Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 28, 2018

သက်​ငယ်​မုဒိန်းမှု့ တရားခံ​ပြေးနှင့်​ပါတ်​သက်​၍မမှန်​မကန်​​ဆောင်​ရွက်​မှု့ များတွင်​ ​တောင်​ဒဂုံမြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှုး



ဒီ​နေ့က ​ကျောင်း​တွေစအပ်​ရတဲ့​နေ့ဆို​တော့ ချစ်​စရာတပည့်​​လေး​တွေနဲ့ပြန်​​တွေ့ရတဲ့​နေ့​လေး​ပေါ့ ထို့အတူ နှစ်​များစွာလွပ်​​မြောက်​​နေတဲ့ ဒီမုဒိန်းမှု့ တရားခံ​ပြေးကိုတိုင်းရဲတပ်​ဖွဲ့ကအပူတပြင်းလိုက်​ဖမ်း​နေတယ်​လို့သိရပါတယ်​ သူ့ရဲ့အုပ်​ချုပ်​​ရေးမှုးတာဝန်​ကိုလဲရုပ်​သိမ်းလိုက်​ပါပြီ တိုင်းရဲတပ်​ဖွဲ့ကအပူတပြင်းဖမ်းချင်​​နေ​ပေမဲ့ နယ်​​မြေခံရဲတပ်​ဖွဲ့က ကြိုတင်​တိမ်း​ရှောင်​ခိုင်းလိုက်​တယ်​လို့​ဝေဖန်​သံ​တွေညံ​နေပါတယ်​ တရားခံ​ပြေးမှန်းသိသိကြီးနဲ့နှစ်​ရှည်​လများလွှတ်​ထားတဲ့အ​ပေါ်မှာလဲရဲတပ်​ဖွဲ့အ​ပေါ်သံသယ၀င်​​နေကြပါတယ်​ ​တောင်​ဒဂုံရပ်​ကွက်​သူရပ်​ကွက်​သား​တွေ ၀မ်းသာစရာသတင်းလို့မြင်​ပါတယ်​ ရပ်​ကွက်​အ​ပေါ်​စေတနာထားတဲ့ အုပ်​ချုပ်​​ရေးမှုး​ကောင်းတစ်​​ယောက်​အမြန်​​ရွေးချယ်​နိုင်ကြပါ​စေလို့ ကျွန်​မအ​နေနဲ့ဆန္ဒပြုပါတယ်​ရှင့်းးးးး
မြ​ကေခိုင်
................
သက်​ငယ်​မုဒိန်းမှု့ တရားခံ​ပြေးနှင့်​ပါတ်​သက်​၍မမှန်​မကန်​​ဆောင်​ရွက်​မှု့ များတွင်​ ​တောင်​ဒဂုံမြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှုးပါ ပါဝင်​လာပါတယ်​ရှင့်
တရားခံ​ပြေးဖြစ်​သူ ရန်​နိုင်​စိုး ခ. ကရင်​ ခ အက်​ဖာစီဟာ ​တောင်​ဒဂုံ ၁၄၀ ရပ်​ကွက်​မှာအုပ်​ချုပ်​​ရေးမှုးပါ
ယခုအခါ ၎င်း တရားခံ​ပြေးမှာထွက်​​ပြေးတိမ်း​ရှောင်​​နေပါသဖြင့်​ ရပ်​ကွက်​​နေပြည်​သူများမှ မြို့နယ်​​ထွေအုပ်​ထံ ၎င်း ကိစ္စအားမည်​သို့စီမံထားပါသလဲ ခရိုင်​အုပ်​ချုပ်​​ရေးမှုးထံအချိန်​နှင့်​တ​ပြေးညီတင်​ပြထားခြင်းရှိပါသလားဟု​မေးမြန်းရာ တရားခံ​ပြေးအားခွင့်​တစ်​လ​ပေးထား​ကြောင်း အထက်​ကိုတင်​ပြထားခြင်းမရှိ​ကြောင်းသိရပါသည်​ ထို့အပြင်​ ၎င်း တရားခံ​ပြေးသည်​ ​တောင်​ဒဂုံမြို့နယ်​စခန်းမှုး မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှုးတို့နှင့်​ ​နေ့စဉ်​ဖုန်းအဆက်​သွယ်​ရှိ​နေသည်​ဟု ကြားသိရပါသည်​ ပြစ်​မှု့အကြီးကြီးကိုကျုးလွန်​၍ ​ရှောင်​တိမ်း​နေ​သောတရားခံ​ပြေးအား သက်​ဆိုင်​ရာအ​ပေါ်အဖွဲ့အစည်းအသီးသီးနှင့်​အချီ်​နှင့်​တ​ပြေးညီချိတ်​ဆက်​​ဆောင်​ရွက်​ရမည့်​အစား အဓိကတာဝန်​ရှိ​သော စခန်းမှု ​ထွေအုပ်​တို့မှာ ကာဘာ​ပေးထားခြင်းဖမ်းဆီးရနိုင်​ခြင်းမရှိ​အောင်​ တရားခံ​ပြေးအားကာဘာ​ပေူထားခြင်းအ​ပေါ် ပြည်​သူများမှသံသယ ၀င်​၍
ကြောက်​ရွံ့စိတ်​ဖြင့်​​နေထိုင်​​နေကြရပါသဖြင့်​ သက်​ဆိုင်​သူများ အမြန်​ဆုံးကူညီ​ဖြေရှင်း​ပေးနိုင်​ပါရန်​တင်​ပြအကူညီ​တောင်းခံအပ်​ပါသည်​ရှင့်​ တာဝန်​ရှိသူများဖြစ်​လျှက်​တာဝန်​အတိုင်း​ဆောင်​ရွက်​ခြင်းမရှိ​သော စခန်းမှုး မြို့နယ်​​ထွေအုပ်​တို့၏ ဖုန်းများအားစစ်​​ဆေး၍
တရားခံ​ပြေးနှင့်​ဆက်​သွယ်​မှု့ ရှိေ​ကြောင်း​ပေါ်လွင်​ပါကပြင်းထန်​စွာအ​ရေးယူ​ပေးဖို့​တောင်းဆိုပါသည်​ရှင့်းးးးး
လေးစားလျှက်
မြ​ကေခိုင်






No comments:

Post a Comment