Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 21, 2018

တေစၧ သရဲ ေျခာက္လွန္႔ျခင္း ရည္ရြယ္ခ်က္မ်ား


၁။ တဖက္သားကို ေပ်ာ္ေစခ်င္လို႔၊ စေနာက္ခ်င္လို႔ ေခ်ာက္လွန္႔ျခင္း၊

၂။ သူတို႔ ရွိေၾကာင္း သိေစခ်င္လို႔ အသိေပးျခင္း၊

၃။ ကိုယ့္ဘက္က သူတို႔မႀကိဳက္တာ လုပ္ထားမိလို႔ သူတို႔က ျပန္လည္ေႏွာက္ယွက္ တုံ႔ျပန္ျခင္း၊

၄။ ေနစရာ စားစရာ မရွိလို႔ လက္ရွိဘ၀က ကြ်တ္လြတ္ခ်င္လို႔ အပုတ္နံ႕၊ အေမႊးနံ႔သာနံ႔၊ စသည္ေပးျခင္း၊ ကိုယ္ထင္ရွားျပကာ အကူ အညီေတာင္းျခင္း၊

စသည္ျဖင့္ မ်ားစြာရွိနိုင္ပါတယ္၊

ဒါေတြကို လူေတြက နားလည္မႈလြဲၿပီး သရဲေျခာက္တယ္ တေစၧေျခာက္တယ္ ဆုိတာေတြ ျဖစ္ကုန္ ၾကတယ္၊ တကယ္ေတာ့ သူတို႔ ဘ၀က သနားစရာ ေကာင္းတယ္၊ လူေတြထက္လဲ ဘုန္းကံ နိမ့္ပါးၿပီး စားရမဲ့ ေသာက္ရမဲ့ ဘ၀ေတြမို႔ ေၾကာက္စရာ မရွိပါ၊

ဒါေပမယ့္ သူတို႔က အကူညီလိုအပ္လို႔ ကိုယ္ထင္ျပတာကုိ သရဲေျခာက္တယ္ လို႔ ဘာသာျပန္လိုက္ ေတာ့ ေနာက္တႀကိမ္ ေျခာက္လွန္႔လိုက္၊ ေနာက္တႀကိမ္ အသိေပးလိုက္နဲ႔ လုံးခ်ာလည္ေနၾကတယ္၊

အခုေခတ္ နုိင္ငံျခား တုိင္းျပည္မ်ားမွာ သူတို႔ကို နည္းလမ္းက်က် အမွ်ေပးေ၀မယ့္သူ မရွိတာမို႔ အေဆာက္အဦးတုိင္း ေနရာတုိင္း၊ လမ္း တုိင္း အထူးသျဖင့္ သားငါးေတြ ေရာင္းခ်တဲ့ ေစ်းထဲမွာ ႀကိတ္ႀကိတ္္တိုးၿပီး သြားလာေနၾကတယ္ လို႔ ေဒသနာမ်ားမွာ ဆိုပါတယ္။

နံပါတ္ ၁၊ ၂၊ ၃ တို႔အတြက္ ကိုယ့္ဘက္က ေန႔တုိင္း ဘုရားရွိခိုးၿပီးတုိင္း ကုသိုလ္ေကာင္းမႈတခုခု ျပဳလုပ္ၿပီးတုိင္း ေမတၱာပို႔ေပးၿပီး “ အကြ်ႏုပ္နဲ႔ ဘ၀သံသရာမွာ က်င္လည္ခဲ့စဥ္ ျမင္ဖူး မျမင္ဖူးေသာသတၱ၀ါမ်ား၊ ေဆြမ်ိဳး ေတာ္စပ္ မေတာ္စပ္ဖူးေသာ ပရေလာက မွ သတၱ၀ါအားလုံးတုိ႔အား အကြ်ႏုပ္ျပဳျပဳသမွ် ကုသိုလ္ေကာင္းမႈအားလုံးတို႔၏ အဖို႔ဘာဂကို အမွ်ေပးေ၀ပါတယ္ ” လို႔ အၿမဲတမ္း အမွ်ေပး ေ၀ေနရင္ လုံေလာက္ပါတယ္။ သူတို႔ သာဓုေခၚလိုက ေခၚဆုိၿပီး ကြ်တ္လြတ္သြားနုိင္ၾကပါတယ္။

ကိုယ္က ေမတၱာေပးရင္ သူတို႔ကလဲ ေအာ္ ဒီအိမ္ရွင္ေတြက ငါတုိ႔ကို တကူးတက ေမတၱာပို႔ေပးတယ္၊ အမွ်ေ၀ေပးတယ္ ငါတို႔ကလဲ ျပန္လည္ေစာင့္ေရွာက္ေပးမွပဲ ဆုိၿပီး စီးပြားေရး လႈမႈေရးအစ အားလုံးကို ေစာင့္ေရွာက္ေပးၾကတယ္၊

ေနာက္ဆုံး ကိုယ့္မွာ အသက္အႏၲရာယ္ ႀကဳံလာရင္ေတာင္ သူတို႔က ကယ္တင္ေပးၾကတယ္၊ အဲဒီေလာက္အထိ အက်ိဳးမ်ားလွပါတယ္၊

နံပါတ္ေလး အတြက္ကေတာ့ ကိုယ္က မေၾကာက္မလန္႔ေစပဲ ဘာအကူအညီ လိုအပ္သလဲ ၊ ဘာလုပ္ေပးရမလဲ စသည္ ေမးျမန္းၿပီး အ၀တ္အစားလိုအပ္ရင္ အ၀တ္အစားေပးလွဴ၊ အစားအေသာက္ လိုအပ္ေနရင္ သံဃာေတြကုိ ဆြမ္းကြမ္းကပ္ျခင္း၊ ခဲဖြယ္ေဘာဇဥ္ မ်ား လွဴဒါန္းျခင္း၊စသည္လုပ္ေပးၿပီး အကူအညီေပးသင့္တယ္၊

ခက္ေနတာက သူတို႔က ဘုန္းကံ နိမ့္ရွာေလေတာ့ လူေတြကိုလဲ လိပ္ျပာငယ္သူ၊ ကံနိမ့္ေနသူေတြကိုပဲ ျပနုိင္ ေျခာက္နုိင္ၾကတယ္၊ လူတုိင္းကို မခ်ဥ္းကပ္နုိင္ဘူး၊ မေျခာက္နုိင္ၾကဘူး၊

လိပ္ျပာငယ္သူကိုမွျပမိတာကို အျပခံရသူက သရဲေျခာက္တယ္ ဆိုၿပီး ေခါင္းစဥ္ တပ္ လိုက္ ေတာ့ သူတို႔ ရည္မွန္းခ်က္ေတြ ပ်က္ကုန္ေရာ ...

နားလည္မႈလြဲၿပီး ကိုယ္က ေဒါသနဲ႔ တုန္႔ျပန္တယ္၊ အာဏာျပၿပီး ၿခိမ္းေျခာက္ရင္ေတာ့ ပါးကိုက္ရင္ နားျပန္ကိုက္မယ္ ဆုိၿပီး သူတို႔ ကလဲ ကမၼဇိဒိၶ အစြမ္းနဲ႔ လူေတြကို ေသေစေအာင္၊ ရူးသြပ္ေအာင္ စီးပြားပ်က္ေအာင္၊ မိသားစုအတြင္း ပဋိပကၡျဖစ္ေပၚ လာေအာင္၊ က်မၼာေရးခ်ိဳ႕ယြင္းကာ စိတ္ဆင္းရဲေအာင္ အမ်ိဳးမ်ိဳး တုန္႔ျပန္တတ္ၾကပါတယ္၊

ကာယကံရွင္ကို လုပ္လို႔မရရင္ မိသားစုထဲက ကံနိမ့္သူကို လုပ္တတ္ၾကတယ္၊ လူဆိုတာကလဲ လူစိမ္းတေယာက္ေယာက္ ဒုကၡေရာက္တယ္၊ ေနာက္ဆုံး ေသဆုံးတယ္လို႔ ၾကားမိရင္ေတာင္ ဘာမွ မခံစားရေပမယ့္ ကိုယ္နဲ႔စပ္ဆက္သူတေယာက္ ဒုကၡေရာက္တာ ၾကားမိရင္ပဲ စိတ္ဆင္းရဲတတ္ၾကတယ္ မဟုတ္လား၊

အခ်ိဳ႕ေသာ နတ္ေတြ ပရေလာကေတြကို မယုံၾကည္ပဲ ယုံၾကည္ေသာ္လည္းဘုရားသားေတာ္ ရဟန္းဆုိတာ နတ္ေတြ၊ နာနာဘာ၀ေတြကို အေရးေပးစရာ၊ ေလးစားစရာ မလိုဘူး။

သူတုိ႔က ေအာက္လူပဲ ဆုိၿပီး ဘာကိုမွ မမႈပဲ လုပ္ခ်င္တာကို တဇြတ္ထုိး လုပ္တတ္ၾကေသာ ေက်ာင္းထုိင္ ဘုနး္ႀကီးေတြေတာင္ ကံနိမ့္ေနခ်ိန္ဆုိရင္ ပ်ံေတာ္မူၾကတာကို ၾကားဖူးပါတယ္။ ဒါေၾကာင့္ ကမၼ၀ါဖတ္တာေတြ ႏွင္ထုတ္တာေတြက ေမတၱာပို႔ျခင္း၊ အမွ်ေ၀ျခင္းျဖင့္ မရနုုိင္ေတာ့မွ ေနာက္ဆုံးအဆင့္ အေနနဲ႔ အသုံးျပဳ သင့္ပါတယ္။

ဤစာ၏မူလေရးသူအမည္၊မမွတ္ထားမိ၍ေတာင္းပန္ပါ၏ခင္ဗ်ာ။
Credit: မူလေရးသားသူမွ
# Unicode Version ျဖင့္ ဖတ္ပါ #
၁။ တဖက်သားကို ပျော်စေချင်လို့၊ စနောက်ချင်လို့ ချောက်လှန့်ခြင်း၊

၂။ သူတို့ ရှိကြောင်း သိစေချင်လို့ အသိပေးခြင်း၊

၃။ ကိုယ့်ဘက်က သူတို့မကြိုက်တာ လုပ်ထားမိလို့ သူတို့က ပြန်လည်နှောက်ယှက် တုံ့ပြန်ခြင်း၊

၄။ နေစရာ စားစရာ မရှိလို့ လက်ရှိဘဝက ကျွတ်လွတ်ချင်လို့ အပုတ်နံ့၊ အမွှေးနံ့သာနံ့၊ စသည်ပေးခြင်း၊ ကိုယ်ထင်ရှားပြကာ အကူ အညီတောင်းခြင်း၊

စသည်ဖြင့် များစွာရှိနိုင်ပါတယ်၊

ဒါတွေကို လူတွေက နားလည်မှုလွဲပြီး သရဲခြောက်တယ် တစ္ဆေခြောက်တယ် ဆိုတာတွေ ဖြစ်ကုန် ကြတယ်၊ တကယ်တော့ သူတို့ ဘဝက သနားစရာ ကောင်းတယ်၊ လူတွေထက်လဲ ဘုန်းကံ နိမ့်ပါးပြီး စားရမဲ့ သောက်ရမဲ့ ဘဝတွေမို့ ကြောက်စရာ မရှိပါ၊

ဒါပေမယ့် သူတို့က အကူညီလိုအပ်လို့ ကိုယ်ထင်ပြတာကို သရဲခြောက်တယ် လို့ ဘာသာပြန်လိုက် တော့ နောက်တကြိမ် ခြောက်လှန့်လိုက်၊ နောက်တကြိမ် အသိပေးလိုက်နဲ့ လုံးချာလည်နေကြတယ်၊

အခုခေတ် နိုင်ငံခြား တိုင်းပြည်များမှာ သူတို့ကို နည်းလမ်းကျကျ အမျှပေးဝေမယ့်သူ မရှိတာမို့ အဆောက်အဦးတိုင်း နေရာတိုင်း၊ လမ်း တိုင်း အထူးသဖြင့် သားငါးတွေ ရောင်းချတဲ့ ဈေးထဲမှာ ကြိတ်ကြိတ်တိုးပြီး သွားလာနေကြတယ် လို့ ဒေသနာများမှာ ဆိုပါတယ်။

နံပါတ် ၁၊ ၂၊ ၃ တို့အတွက် ကိုယ့်ဘက်က နေ့တိုင်း ဘုရားရှိခိုးပြီးတိုင်း ကုသိုလ်ကောင်းမှုတခုခု ပြုလုပ်ပြီးတိုင်း မေတ္တာပို့ပေးပြီး “ အကျွနုပ်နဲ့ ဘဝသံသရာမှာ ကျင်လည်ခဲ့စဉ် မြင်ဖူး မမြင်ဖူးသောသတ္တဝါများ၊ ဆွေမျိုး တော်စပ် မတော်စပ်ဖူးသော ပရလောက မှ သတ္တဝါအားလုံးတို့အား အကျွနုပ်ပြုပြုသမျှ ကုသိုလ်ကောင်းမှုအားလုံးတို့၏ အဖို့ဘာဂကို အမျှပေးဝေပါတယ် ” လို့ အမြဲတမ်း အမျှပေး ဝေနေရင် လုံလောက်ပါတယ်။ သူတို့ သာဓုခေါ်လိုက ခေါ်ဆိုပြီး ကျွတ်လွတ်သွားနိုင်ကြပါတယ်။

ကိုယ်က မေတ္တာပေးရင် သူတို့ကလဲ အော် ဒီအိမ်ရှင်တွေက ငါတို့ကို တကူးတက မေတ္တာပို့ပေးတယ်၊ အမျှဝေပေးတယ် ငါတို့ကလဲ ပြန်လည်စောင့်ရှောက်ပေးမှပဲ ဆိုပြီး စီးပွားရေး လှုမှုရေးအစ အားလုံးကို စောင့်ရှောက်ပေးကြတယ်၊

နောက်ဆုံး ကိုယ့်မှာ အသက်အန္တရာယ် ကြုံလာရင်တောင် သူတို့က ကယ်တင်ပေးကြတယ်၊ အဲဒီလောက်အထိ အကျိုးများလှပါတယ်၊

နံပါတ်လေး အတွက်ကတော့ ကိုယ်က မကြောက်မလန့်စေပဲ ဘာအကူအညီ လိုအပ်သလဲ ၊ ဘာလုပ်ပေးရမလဲ စသည် မေးမြန်းပြီး အဝတ်အစားလိုအပ်ရင် အဝတ်အစားပေးလှူ၊ အစားအသောက် လိုအပ်နေရင် သံဃာတွေကို ဆွမ်းကွမ်းကပ်ခြင်း၊ ခဲဖွယ်ဘောဇဉ် များ လှူဒါန်းခြင်း၊စသည်လုပ်ပေးပြီး အကူအညီပေးသင့်တယ်၊

ခက်နေတာက သူတို့က ဘုန်းကံ နိမ့်ရှာလေတော့ လူတွေကိုလဲ လိပ်ပြာငယ်သူ၊ ကံနိမ့်နေသူတွေကိုပဲ ပြနိုင် ခြောက်နိုင်ကြတယ်၊ လူတိုင်းကို မချဉ်းကပ်နိုင်ဘူး၊ မခြောက်နိုင်ကြဘူး၊

လိပ်ပြာငယ်သူကိုမှပြမိတာကို အပြခံရသူက သရဲခြောက်တယ် ဆိုပြီး ခေါင်းစဉ် တပ် လိုက် တော့ သူတို့ ရည်မှန်းချက်တွေ ပျက်ကုန်ရော ...

နားလည်မှုလွဲပြီး ကိုယ်က ဒေါသနဲ့ တုန့်ပြန်တယ်၊ အာဏာပြပြီး ခြိမ်းခြောက်ရင်တော့ ပါးကိုက်ရင် နားပြန်ကိုက်မယ် ဆိုပြီး သူတို့ ကလဲ ကမ္မဇိဒ္ဓိ အစွမ်းနဲ့ လူတွေကို သေစေအောင်၊ ရူးသွပ်အောင် စီးပွားပျက်အောင်၊ မိသားစုအတွင်း ပဋိပက္ခဖြစ်ပေါ် လာအောင်၊ ကျမ္မာရေးချို့ယွင်းကာ စိတ်ဆင်းရဲအောင် အမျိုးမျိုး တုန့်ပြန်တတ်ကြပါတယ်၊

ကာယကံရှင်ကို လုပ်လို့မရရင် မိသားစုထဲက ကံနိမ့်သူကို လုပ်တတ်ကြတယ်၊ လူဆိုတာကလဲ လူစိမ်းတယောက်ယောက် ဒုက္ခရောက်တယ်၊ နောက်ဆုံး သေဆုံးတယ်လို့ ကြားမိရင်တောင် ဘာမှ မခံစားရပေမယ့် ကိုယ်နဲ့စပ်ဆက်သူတယောက် ဒုက္ခရောက်တာ ကြားမိရင်ပဲ စိတ်ဆင်းရဲတတ်ကြတယ် မဟုတ်လား၊

အချို့သော နတ်တွေ ပရလောကတွေကို မယုံကြည်ပဲ ယုံကြည်သော်လည်းဘုရားသားတော် ရဟန်းဆိုတာ နတ်တွေ၊ နာနာဘာဝတွေကို အရေးပေးစရာ၊ လေးစားစရာ မလိုဘူး။

သူတို့က အောက်လူပဲ ဆိုပြီး ဘာကိုမှ မမှုပဲ လုပ်ချင်တာကို တဇွတ်ထိုး လုပ်တတ်ကြသော ကျောင်းထိုင် ဘုန်းကြီးတွေတောင် ကံနိမ့်နေချိန်ဆိုရင် ပျံတော်မူကြတာကို ကြားဖူးပါတယ်။ ဒါကြောင့် ကမ္မဝါဖတ်တာတွေ နှင်ထုတ်တာတွေက မေတ္တာပို့ခြင်း၊ အမျှဝေခြင်းဖြင့် မရနိုုင်တော့မှ နောက်ဆုံးအဆင့် အနေနဲ့ အသုံးပြု သင့်ပါတယ်။

ဤစာ၏မူလရေးသူအမည်၊မမှတ်ထားမိ၍တောင်းပန်ပါ၏ခင်ဗျာ။
Credit: မူလရေးသားသူမှ

No comments:

Post a Comment