Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 9, 2018

လူငယ် ခြေပျက် လေးများသို့… … …




လူငယ် ခြေပျက် လေးများသို့… … …[အပိုင်း:-၁]

ငွေ စလေး တစ်ထောင်နဲ့
အနောက်ရွှေဂုံတိုင်ကို
ငါတို့လှမ်းလို့ရခဲ့တယ် ။

ရွှေဧည့်သည် ဘတ်ကားမှာ
၂၀၀ နဲ့ တိုးဝှေ့ စွာ
အုတ်လမ်းပါတယ်လို့
အော်ခဲ့ဖူးတယ်။

မိုးဝါ ဆိုင်က
တီးတစ်ခွက်နဲ့ 
မြန်မာ တစ်ပြည်လုံးရဲ့အသံတွေ
၂၀၀ နဲ့ ဖြေရှင်လို့ရတယ်။

အမေချော အိမ် ရှေ့ရဲ့ အပင်ရိပ်မှာ
ပင်နီစတွေ
ငါတို့ဖြန့်၍ ကိုယ်ထည်ဆိုဒ်တွေ တိုင်း နေကြတယ်။

စီနီယာကျော်ပြီးလှမ် မကြည့်နဲ့
သူတို့ပြောသော
ထောင် စခန်းကြောင်းတွေနားရည် ဝခဲ့ဖူးတယ်။

လွယ်အိတ် လေးထုံး၍
ကွမ်းလေးတစ်ဗျစ်ဗျစ်
ထောက်ကြွကြွ ကောင်တွေက
ဘယ်သူဘယ်ဝါ၏
သြဇာ ကောင်မှန်းမသိ
မှင်သေသေနဲ့ ငေးကြည့် ဖူးတယ်။

ကမ္ဘာကို ကယ်တင်ချင်သော လူငယ်များ
မင်းတို့အမေ ခေါင်းပေါ်မှာ ဈေးဗန်း ကြီးက မနိုင်မနင်းနဲ့။

ဒီကောင်တွေ စာမဖတ်ကြဘူး
ဒီကောင်တွေ
သူတို့ မိုင်းဆက် တွေ မပြင်ကြဘူး
ဒီကောင်တွေ ဆူညံ ခွင့်ရတာကို
အကောင်လို့ထင်နေတုန်း။

လွဲနေသော အဖြစ်ပျက်တွေ
လွဲနေသော လွပ်လပ် မှုတွေ
လွဲနေသောနေရာတွေကို
သာသာယာယာ ငတ်မွှန်း၍
လုယက်နေတုန်း။

သတ္တိ တချို့ပြစရာ လွဲနေသရွေ့
ငွေစတစ်ထောင်လေးရဲ့
အကြွေ ပျက်သုန်းချိန် မို့
လူငယ်ခြေပျက် လေးတွေ… … …

ကြည်ဖြူ(ရွှေဂွန်း)
8-5-2018

လူငယ်ခြေပျက် လေးများသို့ … … [အပိုင်း :2 ]

တခါတခါ မင်းတို့ ငြီးငြူ သံ တွေ
တခါတခါ အောက်အီးပြီး ပြုံပြ တက်တယ်။

မင်းတို့တွေ ဆွေး နွေကြတယ်
PR အကြောင်း တစေ့တစောင်း မဟုတ်ဖူးနော်
တကယ်လက်တွေ့
ငြင်းကြ ခုန်ကြ
တကယ်တမ်း ရုပ်လုံး တွေ မီးမောင်း ထိုးပြနိုင်ခဲ့ တယ်။

မင်းတို့ 436 စာရွက်လေးတစ်ကိုင်ကိုင်
ရပ်ကွက်လှည့်လို့
မင်း တို့တွေ တာဝန်ကျေတဲ့ ထဲမှာပါခဲ့ကြတယ်
အမှန်တရားက
ကိုယ့်အတွက် ရေးဆွဲထားတဲ့ ဥပဒေ မှာ
သက်သေ ပြရုံမှ တပါး
ငါတို့လက်မှတ်တွေ
ထိန်းသိမ်း ခံထားရတယ် ။

၅၉(စ) ငါတို့
အနာဂတ် အိမ်မက်
ငါတို့အမေ ၏
ပလ္လင် ကိုမှ ကြမ်းပိုး ထားလို့
တစ်စွန်းတစ စည်းဝိုင်းပြင်ကို
တွန်းပို့ထားကြတယ် ။

ဖဒရယ် ပြည်နယ်ပြည်မ
တောင်းတန်းဒေသမကျန်
ငါတို့တွေ ယနေ့ထိ ပြောဆို ဆွေးနွေးနေတုန်း။

ငြိမ်းချမ်းရေး လက်မှတ် တစ်စောင်အတွက်
ခဲတံ ဝိုင်ချွန်းလို့
အဲဒီစာပွဲဝိုင်းထိ ငါတို့ ပို့ နေကြတုန်း။

ဒီမိုကရေစီ ဒီမိုကရေစီ နဲ့
ပြောင်း လဲချိန် တန်ဖို့
နိုဝင်ဘာ ၈ရက်ကို
အတူတူ
တွန်းလှန်ရွေ့ခဲ့ ကြတယ်။

တကယ်တမ်း လူငယ်တွေစီးနေသော
သဲကြိုး တစ်ချောင်းက ဘယ်ညာ တွယ်လို့ မပြုတ်သမျှ
ရုန်ကန်အားက လမ်းဆက်လျှောက်နေလို့ကောင်းတုန်း။

အုပ်စု ဆိုတာ
ဝေလာဝေး ချိတ်ဆက်နိုင်တဲ့ အားကို
ဂုဏ်ယူ နေတက်တယ်။

ဘယ်သူ့ဘယ်ဝါ တို့သြဇာကို
ပြဒါးပြယ် မှန်လို ရုပ်လုံးမမြင်
မူကို သာလက်ကိုင်ဆွဲလို့

ရပ်တည်မှု အပျက်ခဲ့တဲ့

လူငယ် ခြေပျက် လေးများသို့ … …
ဂုဏ်ပြု မှတ်တမ်း မျိုး
သီခြား မခံ ထားရပေ
မင်းတို့အပြုံးတွေ
တိုင်းနဲ့ပြည်နယ်
တစ်ဒေါက် တစ်နေရာတိုင်းမှာ
အပြုံး ကိုယ်စီ ပွင့် နေကြ တယ်လေ။

ကြည်ဖြူ(ရွှေဂွန်း)
9-5-2018

c r e d i t @ Thet Paing Soe

No comments:

Post a Comment