြီးသွားပြီ။ အဲဒီနေ့က သမီးက သူ့သူငယ်ချင်းနှစ်ယောက်နဲ့သွားတာ။ မြန်မာစာ စဖြေတဲ့ရက်ကလည်း လည်ပင်းကို ပုလင်းကွဲနဲ့ထောက်ပြီး ခေါ်သေးတယ်။ သမီးက လိုက်မသွားဘူး။ သမီးက ဓားနဲ့ထိုးခံရပြီးမှ ပြောတာ။ ဖြစ်ဖြစ်ချင်းသွေးတွေထွက်တာ မြင်မကောင်းဘူး။ ပုဂ္ဂလိကဆေးခန်းတခုကို အရင်ပို့ပြီးမှ မြောက်ဥက္ကလာဆေးရုံကိုရောက်တာ။ ဆေးခန်းက ဆရာဝန်တွေကလည်း ပိုက်ဆံတောင် မယူပါဘူး။ သေချာကုသမှုလုပ်ပေးပါတယ်။ ဒဏ်ရာအသေးတွေပါ အပါဆိုရင် ဓားဒဏ်ရာက ရှစ်ချက်လောက်ရှိတယ်။ ကောင်လေးရဲ့စရိုက်ကိုမသိဘဲနဲ့ သမီးက ကြိုက်လိုက်တာ အခုခေတ်ကလည်း အင်တာနက်ခေတ်လေ။ ကောင်လေးက လက်တဖက်မရှိဘူး။ လက်တဖက်မရှိတာကို အန်တီ့သမီးကလည်း မသိဘူး။ facebook မှာ တွေ့ကြတယ်။ ရဲကဖမ်းဖို့ လက်ထိပ်ခတ်တော့မှ လက်တဖက်မရှိမှန်းသိတာ။ သမီးကလည်း ငယ်သေးတာကိုး။ ၁၇ နှစ်ကျော်လေးပဲရှိသေးတယ်။ ဒီနှစ်မှ ၁၀ တန်းစတက်တာ။

– ဒီကောင်လေးနဲ့ အန်တီ့သမီး ကြိုက်နေတာကိုရော အန်တီသိလား။- စာမေးပွဲမဖြေခင်ရက်ပိုင်းက အဲဒီကောင်လေးက အိမ်ရှေ့ကနေ သမီးကို လက်နှစ်ချောင်း ထောင်ပြတာကိုတွေ့လိုက်တယ်။ အဲဒီတော့မှ အန်တီက ရိပ်မိတာ။ သူတို့အချင်းချင်း အချိတ်အဆက်လုပ် တာနေမှာပေါ့။ မင်းဘာကြောင့် ဓားနဲ့ထိုးတာလဲလို့မေးတော့ သူ့အမေကို မကျေနပ်လို့ထိုးတာလို့ ဘေးက လူတွေကိုပြောတယ်တဲ့။

– အန်တီနဲ့ အဲဒီကောင်လေးနဲ့ ရန်ငြှိုးရန်စ ရှိဖူးသလား။ – မရှိပါဘူး။ ဒါပေမဲ့ အန်တီ့သမီးနဲ့ ကြိုက်နေမှန်းသိတော့ အန်တီ့သမီးကိုယူမယ့်သူက ပိုက်ဆံမရှိရင်နေပါစေ။ ယဉ်ကျေးရမယ်၊ ဂုဏ်သိက္ခာရှိရမယ်လို့ သူ့ကိုပြန်ပြောနိုင်မယ့်သူကို ပြောလိုက်တာတော့ရှိတယ်။ အဲဒါကို နာသွားတာနေမယ်။ ကောင်လေးက ချောချောလေးပါ။ ဒီလိုလုပ်လိမ့်မယ်လို့ ထင်ရက်စရာကို မရှိတာ။

– အန်တီ့သမီးရဲ့ဒဏ်ရာအခြေအနေရော ဘယ်လိုရှိပါလဲ။ – ဒဏ်ရာတွေကတော့ သက်သာပါတယ်။ အောက်ဆီဂျင်တော့ ပေးထားရသေးတယ်။ ဆရာဝန်တွေကတော့ တိုးတက်မှုရှိတယ်လို့ ပြောတယ်။ သမီးက စကားလည်းပြောနိုင်ပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေကလည်း ဂရုတစိုက်ရှိပါတယ်။

– ကိုယ့်သမီး ဒီလိုဖြစ်သွားတဲ့အပေါ် ဘာများဖြည့်စွက်ပြောချင်ပါသလဲ။- ပြောချင်တာကတော့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို ပိုပြီးတော့ ဂရုစိုက်ကြပါ။ အန္တရာယ်က နေရာတိုင်းမှာ ရှိနေတယ်လို့ ခံစားရတယ်။ အခုဆိုရင် အန်တီ့သမီးက ဒီနှစ်စာမေးပွဲမအောင်ဖို့ သေချာသွားပြီ။ နောက်ပြီး ဒီဖြစ်စဉ်က သူ့ဘဝအတွက်လည်း စိတ်ဒဏ်ရာရသွားနိုင်တယ်။ ကျူးလွန်တဲ့သူကိုလည်း နောက် အလားတူဖြစ်စဉ်တွေ မဖြစ်အောင် ထိရောက်တဲ့ပြစ်ဒဏ်ပေးစေချင်တယ်။ သမီးကိုလည်း ဆေးရုံကဆင်းရင် keypad ဖုန်းပဲ ပေးကိုင်တော့မယ်။ ဒါဆိုရင် ဒီလိုပြဿနာတွေ မဖြစ်နိုင်တော့ဘူးလို့တော့ အန်တီ ထင်တယ်။ သားသမီးနဲ့မိဘ ဆက်ဆံရေးလည်း ပွင့်ပွင့်လင်းလင်းရှိစေချင်တယ်။ တိုင်ပင်စေချင်တယ်။ ဒီဖြစ်စဉ်ကနေ သင်ခန်းစာယူကြဖို့ ပြောချင်ပါတယ်။
Credit: thadinhtoo.com

No comments:

Post a Comment