Latest News

Monday, May 21, 2018

တရားထိုင္၍ ေျပာင္းလဲလာသည့္ စိတ္


မိမိ တရားထုိင္သည္ကုိ သိၾကတဲ႔ မိတ္ေဆြမ်ားဟာ မိမိကုိ တရားထုိင္ျခင္းျဖင့္ မည္သုိ႔ အက်ဳိးေက်းဇူး ခံစားရပါလဲ ဟု ေမးခဲ႔ၾကသည္။ မိမိအေနျဖင့္ ထုိေမးခြန္းကုိ အလြယ္တကူ ျပန္ေျဖရန္ မတတ္ႏုိင္ခဲ႔ပါ။ အဘယ္ေၾကာင့္ဆုိေသာ္ တရားထုိင္ျခင္းျဖင့္ ရရွိသည့္ အက်ဳိးေက်းဇူးမ်ားမွာ အလြန္ပင္ မ်ားျပားလွသျဖင့္ ဘယ္သုိ႔ စေျပာရမည္ကုိ စဥ္းစားရခက္ျခင္း ျဖစ္ေပသည္။

ထုိသုိ႔ မ်ားလွသည့္ အက်ဳိးေက်းဇူးမ်ား အနက္ သိသာထင္ရွားစြာ ခံစားရသည့္ အက်ဳိးေက်းဇူး တစ္ခုမွာကား စိတ္သည္ ၾကည္လင္ ေပ်ာ္ရႊင္ေနျခင္းပင္ ျဖစ္သည္။တရားထုိင္ျခင္းသည္ ေလာဘ၊ ေဒါသကုိ ေလွ်ာ့ပါးေစျခင္း ျဖစ္ရာ ေလာဘ၊ ေဒါသ ေလ်ာ့ပါးလာ သည့္အခါတြင္ စိတ္၏ ၾကည္လင္ ေပ်ာ္ရြင္မွဳကုိ ရရွိေနျခင္း ျဖစ္ေပသည္။

ဤေနရာတြင္ မိမိကုိယ္ေတြ႕ ေဒါသ ေလွ်ာ့ပါးလာၿပီးေနာက္၊ ႀကံဳရဖူးသည့္ အျဖစ္အပ်က္ တစ္ခုကုိ ေျပာျပလုိပါသည္။ တစ္ေန႔တြင္ မိမိသည္ အလုပ္ရုံးခန္း ရွိရာသုိ႔ ကားေမာင္းလာစဥ္ ဦးဝိဇာရလမ္းတြင္ စက္ဘီးနင္းသူ တစ္ဦးက မိမိ၏ ကားေရွ႕သုိ႔ ရုတ္တရက္ ျဖတ္ၿပီး နင္းရာ တုိက္မိမလုိ ျဖစ္သြားသည္။

(ဤအျပဳအမူသည္ ကားေမာင္းသူ တစ္ဦးအား အလြန္ပင္ မခံမရပ္ႏုိင္ ေဒါသျဖစ္စရာ လုပ္ရပ္ျဖစ္ေပသည္) ထုိအခါတြင္ မိမိသည္ ရုတ္တရက္ အလြန္ပင္ စိတ္ဆုိးၿပီး ကားမွန္ဖြင့္ကာ လွမ္းၿပီး ေအာ္ဆဲလုိက္မိသည္။ အရင္ဆုိလွ်င္ ထုိသုိ႔ အေျခအေနမ်ဳိးတြင္ ေျခမ်ား၊ လက္မ်ား တဆတ္ဆတ္ တုန္ေအာင္ပင္ ေဒါသႀကီးမည္ ျဖစ္ၿပီး၊ ေက်ာင္းေနစဥ္ တုန္းကမူ ကားေပၚမွ ဆင္းရုိက္ခဲ႔သည့္ အေျခအေန အထိ ျဖစ္ဖူးသည္။ ထုိ႔အျပင္ ေဒါသသည္ ဆက္ပါလာၿပီး အနီးအနား ေတြ႔သူမ်ား အေပၚအထိ ကူးဆက္လာ ႏုိင္ေသးသည္။

ထုိမွ်မကေသးဘဲ ေဒါသကုိ ဆက္ေမြးထားၿပီး ထုိအေၾကာင္းကုိ ျပန္စဥ္းစားၿပီး စိတ္တုိျခင္း၊ ေနာက္လည္း ကားလမ္းေပၚ စက္ဘီးနင္းသူ ေတြ႕သမွ်ကုိပါ ေဒါသ ထြက္ေနတတ္ဦးမည္။ သုိ႔ေသာ္ ထုိသုိ႔ ျဖစ္ခဲ႔ရသည့္ အျဖစ္အပ်က္ အေပၚတြင္ ထုိအခ်ိန္က မိမိ လွမ္းေအာ္ဆဲ လုိက္သည့္ အခါမွာ အသံသာ ထြက္သြားသည္ မိမိ၏ စိတ္ထဲတြင္ တစ္စုံတစ္ရာ ျပင္းျပင္း ထန္ထန္ တုန္လွဳပ္ျခင္းလည္း မရွိခဲ့ေပ။

စိတ္မွာ ေဒါသျဖင့္ မခံမရပ္ႏုိင္ျဖစ္ျခင္း၊ ပူေလာင္ျခင္း မရွိဘဲ၊ ကားကုိ တည္တည္ၿငိမ္ၿငိမ္ ဆက္ေမာင္း လာႏုိင္ခဲ႔သည္။ ေဒါသသည္ ထုိေနရာမွာ ထြက္ၿပီး တမဟုတ္ျခင္း ထုိေနရာမွာပင္ ေပ်ာက္သြားခဲ႔သည္။ မီးပြိဳင့္သုိ႔ အေရာက္တြင္ မီးနီ ေနသျဖင့္ ကားရပ္ထားရစဥ္ ခုနက စက္ဘီးသမားသည္ မိမိကားေဘးမွ ေက်ာ္ျဖတ္သြားၿပီး သူက မိမိကုိ လွမ္းၾကည့္သည့္ အခါတြင္ မ်က္လုံးခ်င္း ဆုံသြားသျဖင့္ မိမိကပင္ ေတာင္းပန္သည့္ ပုံစံျဖင့္ လက္ျပ လုိက္ေသးသည္။ ထုိအခါ မိမိကုိယ္ မိမိ သတိထားမိၿပီး ကုိယ္လုပ္လုိက္သည့္ အမူအယာကုိ ကုိယ္တုိင္ အံ့ၾသမိခဲ႔သည္။ စိတ္မွာလည္း ထူးထူးဆန္းဆန္း ေပ်ာ္ရြင္လွ်င္ပင္ ရွိေနသည္ကုိလည္း သတိျပဳလုိက္မိသည္။

ထုိအခ်ိန္တြင္ မိမိအား တရားထုိင္နည္း သင္ျပေပးသည့္ ဆရာႀကီး ဦးဂုိအင္ကာ ေျပာျပခဲ႔သည့္ စကား တစ္ခုကုိ သြား၍ အမွတ္ယမိသည္။ လူတစ္ေယာက္ဟာ ေဒါသျဖစ္တဲ႔ အခါမွာ ပူေလာင္ျခင္း ေဝဒနာကုိ ခံစားရတတ္သည္။ ထုိသုိ႔ ပူေလာင္ျခင္း ေဝဒနာကုိ ခံစားရသည့္ အခ်ိန္တြင္ ထပ္မံၿပီး၊ ဓါတ္ဆီေလာင္း၊ မီးထုိးေပးျခင္းျဖင့္ ပုိမုိႀကီးမားသည့္ ပူေလာင္ျခင္းပင္ ျဖစ္လိမ္႔မည္ ျဖစ္သည္။ ေဒါသျဖစ္သည့္ အခါတုိင္းမွာ လူတုိ႔၏ စိတ္သည္ မခ်မ္းမသာ ျဖစ္ရသည္၊ အခံရခက္ေလသည္။ ထုိသုိ႔ ေဒါသစိတ္ျဖစ္ေပၚသည့္ အခါမွာ ေအးခ်မ္းသည့္ ေရေလာင္းျခင္းျဖင့္ ေဒါသကုိ ၿငိမ္းေစရသည္။

ဥပမာ – ကေလးငယ္ တစ္ေယာက္ဟာ အဖ်ားတက္ၿပီး ဂေယာင္ေခ်ာက္ခ်ား ျဖစ္ေနသည့္ အခါမ်ဳိးတြင္ မိခင္ကုိ ဆဲဆုိေက်ာက္ကန္ ျပဳလုပ္ေနေသာ္လည္း မိခင္သည္ ကေလးငယ္ အေပၚတြင္ ေဒါသမျဖစ္ဘဲ ကေလးငယ္ ေရာဂါေဝဒနာ ေပ်ာက္ကင္း ေစဖုိ႔သာ စိတ္ပူပန္ၿပီး စဥ္းစားေနမိသလုိ၊ ကုိယ့္အေပၚမွာ ေဒါသျဖစ္ေစတဲ႔ အျပဳအမူကုိ လုပ္တဲ႔သူ အေပၚမွာ သူမသိ နားမလည္ရွာတဲ႔ အတြက္ လုပ္ေနတာျဖစ္တယ္၊ သူ႔ကုိ ဘယ္လုိ အကူအညီေပးၿပီး နားလည္ေအာင္ ေျပာဆုိလုိ႔ရမလဲ ဆုိၿပီး ေမတၱာစိတ္ထားျခင္းျဖင့္ ေအးခ်မ္းသည့္ ေရေလာင္းရျခင္း ျဖစ္သည္ဟု ရွင္းျပခဲ႔သည္။

မိမိမွာမူ ၁၀ႏွစ္ေက်ာ္ ေန႔စဥ္ တရားထုိင္ လာၿပီးခဲ႔ေသာ္လည္း ဦးဂုိအင္ကာ ေျပာခဲ႔သလုိ မိမိအား ေဒါသျဖစ္ေအာင္ ျပဳလုပ္သူကုိ ေမတၱာစိတ္ ေကာင္းစြာ မပြားႏုိင္ေစေသးကာမူ၊ ဥပကၡာစိတ္ျဖင့္ မတုန္လွဳပ္ဘဲ၊ စိတ္ကုိ တုန္႔ျပန္ျခင္း မရွိဘဲ ထိန္းသိမ္းထား ႏုိင္ေလာက္သည့္ အေျခအေန တြင္ပင္ အလြန္ စိတ္ခ်မ္းသာ ေနၿပီ ျဖစ္သည္။

ဦးဂုိအင္ကာ ေျပာခဲ႔သလုိသာ ေမတၱာစိတ္ ေကာင္းစြာ ထားႏုိင္ပါမူ မည္မွ် စိတ္ခ်မ္းသာ မည္ကုိ ေတြးၾကည့္ႏုိင္ပါသည္။ ထုိသုိ႔ စိတ္မွာ တုန္လွဳပ္ျခင္းမရွိဘဲ၊ တုန္႔ျပန္မွဳ မျပဳဘဲ ျဖစ္လာႏုိင္သည့္ အေလ့အက်င့္မွာလည္း တစ္နာရီ တရားထုိင္စဥ္မွာ ေညာင္းညာ၊ ကုိက္ခဲသည့္ ေဝဒနာကုိ တုန္႔ျပန္ျခင္း မရွိသည့္ စိတ္ျဖင့္ ေန႔စဥ္ ရွဳက်င့္ေနခဲ႔ ေသာေၾကာင့္ စိတ္မွာ နာက်င္သည့္ ေဝဒနာ ျဖစ္ေစမည့္ ကိစၥမွန္သမွ်တုိ႔ကုိ တုန္႔ျပန္ျခင္း မရွိဘဲ ေအးခ်မ္းစြာ ေနတတ္လာျခင္း ျဖစ္သည္ဟု ထင္ပါသည္။

အကယ္စင္စစ္ ေဒါသျဖစ္သူတုိင္းသည္ စိတ္ဆင္းရဲၾကရသည္။ တရားထုိင္ျခင္းျဖင့္ ေဒါသကုိ ႀကီးထြားေစၿပီးမွ ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ရျခင္း မဟုတ္ဘဲ၊ ေဒါသ စျဖစ္ေပၚလာသည္ႏွင့္ ခ်က္ျခင္း သတ္ပစ္လုိက္ႏုိင္ျခင္း ျဖစ္ေပသည္။ ထုိ႔ေၾကာင့္ ေဒါသ ျဖစ္ေပၚလာလွ်င္ ျဖစ္ေပၚလာျခင္း စကၠန္႔ပုိင္း အတြင္း ေပ်ာက္သြားရျခင္း ျဖစ္ေပသည္။ ဤသုိ႔ျဖင့္ တရားထုိင္ျခင္းသည္ ကုိယ္တုိင္ စိတ္ဆင္းရဲျခင္း မျဖစ္ရေအာင္ ေလ့က်င့္ ထိန္းသိမ္း ေနျခင္းျဖစ္သည္။

ဤသည္မွာ တရားထုိင္ျခင္းျဖင့္ ေျပာင္းလည္းလာသည့္ စိတ္ေနသေဘာထားႏွင့္ ေဒါသကုိ အႏုိင္ယူ ႏုိင္ျခင္းျဖင့္ စိတ္ကုိ ခ်မ္းသာေစသည့္ အက်ဳိးတစ္ခု ျဖစ္သည္ကုိ တရားထုိင္ျခင္းျဖင့္ မည္သုိ႔ အက်ဳိးေက်းဇူး ခံစားရပါလဲ ဟု ေမးခဲ႔ၾကသည့္ မိတ္ေဆြမ်ားအား သိေစအပ္ပါသည္။
Credit: ေအာင္

#Unicode Version#
မိမိ တရားထိုင်သည်ကို သိကြတဲ့ မိတ်ဆွေများဟာ မိမိကို တရားထိုင်ခြင်းဖြင့် မည်သို့ အကျိုးကျေးဇူး ခံစားရပါလဲ ဟု မေးခဲ့ကြသည်။ မိမိအနေဖြင့် ထိုမေးခွန်းကို အလွယ်တကူ ပြန်ဖြေရန် မတတ်နိုင်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် တရားထိုင်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများမှာ အလွန်ပင် များပြားလှသဖြင့် ဘယ်သို့ စပြောရမည်ကို စဉ်းစားရခက်ခြင်း ဖြစ်ပေသည်။

ထိုသို့ များလှသည့် အကျိုးကျေးဇူးများ အနက် သိသာထင်ရှားစွာ ခံစားရသည့် အကျိုးကျေးဇူး တစ်ခုမှာကား စိတ်သည် ကြည်လင် ပျော်ရွှင်နေခြင်းပင် ဖြစ်သည်။တရားထိုင်ခြင်းသည် လောဘ၊ ဒေါသကို လျှော့ပါးစေခြင်း ဖြစ်ရာ လောဘ၊ ဒေါသ လျော့ပါးလာ သည့်အခါတွင် စိတ်၏ ကြည်လင် ပျော်ရွင်မှုကို ရရှိနေခြင်း ဖြစ်ပေသည်။

ဤနေရာတွင် မိမိကိုယ်တွေ့ ဒေါသ လျှော့ပါးလာပြီးနောက်၊ ကြုံရဖူးသည့် အဖြစ်အပျက် တစ်ခုကို ပြောပြလိုပါသည်။ တစ်နေ့တွင် မိမိသည် အလုပ်ရုံးခန်း ရှိရာသို့ ကားမောင်းလာစဉ် ဦးဝိဇာရလမ်းတွင် စက်ဘီးနင်းသူ တစ်ဦးက မိမိ၏ ကားရှေ့သို့ ရုတ်တရက် ဖြတ်ပြီး နင်းရာ တိုက်မိမလို ဖြစ်သွားသည်။

(ဤအပြုအမူသည် ကားမောင်းသူ တစ်ဦးအား အလွန်ပင် မခံမရပ်နိုင် ဒေါသဖြစ်စရာ လုပ်ရပ်ဖြစ်ပေသည်) ထိုအခါတွင် မိမိသည် ရုတ်တရက် အလွန်ပင် စိတ်ဆိုးပြီး ကားမှန်ဖွင့်ကာ လှမ်းပြီး အော်ဆဲလိုက်မိသည်။ အရင်ဆိုလျှင် ထိုသို့ အခြေအနေမျိုးတွင် ခြေများ၊ လက်များ တဆတ်ဆတ် တုန်အောင်ပင် ဒေါသကြီးမည် ဖြစ်ပြီး၊ ကျောင်းနေစဉ် တုန်းကမူ ကားပေါ်မှ ဆင်းရိုက်ခဲ့သည့် အခြေအနေ အထိ ဖြစ်ဖူးသည်။ ထို့အပြင် ဒေါသသည် ဆက်ပါလာပြီး အနီးအနား တွေ့သူများ အပေါ်အထိ ကူးဆက်လာ နိုင်သေးသည်။

ထိုမျှမကသေးဘဲ ဒေါသကို ဆက်မွေးထားပြီး ထိုအကြောင်းကို ပြန်စဉ်းစားပြီး စိတ်တိုခြင်း၊ နောက်လည်း ကားလမ်းပေါ် စက်ဘီးနင်းသူ တွေ့သမျှကိုပါ ဒေါသ ထွက်နေတတ်ဦးမည်။ သို့သော် ထိုသို့ ဖြစ်ခဲ့ရသည့် အဖြစ်အပျက် အပေါ်တွင် ထိုအချိန်က မိမိ လှမ်းအော်ဆဲ လိုက်သည့် အခါမှာ အသံသာ ထွက်သွားသည် မိမိ၏ စိတ်ထဲတွင် တစ်စုံတစ်ရာ ပြင်းပြင်း ထန်ထန် တုန်လှုပ်ခြင်းလည်း မရှိခဲ့ပေ။

စိတ်မှာ ဒေါသဖြင့် မခံမရပ်နိုင်ဖြစ်ခြင်း၊ ပူလောင်ခြင်း မရှိဘဲ၊ ကားကို တည်တည်ငြိမ်ငြိမ် ဆက်မောင်း လာနိုင်ခဲ့သည်။ ဒေါသသည် ထိုနေရာမှာ ထွက်ပြီး တမဟုတ်ခြင်း ထိုနေရာမှာပင် ပျောက်သွားခဲ့သည်။ မီးပွိုင့်သို့ အရောက်တွင် မီးနီ နေသဖြင့် ကားရပ်ထားရစဉ် ခုနက စက်ဘီးသမားသည် မိမိကားဘေးမှ ကျော်ဖြတ်သွားပြီး သူက မိမိကို လှမ်းကြည့်သည့် အခါတွင် မျက်လုံးချင်း ဆုံသွားသဖြင့် မိမိကပင် တောင်းပန်သည့် ပုံစံဖြင့် လက်ပြ လိုက်သေးသည်။ ထိုအခါ မိမိကိုယ် မိမိ သတိထားမိပြီး ကိုယ်လုပ်လိုက်သည့် အမူအယာကို ကိုယ်တိုင် အံ့သြမိခဲ့သည်။ စိတ်မှာလည်း ထူးထူးဆန်းဆန်း ပျော်ရွင်လျှင်ပင် ရှိနေသည်ကိုလည်း သတိပြုလိုက်မိသည်။

ထိုအချိန်တွင် မိမိအား တရားထိုင်နည်း သင်ပြပေးသည့် ဆရာကြီး ဦးဂိုအင်ကာ ပြောပြခဲ့သည့် စကား တစ်ခုကို သွား၍ အမှတ်ယမိသည်။ လူတစ်ယောက်ဟာ ဒေါသဖြစ်တဲ့ အခါမှာ ပူလောင်ခြင်း ဝေဒနာကို ခံစားရတတ်သည်။ ထိုသို့ ပူလောင်ခြင်း ဝေဒနာကို ခံစားရသည့် အချိန်တွင် ထပ်မံပြီး၊ ဓါတ်ဆီလောင်း၊ မီးထိုးပေးခြင်းဖြင့် ပိုမိုကြီးမားသည့် ပူလောင်ခြင်းပင် ဖြစ်လိမ့်မည် ဖြစ်သည်။ ဒေါသဖြစ်သည့် အခါတိုင်းမှာ လူတို့၏ စိတ်သည် မချမ်းမသာ ဖြစ်ရသည်၊ အခံရခက်လေသည်။ ထိုသို့ ဒေါသစိတ်ဖြစ်ပေါ်သည့် အခါမှာ အေးချမ်းသည့် ရေလောင်းခြင်းဖြင့် ဒေါသကို ငြိမ်းစေရသည်။

ဥပမာ – ကလေးငယ် တစ်ယောက်ဟာ အဖျားတက်ပြီး ဂယောင်ချောက်ချား ဖြစ်နေသည့် အခါမျိုးတွင် မိခင်ကို ဆဲဆိုကျောက်ကန် ပြုလုပ်နေသော်လည်း မိခင်သည် ကလေးငယ် အပေါ်တွင် ဒေါသမဖြစ်ဘဲ ကလေးငယ် ရောဂါဝေဒနာ ပျောက်ကင်း စေဖို့သာ စိတ်ပူပန်ပြီး စဉ်းစားနေမိသလို၊ ကိုယ့်အပေါ်မှာ ဒေါသဖြစ်စေတဲ့ အပြုအမူကို လုပ်တဲ့သူ အပေါ်မှာ သူမသိ နားမလည်ရှာတဲ့ အတွက် လုပ်နေတာဖြစ်တယ်၊ သူ့ကို ဘယ်လို အကူအညီပေးပြီး နားလည်အောင် ပြောဆိုလို့ရမလဲ ဆိုပြီး မေတ္တာစိတ်ထားခြင်းဖြင့် အေးချမ်းသည့် ရေလောင်းရခြင်း ဖြစ်သည်ဟု ရှင်းပြခဲ့သည်။

မိမိမှာမူ ၁၀နှစ်ကျော် နေ့စဉ် တရားထိုင် လာပြီးခဲ့သော်လည်း ဦးဂိုအင်ကာ ပြောခဲ့သလို မိမိအား ဒေါသဖြစ်အောင် ပြုလုပ်သူကို မေတ္တာစိတ် ကောင်းစွာ မပွားနိုင်စေသေးကာမူ၊ ဥပက္ခာစိတ်ဖြင့် မတုန်လှုပ်ဘဲ၊ စိတ်ကို တုန့်ပြန်ခြင်း မရှိဘဲ ထိန်းသိမ်းထား နိုင်လောက်သည့် အခြေအနေ တွင်ပင် အလွန် စိတ်ချမ်းသာ နေပြီ ဖြစ်သည်။

ဦးဂိုအင်ကာ ပြောခဲ့သလိုသာ မေတ္တာစိတ် ကောင်းစွာ ထားနိုင်ပါမူ မည်မျှ စိတ်ချမ်းသာ မည်ကို တွေးကြည့်နိုင်ပါသည်။ ထိုသို့ စိတ်မှာ တုန်လှုပ်ခြင်းမရှိဘဲ၊ တုန့်ပြန်မှု မပြုဘဲ ဖြစ်လာနိုင်သည့် အလေ့အကျင့်မှာလည်း တစ်နာရီ တရားထိုင်စဉ်မှာ ညောင်းညာ၊ ကိုက်ခဲသည့် ဝေဒနာကို တုန့်ပြန်ခြင်း မရှိသည့် စိတ်ဖြင့် နေ့စဉ် ရှုကျင့်နေခဲ့ သောကြောင့် စိတ်မှာ နာကျင်သည့် ဝေဒနာ ဖြစ်စေမည့် ကိစ္စမှန်သမျှတို့ကို တုန့်ပြန်ခြင်း မရှိဘဲ အေးချမ်းစွာ နေတတ်လာခြင်း ဖြစ်သည်ဟု ထင်ပါသည်။

အကယ်စင်စစ် ဒေါသဖြစ်သူတိုင်းသည် စိတ်ဆင်းရဲကြရသည်။ တရားထိုင်ခြင်းဖြင့် ဒေါသကို ကြီးထွားစေပြီးမှ ခက်ခက်ခဲခဲ ထိန်းချုပ်ရခြင်း မဟုတ်ဘဲ၊ ဒေါသ စဖြစ်ပေါ်လာသည်နှင့် ချက်ခြင်း သတ်ပစ်လိုက်နိုင်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ဒေါသ ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်လာခြင်း စက္ကန့်ပိုင်း အတွင်း ပျောက်သွားရခြင်း ဖြစ်ပေသည်။ ဤသို့ဖြင့် တရားထိုင်ခြင်းသည် ကိုယ်တိုင် စိတ်ဆင်းရဲခြင်း မဖြစ်ရအောင် လေ့ကျင့် ထိန်းသိမ်း နေခြင်းဖြစ်သည်။

ဤသည်မှာ တရားထိုင်ခြင်းဖြင့် ပြောင်းလည်းလာသည့် စိတ်နေသဘောထားနှင့် ဒေါသကို အနိုင်ယူ နိုင်ခြင်းဖြင့် စိတ်ကို ချမ်းသာစေသည့် အကျိုးတစ်ခု ဖြစ်သည်ကို တရားထိုင်ခြင်းဖြင့် မည်သို့ အကျိုးကျေးဇူး ခံစားရပါလဲ ဟု မေးခဲ့ကြသည့် မိတ်ဆွေများအား သိစေအပ်ပါသည်။
Credit: အောင်